< Acts 1 >

1 Nínú ìwé mi ìṣáájú, Teofilu, ni mo ti kọ ní ti ohun gbogbo tí Jesu bẹ̀rẹ̀ sí ṣe àti kọ́
အို သော်​ဖိ​လု၊ သ​ခင်​ယေ​ရှု​သည်​အ​မှု​တော်​ကို​စ​တင်​ဆောင်​ရွက် သည့်​နေ့​မှ​အ​စ​ပြု​၍ ကောင်း​ကင်​ဘုံ​သို့​ဆောင် ယူ​ခြင်း​ကို​ခံ​တော်​မူ​သည့်​နေ့​တိုင်​အောင် ပြု​မူ သွန်​သင်​တော်​မူ​သ​မျှ​တို့​ကို​ကျွန်ုပ်​၏​ပ​ထ​မ စာ​စောင်​တွင်​ရေး​သား​ဖော်​ပြ​ခဲ့​ပါ​ပြီ။ ကိုယ် တော်​သည်​ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ​ခြင်း ကို​ခံ​တော်​မ​မူ​မီ ရွေး​ကောက်​ထား​တော် မူ​သော​တ​မန်​တော်​တို့​အား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့်​ညွှန်​ကြား တော်​မူ​၏။-
2 títí ó fi di ọjọ́ tí a gbà á lọ sókè ọ̀run, lẹ́yìn tí ó ti ti ipa Ẹ̀mí Mímọ́ pàṣẹ fún àwọn aposteli tí ó yàn.
3 Lẹ́yìn ìjìyà rẹ̀, ó fi ara rẹ̀ hàn fún wọn àti ọ̀pọ̀lọpọ̀ ẹ̀rí tí ó dájú pé òun wà láààyè. Ó fi ara hàn wọ́n fún ogójì ọjọ́, ó sì sọ̀rọ̀ nípa ìjọba Ọlọ́run.
ကိုယ်​တော်​သည်​အ​သေ​ခံ​တော်​မူ​ပြီး​နောက် အ​ရက်​လေး​ဆယ်​အ​တွင်း​တ​မန်​တော်​တို့ အား​အ​ကြိမ်​ပေါင်း​များ​စွာ​ကိုယ်​ထင်​ပြ​၍ မိ​မိ​အ​သက်​ရှင်​လျက်​ရှိ​တော်​မူ​ကြောင်း ခိုင်​လုံ​သော​အ​ထောက်​အ​ထား​များ​ကို​ပေး တော်​မူ​၏။ တ​မန်​တော်​တို့​သည်​ကိုယ်​တော် ကို​တွေ့​မြင်​ရ​ကြ​၏။ ကိုယ်​တော်​သည်​လည်း သူ​တို့​အား​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် အ​ကြောင်း​ကို​ဟော​ပြော​သွန်​သင်​တော်​မူ​၏။-
4 Ní àkókò kan bí ó sì ti ń jẹun pẹ̀lú wọn, ó pàṣẹ yìí fún wọn, “Ẹ má ṣe kúrò ní Jerusalẹmu, ṣùgbọ́n ẹ dúró de ìlérí tí Baba mi ṣe ìlérí, èyí tí ẹ̀yin tí gbọ́ lẹ́nu mi.
သူ​တို့​သည်​စု​ရုံး​လာ​ကြ​သော​အ​ခါ​ကိုယ်​တော် က``ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​ခွာ​၍​မ​သွား​ကြ နှင့်။ ခ​မည်း​တော်​က​တိ​ထား​တော်​မူ​သည့်​ဆု ကျေး​ဇူး​ကို​စောင့်​မျှော်​လျက်​နေ​ကြ​လော့။ ထို ဆု​ကျေး​ဇူး​အ​ကြောင်း​ကို​ယ​ခင်​က​သင်​တို့ အား​ငါ​ဖော်​ပြ​ခဲ့​၏။-
5 Nítorí Johanu fi omi bamitiisi yín, ṣùgbọ́n ní ọjọ́ díẹ̀ sí i, a o fi Ẹ̀mí Mímọ́ bamitiisi yín.”
ယော​ဟန်​သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​ကို​ပေး​၏။ သို့​ရာ တွင်​သင်​တို့​မူ​ကား​ရက်​အ​နည်း​ငယ်​အ​တွင်း​၌ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့်​ဗတ္တိဇံ​ကို​ခံ​ယူ​ကြ ရ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။
6 Nítorí náà, nígbà tí wọ́n sì péjọpọ̀, wọn bi í léèrè pé, “Olúwa, láti ìgbà yí lọ ìwọ yóò ha mú ìjọba padà fún Israẹli bí?”
တ​မန်​တော်​တို့​သည်​စု​ဝေး​မိ​ကြ​သော​အ​ခါ ကိုယ်​တော်​အား``သ​ခင်​ဘု​ရား၊ ဤ​အ​ချိန်​ကား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိ​မိ​တို့​၏ နိုင်​ငံ​ကို​ကိုယ်​တော်​ရှင်​ပြန်​လည်​ပေး​အပ်​မည့် အ​ချိန်​ဖြစ်​ပါ​သ​လော'' ဟု​မေး​လျှောက်​ကြ​၏။
7 Ó sì wí fún wọn pé, “Kì í ṣe tiyín ni láti mọ àkókò tàbí ìgbà tí Baba ti yàn nípa àṣẹ òun tìkára rẹ̀.
ကိုယ်​တော်​က``ခ​မည်း​တော်​၏​တန်​ခိုး​အာ​ဏာ အား​ဖြင့် စီ​ရင်​ပြ​ဋ္ဌာန်း​ထား​သည့်​အ​ချိန်​အ​ခါ ကို​သင်​တို့​သိ​ပိုင်​ခွင့်​မ​ရှိ။-
8 Ṣùgbọ́n ẹ̀yin yóò gba agbára, nígbà tí Ẹ̀mí Mímọ́ bá bà lé e yín; ẹ̀yin yóò sì máa ṣe ẹlẹ́rìí mi ni Jerusalẹmu, àti ní gbogbo Judea, àti ní Samaria, àti títí dé òpin ilẹ̀ ayé.”
သို့​ရာ​တွင်​သင်​တို့​အ​ပေါ်​သို့​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သက်​ရောက်​သော​အ​ခါ​၌ သင်​တို့ သည်​တန်​ခိုး​ကို​ခံ​ယူ​ရ​ရှိ​ကြ​လိမ့်​မည်။ ထို အ​ခါ​သင်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့၊ ယု​ဒ ပြည်​တစ်​ပြည်​လုံး​နှင့်​ရှ​မာ​ရိ​ပြည်​မှ​စ​၍ ကမ္ဘာ​မြေ​ကြီး​အ​စွန်​အ​ဖျား​တိုင်​အောင် ငါ ၏​အ​ကြောင်း​ကို​သက်​သေ​ခံ​သူ​များ​ဖြစ် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
9 Nígbà tí ó sì tí wí nǹkan wọ̀nyí, a gbà á sókè lójú wọn; ìkùùkuu àwọsánmọ̀ sì gbà á kúrò lójú wọn.
ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​တ​မန်​တော်​တို့ ကြည့်​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​သည်​ကောင်း​ကင် ဘုံ​သို့​ဆောင်​ယူ​ခြင်း​ကို​ခံ​တော်​မူ​၏။ ထို​နောက် မိုး​တိမ်​သည်​ကိုယ်​တော်​ကို​ဖုံး​ကွယ်​လေ​၏။
10 Bí wọ́n sì ti tẹjúmọ́ ojú ọ̀run bí ó ti ń lọ sókè, lójijì, àwọn ọkùnrin méjì tí ó wọ aṣọ funfun dúró létí ọ̀dọ̀ wọn.
၁၀ဤ​သို့​ကိုယ်​တော်​တက်​ကြွ​တော်​မူ​စဉ်​တ​မန်​တော် တို့​သည် မိုး​ကောင်း​ကင်​သို့​အာ​ရုံ​စိုက်​၍​ကြည့်​နေ ကြ​၏။ ထို​အ​ခါ​ဝတ်​ဖြူ​စင်​ကြယ်​နှင့်​လူ​နှစ်​ယောက် သည်​ရုတ်​တ​ရက်​သူ​တို့​အ​နီး​တွင်​ပေါ်​လာ​လေ​၏။-
11 Wọ́n sì wí pé, “Ẹ̀yin ara Galili, èéṣe tí ẹ̀yin fi dúró tí ẹ̀ ń wo ojú ọ̀run? Jesu yìí, tí a gbà sókè ọ̀run kúrò lọ́wọ́ yín, yóò padà bẹ́ẹ̀ gẹ́gẹ́ bí ẹ ti rí tí ó ń lọ sì ọ̀run.”
၁၁ထို​သူ​တို့​က ``ဂါ​လိ​လဲ​ပြည်​သား​တို့၊ သင်​တို့ သည်​အ​ဘယ်​ကြောင့်​ရပ်​၍​မိုး​ကောင်း​ကင်​သို့ မျှော်​ကြည့်​နေ​ကြ​သ​နည်း။ သင်​တို့​ထံ​မှ ကောင်း​ကင်​ဘုံ​သို့​ယူ​ဆောင်​ခြင်း​ကို​ခံ​တော် မူ​သော​သ​ခင်​ယေ​ရှု​သည် အ​ဘယ်​သို့ ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ​တော်​မူ​သည်​ကို သင်​တို့​မြင်​ရ​ကြ​၏။ ဤ​နည်း​အ​တိုင်း​ပင်​ထို အ​ရှင်​သည်​ပြန်​လည်​ကြွ​လာ​တော်​မူ​လတ္တံ့'' ဟု​ဆို​ကြ​၏။
12 Lẹ́yìn náà ni wọ́n padà sí Jerusalẹmu láti orí òkè ti a ń pè ni olifi, tí ó tó ìwọ̀n ìrìn ọjọ́ ìsinmi kan.
၁၂ထို​နောက်​တ​မန်​တော်​တို့​သည်​သံ​လွင်​နာ​မည် တွင်​သော​တောင်​မှ ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​ကြ​၏။ သံ​လွင်​တောင်​သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​ခ​ရီး မိုင်​ဝက်​ခန့်​ဝေး​၏။-
13 Nígbà tí wọn sì wọlé, wọn lọ sí iyàrá òkè, níbi tí wọ́n ń gbé. Àwọn tó wà níbẹ̀ ni: Peteru, Jakọbu, Johanu àti Anderu; Filipi àti Tomasi; Bartolomeu àti Matiu; Jakọbu ọmọ Alfeu, Simoni Sealoti, àti Judasi arákùnrin Jakọbu.
၁၃သူ​တို့​သည်​မြို့​ထဲ​သို့​ဝင်​၍ မိ​မိ​တို့​တည်း​ခို​ရာ အိမ်​အ​ထက်​ခန်း​သို့​သွား​ကြ​၏။ ထို​သူ​တို့​ကား ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ်၊ အန္ဒြေ၊ ဖိ​လိပ္ပု၊ သော​မ၊ ဗာ​သော​လ​မဲ၊ မ​ဿဲ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်၊ မျိုး​ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန်​နှင့်​ယာ​ကုပ်​၏ သား​ယု​ဒ​တို့​ဖြစ်​၏။-
14 Gbogbo àwọn wọ̀nyí pẹ̀lú àwọn obìnrin àti Maria ìyá Jesu àti àwọn arákùnrin rẹ̀ fi ọkàn kan dúró láti máa gbàdúrà.
၁၄သူ​တို့​သည်​သ​ခင်​ယေ​ရှု​နှင့်​မယ်​တော်​ဖြစ်​သူ မာ​ရိ​အ​ပါ​အ​ဝင်​အ​မျိုး​သ​မီး​အ​ချို့​တို့ နှင့်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ညီ​တော်​များ​နှင့် လည်း​ကောင်း မ​ကြာ​ခ​ဏ​တွေ့​ဆုံ​၍​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​ကြ​၏။
15 Ní ọjọ́ wọ̀nyí ni Peteru sí dìde dúró láàrín àwọn ọmọ-ẹ̀yìn (iye àwọn ènìyàn wọ̀nyí jẹ́ ọgọ́fà)
၁၅ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​တစ်​ရာ့​နှစ်​ဆယ် ခန့်​သော​တ​ပည့်​တော်​ညီ​အစ်​ကို​တို့​သည်​စု​ဝေး လျက်​ရှိ​ကြ​၏။ ထို​အ​ချိန်​၌​ပေ​တ​ရု​သည်​ထ​၍၊-
16 ó wí pé, “Ẹ̀yin ará, ìwé mímọ́ kò lè ṣe kí ó má ṣẹ, èyí tí Ẹ̀mí Mímọ́ ti sọtẹ́lẹ̀ láti ẹnu Dafidi nípa Judasi, tí ó ṣe atọ́nà fún àwọn tí ó mú Jesu.
၁၆``ညီ​အစ်​ကို​တို့၊ သ​ခင်​ယေ​ရှု​ကို​ဖမ်း​ဆီး​သူ​တို့ ၏​လမ်း​ပြ​ဖြစ်​သူ ယု​ဒ​ရှ​ကာ​ရုတ်​ကို​ရည်​မှတ်​၍ ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သည်​အ​တိုင်း​ဖြစ် ပျက်​ရ​မည်​သာ​တည်း။ ဤ​ကျမ်း​ချက်​ကို​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​သည်​ဒါ​ဝိဒ်​မင်း​နှုတ်​အား​ဖြင့် ဟော​ကြား​ခဲ့​၏။-
17 Nítorí ọ̀kan nínú wa ni òun ń ṣe tẹ́lẹ̀, òun sì ní ìpín nínú iṣẹ́ ìránṣẹ́ yìí.”
၁၇ယု​ဒ​သည်​အ​မှု​တော်​ဆောင်​တစ်​ဦး​အ​ဖြစ် ရွေး​ချယ်​ခြင်း​ခံ​ရ​သူ​ဖြစ်​၍ ငါ​တို့​လူ​စု​တွင် အ​ပါ​အ​ဝင်​ဖြစ်​ခဲ့​၏။''
18 (Judasi fi èrè àìṣòótọ́ rẹ̀ ra ilẹ̀ kan; nígbà tí ó sì ṣubú ni ògèdèǹgbé, ó bẹ́ ní agbede-méjì, gbogbo ìfun rẹ̀ sì tú jáde.
၁၈(သူ​သည်​မိ​မိ​ဆိုး​ညစ်​ယုတ်​မာ​မှု​ကြောင့်​ရ​ရှိ သည့်​ငွေ​ဖြင့်​လယ်​တစ်​ကွက်​ကို​ဝယ်​ပြီး​နောက် ထို​လယ်​မြေ​ပေါ်​တွင်​လဲ​ကျ​သေ​ဆုံး​လေ​သည်။ သူ​၏​ဝမ်း​ဗိုက်​သည်​ပေါက်​၍​အူ​များ​ထွက်​လာ​၏။-
19 Ó si di mí mọ̀ fún gbogbo àwọn ti ń gbé Jerusalẹmu; nítorí náà ni wọ́n fi ń pè ilẹ̀ náà ni Alkedama ní èdè wọn, èyí sì ni, Ilẹ̀ Ẹ̀jẹ̀.)
၁၉ယေ​ရု​ရှ​လင်​မြို့​နေ​လူ​အ​ပေါင်း​တို့​သည် ဤ အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ကြား​သိ​ကြ​၏။ သို့​ဖြစ်​၍​ထို​လယ်​ကို​မိ​မိ​တို့​ဘာ​သာ​စ​ကား ဖြင့် ``အ​ကေ​လ​ဒ​မ'' ဟု​ခေါ်​ဆို​ကြ​၏။ အ​ကေ​လ ဒ​မ​၏​အ​နက်​ကား``သွေး​လယ်'' ဟူ​၏။)
20 Peteru sì wí pé, “Nítorí a ti kọ ọ́ nípa rẹ̀ nínú Ìwé Saamu pé, “‘Jẹ́ ki ibùgbé rẹ̀ di ahoro, kí ẹnikẹ́ni má ṣe gbé inú rẹ̀,’ àti, “‘Ipò rẹ̀ ni kí ẹlòmíràn kí ó gbà.’
၂၀ဆာ​လံ​ကျမ်း​တွင်၊ `သူ​၏​နေ​အိမ်​သည်​လူ​သူ​ဆိတ်​ညံ​ရာ​ဖြစ်​ပါ​စေ၊ ထို​အိမ်​တွင်​အ​ဘယ်​သူ​မျှ​မ​နေ​ပါ​စေ​နှင့်။ ထို​သူ​၏​ရာ​ထူး​ကို​လည်း​အ​ခြား​သူ​တစ်​ဦး​ယူ​ပါ​စေ' ဟူ​၍​ရေး​သား​ပါ​ရှိ​၏။
21 Nítorí náà, ó di dandan láti yan ọ̀kan nínú àwọn ọkùnrin wọ̀nyí ti ń bá wa rìn ni gbogbo àkókò tí Jesu Olúwa ń wọlé, tí ó sì jáde láàrín wa.
၂၁``ထို့​ကြောင့်​သ​ခင်​ယေ​ရှု​အား ဘု​ရား​သ​ခင် ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​ကြောင်း​ကို ငါ​တို့ နှင့်​အ​တူ​သက်​သေ​ခံ​ရန်​လူ​တစ်​ယောက်​ကို ရွေး​ချယ်​ရ​ကြ​မည်။ ထို​သူ​သည်​ယော​ဟန်​၏ ဗတ္တိ​ဇံ​ကို​သ​ခင်​ဘု​ရား​ခံ​တော်​မူ​ချိန်​မှ​စ ၍ ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ​ခြင်း​ကို​ခံ​တော် မူ​ချိန်​အ​ထိ ငါ​တို့​နှင့်​အ​တူ​သွား​လာ​နေ​ထိုင် ခဲ့​သူ​တစ်​ဦး​ဖြစ်​ရ​မည်'' ဟု​ဆို​၏။
22 Bẹ́ẹ̀ láti ìgbà bamitiisi Johanu títí ó fi di ọjọ́ náà ti a gbe é lọ sókè kúrò lọ́dọ̀ wa. Ó yẹ kí ọ̀kan nínú àwọn wọ̀nyí ṣe ẹlẹ́rìí àjíǹde rẹ̀ pẹ̀lú wa.”
၂၂
23 Wọn sì yan àwọn méjì, Josẹfu tí a ń pè ní Barsaba (ẹni tí a sọ àpèlé rẹ̀ ni Justu) àti Mattia.
၂၃သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည် လူ​နှစ်​ယောက်​မှ တစ်​ယောက်​ကို​ရွေး​ကောက်​ရန်​အ​ဆို​ပြု​ကြ​၏။ ထို​သူ​နှစ်​ယောက်​ကား​ဗာ​ရှ​ဗ (ခေါ်) ယုတ္တု​နာ​မည် သစ်​ကို​ရ​သူ​ယော​သပ်​နှင့်​မ​ဿိ​တို့​ဖြစ်​၏။-
24 Wọn sì gbàdúrà, wọn sì wí pé, “Olúwa, ìwọ mọ ọkàn gbogbo ènìyàn, fihàn wá nínú àwọn méjì yìí, èwo ni ìwọ yàn
၂၄ထို​နောက်​တ​ပည့်​တော်​တို့​သည်``အို သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​လူ​အ​ပေါင်း​တို့​၏​စိတ်​နှ​လုံး ကို​သိ​တော်​မူ​ပါ​၏။ ယု​ဒ​သည်​မိ​မိ​နှင့်​ထိုက်​ရာ အ​ရပ်​သို့​လား​ရ​အံ့​သော​ငှာ တ​မန်​တော်​ရာ​ထူး ကို​စွန့်​လွှတ်​၍​သွား​ပါ​ပြီ။ ထို​ရာ​ထူး​တွင်​ဤ​သူ နှစ်​ယောက်​အ​နက် အ​ဘယ်​သူ​ကို​ကိုယ်​တော်​ရှင် ရွေး​ကောက်​ခန့်​ထား​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ အား​ဖော်​ပြ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​၏။-
25 kí ó lè gba ipò nínú iṣẹ́ ìránṣẹ́ aposteli yìí, èyí tí Judasi kúrò nínú rẹ̀, ki òun kí ó lè lọ sí ipò ti ara rẹ̀.”
၂၅
26 Wọ́n sì dìbò fún wọn; ìbò sí mú Mattia; a sì kà á mọ́ àwọn aposteli mọ́kànlá.
၂၆ထို​နောက်​မဲ​ချ​ကြ​ရာ​မ​ဿိ​ရ​ရှိ​သ​ဖြင့် သူ့​အား​တ​မန်​တော်​တစ်​ကျိပ်​တစ်​ပါး​တို့ နှင့်​အ​တူ တ​မန်​တော်​ဖြစ်​စေ​ရန်​ရွေး​ကောက် ခန့်​ထား​ကြ​၏။

< Acts 1 >