< Psalms 91 >
1 Ẹni tí ó gbé ibi ìkọ̀kọ̀ Ọ̀gá-ògo ni yóò sinmi ní ibi òjìji Olódùmarè.
၁အမြင့်ဆုံးသော ဘုရား၏ကွယ်ကာရာဌာန တော်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ကို ခိုရလိမ့်မည်။
2 Èmi yóò sọ nípa ti Olúwa pé, “Òun ni ààbò àti odi mi, Ọlọ́run mi, ẹni tí èmi gbẹ́kẹ̀lé”.
၂ထာဝရဘုရားသည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ငါပြော ဆို၏။
3 Nítòótọ́ òun yóò gbà mí nínú ìdẹ̀kùn àwọn pẹyẹpẹyẹ àti nínú àjàkálẹ̀-ààrùn búburú.
၃အကယ်စင်စစ် မုဆိုး၏ ကျော့ကွင်းနှင့်၎င်း၊ သေတတ်သောအနာနှင့်၎င်း၊ သင့်ကို ကင်းလွတ်စေတော်မူမည်။
4 Òun yóò fi ìyẹ́ rẹ̀ bò mí, àti ni abẹ́ ìyẹ́ rẹ̀ ni èmi yóò ti rí ààbò; òtítọ́ rẹ̀ ni yóò ṣe ààbò àti odi mi.
၄အတောင်တော် အမွေးနှင့်ဖုံးအုပ်တော်မူ၍၊ အတောင်တော်အောက်၌ သင်သည်လုံခြုံစွာ နေရလိမ့်မည်။ သစ္စာတော်သည် သင်၏ ဒိုင်းလွှားဖြစ်လိမ့် မည်။
5 Ìwọ kì yóò bẹ̀rù nítorí ẹ̀rù òru, tàbí fún ọfà tí ń fò ní ọ̀sán,
၅ညဉ့်အခါဖြစ်တတ်သော ဘေးကို၎င်း၊ နေ့အချိန်၌ ပစ်သောမြှားကို၎င်း၊
6 tàbí fún àjàkálẹ̀-ààrùn tí ń rìn kiri ní òkùnkùn, tàbí fún ìparun tí ń rìn kiri ní ọ̀sán gangan.
၆မှောင်မိုက်ထဲမှာ လည်တတ်သော ကာလနာကို၎င်း၊ မွန်းတည့်အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်ကို၎င်း၊ သင်သည်မကြောက်ရ။
7 Ẹgbẹ̀rún yóò ṣubú ní ẹ̀gbẹ́ rẹ, ẹgbẹ̀rún mẹ́wàá ní ọwọ́ ọ̀tún rẹ, ṣùgbọ́n kì yóò súnmọ́ ọ̀dọ̀ rẹ.
၇သင်၏ အနားမှာလူတထောင်၊ သင်၏လက်ျာ ဘက်မှာ လူတသောင်းလဲသော်လည်း၊ သင့်ကို မထိ မခိုက်ရ။
8 Ìwọ yóò máa wò ó pẹ̀lú ojú rẹ àti wo ìjìyà àwọn ẹni búburú.
၈သင်သည် ကိုယ်မျက်စိနှင့် ကြည့်၍၊ မတရား သော သူတို့၌ ရောက်ရသော အပြစ်ကိုမြင်ရုံမျှသာရှိ လိမ့်မည်။
9 Nítorí ìwọ fi Olúwa ṣe ààbò rẹ, ìwọ fi Ọ̀gá-ògo ṣe ibùgbé rẹ.
၉ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော်မူ၏ဟု သင်သည်ဆို၍၊ အမြင့်ဆုံးသော ဘုရား၌ နေရာကျသော ကြောင့်၊
10 Búburú kan ki yóò ṣubú lù ọ́, Bẹ́ẹ̀ ni ààrùnkárùn kì yóò súnmọ́ ilé rẹ.
၁၀သင်၌ မကောင်းသော အနိဌရုပ်မကပ် မရောက်။ သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ။
11 Nítorí yóò fi àṣẹ fún àwọn angẹli nípa tìrẹ láti pa ọ́ mọ́ ní gbogbo ọ̀nà rẹ;
၁၁သွားလေရာရာ၌ သင့်ကိုစောင့်ရှောက် စေခြင်း ငှါ၊ ကောင်းကင်တမန်တို့အား သင့်အဘို့မှာ ထားတော် မူသည်ဖြစ်၍၊
12 wọn yóò gbé ọ sókè ní ọwọ́ wọn, nítorí kí ìwọ má ba à fi ẹsẹ̀ rẹ gún òkúta.
၁၂သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်း ငှါ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်။
13 Ìwọ yóò rìn lórí kìnnìún àti paramọ́lẹ̀; ìwọ yóò tẹ kìnnìún ńlá àti ejò ńlá ni ìwọ yóò fi ẹsẹ̀ tẹ̀ mọ́lẹ̀.
၁၃သင်သည် ခြင်္သေ့နှင့်မြွေဆိုးအပေါ်မှာ ကျော် သွား၍၊ ခြင်္သေ့ပျိုနှင့်နဂါးတို့ကို ခြေဖြင့်နင်းလိမ့်မည်။
14 “Nítorí ti ìfẹ́ rẹ sí mi, èmi yóò gbà ọ́; èmi yóò pa ọ́ mọ́, nítorí ìwọ jẹ́wọ́ orúkọ mi.
၁၄သူသည် ငါ့ကို ချစ်သောကြောင့်၊ သူ့ကို ငါကယ် နှုတ်မည်။ ငါ၏နာမကို သိသောကြောင့်၊ သူ့ကို ငါချီး မြှောက်မည်။
15 Òun yóò pè mí, èmi yóò sì dá a lóhùn; èmi yóò wà pẹ̀lú rẹ̀ nínú ìpọ́njú, èmi yóò gbà á, èmi yóò sì bu ọlá fún un.
၁၅သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည်။ ဒုက္ခ ခံရသောအခါ သူ့ဘက်မှာ ငါနေ၍ ချမ်းသာပေးမည်။ သူ၏ဘုန်းကိုလည်း ထင်ရှားစေမည်။
16 Pẹ̀lú ẹ̀mí gígùn ni èmi yóò fi tẹ́ ẹ lọ́rùn, èmi yóò sì fi ìgbàlà mi hàn án.”
၁၆ရှည်သောအသက်နှင့် သူ့ကိုရောင့်ရဲစေ၍၊ ငါ၏ ကယ်တင်ခြင်းကျေးဇူးကို သူ့အားပြမည်။