< Ayubu 20 >

1 Ndipo Sofari Mnaamathi akajibu:
တဖန် နေမတ် အမျိုးသားဇောဖာ မြွက်ဆို သည်ကား၊
2 “Mawazo yanayonisumbua yananisukuma kujibu, kwa sababu nimehangaika sana.
ငါ ပြန် ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော် သောကြောင့် ၊ ပြောချင်သောစိတ်အားကြီး၏။
3 Ninasikia makaripio ambayo yananivunjia heshima, nao ufahamu wangu unanisukuma kujibu.
ငါသည်ကိုယ်ခံရသောကဲ့ရဲ့ ပြစ်တင်ခြင်း စကား ကိုကြား ၍၊ ငါ့ ဉာဏ် သဘောနှိုးဆော်သဖြင့် ငါ ပြန် ပြော ရ၏။
4 “Hakika unajua jinsi ilivyokuwa tangu zamani, tangu zamani mwanadamu alipowekwa duniani,
ရှေ့ဦးစွာသောကာလ၊ လူ ကို မြေကြီး ပေါ် မှာ နေရာချ စကာလမှစ၍၊
5 macheko ya mtu mwovu ni ya muda mfupi, nayo furaha ya wasiomcha Mungu hudumu kwa kitambo tu.
ဆိုး သောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း ၊ အဓမ္မ လူသည် ခဏ သာ ဝမ်းမြောက် ကြောင်း ကို၎င်းမသိသလော။
6 Ingawa kujikweza kwake hufikia mbinguni na kichwa chake hugusa mawingu,
သူ ၏ ဘုန်း သည် မိုဃ်း ပေါ် သို့တက် ၍ ၊ သူ ၏ ခေါင်း သည် မိုဃ်းတိမ် တိုင်အောင် မှီ သော်လည်း၊
7 ataangamia milele kama mavi yake mwenyewe. Wale waliomwona watauliza, ‘Yuko wapi?’
မိမိ မစင် ကဲ့သို့ အစဉ် ပျက် ရလိမ့်မည်။ သူ့ ကို မြင် ဘူးသောသူတို့ က၊ ထိုသူ သည် အဘယ် မှာရှိသနည်းဟုမေး ကြလိမ့်မည်။
8 Kama ndoto hutoweka, wala hapatikani tena, amefukuziwa mbali kama maono ya usiku.
သူသည်အိပ်မက် ကဲ့သို့ လွင့် ပြား၍ နောက်တဖန် မ တွေ့ ရ။ ညဉ့် ရူပါရုံ ကဲ့သို့ ကွယ်ပျောက် ရလိမ့်မည်။
9 Jicho lililomwona halitamwona tena; mahali pake hapatamwona tena.
သူ့ ကိုမြင် ဘူးသော မျက်စိ သည် နောက် တဖန် သူ့ကို မ ကြည့်မရှုရ။ သူ ၏နေရာ အရပ်သည် နောက် တဖန်သူ့ ကိုမ မြင် ရ။
10 Watoto wake watalipa yote baba yao aliyowadhulumu maskini, nayo mikono yake itarudisha mali yote aliyonyangʼanya watu.
၁၀သူ ၏သား တို့သည် ဆင်းရဲသား တို့ကို ဖျောင်းဖျ ရကြ၏။ သိုထားသောဥစ္စာ ကို ကိုယ် လက် နှင့် ပြန် ပေး ရကြ၏။
11 Nguvu za ujana zilizoijaza mifupa yake, zitalala naye mavumbini.
၁၁သူ ၏အရိုး တို့သည် ပျို သောအရွယ်၏ အရှိန် နှင့်ပြည့်စုံ သော်လည်း၊ သူ နှင့်တကွ မြေမှုန့် ၌ အိပ် ရကြ လိမ့်မည်။
12 “Ingawa uovu ni mtamu kinywani mwake naye huuficha chini ya ulimi wake,
၁၂သူသည်မိမိ ပစပ် ၌ ဒုစရိုက်ကိုချို နိုးထင်၍၊ မိမိ လျှာ အောက် မှာ ဝှက်ထား လျက်၊
13 ingawa hawezi kukubali kuuachia uende, lakini huuweka kinywani mwake.
၁၃နှမြော သဖြင့် မ စွန့် ရက်ဘဲ၊ မိမိ ပစပ် ၌ ငုံ သော်လည်း ၊
14 Hata hivyo chakula chake kitakuwa kichungu tumboni mwake, nacho kitakuwa sumu kali ya nyoka ndani yake.
၁၄စားပြီးလျှင်သူ ၏ ဝမ်း ထဲမှာ သဘောပြောင်း ၍ မြွေဆိုး အဆိပ် အတောက်ဖြစ်လိမ့်မည်။
15 Atatema mali alizozimeza; Mungu atalifanya tumbo lake kuzitapika.
၁၅သူမျို သောစည်းစိမ် ဥစ္စာကို တဖန်အန် ရ လိမ့်မည်။ ဘုရား သခင်လည်း သူ့ ကို ဝမ်း နှုတ် တော်မူမည်။
16 Atanyonya sumu za majoka; meno ya nyoka mwenye sumu kali yatamuua.
၁၆သူသည် မြွေဆိုး အဆိပ် အတောက်ကို စို့ ၍ မြွေဟောက် ကိုက်သဖြင့် သေ ရလိမ့်မည်။
17 Hatafurahia vijito, mito inayotiririsha asali na siagi.
၁၇အသွယ်သွယ်သောမြစ် ၊ နို့ နှင့် ပျားရည် စီးသော မြစ် တို့ကို မ မြင် ရ။
18 Vile alivyovitaabikia atavirudisha bila kuvila; hatafurahia faida itokanayo na biashara yake.
၁၈မိမိလုပ် ၍ရသောဥစ္စာကို မိမိမ သုံး ဘဲ ပြန် ပေး ရ၏။ ပြန်ပေးရသောဥစ္စာ ဖြစ်သောကြောင့် အားရ ခြင်းမ ရှိရ။
19 Kwa kuwa aliwaonea maskini na kuwaacha pasipo kitu; amenyangʼanya kwa nguvu nyumba asizozijenga.
၁၉ဆင်းရဲသား တို့ကို ညှဉ်းဆဲ စွန့်ပစ် ၍၊ မိမိ မ ဆောက် သော အိမ် ကို လုယူ သောကြောင့် ၎င်း၊
20 “Hakika hatakuwa na raha katika kutamani kwake sana; hawezi kujiokoa mwenyewe kwa hazina zake.
၂၀လောဘ မပြေ နိုင် သောကြောင့် ၎င်း၊ အလိုရှိ သော ဥစ္စာ တစုံတခု မျှ မကြွင်း ဆုံးရှုံး ရ လိမ့်မည်။
21 Hakuna chochote kitakachosalia kwa ajili yake ili ale; kufanikiwa kwake hakutadumu.
၂၁သူ လုယူ ချင ်သော လောဘ လက်နှင့် အဘယ် အရာမျှ မလွတ် သောကြောင့်၊ သူ၏ စည်းစိမ် မတည်ရ။
22 Katikati ya wingi wa ustawi wake, dhiki itampata; taabu itamjia kwa nguvu zote.
၂၂ဥစ္စာကြွယ်ဝ စဉ် တွင်ပင် ဆင်းရဲ ခြင်းနှင့်တွေ့၍၊ အမျိုးမျိုး သော အမှုတို့သည် ရောက် ကြလိမ့်မည်။
23 Atakapokuwa amelijaza tumbo lake, Mungu ataionyesha ghadhabu kali dhidi yake, na kumnyeshea mapigo juu yake.
၂၃သို့သော်လည်းသူသည်ဝ စွာစားရ၏။ ဘုရား သခင်သည် အမျက် တော်အရှိန် ကို လွှတ် ၍သူစားစရာဘို့ အမျက်တော် မိုဃ်း ကို ရွာစေတော်မူမည်။
24 Ijapokuwa aikimbia silaha ya chuma, mshale wa shaba utamchoma.
၂၄သံ လက်နက် ကိုရှောင် ၍ ပြေးသော်လည်း၊ ကြေးဝါ လေး ဖြင့် ထုတ်ချင်း ခွင်းလိမ့်မည်။
25 Atauchomoa katika mgongo wake, ncha ingʼaayo kutoka ini lake. Vitisho vitakuja juu yake;
၂၅မြှားကိုနှုတ် လျှင် မိမိကိုယ်ထဲက ထွက် လာ၏။ အရောင် တောက် သောထားသည်သူ ၏ သည်းခြေ ထဲက ထွက် လာ၍၊ သူသည် မိန်းမော တွေဝေလျက် နေရ၏။
26 giza nene linavizia hazina zake. Moto usiopepewa na mtu utamteketeza, na kuangamiza yaliyosalia nyumbani mwake.
၂၆ခပ်သိမ်း သောဘေး တို့သည် သူ့ အဘို့ သိုထား လျက်ရှိကြ၏။ လူမ မွေး သောမီး သည် သူ့ ကိုလောင် လိမ့်မည်။ သူ ၏နေရာ ၌ ကြွင်း သမျှသောအရာတို့ကို လောင် လိမ့်မည်။
27 Mbingu zitaweka wazi hatia yake, nayo nchi itainuka kinyume chake.
၂၇မိုဃ်းကောင်းကင် သည် သူ ၏အပြစ် ကို ဘော်ပြ ၍ ၊ မြေကြီး သည်လည်း သူ့ တစ်ဘက် ၌ ထ လိမ့်မည်။
28 Mafuriko yataichukua nyumba yake, maji yaendayo kasi katika siku ya ghadhabu ya Mungu.
၂၈သူ ၏အိမ် ၌ရှိသောဥစ္စာ သည်ကွယ်ပျောက် ၍၊ အမျက် တော် ထွက်သာနေ့ ၌ ရေကဲ့သို့စီး သွားလိမ့်မည်။
29 Hili ndilo fungu Mungu alilowagawia waovu, urithi uliowekwa kwa ajili yao na Mungu.”
၂၉ထိုသို့ သောဆုလပ် ကို ဘုရား သခင်သည် လူဆိုး အားပေးတော်မူ၏။ ထိုသို့သောအမွေ ဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို ၏။

< Ayubu 20 >