< 1 Самуїлова 29 >
1 І зібрали филисти́мляни всі свої війська́ до Афеку, а Ізраїль таборував в Аїні, що в Їзреелі.
၁ဖိလိတ္တိအမျိုးသားတို့သည်မိမိတို့၏စစ် သည်အပေါင်းတို့ကို အာဖက်မြို့တွင်စုဝေး စေကြ၏။ ဣသရေလအမျိုးသားတို့က ယေဇရေလချိုင့်ဝှမ်းရှိစမ်းချောင်းအနီး တွင်စခန်းချကြ၏။-
2 А филистимські князі перехо́дили за сотнями та за тисячами, Давид же та люди його ішли накінці́ ра́зом з Ахішем.
၂ဖိလိတ္တိဘုရင်ငါးပါးတို့သည်မိမိတို့၏တစ် ရာတပ်၊ တစ်ထောင်တပ်များနှင့်ချီတက်လာကြ၏။ ဒါဝိဒ်တို့လူစုသည်နောက်တပ်မှအာခိတ်မင်း နှင့်အတူလိုက်ကြ၏။-
3 І казали филисти́мські князі́: „Що́ це за євреї?“А Ахі́ш відказав филистимським князя́м: „Таж це Давид, раб Саула, Ізраїлевого царя, що був зо мною певний час, чи то роки, а я не знайшов у ньому нічого злого від дня його прихо́ду аж до дня цього.“
၃ဖိလိတ္တိတပ်မှူးတို့သည်သူတို့ကိုမြင်လျှင်``ဤ ဟေဗြဲအမျိုးသားတို့သည်အဘယ်ကြောင့်ငါ တို့နှင့်အတူလိုက်လာကြသနည်း'' ဟုမေး၏။ အာခိတ်က``သူသည်ဣသရေလဘုရင်ရှောလု ၏အစေခံဒါဝိဒ်ဖြစ်၏။ ငါ့ထံတွင်နေထိုင် လျက်ရှိသည်မှာကာလအတော်ကြာပါပြီ။ ငါ့ဘက်သို့ဝင်ရောက်လာသည့်နေ့မှစ၍သူ ၏အပေါ်တွင်အပြစ်ဆိုစရာတစ်စုံတစ်ခု မျှမတွေ့ရပါ'' ဟုပြော၏။
4 І гнівалися на нього филистимські князі́. І сказали йому филистимські князі: „Заверни того́ чоловіка, і нехай він ве́рнеться до свого місця, де ти призна́чив йому, і нехай він не йде з нами на війну, і не стане нам противником на війні. І чим він може подо́батися своєму панові? Хіба головами цих людей?
၄သို့ရာတွင်ဖိလိတ္တိတပ်မှူးတို့သည်အာခိတ် ကိုစိတ်ဆိုး၍``ထိုသူ့အားသင်ပေးအပ်ထား သည့်မြို့သို့ပြန်လွှတ်လိုက်လော့။ ငါတို့နှင့် အတူစစ်တိုက်ရာသို့မလိုက်စေနှင့်။ စစ် တိုက်နေစဉ်သူသည်ငါတို့အားရန်မူကောင်း ရန်မူပါလိမ့်မည်။ သူသည်မိမိအရှင့်ထံတွင် ပြန်၍မျက်နှာရအောင်ပြုလုပ်နိုင်သည့် နည်းမှာငါတို့လူများကိုသတ်သောနည်း ထက်ပို၍ကောင်းသောနည်းရှိပါသလော။-
5 Чи ж це не той Давид, що про нього співали в танцях, говорячи: „Саул повбивав свої тисячі, а Давид — десятки тисяч свої!“
၅အမျိုးသမီးတို့သည်ကခုန်လျက်`ရှောလု သတ်သူအထောင်ထောင်၊ ဒါဝိဒ်သတ်သူအသောင်း သောင်း' ဟုသီဆိုခဲ့ရာတွင်ဤဒါဝိဒ်၏အကြောင်း ကိုသီဆိုခြင်းပင်မဟုတ်ပါလော'' ဟုဆိုကြ ၏။
6 І покликав Ахіш Давида, і сказав до нього: „ Як живий Господь, — ти правдивий, і в моїх оча́х добрий твій вихід та вхід твій зо мною в табо́рі, бо я не знайшов у тобі зла від дня прихо́ду твого до мене аж до цього дня. Та в оча́х князі́в ти не добрий.
၆အာခိတ်သည်ဒါဝိဒ်ကိုခေါ်ပြီးလျှင်``သင်သည် ငါ့အပေါ်၌သစ္စာစောင့်ကြောင်းကိုဣသရေလ အမျိုးသားတို့ကိုးကွယ်သည့်အသက်ရှင်တော် မူသောဘုရားသခင်ကိုတိုင်တည်၍ငါကျိန်ဆို ပါ၏။ ငါသည်သင့်အားငါနှင့်အတူစစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်စေလိုပါ၏။ ငါ၏ထံသို့ သင်ဝင်ရောက်လာသည့်နေ့မှစ၍သင့်အပေါ် တွင်အပြစ်တစ်စုံတစ်ရာကိုမျှငါမတွေ့ မမြင်ပါ။ သို့ရာတွင်အခြားဘုရင်တို့က သဘောမတူကြပါ။-
7 А тепер вернися та йди в мирі, і не зробиш зла в оча́х филистимських князів“.
၇သို့ဖြစ်၍သင်သည်အေးချမ်းစွာအိမ်သို့ပြန်၍ သူတို့မနှစ်သက်မည့်အမှုတစ်စုံတစ်ခုကိုမျှ မပြုပါနှင့်'' ဟုဆို၏။
8 А Давид сказав до Ахіша: „Що́ ж зробив я? І що́ ти знайшов у своєму рабові від дня, коли став я перед твоїм обли́ччям, аж до цього дня, що я не ви́йду й не буду воювати з ворогами мого пана, царя?“
၈ဒါဝိဒ်ကလည်း``အကျွန်ုပ်သည်အဘယ်အမှား ကိုပြုမိပါသနည်း။ အရှင်မိန့်ကြားသည့်အတိုင်း အရှင့်အမှုတော်ကိုစတင်ဆောင်ရွက်သည့်နေ့ မှစ၍ အကျွန်ုပ်အပေါ်တွင်အပြစ်တစ်စုံတစ် ရာမျှမတွေ့ရပါမူ အကျွန်ုပ်၏သခင်နှင့်ဘုရင် ဖြစ်သောကိုယ်တော်အတွက်အကျွန်ုပ်အဘယ် ကြောင့်လိုက်၍ ရန်သူတို့ကိုတိုက်ခိုက်ခွင့်မရ ပါသနည်း'' ဟုလျှောက်၏။
9 І відповів Ахіш і сказав до Давида: „Знаю я, що ти добрий в оча́х моїх, немов Ангол Божий. Та филистимські князі сказали: Нехай не йде він із нами на війну́!
၉အာခိတ်ကလည်း``သင်၏စကားမှန်ကန်ပါ ပေသည်။ ငါသည်သင့်အားဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့သစ္စာရှိသူဟုမှတ် ယူပါ၏။ သို့ရာတွင်အခြားဘုရင်တို့က သင့်အားငါတို့နှင့်အတူစစ်ပွဲဝင်ခွင့်မပေး နိုင်သဖြင့်၊-
10 А тепер устань рано вранці ти та раби пана твого, що прийшли з тобою. І повставайте рано вранці, і як вам розсвіне́, ідіть!“
၁၀ဒါဝိဒ်၊ သင်နှင့်တကွရှောလုထံမှငါ့ထံသို့ ပြောင်းရွှေ့လာကြသူအပေါင်းတို့သည် နက်ဖြန် နံနက်စောစောထ၍မိုးလင်းလျှင်လင်းချင်း ထွက်ခွာသွားကြလော့'' ဟုပြန်ပြော၏။
11 І встав рано вранці Давид та люди його, щоб піти ра́нком і вернутися до филистимського кра́ю. А филисти́мляни пішли до Ізраїля.
၁၁ထို့ကြောင့်ဒါဝိဒ်တို့လူစုသည်နောက်တစ်နေ့ နံနက်စောစောအချိန်၌ ဖိလိတ္တိပြည်သို့ပြန် သွားကြ၏။ ဖိလိတ္တိအမျိုးသားတို့လည်း ယေဇရေလမြို့သို့ချီတက်ကြ၏။