< Jeremiah 51 >

1 Ohùn ti Olúwa wí nìyìí: “Wò ó èmi yóò ru afẹ́fẹ́ apanirun sókè sí Babeli àti àwọn ènìyàn Lebikamai,
ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန် မြို့တဘက် ၌၎င်း ၊ ငါ၏ရန်သူတို့နှင့်ပေါင်းဘော် သောသူတို့ တဘက် ၌၎င်း ၊ ဖျက်ဆီး တတ်သော လေ ကို ငါ ထ စေမည် ။
2 Èmi yóò rán àwọn àjèjì ènìyàn sí Babeli láti fẹ́ ẹ, tí yóò sì sọ ilẹ̀ rẹ̀ di òfo; wọn yóò takò ó ní gbogbo ọ̀nà ní ọjọ́ ìparun rẹ̀.
စံကောနှင့်ပြာတတ်သောသူတို့ကို ဗာဗုလုန် မြို့ သို့ ငါစေလွှတ် သဖြင့် ၊ သူတို့သည် တပြည်လုံး ကိုပြာ ၍ ရှင်းလင်း ကြလိမ့်မည်။ အမှု ရောက်သောကာလ ၊ သူတို့ သည် မြို့ပတ်ဝန်းကျင် တို့၌ ရန်ဘက်ပြုလျက်နေ ကြ လိမ့်မည်။
3 Má ṣe jẹ́ kí tafàtafà yọ ọfà rẹ̀, jáde tàbí kí ó di ìhámọ́ra rẹ̀. Má ṣe dá àwọn ọ̀dọ́mọkùnrin sí; pátápátá ni kí o pa àwọn ọmọ-ogun rẹ̀.
လေး ကိုကိုင်သောသူ၊ သံချပ် အင်္ကျီကိုဝတ်သောသူတို့ ကို လေးတင် ၍ ပစ်ကြလော့။ မြို့သားလုလင် တို့ကို မ နှမြော ဘဲ၊ မြို့သားအလုံးအရင်း ရှိသမျှ တို့ကို ရှင်းရှင်းဖျက်ဆီး ကြလော့။
4 Gbogbo wọn ni yóò ṣubú ní Babeli, tí wọn yóò sì fi ara pa yánnayànna ní òpópónà.
ထိုသို့သူရဲ တို့သည် ခါလဒဲ ပြည် တွင် ၊ လမ်းမ တို့၌ လဲ ၍ အထိုး ခံရကြလိမ့်မည်။
5 Nítorí pé Juda àti Israẹli ni Ọlọ́run wọn tí í ṣe Olúwa àwọn ọmọ-ogun, kò gbàgbọ́ bí o tilẹ̀ jẹ́ pé ilé wọn kún fún kìkì ẹ̀bi níwájú ẹni mímọ́ Israẹli.
ဣသရေလ အမျိုးနှင့် ယုဒ အမျိုးနေရာ ပြည် သည်၊ ဣသရေလ အမျိုး၏သန့်ရှင်း တော်မူသောဘုရားကို ပြစ်မှား သော အပြစ်နှင့်ပြည့် သော်လည်း၊ သူ တို့ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ထိုအမျိုးတို့ကို စွန့်ပစ် တော်မ မူ။
6 “Sá kúrò ní Babeli! Sá àsálà fún ẹ̀mí rẹ! Má ṣe ṣègbé torí ẹ̀ṣẹ̀ rẹ. Àsìkò àti gbẹ̀san Olúwa ni èyí; yóò sán fún òun gẹ́gẹ́ bí ó ti tọ́.
ဗာဗုလုန် မြို့ထဲ က ထွက်ပြေး ၍ ၊ အသီးအသီး ကိုယ် အသက် ကို ကယ်နှုတ် ကြလော့။ မြို့သားတို့၏အပြစ် နှင့်ရော၍ ဆုံးရှုံး ခြင်းကို မ ခံကြနှင့်။ ဤအချိန်ကား၊ ထာဝရဘုရား ၏အမျက် တော်ကို ဖြေချိန် ဖြစ်၍၊ အကျိုး အပြစ်နှင့်အလျောက်စီရင် တော်မူမည်။
7 Ife wúrà ni Babeli ní ọwọ́ Olúwa; ó sọ gbogbo ayé di ọ̀mùtí. Gbogbo orílẹ̀-èdè mu ọtí rẹ̀, wọ́n sì ti ya òmùgọ̀ kalẹ̀.
ဗာဗုလုန် မြို့သည်၊ ထာဝရဘုရား ကိုင်တော်မူ၍ မြေကြီး တပြင်လုံး ကို ယစ်မူး စေသောရွှေ ဖလား ဖြစ်၏။ ထိုဖလား၌ပါသောစပျစ်ရည် ကို လူ အမျိုးမျိုးတို့သည် သောက် ၍အရူး ဖြစ်ကြ၏။
8 Babeli yóò ṣubú lójijì, yóò sì fọ́. Ẹ hu fun un! Ẹ mú ìkunra fún ìrora rẹ, bóyá yóò le wo ọ́ sàn.
ဗာဗုလုန် မြို့သည် ချက်ခြင်း ပြိုလဲ ၍ ပျက်စီး ပြီ။ သူ ၏အတွက် ငိုကြွေး မြည်တမ်းကြလော့။ သူ ၏အနာ ပျောက် နိုင်လျှင် ၊ ပျောက်စေခြင်းငှါဗာလစံစေး ကို ယူ ကြလော့။
9 “‘À bá ti wo Babeli sàn, ṣùgbọ́n kò lè sàn, ẹ jẹ́ kí a fi sílẹ̀, kí oníkálùkù lọ sí ilẹ̀ rẹ̀ torí ìdájọ́ rẹ̀ tó gòkè, ó ga àní títí dé òfúrufú.’
ငါတို့သည် ဗာဗုလုန် မြို့၏အနာကို ပျောက် စေခြင်းငှါပြုသော်လည်း၊ အနာမ ပျောက် နိုင်။ သူ့ ကို စွန့်ပစ် ၍၊ အသီးအသီး ငါတို့ နေရင်းပြည် သို့ သွား ကြကုန်အံ့။ သူ ခံရ သောအပြစ်သည် ကောင်းကင် တိုင်အောင် ရောက် ၍၊ မိုဃ်းတိမ် ကို ထိ လျက်ရှိ၏။
10 “‘Olúwa ti dá wa láre, wá jẹ́ kí a sọ ọ́ ní Sioni ohun tí Olúwa Ọlọ́run wa ti ṣe.’
၁၀ထာဝရဘုရား သည် ငါ တို့ဖြောင့်မတ် ကြောင်းကို ဘော်ပြ တော်မူပြီ။ လာ ကြလော့။ ငါ တို့ဘုရားသခင် ထာဝရဘုရား အမှု တော်ကို ဇိအုန် မြို့၌ ကြားပြော ကြ ကုန်အံ့။
11 “Ṣe ọfà rẹ ní mímú, mú àpáta! Olúwa ti ru ọba Media sókè, nítorí pé ète rẹ̀ ni láti pa Babeli run. Olúwa yóò gbẹ̀san, àní ẹ̀san fún tẹmpili rẹ̀.
၁၁မြှား တို့ကို ပွတ် ကြလော့။ ဒိုင်း လွှားတို့ကို ကိုင်စွဲ ကြလော့။ ထာဝရဘုရား သည် မေဒိ ရှင်ဘုရင် တို့ကို နှိုးဆော် တော်မူပြီ။ ဗာဗုလုန် မြို့ကို ဖျက်ဆီး မည် အကြံ ရှိတော်မူ၏။ အကြောင်း မူကား၊ ထာဝရဘုရား ၏ အမျက် တော်ကိုဖြေခြင်း၊ ဗိမာန် တော်ကိုဖျက်ဆီးသောအပြစ်နှင့် အလျောက်ဒဏ်ပေး ခြင်းအမှုဖြစ်သတည်း။
12 Gbé àsíá sókè sí odi Babeli! Ẹ ṣe àwọn ọmọ-ogun gírí, ẹ pín àwọn olùṣọ́ káàkiri, ẹ ṣètò àwọn tí yóò sá pamọ́ Olúwa! Yóò gbé ète rẹ̀ jáde, òfin rẹ̀ sí àwọn ará Babeli.
၁၂ဗာဗုလုန် မြို့ရိုး ရှေ့ မှာ အလံ ကိုထူ ကြလော့။ များစွာသော လူစောင့် တို့ကို ထား ၍ကင်းထိုး ကြလော့။ ချောင်းမြောင်း သော တပ်သားတို့ကို ပြင် ကြလော့။ ထာဝရဘုရား သည် ဗာဗုလုန် မြို့သား တို့ကို ခြိမ်း သည်အတိုင်း ကြံစည် ၍ လက်စသတ် တော်မူမည်။
13 Ìwọ tí o gbé lẹ́bàá odò púpọ̀, tí o sì ni ọ̀rọ̀ púpọ̀; ìgbẹ̀yìn rẹ ti dé, àní àsìkò láti ké ọ kúrò!
၁၃များစွာ သော ရေ အနား မှာနေ ၍ စည်းစိမ် ကြီး သောသူ၊ သင် ၏ဆုံးရှုံး ချိန်၊ သင် ၏လောဘ အလိုပျက်ချိန် ရောက် လေပြီ။
14 Olúwa àwọn ọmọ-ogun ti búra fún ara rẹ̀, Èmi yóò fún ọ ní ènìyàn gẹ́gẹ́ bí ọ̀pọ̀ eṣú, wọn yóò yọ ayọ̀, ìṣẹ́gun lórí rẹ.
၁၄ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ကိုယ် ကိုတိုင်တည် ၍ ကျိန်ဆိုတော်မူသည်ကား၊ သင့် ကို ကျိုင်းကောင် များနှင့်ပြည့်စေသကဲ့သို့ လူ များနှင့်ပြည့် စေမည်။ သူတို့သည်သင့် တဘက် ၌ ကြွေးကြော် သံကို လွှင့် ကြလိမ့်မည်။
15 “Ó dá ilẹ̀ nípa agbára rẹ̀, o dá ilẹ̀ ayé pẹ̀lú ọgbọ́n rẹ̀, o sì tẹ́ ọ̀run pẹ̀lú ìmọ̀ rẹ̀.
၁၅တန်ခိုး တော်အားဖြင့် မြေကြီး ကို ဖန်ဆင်း တော်မူပြီ။ ပညာ တော်အားဖြင့် လောကဓါတ် ကို တည် တော်မူပြီ။ ဉာဏ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို ကြက် တော်မူပြီ။
16 Nígbà tí ará omi ọ̀run hó ó mú kí òfúrufú ru sókè láti ìpẹ̀kun ayé. Ó rán mọ̀nàmọ́ná pẹ̀lú òjò, ó sì mú afẹ́fẹ́ jáde láti ilé ìṣúra rẹ̀.
၁၆အသံ တော်ကို လွှတ် တော်မူသောအခါ ၊ မိုဃ်း ရေ အသံဗလံ ဖြစ်တတ်၏။ မြေကြီး စွန်း မှ မိုဃ်းတိမ် ကို တက် စေတော်မူ၏။ မိုဃ်း ရွာသည်နှင့် လျှပ်စစ် ပြက်စေ တော်မူ၏။ လေ ကိုလည်း ဘဏ္ဍာ တော် တိုက်ထဲက ထုတ် တော်မူ၏။
17 “Olúkúlùkù ènìyàn ni kò lọ́pọlọ tí kò sì ní ìmọ̀, olúkúlùkù alágbẹ̀dẹ ni a kó ìtìjú bá nípa òrìṣà rẹ̀. Àwọn ère rẹ jẹ́ ẹ̀tàn; wọn kò ní èémí nínú.
၁၇လူ မည်သည်ကား၊ မိမိဉာဏ် အားဖြင့်တိရစ္ဆာန် ကဲ့သို့ဖြစ်၏။ ရုပ်တု ကို သွန်း သော သူ တိုင်းမိမိလုပ်သော ရုပ်တုအားဖြင့်မှောက်မှား လျက်ရှိ၏။ အကြောင်း မူကား၊ သွန်းသောရုပ်တု သည် မုသာ ဖြစ်၏။ သူ ၌ လည်း ထွက်သက် ဝင်သက်မ ရှိ။
18 Asán ni wọ́n, àti iṣẹ́ ìsìnà, nígbà ìbẹ̀wò wọn, wọn ó ṣègbé.
၁၈ထိုသို့ သော အရာ တို့သည် အချည်းနှီး သက်သက် ဖြစ်ကြ၏။ လှည့်စား သောအရာလည်း ဖြစ်ကြ၏။ စစ်ကြော ခြင်းကိုခံရသည်ကာလ ကွယ်ပျောက် ကြ လိမ့်မည်။
19 Ẹni tí ó jẹ́ ìpín Jakọbu kó rí bí ìwọ̀nyí; nítorí òun ni ó dá ohun gbogbo, àti gbogbo àwọn ẹ̀yà ajogún, Olúwa àwọn ọmọ-ogun ni orúkọ rẹ̀.
၁၉ယာကုပ် အမျိုး၏ အဘို့ ဖြစ်သောဘုရားသည် ထိုသို့ သောအရာနှင့်တူ တော်မ မူ။ ခပ်သိမ်း သောအရာ တို့ကို ဖန်ဆင်း သောဘုရားဖြစ်တော်မူ၏။ ဣသရေလအမျိုး သည် အမွေခံ တော်မူရာဖြစ်၏။ နာမ တော်သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ပေတည်း။
20 “Ìwọ ni kùmọ̀ ogun ohun èlò ogun mi, ohun èlò ìjà mi, pẹ̀lú rẹ èmi ó fọ́ orílẹ̀-èdè túútúú, èmi ó bà àwọn ilé ọba jẹ́.
၂၀အိုသံတူ ကြီး၊ သင် သည် ငါ စစ်တိုက် စရာ လက်နက် ဖြစ်၏။ သင့် ကို ငါကိုင်၍ အတိုင်းတိုင်း အပြည်ပြည်တို့ကို ချိုးဖဲ့ ပြီ။
21 Pẹ̀lú rẹ, èmi ó pa ẹṣin àti ẹni tí ó gùn ún pẹ̀lú rẹ̀; èmi ó ba kẹ̀kẹ́ ogun jẹ́ pẹ̀lú èmi ó pa awakọ̀,
၂၁သင့် ကိုကိုင်၍ မြင်း နှင့် မြင်းစီး သူရဲကို၎င်း ၊ ရထား နှင့် ရထားစီး သူရဲကို၎င်း ငါချိုးဖဲ့ ပြီ။
22 pẹ̀lú rẹ, mo pa ọkùnrin àti obìnrin, pẹ̀lú rẹ, mo pa àgbàlagbà àti ọmọdé, pẹ̀lú rẹ, mo pa ọ̀dọ́mọkùnrin àti ọ̀dọ́mọbìnrin.
၂၂သင့် ကိုကိုင်၍ ယောက်ျား နှင့် မိန်းမ တို့ကို၎င်း၊ အသက်ကြီး သူနှင့် အသက်ငယ် သူတို့ကို၎င်း၊ လူပျို နှင့် အပျိုမ တို့ကို၎င်းငါချိုးဖဲ့ ပြီ။
23 Èmi yóò sì fi ọ́ fọ́ olùṣọ́-àgùntàn, àti agbo àgùntàn rẹ̀ túútúú, èmi yóò sì fi ọ́ fọ́ àgbẹ̀ àti àjàgà màlúù túútúú, èmi yóò sì fi ọ́ fọ́ baálẹ̀ àti àwọn ìjòyè rẹ̀ túútúú.
၂၃သင့် ကိုကိုင်၍ သိုးထိန်း နှင့် သိုးစု ကို၎င်း ၊ လယ်လုပ် သော သူနှင့် နွားယှဉ် ကို၎င်း၊ ဗိုလ် များနှင့် မင်း များကို၎င်းငါချိုးဖဲ့ ပြီ။
24 “Ní ojú rẹ, èmi yóò san án fún Babeli àti gbogbo àwọn olùgbé inú rẹ̀ fún gbogbo ibi tí wọ́n ti ṣe ní Sioni,” ni Olúwa wí.
၂၄သို့ရာတွင် ၊ ဗာဗုလုန် မြို့သူ၊ ခါလဒဲ ပြည်သား အပေါင်း တို့သည် ဇိအုန် မြို့၌ ပြု လေသမျှ သော ဒုစရိုက် ရှိသည်အတိုင်း၊ ငါသည် သင် တို့မျက်မှောက် ၌ သူ တို့အား အပြစ်ပေး မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
25 “Mo lòdì sí ọ, ìwọ òkè apanirun ìwọ ti ba gbogbo ayé jẹ́,” ni Olúwa wí. “Èmi ó na ọwọ́ mi sí ọ, èmi yóò yí ọ kúrò lórí àpáta, Èmi yóò sọ ọ́ dàbí òkè tí a ti jó.
၂၅ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဖျက်ဆီး တတ်သောသဘောရှိ၍၊ မြေကြီး တပြင်လုံး ကို ဖျက်ဆီး တတ်သောတောင် ကြီး၊ သင့် တဘက် ၌ ငါ နေ၏။ သင့် အပေါ် မှာ ငါ ၏လက် ကိုဆန့် လျက်၊ ကျောက် တို့မှ သင့် ကို လှိမ့်ချ ၍၊ မီး နှင့်ကျွမ်းလောင်သော တောင် ဖြစ် စေမည်။
26 A kò ní mú òkúta kankan láti ọ̀dọ̀ rẹ̀ lò gẹ́gẹ́ bí igun ilé tàbí fún ìpínlẹ̀ nítorí pé ìwọ yóò di ahoro títí ayé,” ní Olúwa wí.
၂၆တိုက်ထောင့် အထွဋ်ကျောက် ၊ တိုက်မြစ် ကျောက် တစုံတခုကိုမျှ သင် ၏အထဲက မ နှုတ် မယူရ၊ အစဉ်မပြတ် ပျက်စီး လျက်နေ ရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။
27 “Gbé àsíá sókè ní ilẹ̀ náà! Fọn ìpè láàrín àwọn orílẹ̀-èdè! Sọ àwọn orílẹ̀-èdè di mímọ́ sórí rẹ̀, pe àwọn ìjọba yìí láti dojúkọ ọ́: Ararati, Minini àti Aṣkenasi. Yan olùdarí ogun láti kọlù ú, rán àwọn ẹṣin sí i bí ọ̀pọ̀ eṣú.
၂၇ထိုပြည် ၌ အလံ ကိုထူ ကြလော့။ အပြည်ပြည် တို့၌ တံပိုး ကိုမှုတ် ၍၊ လူ အမျိုးမျိုးတို့ကိုသူ ၏ တဘက် ၌ပြင်ဆင် ကြလော့။ အာရရတ် ပြည်၊ မိန္နိ ပြည်၊ အာရှကေနတ် ပြည် တို့ကို သူ ၏တဘက် ၌ စည်းဝေး စေကြလော့။ ဗိုလ်ချုပ် မင်းကိုခန့်ထား ၍၊ အမွေးကြမ်း သော ကျိုင်းကောင် ကဲ့သို့ မြင်း စီးသူရဲတို့ကို စစ်ချီ စေကြလော့။
28 Sọ àwọn orílẹ̀-èdè pẹ̀lú àwọn ọba Media di mímọ́ sórí rẹ̀, àwọn baálẹ̀ rẹ̀, àti gbogbo àwọn ìjòyè rẹ̀, àti gbogbo orílẹ̀-èdè tí wọ́n jẹ ọba lé lórí.
၂၈လူမျိုး များတို့နှင့်တကွ၊ မေဒိ ရှင်ဘုရင် မှစ၍ဗိုလ် များ၊ မင်း များ၊ မေဒိနိုင်ငံ သားအပေါင်း တို့ကို သူ ၏ တဘက် ၌ ပြင်ဆင် ကြလော့။
29 Ilẹ̀ wárìrì síyìn-ín sọ́hùn-ún, nítorí pé ète Olúwa, sí Babeli dúró, láti ba ilẹ̀ Babeli jẹ́ lọ́nà tí ẹnikẹ́ni kò ní lè gbé inú rẹ̀ mọ́.
၂၉ဗာဗုလုန်ပြည် သည်တုန်လှုပ် ၍ လူးလိမ့် မည်။ ထိုပြည်သည်နေ သူမ ရှိ၊ သုတ်သင် ပယ်ရှင်းရာ ဖြစ်စေခြင်းငှါ ၊ ထာဝရဘုရား ကြံစည် တော်မူသောအကြံအစည် ရှိသမျှသည် ပြည့်စုံရလိမ့်မည်။
30 Gbogbo àwọn jagunjagun Babeli tó dáwọ́ ìjà dúró sínú àgọ́ wọn. Agbára wọn ti tán, wọ́n ti dàbí obìnrin. Ibùgbé rẹ̀ ni a ti dáná sun, gbogbo irin ẹnu-ọ̀nà wọn ti di fífọ́.
၃၀ဗာဗုလုန် စစ်သူရဲ တို့သည် စစ် မ ပြိုင်ဘဲရဲတိုက် များ၌ နေ ကြ၏။ အား လျော့ ၍မိန်းမ ကဲ့သို့ ဖြစ် ကြ၏။ မြို့သားနေရာ တို့ကိုမီး ရှို့၍၊ တံခါးကျင် တို့ကို ချိုးဖဲ့ ကြ၏။
31 Ìránṣẹ́ kan ń tẹ̀lé òmíràn láti sọ fún ọba Babeli pé gbogbo ìlú rẹ̀ ni a ti kó ní ìgbèkùn.
၃၁ရန်သူတို့သည် မြို့ တော်ကို တဘက်တချက် တိုက် ဝင်ကြပြီဟူ၍၎င်း ၊ လမ်းဝ ကို ပိတ်ထား ၍ ရေကန် နား မှာမီး ရှို့ ကြောင်းနှင့်၊ စစ်သူရဲ တို့သည် ကြောက်လန့် လျက်ရှိကြပြီဟူ၍၎င်း ၊
32 Odò tí ó sàn kọjá kò sàn mọ́ ilẹ̀ àbàtà gbiná, àwọn jagunjagun sì wárìrì.”
၃၂ဗာဗုလုန် ရှင်ဘုရင် အား ကြားလျှောက် အံ့သောငှါ ၊ မင်း လုလင်ချင်းတယောက်ကို တယောက်၊ စေလွှတ် သူချင်းတယောက်ကို တယောက်တွေ့ကြုံလျက် ပြေးလာ ကြ၏။
33 Ohun tí Olúwa àwọn ọmọ-ogun Ọlọ́run àwọn ọmọ Israẹli sọ nìyìí: “Ọmọbìnrin Babeli dàbí ìpakà àsìkò láti kórè rẹ̀ kò ní pẹ́ dé mọ́.”
၃၃ဣသရေလ အမျိုး၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန် သတို့သမီး သည် စပါးနယ် ရသောကောက်နယ် တလင်းကဲ့သို့ ဖြစ်၏။ စပါး ရိတ်ရာအချိန် နီး ပြီ။
34 “Nebukadnessari ọba Babeli tó jẹ wá run, ó ti mú kí ìdààmú bá wa, ó ti sọ wá di àgbá òfìfo. Gẹ́gẹ́ bí ejò, ó ti gbé wa mì. Ó fi oúnjẹ àdídùn wa kún inú rẹ̀, lẹ́yìn náà ni ó pọ̀ wá jáde.
၃၄ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ငါ တို့ကို ကိုက်စား ၍ နှိပ်စက် ပါပြီ။ ငါ တို့ကို ဟင်းလင်း သောအိုး ဖြစ် စေပါပြီ။ နဂါး မျိုတတ်သကဲ့သို့ ငါ တို့ကို မျို ၍၊ ငါ တို့ ပျော်မွေ့ စရာအရာ တို့နှင့် မိမိ ဝမ်း ကို ပြည့် စေ ပါပြီ။ ငါ တို့ကို နှင်ထုတ် ပါပြီ။
35 Kí gbogbo ìparun tí ó ṣe sí ẹran-ara wa wà lórí Babeli,” èyí tí àwọn ibùgbé Sioni wí. “Kí ẹ̀jẹ̀ wa wà lórí gbogbo àwọn tí ń gbé Babeli,” ni Jerusalẹmu wí.
၃၅ဇိအုန် မြို့သမီးက၊ ငါ၏ကိုယ်နှင့်ငါ ၏အသား ၌ ပြုသောအဓမ္မ အမှုသည် ဗာဗုလုန် မြို့အပေါ် သို့ ရောက်ပါစေဟူ၍၎င်း ၊ ယေရုရှလင် မြို့ကလည်း၊ ငါ ၏အသွေး သည် ခါလဒဲ ပြည်သား တို့အပေါ် သို့ ရောက်ပါစေဟူ၍၎င်း ဆို ရ၏။
36 Nítorí náà, báyìí ni Olúwa wí: “Wò ó, èmi yóò tì ọ́ lẹ́yìn lórí ohun tí o fẹ́ ṣe. Èmi ó sì gbẹ̀san, èmi yóò mú kí omi Òkun rẹ̀ àti orísun omi rẹ̀ gbẹ.
၃၆သို့ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် ၏အမှု ကို ငါ စောင့် မည်။ သင် ခံရသောအပြစ် ကို ပြန်ပေး မည်။ သူ ၏ပင်လယ် ကို၎င်း၊ သူ ၏စမ်းရေ တွင်းတို့ကို၎င်းငါခန်းခြောက် စေမည်။
37 Babeli yóò parun pátápátá, yóò sì di ihò àwọn akátá, ohun ẹ̀rù àti àbùkù, ibi tí ènìyàn kò gbé.
၃၇ဗာဗုလုန် မြို့သည် အမှိုက်ပုံ ၊ မြေခွေး နေရာ တွင်း၊ အံ့ဩဘွယ် ရာ၊ ကဲ့ရဲ့ သံပြုရာ၊ လူဆိတ်ညံ ရာအရပ် ဖြစ် လိမ့်မည်။
38 Àwọn ènìyàn inú rẹ̀ bú ramúramù bí ọmọ kìnnìún.
၃၈ထာဝရဘုရား မိန့် တော်မူသည်ကား၊ မြို့သားတို့ သည်ခြင်္သေ့ ကဲ့သို့ ဟောက် သောအသံ၊ ခြင်္သေ့ သငယ် ကဲ့သို့ မြည် သောအသံကိုတညီတည်း ပြုကြလိမ့်မည်။
39 Ṣùgbọ́n nígbà tí ọkàn wọn bá ru sókè, èmi yóò ṣe àsè fún wọn, èmi yóò jẹ́ kí wọn mutí yó tí wọn yóò máa kọ fun ẹ̀rín, lẹ́yìn náà, wọn yóò sun oorun, wọn kì yóò jí,” ni Olúwa wí.
၃၉သူတို့သည်ပျော်မွေ့ ကြမည်အကြောင်း နှင့်၊ နောက်တဖန်မ နိုး ဘဲ၊ အစဉ်မပြတ် အိပ်ပျော် မည် အကြောင်း၊ သူတို့သည် ရွှင်လန်းအားကြီးသောအခါ၊ သောက်စရာဘို့ ငါတိုက်၍ ယစ်မူး စေမည်။
40 “Èmi yóò fà wọ́n lọ gẹ́gẹ́ bí ọ̀dọ́-àgùntàn tí a fẹ́ pa, gẹ́gẹ́ bí àgbò àti ewúrẹ́.
၄၀အသေသတ် ခြင်းငှါ ဆွဲ၍ချသော သိုးသငယ် ကို ကဲ့သို့ ၎င်း ၊ သိုးထီး ၊ ဆိတ်ထီး ကိုကဲ့သို့ ၎င်း ငါ ဆွဲ၍ချမည်။
41 “Báwo ni Ṣeṣaki yóò ṣe dí mímú, ìfọ́nnu gbogbo àgbáyé. Irú ìpayà wo ni yóò bá Babeli láàrín àwọn orílẹ̀-èdè!
၄၁ရှေရှက် မြို့ကိုတိုက် ၍ ရလေပြီတကား။ မြေ တပြင်လုံး ၌ ကျော်စော သော မြို့ကိုလုယူ လေပြီတကား။ ဗာဗုလုန် မြို့သည် အပြည်ပြည် တို့တွင် အံ့ဩ ရာဖြစ် လေပြီ တကား။
42 Òkun yóò ru borí Babeli, gbogbo rírú rẹ̀ yóò borí Babeli.
၄၂ပင်လယ် သည် ဗာဗုလုန် ပြည်အပေါ် သို့တက် ၍၊ များစွာသော လှိုင်း တံပိုးတို့သည် လွှမ်းမိုး ကြပြီ။
43 Àwọn ìlú rẹ̀ yóò di ahoro, ilẹ̀ tí ó gbẹ, ilẹ̀ tí ènìyàn kò gbé tí ènìyàn kò sì rin ìrìnàjò.
၄၃မြို့ များတို့သည် သုတ်သင် ပယ်ရှင်းရာအရပ်၊ သွေ့ခြောက် သော လွင်ပြင် ဖြစ် ကြပြီ။ အဘယ်သူမျှမ နေ ရ။ လူ သား တစုံ တယောက်မျှ ထိုလမ်းကိုမ ရှောက် ရ။
44 Èmi yóò fi ìyà jẹ Beli ti Babeli àti pé èmi yóò jẹ́ kí ó pọ gbogbo àwọn ohun tí ó gbé mì. Àwọn orílẹ̀-èdè kì yóò jùmọ̀ sàn lọ pọ̀ sí ọ̀dọ̀ rẹ̀ mọ́. Ní òótọ́ odi Babeli yóò sì wó.
၄၄ဗာဗုလုန် မြို့၌ ဗေလ ဘုရားကို လည်း ငါသည် ဒဏ်ပေးမည်။ သူ မျို သောအရာတို့ကို တဖန်အန် စေမည်။ လူ အမျိုးမျိုးတို့သည် နောက် တဖန်သူ့ ထံမှာ မ စည်းဝေး ရကြ။ မြို့ရိုး လည်းပြိုလဲ လျက်ရှိရလိမ့်မည်။
45 “Ẹ jáde kúrò nínú rẹ̀ ẹ̀yin ènìyàn mi! Sá àsálà fún ẹ̀mí rẹ! Sá fún ìbínú ńlá Olúwa.
၄၅ငါ ၏လူ တို့၊ ဗာဗုလုန် မြို့ထဲက ထွက် ကြလော့။ ထာဝရဘုရား ၏ ပြင်းစွာ သောအမျက် တော်မှ ၊ အသီးအသီး ကိုယ် အသက် ကို ကယ်နှုတ် ကြလော့။
46 Má ṣe jẹ́ kí ọkàn rẹ dàrú tàbí kí o bẹ̀rù nígbà tí a bá gbọ́ àhesọ ọ̀rọ̀ ní ilẹ̀ wa; àhesọ ọ̀rọ̀ kan wá ní ọdún yìí, òmíràn ní ọdún mìíràn àhesọ ọ̀rọ̀ ni ti ìwà ipá ní ilẹ̀ náà àti tí aláṣẹ kan sí aláṣẹ kejì.
၄၆ထိုပြည် ၌ ကြား ရသောသိတင်း ကြောင့် စိတ် မ ပျက် ၊ ကြောက်လန့် ခြင်းမရှိကြနှင့်။ တနှစ် ထက် တနှစ် သိတင်း ကြားရလိမ့်မည်။ မင်းချင်း တယောက်ကို တယောက်လုယူ ၍ညှဉ်းဆဲခြင်းအမှု ရှိရလိမ့်မည်။
47 Nítorí ìgbà náà yóò wá dandan nígbà tí èmi yóò fi ìyà jẹ àwọn òrìṣà Babeli; gbogbo ilẹ̀ rẹ̀ ni a ó dójútì gbogbo àwọn tí a pa yóò sì ṣubú ní àárín rẹ̀.
၄၇ထိုနောက်မှဗာဗုလုန် မြို့၌ ထုလုပ်သော ရုပ်တု ဆင်းတုတို့ကို ငါသည် ဒဏ်ပေး သဖြင့် ၊ တပြည်လုံး မိန်းမော တွေဝေ၍ ၊ သူရဲ အပေါင်း တို့သည် မြို့ ထဲမှာ လဲ လျက်သေကြသော အချိန် ရောက် လိမ့်မည်။
48 Ọ̀run àti ayé àti gbogbo ohun tí ó wà nínú wọn, yóò sì kọrin lórí Babeli: nítorí àwọn afiniṣèjẹ yóò wá sórí rẹ̀ láti àríwá,” ni Olúwa wí.
၄၈ထိုသို့ မြောက် မျက်နှာအရပ်က လုယူ သောသူတို့ သည် ဗာဗုလုန် မြို့သို့ ရောက်လာ သောအခါ၊ မိုဃ်း မြေ မှစ၍အရပ်ရပ် ၌ရှိသမျှတို့သည် ရွှင်လန်း သော အသံကို ပြုကြ လိမ့်မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
49 “Babiloni gbọdọ̀ ṣubú nítorí ìtàjẹ̀ sílẹ̀ ni Israẹli, gẹ́gẹ́ bí àwọn ti a pa ní gbogbo ayé nítorí Babeli.
၄၉ဗာဗုလုန် မြို့ကြောင့် ဣသရေလ အမျိုးသူရဲ တို့ သည် လဲ ၍သေသကဲ့သို့၊ ဗာဗုလုန် မြို့ထဲမှာ ပြည်သား သူရဲ အပေါင်း တို့သည် လဲ ၍သေကြလိမ့်မည်။
50 Ẹ̀yin tí ó ti bọ́ lọ́wọ́ idà, ẹ lọ, ẹ má dúró. Ẹ rántí Olúwa ní òkèrè, ẹ sì jẹ́ kí Jerusalẹmu wá sí ọkàn yín.”
၅၀ထား ဘေးနှင့် လွတ် သောသူတို့၊ သွား ကြလော့။ ရပ် ၍မ နေကြနှင့်။ ဝေး သောအရပ်၌ ထာဝရဘုရား ကို အောက်မေ့ ၍ ၊ ယေရုရှလင် မြို့ကိုလည်း စိတ် စွဲလမ်းကြလော့ ။
51 “Ojú tì wá, nítorí pé àwa ti gbọ́ ẹ̀gàn: ìtìjú ti bò wá lójú nítorí àwọn àjèjì wá sórí ohun mímọ́ ilé Olúwa.”
၅၁ငါတို့သည်ကဲ့ရဲ့ သောအသံကို ကြား သောကြောင့် အရှက်ကွဲ လျက်၊ မျက်နှာ ပျက် လျက်နေရကြပါ၏။ တပါးအမျိုးသား တို့သည် ဗိမာန် တော်တွင်၊ သန့်ရှင်း ရာအရပ် ဌာနတော်တို့၏ အထဲသို့ ဝင် ကြပါပြီ။
52 “Nítorí náà, wò ó, ọjọ́ ń bọ̀,” ni Olúwa wí, “tí èmi yóò ṣe ìbẹ̀wò lórí àwọn ère fínfín rẹ̀, àti àwọn tí ó gbọgbẹ́ yóò sì máa kérora já gbogbo ilẹ̀ rẹ̀.
၅၂သို့ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန်ပြည်ကိုးကွယ်သော ရုပ်တု ဆင်းတုတို့ကို ငါသည် ဒဏ်ပေး ၍၊ တပြည်လုံး ၌ ဒဏ်ချက် ထိသောသူတို့သည် ညည်းတွား ကြသော အချိန် ရောက် လိမ့်မည်။
53 Bí Babeli tilẹ̀ gòkè lọ sí ọ̀run, bí ó sì ṣe ìlú olódi ní òkè agbára rẹ, síbẹ̀ àwọn afiniṣèjẹ yóò ti ọ̀dọ̀ mi tọ̀ ọ́ wá,” ní Olúwa wí.
၅၃ဗာဗုလုန် မြို့သည် မိုဃ်း ကောင်းကင်သို့တက် ၍ ၊ မြို့ရိုး အထွဋ် ကို ခိုင်ခံ့ စွာ တည်သော်လည်း၊ ငါ စေလွှတ်၍ လုယူ သောသူတို့ သည် သူ ရှိရာသို့ ရောက် ကြလိမ့်မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
54 “Ìró igbe láti Babeli, àti ìparun láti ilẹ̀ àwọn ará Kaldea!
၅၄ဗာဗုလုန် မြို့မှာ ငိုကြွေး သံ ကို၎င်း ၊ ခါလဒဲ ပြည် မှာ ပြင်းစွာ သော ပျက်စီး သံကို၎င်းကြားရ၏။
55 Nítorí pé Olúwa ti ṣe Babeli ní ìjẹ, ó sì ti pa ohun ńlá run kúrò nínú rẹ̀; àwọn ọ̀tá wọn sì ń hó bi omi púpọ̀, a gbọ́ ariwo ohùn wọn.
၅၅အကြောင်းမူကား ၊ ထာဝရဘုရား သည် ဗာဗုလုန် မြို့ကို ဖျက်ဆီး ၍ ၊ သူပြုတတ်သောအသံ ကြီး ကို ငြိမ်း စေ တော်မူ၏။ သူ ၏လှိုင်း တံပိုးတို့သည် အားကြီး သော ရေ ကဲ့သို့ ဟုန်ဟုန်းမြည် သဖြင့်၊ ကြီးစွာသောအသံဗလံ ကို ပြု တတ်ကြ၏။
56 Nítorí pé afiniṣèjẹ dé sórí rẹ̀, àní sórí Babeli; a mú àwọn akọni rẹ̀, a ṣẹ́ gbogbo ọrun wọn: nítorí Ọlọ́run ẹ̀san ni Olúwa, yóò san án nítòótọ́.
၅၆ဗာဗုလုန် မြို့ကို တိုက်ဖျက် လုယူသောသူသည် ရောက် လျှင် ၊ မြို့သားစစ်သူရဲ တို့သည် ရန်သူတို့လက် သို့ ရောက်၍၊ သူ တို့စွဲကိုင်သော လေး ရှိသမျှတို့သည် ကျိုး ကြ ၏။ အကျိုး အပြစ်ကိုပေး တတ်သောဘုရားသခင် ထာဝရဘုရား သည် ဆက်ဆက်ပေး တော်မူပြီ။
57 Èmi ó sì mú kí àwọn ìjòyè rẹ̀ yó bí ọ̀mùtí, àti àwọn ọlọ́gbọ́n rẹ̀ àti àwọn baálẹ̀ rẹ̀, àti àwọn akọni rẹ̀, wọn ó sì sun oorun láéláé, wọn kì ó sì jí mọ́,” ní ọba wí, ẹni tí orúkọ rẹ̀ ń jẹ́ Olúwa àwọn ọmọ-ogun.
၅၇ဗာဗုလုန် မင်းသား ၊ တိုင်ပင် မှူးမတ်၊ စစ်ကဲ ၊ မင်း အရာရှိ၊ ခွန်အားကြီး သောသူတို့ ကို ငါယစ်မူး စေသဖြင့် ၊ သူတို့သည်နောက် တဖန်မ နိုး ဘဲ အစဉ်မပြတ် အိပ်ပျော် ကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ဟူ၍ဘွဲ့ နာမရှိသော ရှင်ဘုရင် မိန့် တော်မူ၏။
58 Báyìí ní Olúwa àwọn ọmọ-ogun wí: “Odi Babeli gbígbòòrò ní a ó wó lulẹ̀ pátápátá, ẹnu-bodè gíga rẹ̀ ní a ó sì fi iná sun: tó bẹ́ẹ̀ tí àwọn ènìyàn ti ṣiṣẹ́ lásán, àti àwọn orílẹ̀-èdè ti ṣiṣẹ́ fún iná, tí àárẹ̀ sì mú wọn.”
၅၈ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဒု ကြီးသော ဗာဗုလုန် မြို့ရိုး တို့ကို အကုန်အစင်ဖြိုဖျက် ၍ ၊ မြင့် သောမြို့တံခါး တို့ကိုလည်း မီး ရှို့ ကြလိမ့်မည်။ လူ အမျိုးမျိုးတို့သည် အချည်းနှီး လုပ်ဆောင် ၍ ၊ မီး ၌ပင်ပန်း ခြင်းကိုခံရကြပြီ။
59 Ọ̀rọ̀ tí Jeremiah wòlíì pàṣẹ fún Seraiah, ọmọ Neriah, ọmọ Maseiah, nígbà tí o ń lọ ni ti Sedekiah, ọba Juda, sí Babeli ní ọdún kẹrin ìjọba rẹ̀. Seraiah yìí sì ní ìjòyè ibùdó.
၅၉ဗာဗုလုန် မြို့အပေါ်မှာ ရောက် လတံ့သော ၊ ဘေးဥပဒ် အပေါင်း တည်းဟူသော၊ ဗာဗုလုန် မြို့ကို ရည်မှတ် ၍ ရေးထား သောဤ စကား အလုံးစုံ တို့ကို ပရောဖက်ယေရမိ သည် ရေး ကူး၍ ၊
60 Jeremiah sì kọ gbogbo ọ̀rọ̀ ibi tí yóò wá sórí Babeli sínú ìwé kan, àní gbogbo ọ̀rọ̀ wọ̀nyí tí a kọ sí Babeli.
၆၀ယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံ လေး နှစ် တွင် ၊ ရှင်ဘုရင်နှင့်အတူ ဗာဗုလုန် မြို့သို့လိုက်သွား သော၊ မာသေယ ၏သား ဖြစ်သောနေရိ ၏ သား အတွင်းဝန် စရာယ ကိုမှာထား သော စကား ဟူမူကား၊
61 Jeremiah sì sọ fún Seraiah pé, “Nígbà tí ìwọ bá dé Babeli, kí ìwọ kí ó sì wò, kí ìwọ kí ó sì ka gbogbo ọ̀rọ̀ wọ̀nyí.
၆၁သင် သည် ဗာဗုလုန် မြို့သို့ရောက် သောအခါ ၊ ဤ စကား အလုံးစုံ တို့ကို ကြည့်ရှု ၍ ဘတ် ရမည်။
62 Kí ìwọ kí ó sì wí pé, ‘Olúwa ìwọ ti sọ̀rọ̀ sí ibí yí, láti ké e kúrò, kí ẹnikẹ́ni má ṣe gbé inú rẹ̀, àti ènìyàn àti ẹran, nítorí pé yóò di ahoro láéláé.’
၆၂ထိုအခါ သင်က၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် ဤ အရပ် ၌ လူ မ ရှိ ၊ တိရစ္ဆာန် မရှိ၊ အစဉ်မပြတ် ဆိတ်ညံ ရာအရပ်ဖြစ် စေ၍၊ သုတ်သင် ပယ်ရှင်းမည် အကြောင်းကို ခြိမ်းတော်မူပြီဟု လျှောက်ဆို ရမည်။
63 Yóò sì ṣe, nígbà tí ìwọ bá parí kíka ìwé yìí tán kí ìwọ kí ó di òkúta mọ́ ọn, kí ó sì sọ ọ́ sí àárín odò Eufurate.
၆၃ဤ စာ ကို အကုန်အစင်ဘတ် ပြီး လျှင် ၊ စာပေါ်မှာကျောက် ကို ချည် ထား၍ ၊ ဥဖရတ် မြစ်အလယ် မှာ ချပစ် လျက်၊
64 Kí ìwọ sì wí pé, ‘Báyìí ní Babeli yóò rì, kí yóò sì tún dìde kúrò nínú ibi tí èmi ó mú wá sórí rẹ̀: àárẹ̀ yóò sì mú wọn.’” Títí dé ìhín ni ọ̀rọ̀ Jeremiah.
၆၄ဗာဗုလုန် မြို့သည် ဤသို့နစ် ရလိမ့်မည်။ ငါ ရောက် စေသော ဘေးဥပဒ် ထဲကနောက်တဖန် မ ထမြောက် ရ။ မြို့သူမြို့သားတို့သည် အားကုန် လျက် နေရကြ လိမ့်မည်ဟု၊ မြွက်ဆို ရမည်အကြောင်းကို၊ ယေရမိသည် မှာထားလေ၏။ ဤရွေ့ကား ၊ ယေရမိ စကား ပေတည်း။

< Jeremiah 51 >