< Acts 2 >
1 Nígbà tí ọjọ́ Pentikosti sì dé, gbogbo wọn fi ọkàn kan wà ní ibìkan.
၁ပင်တေကုတ္တေပွဲတော်နေ့ကျရောက်သောအခါ တပည့်တော်အပေါင်းတို့သည်တစ်နေရာ တည်းတွင်စုရုံးလျက်ရှိကြ၏။-
2 Lójijì ìró sì ti ọ̀run wá, gẹ́gẹ́ bí ìró ẹ̀fúùfù líle, ó sì kún gbogbo ilé níbi tí wọ́n gbé jókòó.
၂ထိုအခါလေပြင်းမုန်တိုင်းတိုက်ခတ်သံနှင့် တူသောအသံသည် အထက်ကောင်းကင်မှ ရုတ်တရက်ပေါ်လာ၏။ ထိုနောက်တပည့်တော် တို့နေထိုင်ရာအိမ်သည် ထိုအသံဖြင့်ပြည့် လေ၏။-
3 Ẹ̀là ahọ́n bí i iná sì yọ sí wọn, ó pín, ó sì bà lé olúkúlùkù wọn.
၃သူတို့သည်မီးလျှာများနှင့်တူသည့်အရာ များကိုလည်းမြင်ရကြ၏။ ယင်းမီးလျှာတို့ သည်အဖြာဖြာကွဲကာ ထိုသူတို့အသီး သီးအပေါ်တွင်တည်နေ၏။-
4 Gbogbo wọn sì kún fún Ẹ̀mí Mímọ́, wọn sì bẹ̀rẹ̀ sí í fi èdè mìíràn sọ̀rọ̀, gẹ́gẹ́ bí Ẹ̀mí ti fi fún wọn ni ohùn.
၄ထိုသူတို့သည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလျက် ဝိညာဉ်တော်ပေးအပ်တော်မူသည့် တန်ခိုးစွမ်းရည်အတိုင်းဘာသာစကား အမျိုးမျိုးဖြင့်ဟောပြောကြကုန်၏။
5 Àwọn Júù olùfọkànsìn láti orílẹ̀-èdè gbogbo lábẹ́ ọ̀run sì ń gbé Jerusalẹmu.
၅ထိုကာလ၌ကမ္ဘာပေါ်ရှိတိုင်းပြည်အသီးသီး မှ လာရောက်ကြသောဘုရားတရားရိုသေကိုင်း ရှိုင်းသူ ယုဒအမျိုးသားတို့သည်ယေရုရှလင် မြို့တွင်တည်းနေကြ၏။-
6 Nígbà tí wọn sì gbọ́ ìró yìí, ọ̀pọ̀lọpọ̀ ènìyàn péjọ pẹ̀lú ìyàlẹ́nu, nítorí tí olúkúlùkù gbọ́ tí wọ́n ń sọ̀rọ̀ ní èdè rẹ̀.
၆ထိုအသံကိုကြားသောအခါလူပရိသတ် တို့သည်စုရုံးလာကြ၏။ တပည့်တော်တို့ဟော ပြောချက်များကို လူတိုင်းပင်မိမိဘာသာ စကားဖြင့်ကြားကြရသဖြင့်သူတို့သည် အံ့အားသင့်ကြ၏။-
7 Ẹnu sì yà wọ́n, wọn ń wí fún ara wọn pé, “Ǹjẹ́ ara Galili kọ́ ni gbogbo àwọn tí ń sọ̀rọ̀ wọ̀nyí jẹ́?
၇အံ့သြမိန်းမောတွေဝေကာ``ဤသို့ဟောပြော နေကြသူတို့ကားဂါလိလဲပြည်သားများ မဟုတ်ပါလော။-
8 Èéha sì tí ṣe ti olúkúlùkù wa fi ń gbọ́ bí wọ́n tí ń fi èdè sọ̀rọ̀?
၈ဟုတ်သည်ဆိုပါမူငါတို့အားလုံးသည် မိမိ တို့တိုင်းရင်းသားဘာသာစကားအတိုင်း အသီး သီးကြားကြရသည်ကားအသို့နည်း။-
9 Àwọn ará Partia, àti Media, àti Elamu; àti àwọn tí ń gbé Mesopotamia, Judea, àti Kappadokia, Pọntu àti Asia.
၉ငါတို့သည်ပါသိပြည်၊ မေဒိပြည်၊ ဧလံ ပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊-
10 Frigia, àti Pamfilia, Ejibiti, àti agbègbè Libia níhà Kirene; àti àwọn àtìpó Romu, àwọn Júù àti àwọn aláwọ̀ṣe Júù
၁၀ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အီဂျစ်ပြည်များမှ လည်းကောင်း၊ ကုရေနေမြို့အနီးလိဗုနယ်ပယ် များမှလည်းကောင်းလာကြသူများဖြစ်၏။ အချို့သောငါတို့သည်ရောမမြို့မှရောက် လာသော၊-
11 (àti àwọn Júù àti àwọn tí a ti ipa ẹ̀sìn sọ di Júù); àwọn ará Krete àti Arabia; àwa gbọ́ tí wọ́n sọ̀rọ̀ iṣẹ́ ìyanu ńlá Ọlọ́run ni èdè wa.”
၁၁ယုဒအမျိုးသားများနှင့်ယုဒဘာသာသို့ ကူးပြောင်းလာကြသူများဖြစ်ကြ၏။ အချို့ သောငါတို့သည်ကရေတေပြည်သားနှင့်အာရပ် အမျိုးသားများဖြစ်ကြ၏။ သို့ရာတွင်ငါတို့ သည်ဘုရားသခင်ပြုတော်မူသောအံ့သြဖွယ် အမှုတော်များကို ငါတို့ဘာသာစကားဖြင့် ဟောပြောကြသည်ကိုကြားရကြပါသည် တကား'' ဟုဆိုကြ၏။-
12 Ẹnu sì ya gbogbo wọn, wọ́n sì wárìrì. Wọn wí fún ara wọn pé, “Kí ni èyí túmọ̀ sí?”
၁၂သူတို့သည်လွန်စွာအံ့သြတွေဝေလျက် ``ဤ အမှုအရာကားအဘယ်သို့သောအမှုအရာ ဖြစ်သနည်း'' ဟုအချင်းချင်းပြောဆိုကြ၏။
13 Ṣùgbọ́n àwọn ẹlòmíràn ń ṣẹ̀fẹ̀, wọn sí wí pé, “Àwọn ọkùnrin wọ̀nyí kún fún wáìnì tuntun”.
၁၃အခြားသောသူတို့မူ ``ဤသူတို့သည်သေ သောက်မူးယစ်နေသူများဖြစ်ကြ၏'' ဟု ကဲ့ရဲ့ပြောဆိုကြ၏။
14 Nígbà náà ni Peteru dìde dúró pẹ̀lú àwọn mọ́kànlá yòókù, ó gbé ohùn rẹ̀ sókè, ó sì wí fún wọn pé, “Ẹ̀yin Júù ènìyàn mi àti gbogbo ẹ̀yin tí ń gbé Jerusalẹmu, ẹ jẹ́ kí èyí kí ó yé yin; kí ẹ sì fetísí ọ̀rọ̀ mi.
၁၄ပေတရုသည်တစ်ကျိပ်တစ်ပါးတို့နှင့်အတူ ရပ်လျက်အသံကျယ်စွာဖြင့် ``ယုဒအမျိုးသား များနှင့်ယေရုရှလင်မြို့သားအပေါင်းတို့ငါ့ စကားကိုနားထောင်ကြလော့။ ဤအမှုအရာ အကြောင်းကိုငါရှင်းပြမည်။-
15 Àwọn wọ̀nyí kò mu ọtí yó, bí ẹ̀yin tí rò ó; wákàtí kẹta ọjọ́ sá à ni èyí.
၁၅ဤသူတို့သည်သင်တို့ထင်မှတ်သည်အတိုင်း မူးယစ်နေသူများမဟုတ်။ ယခုနံနက်ကိုး နာရီမျှသာရှိသေး၏။-
16 Bẹ́ẹ̀ kọ́, èyí ni ọ̀rọ̀ ti a ti sọ láti ẹnu wòlíì Joẹli wá pé:
၁၆ဤအမှုအရာကားပရောဖက်ယောလ ဟောကြားခဲ့သည့်အမှုအရာပင်ဖြစ်၏။ ထို ပရောဖက်က၊
17 “Ọlọ́run wí pé, ‘Ní ìkẹyìn ọjọ́, Èmi yóò tú nínú Ẹ̀mí mí jáde sára ènìyàn gbogbo, àwọn ọmọ yín ọkùnrin àti àwọn ọmọ yín obìnrin yóò máa sọtẹ́lẹ̀ àwọn ọ̀dọ́mọkùnrin yín yóò sì máa ríran, àwọn arúgbó yín yóò sì máa lá àlá,
၁၇`အဆုံးစွန်သောနေ့များ၌ငါသည်လူမျိုး အပေါင်းတို့ အပေါ်သို့ငါ၏ဝိညာဉ်တော်ကိုသွန်းလောင်း မည်။ သင်တို့၏သားသမီးများသည်ငါ၏နှုတ်ကပတ် တရားတော်ကိုဟောပြောကြလိမ့်မည်။ လူပျိုလူရွယ်တို့သည်ဗျာဒိတ်ရူပါရုံများကို မြင်ကြလိမ့်မည်။ လူအိုတို့သည်အိပ်မက်များမြင်မက်ကြလိမ့်မည်။
18 àti sára àwọn ọmọ ọ̀dọ̀ mi ọkùnrin àti sára àwọn ọmọ ọ̀dọ̀ mi obìnrin, ni Èmi yóò tú nínú Ẹ̀mí mi jáde ni ọjọ́ wọ̀n-ọn-nì: wọn yóò sì máa sọtẹ́lẹ̀.
၁၈ထိုနေ့ရက်ကာလ၌ငါ၏အစေခံသူယောကျာ်း၊ မိန်းမများအပေါ်သို့ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းမည်။ သူတို့သည်ငါ၏နှုတ်ကပတ်တရားတော်ကို ဟောပြောကြလိမ့်မည်။
19 Èmi yóò sì fi iṣẹ́ ìyanu hàn lójú ọ̀run, àti àwọn àmì nísàlẹ̀ ilẹ̀; ẹ̀jẹ̀ àti iná àti rírú èéfín;
၁၉အထက်အရပ်ကောင်းကင်တွင်နိမိတ် လက္ခဏာများကိုလည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်တွင်အံ့သြဖွယ်သော အရာများကိုလည်းကောင်းငါပြမည်။ သွေး၊မီးလျှံ၊မီးခိုးတည်းဟူသော ပုပ္ပနိမိတ်များကိုငါပြမည်။
20 A ó sọ oòrùn di òkùnkùn, àti òṣùpá di ẹ̀jẹ̀, kí ọjọ́ ńlá àti ọjọ́ ológo Olúwa tó dé.
၂၀ထာဝရဘုရား၏နေ့ထူးနေ့မြတ်ကြီးမကျ ရောက်မီ နေသည်မှောင်အတိဖြစ်လိမ့်မည်။ လသည်လည်းသွေးကဲ့သို့နီလိမ့်မည်။
21 Yóò sì ṣe, ẹnikẹ́ni tí ó bá ké pe orúkọ Olúwa ni a ó gbàlà.’
၂၁ထိုအခါထာဝရဘုရား၏နာမတော်ကို အမှီပြု၍၊ ဆုတောင်းပတ္ထနာပြုကြသူအပေါင်းတို့သည် ကယ်တင်တော်မူခြင်းကိုခံရကြလိမ့်မည်' ဟူ၍ဟောပြောခဲ့သတည်း။
22 “Ẹ̀yin ènìyàn Israẹli, ẹ gbọ́ ọ̀rọ̀ wọ̀nyí; Jesu tí Nasareti, ọkùnrin tí a mọ̀ láti ọ̀dọ̀ Ọlọ́run wá nípa iṣẹ́ agbára àti tí ìyanu, àti àmì ti Ọlọ́run ti ọwọ́ rẹ̀ ṣe láàrín yín, bí ẹ̀yin tìkára yín ti mọ̀ pẹ̀lú.
၂၂``အို ဣသရေလအမျိုးသားတို့၊ ငါ့စကား ကိုနားထောင်ကြလော့။ ဘုရားသခင်သည်ထူး ဆန်းအံ့သြဖွယ်ရာများနှင့်နိမိတ်လက္ခဏာ များကို နာဇရက်မြို့သားယေရှုအားဖြင့်ပြ တော်မူခဲ့၏။ သို့ဖြစ်၍ထိုအရှင်သည်ဘုရား သခင်၏တန်ခိုးအာဏာတော်နှင့်ပြည့်ဝသူ ဖြစ်ကြောင်းသိသာထင်ရှားပေသည်။ ထိုအဖြစ် အပျက်များမှာသင်တို့ရှေ့မှောက်တွင်ဖြစ်ပျက် ခဲ့သဖြင့် ယင်းတို့ကိုသင်တို့ကိုယ်တိုင်သိရှိ ကြသည်။-
23 Ẹni tí a ti fi lé yín lọ́wọ́ nípa ìpinnu ìmọ̀ àti ìmọ̀tẹ́lẹ̀ Ọlọ́run; àti ẹ̀yin pẹ̀lú, tí a sì pa á pẹ̀lú ìrànlọ́wọ́ àwọn ènìyàn búburú, a kàn mọ́ àgbélébùú.
၂၃ဘုရားသခင်သည်မိမိ၏ရည်ရွယ်ပြဋ္ဌာန်းချက် နှင့်အညီ သခင်ယေရှုကိုရန်သူလက်သို့ပေး အပ်တော်မူ၏။ သင်တို့သည်အပြစ်ကူးသူတို့ လက်ဖြင့် ထိုအရှင်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ခဲ့ကြ၏။-
24 Ṣùgbọ́n Ọlọ́run jí dìde kúrò nínú òkú, gbà á kúrò nínú ìrora ikú, nítorí tí kò ṣe é ṣe fún ikú láti dìímú.
၂၄သို့ရာတွင်ထိုအရှင်ကိုသေမင်းသည်အစဉ် အမြဲချုပ်နှောင်ထားရန်မဖြစ်နိုင်။ ထို့ကြောင့် ဘုရားသခင်သည် သူ့အားသေခြင်း၏တန်ခိုး မှလွတ်မြောက်စေ၍ရှင်ပြန်ထမြောက်စေတော် မူ၏။-
25 Dafidi tí wí nípa tirẹ̀ pé: “‘Mo rí Olúwa nígbà gbogbo níwájú mí, nítorí tí ó ń bẹ lọ́wọ́ ọ̀tún mi, a kì ó ṣí mi ní ipò.
၂၅ထိုအရှင်နှင့်ပတ်သက်၍ဒါဝိဒ်မင်းက၊ `ငါသည်ထာဝရဘုရားကိုအစဉ်မပြတ် ဖူးမြင်ရ၏။ ငါသည်စိတ်တုန်လှုပ်ခြင်းနှင့်ကင်းစေရန် ကိုယ်တော်သည်ငါ့အနီးတွင်ရှိတော်မူ၏။
26 Nítorí náà inú mi dùn, ahọ́n mi sì yọ̀, pẹ̀lúpẹ̀lú ara mi yóò sì sinmi ní ìrètí.
၂၆သို့ဖြစ်၍ငါ၏စိတ်နှလုံးသည်ရွှင်လန်းလျက်၊ ငါ၏နှုတ်သည်ရွှင်ပြသောစကားများဖြင့် ပြည့်လျက်ရှိပါ၏။ ငါသည်သေမျိုးပင်ဖြစ်သော်လည်းမျှော်လင့်လျက် ငြိမ်ဝပ်စိတ်ချစွာနေပါမည်။
27 Nítorí tí ìwọ kí yóò fi ọkàn mi sílẹ̀ ni isà òkú, bẹ́ẹ̀ ni ìwọ kí yóò jẹ́ kí Ẹni Mímọ́ rẹ rí ìdíbàjẹ́. (Hadēs )
၂၇အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးကိုမရဏာနိုင်ငံတွင် စွန့်ပစ်၍ထားတော်မူမည်မဟုတ်၊ ကိုယ်တော်ရှင်၏သစ္စာကိုစောင့်သိသောအစေခံအား သင်္ချိုင်းတွင်ပုပ်ပျက်စေတော်မူမည် မဟုတ်သောကြောင့်တည်း။ (Hadēs )
28 Ìwọ mú mi mọ ọ̀nà ìyè, ìwọ yóò mú mi kún fún ayọ̀ ni iwájú rẹ.’
၂၈အသက်ရှင်ရာလမ်းသို့ကျွန်တော်မျိုးအား ကိုယ်တော်ရှင်ပြညွှန်တော်မူပါ၏။ ကိုယ်တော်သည်ကျွန်တော်မျိုးနှင့်အတူ ရှိတော်မူခြင်းဖြင့် ကျွန်တော်မျိုးအားဝမ်းမြောက် စေတော်မူလိမ့်မည်' ဟုဆို၏။
29 “Ará, èmí lè sọ fún yín pẹ̀lú ìgboyà pé Dafidi baba ńlá kú, a sì sin ín, ibojì rẹ̀ sì ń bẹ lọ́dọ̀ wa títí di òní yìí.
၂၉``ညီအစ်ကိုတို့၊ ငါတို့၏နာမည်ကျော်အဖ ဖြစ်သောဒါဝိဒ်မင်း၏အကြောင်းကို ငါသည် သင်တို့အားရှင်းလင်းစွာဖော်ပြပါရစေ။ သူ သည်သေလွန်၍သင်္ဂြိုဟ်ခြင်းကိုခံရ၏။ သူ၏ သင်္ချိုင်းသည်ယနေ့တိုင်အောင်ငါတို့မျက်မှောက် တွင်ရှိသေး၏။-
30 Ṣùgbọ́n ó jẹ́ wòlíì, àti bí ó mọ́ pé, Ọlọ́run ti ṣe ìlérí fún òun nínú ìbúra pé nínú irú-ọmọ inú rẹ̀, òun yóò mú ọ̀kan jókòó lórí ìtẹ́ rẹ̀.
၃၀သူသည်ပရောဖက်ဖြစ်၍မိမိ၏သားမြေး တစ်ဦးကို ရှင်ဘုရင်အဖြစ်ခန့်တော်မူမည် ဟု ဘုရားသခင်ဋ္ဌိဋ္ဌာန်ကျိန်ဆိုတော်မူခဲ့ ကြောင်းကိုသိ၏။-
31 Ní rí rí èyí tẹ́lẹ̀, ó sọ ti àjíǹde Kristi, pé a kò fi ọkàn rẹ̀ sílẹ̀ ni isà òkú, bẹ́ẹ̀ ni ara rẹ̀ kò rí ìdíbàjẹ́. (Hadēs )
၃၁နောင်အခါတွင်ဘုရားသခင်မည်သို့ပြုတော် မူမည်ကိုသိသဖြင့်၊ `ကိုယ်တော်ကိုမရဏာနိုင်ငံတွင် စွန့်ပစ်၍ထားတော်မမူ။ သူ၏ခန္ဓာကိုသင်္ချိုင်းတွင်ပုပ်ပျက် စေတော်မူမည်မဟုတ်' ဟုသေခြင်းမှမေရှိယထမြောက်တော်မူ မည့်အကြောင်းကိုကြိုတင်ဖော်ပြခဲ့၏။- (Hadēs )
32 Jesu náà yìí ni Ọlọ́run ti jí dìde sí ìyè, àwa pẹ̀lú sì jẹ́rìí sí èyí.
၃၂ထိုသခင်ယေရှုအားဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူကြောင်းကို ငါတို့အား လုံးပင်သက်သေဖြစ်ကြ၏။-
33 A ti gbéga sí ọwọ́ ọ̀tún Ọlọ́run, ó ti gba ìlérí Ẹ̀mí Mímọ́ láti ọ̀dọ̀ Baba, ó tu èyí tí ẹ̀yin rí àti gbọ́ nísinsin yìí síta.
၃၃ကိုယ်တော်သည်ဘုရားသခင်၏လက်ယာတော် ဘက်တွင်စံပယ်ရန်ချီးမြှင့်ခြင်းခံတော်မူပြီး နောက် ခမည်းတော်ကတိထားတော်မူသည့်သန့် ရှင်းသောဝိညာဉ်တော်ကိုခံယူ၍ သင်တို့ယခု တွေ့မြင်ကြားသိနေကြသည့်ဝိညာဉ်တော်ကို ငါတို့အပေါ်သို့သွန်းလောင်းတော်မူသတည်း။-
34 Nítorí Dafidi kò gòkè lọ sí ọ̀run ṣùgbọ́n òun tìkára rẹ̀ wí pé, “‘Olúwa sọ fún Olúwa mi pé: “Jókòó ní ọwọ́ ọ̀tún mi
၃၄ဒါဝိဒ်မင်းသည်ကောင်းကင်ဘုံသို့တက်ကြွ သည်မဟုတ်။ သို့ရာတွင်ဒါဝိဒ်မင်းက၊ `ငါ၏လက်ယာဘက်၌ထိုင်နေလော့။ သင်၏ရန်သူများကိုသင်၏ခြေတင်ခုံဖြစ် စေမည်ဟု ထာဝရဘုရားကငါ၏အရှင်အားမိန့်တော် မူ၏' ဟူ၍ဖော်ပြခဲ့၏။-
35 títí èmi yóò fi sọ àwọn ọ̀tá rẹ dí àpótí ìtìsẹ̀ fún ẹsẹ̀ rẹ.”’
၃၅
36 “Ǹjẹ́ kí gbogbo ilé Israẹli mọ̀ dájúdájú pé, Ọlọ́run ti fi Jesu náà, ti ẹ̀yin kàn mọ́ àgbélébùú, ṣe Olúwa àti Kristi.”
၃၆သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့၊ မေရှိယအဖြစ်ဖြင့်လည်းကောင်း၊ အရှင် သခင်အဖြစ်ဖြင့်လည်းကောင်း ဘုရားသခင် ခန့်ထားတော်မူသောသူကား သင်တို့လက်ဝါး ကပ်တိုင်တွင်တင်၍သတ်ကြသည့် ယေရှုပင် ဖြစ်ကြောင်းအတပ်ဧကန်သိမှတ်ကြလော့'' ဟုဟောလေ၏။
37 Nígbà tí wọ́n sì gbọ́, ọkàn wọn gbọgbẹ́, wọn sì wí fún Peteru àti àwọn aposteli yòókù pé, “Ará, kín ni àwa yóò ṣe?”
၃၇ထိုစကားကိုကြားကြသောအခါ လူတို့သည် လွန်စွာပူပင်သောကရောက်ကြလျက် ပေတရု နှင့်အခြားတမန်တော်တို့အား``ညီအစ်ကိုတို့၊ ငါတို့အဘယ်သို့ပြုရပါမည်နည်း'' ဟုမေး မြန်းကြ၏။
38 Peteru sì wí fún wọn pé, “Ẹ ronúpìwàdà, kí a sì bamitiisi olúkúlùkù yín ní orúkọ Jesu Kristi fún ìdáríjì ẹ̀ṣẹ̀ yín. Ẹ̀yin yóò sì gba ẹ̀bùn Ẹ̀mí Mímọ́.
၃၈ပေတရုက ``နောင်တရကြလော့။ သင်တို့အပြစ် များပြေလွတ်စေရန် ယေရှုခရစ်၏နာမ၌လူ တိုင်းဗတ္တိဇံမင်္ဂလာကိုခံလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်း ဟူသောဆုကျေးဇူးကိုရရှိကြလိမ့်မည်။-
39 Nítorí fún yín ni ìlérí náà, àti fún àwọn ọmọ yín, àti fún gbogbo àwọn tí ó jìnnà réré, àní gbogbo àwọn tí Olúwa Ọlọ́run wa yóò pè.”
၃၉ထိုဆုကျေးဇူးကိုပေးမည်ဟူသောဘုရား သခင်၏ကတိတော်သည် သင်တို့အတွက်လည်း ကောင်း၊ သင်တို့၏သားသမီးများအတွက်လည်း ကောင်း၊ ရပ်ဝေးရှိသူတို့အတွက်လည်းကောင်း ဖြစ်၏။ တစ်နည်းအားဖြင့်ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်ယူတော်မူသောသူအပေါင်း တို့အတွက် ဖြစ်၏'' ဟုဖြေဆိုလေ၏။
40 Pẹ̀lú ọ̀rọ̀ púpọ̀ mìíràn ni ó fi ń kìlọ̀ tí ó sì ń fi ń rọ̀ wọ́n wí pé, “Ẹ gba ara yín là lọ́wọ́ ìran àrékérekè yìí.”
၄၀ပေတရုသည်ဤမျှသာမကအခြားတရား စကားများအားဖြင့်လည်းတိုက်တွန်းဟောပြော ၏။ ``သင်တို့သည်မိမိတို့ကိုယ်ကိုဤဆိုးယုတ် သောလူတို့ခံကြရမည့်အပြစ်ဒဏ်မှကင်း လွတ်စေကြလော့'' ဟုထိုသူတို့အားတိုက် တွန်း၏။-
41 Nítorí náà àwọn tí ó fi ayọ̀ gba ọ̀rọ̀ rẹ̀ a bamitiisi wọn, lọ́jọ́ náà a sì kà ìwọ̀n ẹgbẹ̀rún mẹ́ta ọkàn kún wọn.
၄၁လူအမြောက်အမြားပင်သူ၏တရားစကား ကိုလက်ခံယုံကြည်ကာ ဗတ္တိဇံမင်္ဂလာခံယူ ကြသဖြင့် ထိုနေ့၌တပည့်တော်အရေအတွက် သုံးထောင်မျှတိုးလာ၏။-
42 Wọ́n sì dúró ṣinṣin nínú ẹ̀kọ́ àwọn aposteli, àti ní ìdàpọ̀, ní bíbu àkàrà àti nínú àdúrà.
၄၂ထိုသူတို့သည်တမန်တော်တို့၏ဆုံးမသြဝါဒ ကိုခံယူခြင်း၊ စုပေါင်းနေထိုင်စားသောက်ခြင်း၊ ပွဲ တော်မင်္ဂလာဝင်ခြင်း၊ အတူတကွဆုတောင်းပတ္ထနာ ပြုခြင်းတို့ဖြင့်အချိန်ကိုကုန်လွန်စေကြ၏။
43 Ẹ̀rù sí ba gbogbo ọkàn; iṣẹ́ ìyanu àti iṣẹ́ àmì púpọ̀ ni a ti ọwọ́ àwọn aposteli ṣe.
၄၃တမန်တော်တို့သည်များစွာသောအံ့သြဖွယ် ရာများနှင့်နိမိတ်လက္ခဏာများကိုပြကြ သဖြင့် လူအပေါင်းတို့သည်အံ့သြကြောက် လန့်ကြကုန်၏။-
44 Gbogbo àwọn tí ó sì gbàgbọ́ wà ni ibìkan, wọn ní ohun gbogbo sọ́kàn;
၄၄ခရစ်တော်ကိုယုံကြည်သူအပေါင်းတို့သည် တစ် စုတစ်ဝေးတည်းနေထိုင်၍ မိမိတို့ဥစ္စာပစ္စည်း များကိုဝေမျှသုံးဆောင်ကြလေသည်။-
45 Wọn si ń ta ohun ìní àti ẹrù wọn, wọn sì ń pín wọn fún olúkúlùkù, gẹ́gẹ́ bí ẹnikẹ́ni tí í ṣe aláìní sí.
၄၅သူတို့သည်မိမိတို့၏ဥစ္စာပစ္စည်းများကို ရောင်းချ၍ ချို့တဲ့သူများအားချို့တဲ့မှု ပမာဏအတိုင်းဝေမျှကြ၏။-
46 Wọ́n fi ọkàn kan dúró lójoojúmọ́ nínú tẹmpili. Wọ́n ń bu àkàrà ní ilé wọn, wọn ń fi inú dídùn àti ọkàn òtítọ́ jẹ oúnjẹ wọn.
၄၆သူတို့သည်နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင် စုဝေးကြ၏။ မိမိတို့အိမ်များတွင်နှိမ့်ချ သောစိတ်ဖြင့်ဝမ်းမြောက်စွာအတူတကွ အစာအာဟာရကိုသုံးဆောင်ကြ၏။-
47 Wọ́n yín Ọlọ́run, wọn sì rí ojúrere lọ́dọ̀ ènìyàn gbogbo, Olúwa sí ń yàn kún wọn lójoojúmọ́, àwọn tí à ń gbàlà.
၄၇သူတို့သည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက် လူအပေါင်းတို့၏ရှေ့တွင်မျက်နှာ ပွင့်လန်းလျက်ရှိကြ၏။ သခင်ဘုရားသည်ကယ် တင်ခြင်းခံရသူအရေအတွက်ကို နေ့စဉ်နေ့ တိုင်းတိုးပွားစေတော်မူ၏။