< မဿဲ 16 >
1 ၁ ထိုအခါ ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့သည် ကိုယ်တော် ကို စုံစမ်း နှောင့်ရှက်ခြင်းငှာချဉ်းကပ် ၍၊ မိုဃ်း ကောင်းကင်က ဖြစ်သော နိမိတ် လက္ခဏာကို ပြ တော်မူမည်အကြောင်း တောင်းပန် ကြ၏။
Here the Pharisees and Sadducees came to Him; and, to make trial of Him, they asked Him to show them a sign in the sky.
2 ၂ ကိုယ်တော် ကလည်း ၊ သင်တို့သည် ညဦးယံ ၌ပြောဆို တတ်သည်ကား၊ ယခုမိုးတိမ် နီ သည်ဖြစ်၍ မိုး ကြည်လင်လိမ့်မည်ဟု ဆိုတတ်ကြ၏။
He replied, "In the evening you say, 'It will be fine weather, for the sky is red;'
3 ၃ နံနက်ယံ ၌ကား၊ ယခုမိုး အုံ့ လျက်ရှိ၏။ နီမောင်း သောအဆင်းလည်းရှိ၏။ ယနေ့ မိုးသက် မုန်တိုင်းလာလိမ့်မည်ဟုဆိုတတ်ကြ၏။ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မိုးကောင်းကင် ၏ မျက်နှာ ကိုပိုင်းခြား ၍သိ နိုင်ကြ၏။ကပ် ကာလ၏ နိမိတ် လက္ခဏာတို့ကို ပိုင်းခြား၍မ သိနိုင် ကြ။
and in the morning, 'It will be rough weather to-day, for the sky is red and murky.' You learn how to distinguish the aspect of the heavens, but the signs of the times you cannot.
4 ၄ ဆိုးညစ် ၍ မျောက်မထား သောအမျိုး သည် နိမိတ် လက္ခဏာကိုတောင်း သည်မှာ၊ ပရောဖက်ယောန ၏ နိမိတ် လက္ခဏာမှတစ်ပါး အဘယ်လက္ခဏာ ကိုမျှ သူတို့အားမ ပြ ရာ ဟု မိန့် တော်မူပြီးလျှင်၊ ထိုသူ တို့ရှိရာမှထွက် ၍ ကြွ တော်မူ၏။
A wicked and faithless generation are eager for a sign; but none shall be given to them except the sign of Jonah." and He left them and went away.
5 ၅ တပည့် တော်တို့သည် ကမ်းတစ်ဘက် သို့ သွား ကြသောအခါ မုန့် ကိုယူ ခြင်းငှာမေ့လျော့ ကြ၏။
When the disciples arrived at the other side of the Lake, they found that they had forgotten to bring any bread;
6 ၆ ယေရှု ကလည်း ၊ ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့၏ တဆေး ကိုသတိ နှင့် ကြဉ်ရှောင် ကြ ဟု မိန့် တော်မူ၏။
and when Jesus said to them, "See to it: beware of the yeast of the Pharisees and Sadducees,"
7 ၇ တပည့် တော်တို့ကလည်း ၊ ငါတို့၌ မုန့် မ ပါ သောကြောင့် ဤစကားကိုမိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေး ပြောဆို ကြ၏။
they reasoned among themselves, saying, "It is because we have not brought any bread."
8 ၈ ယေရှု သည် သိ တော်မူလျှင် ၊ ယုံကြည် အားနည်းသောသူတို့၊ သင်တို့၌မုန့် မ ပါ သည်ကိုထောက်၍အဘယ်ကြောင့် အချင်းချင်း ဆွေးနွေး ပြောဆိုကြသနည်း။
Jesus perceived this and said, "Why are you reasoning among yourselves, you men of little faith, because you have no bread?
9 ၉ မုန့် ငါး လုံးကို လူငါးထောင် စား၍ စားကြွင်းဘယ်နှစ် တောင်း ကောက်သိမ်း သည်ကို၎င်း၊မုန့် ခုနှစ် လုံးကိုလူလေးထောင် စား၍စားကြွင်းဘယ်နှစ် တောင်း ကောက်သိမ်း သည်ကို၎င်း၊
Do you not yet understand? nor even remember the 5,000 and the five loaves, and how many basketfuls you carried away,
10 ၁၀ သင်တို့သည် နှလုံး မ သွင်း မ အောက်မေ့ ဘဲနေကြသေးသလော။
nor the 4,000 and the seven loaves, and how many hampers you carried away?
11 ၁၁ ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့၏ တဆေး ကိုကြဉ်ရှောင် ကြ ဟူသောစကားကို ငါပြောသည်တွင်၊ မုန့် ကိုအမှတ်ပြု၍ ငါမ ပြောသည် ကို သင်တို့သည် နား မ လည်ဘဲ အဘယ်သို့ နေကြသနည်း ဟု မိန့် တော်မူ၏။
How is it you do not understand that it was not about bread that I spoke to you? But beware of the yeast of the Pharisees and Sadducees."
12 ၁၂ ထိုအခါ တပည့်တော်တို့သည် မုန့် ၏ တဆေး ကို ကြဉ်ရှောင် ကြဟု မိန့် တော်မ မူ။ ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့၏ ဩဝါဒ ကို ကြဉ်ရှောင်ကြဟု မိန့်တော်မူသည်ကို နားလည်ကြသတည်း။
Then they perceived that He had not warned them against bread-yeast, but against the teaching of the Pharisees and Sadducees.
13 ၁၃ ယေရှု သည် ဖိလိပ္ပု ကဲသရိ မြို့၏ ကျေးလက် သို့ ကြွ တော်မူသောအခါ ၊ လူ များတို့သည် လူ သား ဖြစ် သော ငါ့ကို အဘယ်သူ ဖြစ်သည်ဆို ကြသနည်း ဟု တပည့် တော်တို့ကို မေးမြန်း တော်မူလျှင်၊
When He arrived in the neighbourhood of Caesarea Philippi, Jesus questioned His disciples. "Who do people say that the Son of Man is?" He asked.
14 ၁၄ လူအချို့ က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန် ဖြစ်သည်ဟူ၍၎င်း၊ အချို့ က၊ ဧလိယ ဖြစ်သည် ဟူ၍၎င်း၊ အချို့ က၊ ယေရမိ မှစ၍ ပရောဖက် တပါးပါး ဖြစ်သည်ဟူ၍၎င်း ဆိုကြပါ၏ဟု လျှောက် ကြသော် ၊
"Some say John the Baptist," they replied; "others Elijah; others Jeremiah or one of the Prophets."
15 ၁၅ သင် တို့လည်း ငါ့ ကို အဘယ်သူ ဖြစ် သည် ဆို ကြသနည်း ဟု မေးမြန်း တော်မူလျှင်၊
"But you, who do you say that I am?" He asked again.
16 ၁၆ ရှိမုန် ပေတရု က၊ ကိုယ်တော် သည် ခရစ်တော် တည်းဟူသောအသက် ရှင်တော်မူသော ဘုရားသခင် ၏ သား တော်ဖြစ် တော်မူသည်ဟု လျှောက် လေ၏။
"You," replied Simon Peter, "are the Christ, the Son of the ever-living God."
17 ၁၇ ယေရှု ကလည်း ၊ ရှိမုန် ဗာယောန ၊ သင်သည်မင်္ဂလာ ရှိ ၏။ အကြောင်းမူကား ၊ အသွေး အသား သည် အကြောင်းအရာကို သင့် အားဖော်ပြ သည်မ ဟုတ်။ ကောင်းကင် ဘုံ၌ ရှိတော်မူသောငါ့ ခမည်းတော် သည် ဖော်ပြတော်မူသတည်း။
"Blessed are you, Simon Bar-jonah," said Jesus; "for mere human nature has not revealed this to you, but my Father in Heaven.
18 ၁၈ ငါ ဆို သည်ကား၊ သင် သည် ပေတရု ဖြစ် ၏။ ဤ ကျောက် ပေါ်မှာ ငါ့ အသင်း ကို ငါတည်ဆောက် မည်။ ထိုအသင်း ကို မရဏာ နိုင်ငံ၏တံခါး တို့သည် မ နိုင် ရာ။ (Hadēs )
And I declare to you that you are Peter, and that upon this Rock I will build my Church, and the might of Hades shall not triumph over it. (Hadēs )
19 ၁၉ ကောင်းကင် နိုင်ငံ တော်၏ သော့ တို့ကိုလည်း သင့် အားငါပေး မည်။ သင်သည်မြေကြီး ပေါ်မှာ ချည်နှောင် သမျှ သည် ကောင်းကင် ဘုံ၌ ချည်နှောင် လျက်ရှိ လိမ့်မည်။ မြေကြီး ပေါ်မှာ ဖြည်လွှတ် သမျှ သည် ကောင်းကင် ဘုံ၌ ဖြည်လွှတ် လျက်ရှိ လိမ့်မည် ဟု မိန့် တော်မူပြီးလျှင် ၊
I will give you the keys of the Kingdom of the Heavens; and whatever you bind on earth shall remain bound in Heaven, and whatever you loose on earth shall remain loosed in Heaven."
20 ၂၀ ကိုယ်တော် သည် ခရစ်တော် ဖြစ် ကြောင်း ကို အဘယ်သူ အားမျှမပြော စိမ့်သောငှာတပည့် တော်တို့ကို ပညတ် တော်မူ၏။
Then He urged His disciples to tell no one that He was the Christ.
21 ၂၁ ထိုမှတပါးကိုယ်တော် သည် ယေရုရှလင် မြို့သို့ သွား ရ မည်။ လူ အကြီးအကဲ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့လက်၌ များစွာ ခံရ မည်။ အသေ သတ်ခြင်းကိုလည်း ခံရမည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည်ဟူသောအကြောင်း များကို ထိုအခါ မှ စ ၍တပည့် တော်တို့အား ပြ တော်မူ၏။
From this time Jesus began to explain to His disciples that He must go to Jerusalem, and suffer much cruelty from the Elders and the High Priests and the Scribes, and be put to death, and on the third day be raised to life again.
22 ၂၂ ထိုအခါ ပေတရု သည် ကိုယ်တော်ကို မိမိ နှင့်အတူခေါ် ၍ ၊ သခင် ၊ ကိုယ်တော် ၌ ဤသို့မဖြစ်ပါစေနှင့်။ ဤ အမှုသည် ကိုယ်တော် ၌ မ ရောက် ရာဟု အပြစ်တင် သောစကားကို လျှောက် သော်၊
Then Peter took Him aside and began taking Him to task. "Master," he said, "God forbid; this will not be your lot."
23 ၂၃ ကိုယ်တော် သည် မျက်နှာတော်ကိုလှည့် ၍ အချင်းရန်သူ ၊ ငါ့ နောက် သို့ဆုတ် လော့။ သင်သည် ငါ တိုက်မိ ၍ လဲစရာအကြောင်းဖြစ် ၏။ သင်သည် ဘုရားသခင် ၏အရာ ကို စိတ်မ စွဲလမ်း ၊ လူ တို့၏အရာ ကိုသာ စွဲလမ်း သည် ဟု မိန့် တော်မူ၏။
But He turned and said to Peter, "Get behind me, Adversary; you are a hindrance to me, because your thoughts are not God's thoughts, but men's."
24 ၂၄ ထိုအခါ ယေရှု က၊ ငါ ၌ဆည်းကပ် လို သောသူ ဖြစ် လျှင်ကိုယ်ကိုကိုယ် ငြင်းပယ် ရမည်။ ကိုယ် လက်ဝါးကပ်တိုင် ကိုထမ်း ၍ ငါ့ နောက်သို့လိုက် ရမည်။
Then Jesus said to His disciples, "If any one desires to follow me, let him renounce self and take up his cross, and so be my follower.
25 ၂၅ အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာအလိုရှိ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် ငါ့ ကြောင့် အသက် ရှုံး ၏၊ ထိုသူသည်အသက် ကို တွေ့ လိမ့်မည်။
For whoever desires to save his life shall lose it, and whoever loses his life for my sake shall find it.
26 ၂၆ လူ သည် ဤစကြဝဠာ ကို အကြွင်းမဲ့ အစိုးရ ၍ မိမိ အသက် ဝိညာဉ်ရှုံး လျှင် အဘယ် ကျေးဇူး ရှိသနည်း။ မိမိ အသက် ဝိညာဉ်ကို အဘယ် ဥစ္စာနှင့်ရွေး နိုင်သနည်း။
Why, what benefit will it be to a man if he gains the whole world but forfeits his life? Or what shall a man give to buy back his life?
27 ၂၇ လူ သား သည် မိမိ အဘ ခမည်းတော်၏ ဘုန်း အာနုဘော်ကိုဆောင်လျက်၊ ကောင်းကင် တမန် အခြံအရံတို့နှင့် ကြွလာ တော်မူလတံ့။ ထိုအခါ သူ အသီးသီး ကျင့်သောအကျင့် နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေး တော်မူလတံ့။
For the Son of Man is soon to come in the glory of the Father with His angels, and then will He requite every man according to his actions.
28 ၂၈ ငါအမှန် ဆို သည်ကား၊ လူ သား သည် နိုင်ငံ တော်တည်လျက်ကြွလာ တော်မူသည်ကို၊ ဤ အရပ်၌ရှိ သော သူ အချို့ တို့သည် မ မြင် မှီသေ ခြင်းသို့မ ရောက် ရကြဟု တပည့် တော်တို့အား မိန့် တော်မူ၏။
I solemnly tell you that some of those who are standing here will certainly not taste death till they have seen the Son of Man coming in His Kingdom."