< Hosea 8 >

1 “Fi ìpè sí ẹnu rẹ! Ẹyẹ idì wà lórí ilé Olúwa nítorí pé àwọn ènìyàn ti dalẹ̀ májẹ̀mú, wọ́n sì ti ṣọ̀tẹ̀ sí òfin mi.
တံပိုး မှုတ် လော့။ ရန်သူသည် ရွှေလင်းတ ကဲ့သို့ ထာဝရဘုရား ၏အိမ် တော်သို့ လာလိမ့်မည်။ အကြောင်း မူကား၊ သူတို့သည် ငါ့ ပဋိညာဉ် ကို ဖျက် ၍ ငါ့ တရား ကို လွန်ကျူး ကြပြီ။
2 Israẹli kígbe pè mí, ‘Ọlọ́run wa, àwa mọ̀ ọ́n!’
သို့ရာတွင်၊ သူတို့က၊ အကျွန်ုပ် တို့၏ ဘုရား သခင်၊ အကျွန်ုပ်တို့သည် ဣသရေလ အမျိုးဖြစ်၍ကိုယ်တော် ကို သိ ကြပါ၏ဟု ငါ့ အား ကြွေးကြော် ကြသည်တကား။
3 Ṣùgbọ́n Israẹli ti kọ ohun tí ó dára sílẹ̀ ọ̀tá yóò sì máa lépa rẹ̀.
ဣသရေလ အမျိုးသည် ကောင်း သောအရာကို စွန့်ပစ် သောကြောင့်၊ ရန်သူ ညှဉ်းဆဲ ခြင်းကိုခံရလိမ့်မည်။
4 Wọ́n fi àwọn ọba jẹ ṣùgbọ́n, kì í ṣe nípasẹ̀ mi wọ́n yan ọmọ-aládé láì si ìmọ̀ mi níbẹ̀. Wọ́n fi fàdákà àti wúrà ṣe ère fún ara wọn, si ìparun ara wọn.
သူ တို့သည် ငါ ၏အခွင့်မ ရှိဘဲ ကိုယ်အလို အလျောက်ရှင်ဘုရင်တို့ကို ချီးမြှောက် ကြပြီ။ ငါမ သိရ ဘဲ မင်းတို့ကို ခန့်ထား ကြပြီ။ ကိုယ်အကျိုးနည်း စေခြင်းငှါ ၊ ကိုယ် ရွှေ ငွေ နှင့် ကိုယ် အဘို့ ရုပ်တု များကိုလုပ် ကြပြီ။
5 Ju ère ẹgbọrọ màlúù rẹ, ìwọ Samaria! Ìbínú mi ń ru sí wọn: yóò ti pẹ́ tó kí wọ́n tó dé ipò àìmọ̀kan?
အိုရှမာရိ ၊ သင် ၏ နွားသငယ် ကို စွန့်ပစ် လော့။ ကိုးကွယ်သော သူများကို ငါ အမျက် ထွက် ၏။ သူတို့သည် အဘယ်မျှ ကာလ ပတ်လုံးသန့်ရှင်း ခြင်းတရားကို မ မှီနိုင် ဘဲ နေရကြလိမ့်မည်နည်း။
6 Israẹli ni wọ́n ti wá! Ère yìí agbẹ́gilére ló ṣe é, àní ère ẹgbọrọ màlúù Samaria, ni a ó fọ́ túútúú.
ထိုနွားသငယ်သည် ဣသရေလ အမျိုး ကြံစည်၍ ဖြစ်၏။ ဆရာသမား လုပ် သောကြောင့် ဘုရား မ ဟုတ်။ အကယ် စင်စစ်ရှမာရိ နွားသငယ် သည် အပိုင်းပိုင်း ကျိုးပဲ့ရလိမ့်မည်။
7 “Wọ́n gbin afẹ́fẹ́ wọ́n sì ká ìjì. Igi ọkà kò lórí, kò sì ní mú oúnjẹ wá. Bí ó bá tilẹ̀ ní ọkà àwọn àjèjì ni yóò jẹ.
လေ မျိုးစေ့ကို ကြဲ ၍ လေဘွေ စပါး ကိုရိတ် ရကြ လိမ့်မည်။ စပါးပင် မ ရှိရ။ အနှံ ထဲက မုန့်ညက် မ ထွက် ရ။ ထွက် သော်လည်း တကျွန်း တနိုင်ငံသားတို့သည် စား ကြ လိမ့်မည်။
8 A ti gbé Israẹli mì, báyìí, ó sì ti wà láàrín àwọn orílẹ̀-èdè bí ohun èlò tí kò wúlò.
ဣသရေလ အမျိုးသည် တိမ်မြုပ် လေပြီ။ အဘယ် သူမျှ မနှစ်သက် သော တန်ဆာ ကဲ့သို့ တပါးအမျိုးသား တို့ တွင် ရှိ ရလိမ့်မည်။
9 Nítorí pé wọ́n ti gòkè lọ sí Asiria gẹ́gẹ́ bí kẹ́tẹ́kẹ́tẹ́ igbó tó ń rìn kiri. Efraimu ti ta ara rẹ̀ fún àwọn olólùfẹ́ rẹ̀.
အာရှုရိ ပြည်သို့ အလိုလိုသွား လေပြီတကား။ ဧဖရိမ် သည် ကိုယ် အဘို့ တကောင် တည်းနေသောမြည်းရိုင်း ကဲ့သို့ဖြစ်၍၊ ရည်းစား တို့အား ဆုချ လေပြီ။
10 Bí ó tilẹ̀ jẹ́ pé wọ́n ti ta ara wọn sí àárín Orílẹ̀-èdè, Èmi ó ṣà wọ́n jọ nísinsin yìí. Wọn ó sì bẹ̀rẹ̀ sí í ṣòfò dànù lọ́wọ́ ìnilára ọba alágbára.
၁၀တပါးအမျိုးသား တို့အား ဆုချ သော်လည်း ၊ ချက်ခြင်း လူ များကို ငါစုဝေး စေမည်။ မကြာမမြင့်မှီ ရှင်ဘုရင် နှင့် မင်း များတင်သော ဝန် ကို ပင်ပန်း စွာ ထမ်းရကြ လိမ့်မည်။
11 “Nítorí Efraimu ti kọ́ pẹpẹ púpọ̀ fún ìrúbọ ẹ̀ṣẹ̀ gbogbo rẹ̀ ti di pẹpẹ ìdẹ́ṣẹ̀ fún un
၁၁ဧဖရိမ် သည် များစွာသော ယဇ် ပလ္လင်တို့ကို အပြစ်အဘို့ လုပ် သောကြောင့် ၊ ယဇ် ပလ္လင်တို့ကို သူ ၏ အပြစ် ဟူ၍ မှတ် ရလိမ့်မည်။
12 Mo kọ ọ̀pọ̀lọpọ̀ ohun tí ó jẹ́ òfin mi fún wọn, ṣùgbọ́n wọn kà á sí ohun àjèjì.
၁၂ငါ့ တရား ၏ ထူးဆန်း သောအရာတို့ကို သူ့ အဘို့ ငါရေး ထားပြီ။ သို့သော်လည်း၊ ရိုင်း သော အရာဟူ၍ သူသည် မှတ် လေပြီတကား။
13 Wọ́n ń rú ẹbọ tí wọ́n yàn fún mi, wọ́n sì ń jẹ ẹran ibẹ̀, ṣùgbọ́n inú Olúwa kò dùn sí wọn. Báyìí yóò rántí ìwà búburú wọn yóò sì jẹ wọ́n ní yà fún ẹ̀ṣẹ̀ wọn. Wọn yóò padà sí Ejibiti.
၁၃ငါ နှင့်ဆိုင်သော ပူဇော်သက္ကာတို့ကို ယဇ်ပူဇော်သောသူတို့ သည် ပူဇော်၍ ကိုယ်တိုင်စား ကြ၏။ ထာဝရဘုရား သည် သူ တို့ကို လက်ခံ တော်မ မူ။ သူ တို့အပြစ် များ ကို ချက်ခြင်း အောက်မေ့ ၍ စစ်ကြော တော်မူသော အားဖြင့် ၊ သူ တို့သည် အဲဂုတ္တု ပြည်သို့ ပြန် သွားရကြ လိမ့်မည်။
14 Nítorí Israẹli ti gbàgbé ẹlẹ́dàá rẹ̀ Ó sì ń kọ́ ààfin púpọ̀ Juda ti kọ́ ìlú olódi púpọ̀ ṣùgbọ́n èmi ó rán iná kan sí orí àwọn ìlú rẹ̀ èyí tí yóò jẹ ibi agbára rẹ̀ run.”
၁၄ဣသရေလ သည် သူ့ ကို ဖန်ဆင်း တော်မူသောသခင်ကိုမေ့လျော့ ၍ ဘုံ ဗိမာန်များကို တည်ဆောက် တတ် ၏။ ယုဒ သည်လည်း ခိုင်ခံ့ သော မြို့ တို့ကို များပြား စေ တတ်၏။ သို့ရာတွင် ၊ ငါသည် ထို မြို့ များတို့ကို မီး ရှို့၍ ဘုံ ဗိမာန်များတို့ကို မီးလောင် ရလိမ့်မည်။

< Hosea 8 >