< 1 Самуїлова 27 >
1 І сказав Давид у серці своїм: „Колись я попадуся в Саулову руку. Нема мені ліпшого, як, утікаючи, утечу́ до филистимського кра́ю, — і відмовиться від мене Саул, щоб шукати мене вже по всій Ізраїлевій країні, і я втечу́ від руки його“.
၁``ရှောလုသည်တစ်နေ့နေ့၌ငါ့ကိုသတ်လိမ့်မည်။ ငါပြုရန်အကောင်းဆုံးအမှုမှာဖိလိတ္တိပြည် သို့ထွက်ပြေးရန်ပင်ဖြစ်၏။ ထိုအခါသူသည် ငါ့အားဣသရေလပြည်တွင် လိုက်လံရှာဖွေ တော့မည်မဟုတ်သဖြင့် ငါသည်လည်းဘေးမဲ့ လုံခြုံစွာနေရလတ္တံ့'' ဟုဒါဝိဒ်သည်တွေး တောမိ၏။-
2 І встав Давид, і перейшов він та шість сотень чоловіка, що з ним, до Ахіша, Маохового сина, ґатського царя.
၂ထို့ကြောင့်မိမိ၏တပ်သားခြောက်ရာနှင့် အတူမောခ၏သား၊ ဂါသဘုရင်အာခိတ် ထံသို့ချက်ချင်းထွက်ခွာသွားလေသည်။-
3 І осівся Давид з Ахі́шем у Ґаті, він та люди його, кожен із домом своїм, Давид та дві жінки його: ізреелі́тка Ахіно́ан та Авіґа́їл, коли́шня жінка Нава́лова, кармелі́тка.
၃ဒါဝိဒ်တို့လူစုသည်မိမိတို့သားမယားများ နှင့်တကွ ဂါသမြို့တွင်အတည်တကျနေထိုင် ကြ၏။ ဒါဝိဒ်နှင့်အတူသူ၏ဇနီးများဖြစ် သောယေဇရေလမြို့သူအဟိနောင်နှင့် ကရ မေလမြို့မှနာဗလ၏မုဆိုးမအဘိဂဲလ တို့ပါလာကြ၏။-
4 І донесено Саулові, що Давид утік до Ґату, і він більш уже не шукав його.
၄ရှောလုသည်ဂါသမြို့သို့ဒါဝိဒ်ထွက်ပြေး ကြောင်းကြားသိရသောအခါ ဒါဝိဒ်အား ရှာဖွေမှုကိုလက်လျော့လိုက်လေသည်။
5 А Давид сказав до Ахіша: „Якщо я знайшов милість в оча́х твоїх, нехай дадуть мені місце в одному з міст цієї землі, і нехай я осяду там. І чого сидітиме раб твій у місті твого царства ра́зом із тобою?“
၅ဒါဝိဒ်သည်အာခိတ်အား``အရှင်သည်အကျွန်ုပ် အပေါ်မိတ်ဆွေကဲ့သို့သဘောထားပါလျှင် အကျွန်ုပ်အားမြို့ကလေးတစ်မြို့တွင်နေထိုင် ခွင့်ပြုတော်မူပါ။ ဤမြို့တော်ကြီးတွင်အရှင် နှင့်အတူအကျွန်ုပ်နေထိုင်ရန်မလိုပါ'' ဟု လျှောက်၏။-
6 І дав йому Ахіш того дня Ціклаґ, чому належить Ціклаґ Юдиним царя́м аж до цього дня.
၆သို့ဖြစ်၍အာခိတ်သည်ဒါဝိဒ်အားဇိကလတ် မြို့ကိုပေးတော်မူ၏။ ဤအကြောင်းကြောင့် ဇိကလတ်မြို့သည် ယနေ့တိုင်အောင်ယုဒ ရှင်ဘုရင်တို့၏ပိုင်နက်ဖြစ်လေသည်။-
7 А число днів, що Давид сидів на филистимській землі, було рік та чотири місяці.
၇ဖိလိတ္တိပြည်တွင်ဒါဝိဒ်နေထိုင်ခဲ့သည်မှာ တစ်ဆယ့်ခြောက်လတိုင်တိုင်ဖြစ်သတည်း။
8 І схо́див Давид та люди його, і напада́ли на Ґешуреянина, і на Ґірзеянина, і на Амаликитянина, бо вони ме́шканці цього кра́ю відвіку, аж доти, як іти до Шуру, і аж до єгипетського краю.
၈ထိုကာလအတောအတွင်း၌ဒါဝိဒ်တို့လူစု သည်ဂေရှုရိအမျိုးသား၊ ဂေရဇိအမျိုးသား နှင့်အာမလက်အမျိုးသားတို့၏နယ်မြေများ ကို အီဂျစ်ပြည်အနီးရှုရမြို့တိုင်အောင်သွား ရောက်တိုက်ခိုက်လေ့ရှိ၏။ ထိုအမျိုးသားတို့ သည်ယင်း၏နယ်မြေများတွင်နှစ်ပေါင်းများ စွာနေထိုင်ခဲ့ကြသူများဖြစ်၏။-
9 І побивав Давид той край, і не лишав при житті ані чоловіка, ані жінки, і забирав худобу дрібну́ та худобу велику, і осли, і верблю́ди, і одежу, — і вертався, і прихо́див до Ахіша.
၉ဒါဝိဒ်သည်သူတို့အားယောကျာ်းမိန်းမတစ် ယောက်မကျန်သတ်ဖြတ်လျက် သိုး၊ နွား၊ မြည်း၊ ကုလားအုတ်နှင့်အင်္ကျီအဝတ်အစားများ ကိုသိမ်းယူ၍အာခိတ်ထံသို့ပြန်လာလေ့ ရှိ၏။-
10 І питався Ахіш: „На ко́го нападали ви сьогодні?“А Давид казав: „На пі́вдень Юдин, і на пі́вдень Єрахмеелеянина, і на пі́вдень Кенеянина“.
၁၀အာခိတ်ကလည်းသူ့အား``ယခုအကြိမ်သင် သည်အဘယ်အရပ်သို့သွားရောက်တိုက်ခိုက်ခဲ့ ပါသနည်း'' ဟုမေးမြန်းလေ့ရှိ၏။ ထိုအခါ ဒါဝိဒ်ကယုဒပြည်တောင်ပိုင်းယေရမေလ အနွယ်ဝင်တို့နယ်မြေ၊ ကေနိအမျိုးသားတို့ ၏နယ်မြေစသည်တို့ကိုသွားရောက်ခဲ့ကြောင်း လျှောက်ထားလေ့ရှိ၏။-
11 А Давид не лишав при житті ані чоловіка, ані жінки, щоб приве́сти до Ґату, говорячи: „Щоб не доне́сли на нас, кажучи: Так зробив Давид, і такий його зви́чай по всі дні, коли сидів на филистимській землі“.
၁၁ဒါဝိဒ်သည်မိမိပြုခဲ့သမျှတို့ကိုအဘယ် သူမျှဂါသမြို့သို့သတင်းမပို့နိုင်စေရန် ယောကျာ်း၊ မိန်းမရှိသမျှတို့ကိုသတ်ဖြတ် လေသည်။ သူသည်ဖိလိတ္တိပြည်တွင်နေထိုင် ခဲ့သည့်ကာလပတ်လုံးဤနည်းအတိုင်း ပြုခဲ့သတည်း။-
12 І вірив Ахіш Давидові, говорячи: „Справді обри́днув він своєму народові в Ізраїлі, і буде мені за вічного раба!“
၁၂သို့ရာတွင်အာခိတ်သည်ဒါဝိဒ်၏စကားကို ယုံကြည်သဖြင့်``ဤလူသည်မိမိဣသရေလ အမျိုးသားတို့၏မုန်းတီးမှုကိုလွန်စွာခံရ ပြီဖြစ်၍တစ်သက်လုံးငါ၏အစေကိုခံရ ပေအံ့'' ဟုတွေးတောလျက်နေ၏။