< Zaburi 120 >
1 Wimbo wa kwenda juu. Katika dhiki yangu namwita Bwana, naye hunijibu.
၁ငါသည်ဒုက္ခရောက်စဉ်အခါထာဝရဘုရား ကို ဟစ်ခေါ်ပါ၏။ ကိုယ်တော်သည်လည်းထူးတော်မူပါ၏။
2 Ee Bwana, uniokoe kutoka midomo ya uongo na ndimi za udanganyifu.
၂အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားလိမ်လည်တတ်သူများ နှင့် လှည့်စားတတ်သူများ၏လက်မှကယ်တော် မူပါ။
3 Atakufanyia nini, au akufanyie nini zaidi, ewe ulimi mdanganyifu?
၃အချင်းလိမ်လည်တတ်သူတို့၊ သင်တို့အားဘုရားသခင်သည်အဘယ်သို့ စီရင်တော်မူလိမ့်မည်နည်း။ သင်တို့အားကိုယ်တော်သည်အဘယ်သို့ ဒဏ်ခတ်တော်မူလိမ့်မည်နည်း။
4 Atakuadhibu kwa mishale mikali ya shujaa, kwa makaa yanayowaka ya mti wa mretemu.
၄စစ်သည်တို့၏ထက်မြက်သောမြားဖြင့်လည်း ကောင်း၊ ရဲရဲတောက်ပူလောင်သည့်မီးခဲဖြင့်လည်းကောင်း ဒဏ်ခတ်တော်မူလိမ့်မည်။
5 Ole wangu kwa kuwa naishi Mesheki, kwamba naishi katikati ya hema za Kedari!
၅သင်တို့နှင့်ငါနေရသည်မှာမေရှက်ပြည်၌ နေထိုင်ရသကဲ့သို့လည်းကောင်း၊ ကေဒါ အမျိုးသားများနှင့်အတူ နေထိုင်ရသကဲ့သို့လည်းကောင်းဆိုးရွားပါ၏။
6 Nimeishi muda mrefu mno miongoni mwa wale wanaochukia amani.
၆ငါသည်ငြိမ်းချမ်းရေးကိုမုန်းသောသူတို့နှင့် နေရသည်မှာကြာမြင့်လွန်းလေပြီ။
7 Mimi ni mtu wa amani; lakini ninaposema, wao wanataka vita.
၇ငါသည်ငြိမ်းချမ်းရေးအကြောင်းပြောဆို သောအခါ သူတို့ကစစ်တိုက်ရန်ပြောဆိုကြ၏။