< Zaburi 128 >
1 Wimbo wa kwenda juu. Heri ni wale wote wamchao Bwana, waendao katika njia zake.
၁ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ကိုယ်တော်၏နည်းလမ်းတော်များနှင့်အညီ ကျင့်ကြံပြုမူသူများသည်မင်္ဂလာရှိကြ၏။
2 Utakula matunda ya kazi yako; baraka na mafanikio vitakuwa vyako.
၂သင်သည်မိမိလက်ဖြင့်လုပ်ဆောင်၍စားဝတ် နေရေး ဖူလုံအောင်ရရှိလိမ့်မည်။ သင်သည်ရွှင်လန်း၍ကောင်းစားလိမ့်မည်။
3 Mke wako atakuwa kama mzabibu uzaao ndani ya nyumba yako; wana wako watakuwa kama machipukizi ya mizeituni kuizunguka meza yako.
၃အိမ်တွင်း၌သင်၏ဇနီးသည်အသီးနှင့်ပြည့်သော စပျစ်ပင်ကဲ့သို့လည်းကောင်း၊ စားပွဲပတ်လည်ရှိသင်၏သားများသည်လည်း စိုက်ပျိုးထားသောသံလွင်ပင်ပျိုများ ကဲ့သို့လည်းကောင်းဖြစ်လိမ့်မည်။
4 Hivyo ndivyo atakavyobarikiwa mtu amchaye Bwana.
၄ထာဝရဘုရား၏စကားတော်ကို နားထောင်သောသူသည်ဤနည်းအတိုင်း အမှန်ပင် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်။
5 Bwana na akubariki kutoka Sayuni siku zote za maisha yako, na uone mafanikio ya Yerusalemu,
၅ဇိအုန်တောင်တော်ပေါ်မှထာဝရဘုရားသည် သင့်ကိုကောင်းချီးမင်္ဂလာပေးတော်မူပါစေသော။ သင်သည်အသက်ရှင်သမျှကာလပတ်လုံး ယေရုရှလင်မြို့၏ဝပြောစည်ပင်နေသည်ကို တွေ့မြင်ရပါစေသော။
6 nawe ujaliwe kuishi uone watoto wa watoto wako. Amani iwe juu ya Israeli.
၆သင်သည်မြေးများရရှိလာသည်တိုင်အောင် အသက်ရှည်ပါစေသော။ ဣသရေလအမျိုးသားတို့သည်ငြိမ်းချမ်း သာယာမှုကိုခံစားရကြပါစေသော။