< ၄ ဓမ္မရာဇဝင် 6 >
1 ၁ ပရောဖက်အမျိုးသားတို့က၊ ကိုယ်တော်နှင့်အတူ ယခုနေသော အရပ်သည် ကျဉ်းမြောင်းပါ၏။
၁ဧလိရှဲ၏လက်အောက်ခံပရောဖက်တစ်စု က``အကျွန်ုပ်တို့နေထိုင်သည့်အဆောင်သည် အလွန်ပင်ကျဉ်းပါသည်။-
2 ၂ အကျွန်ုပ်တို့သည် ယော်ဒန်မြစ်နားသို့ သွားပါ ရစေ။ ထိုအရပ်၌ဝိုင်း၍ သစ်သားကိုခုတ်ပြီးလျှင်၊ ကိုယ်နေစရာဘို့ လုပ်ပါရစေဟု ဧလိရှဲထံ၌ အခွင့်တောင်း လျှင်၊ သွားကြလော့ဟု အခွင့်ပေး၏။
၂အဆောင်သစ်တစ်ဆောင်ဆောက်လုပ်နိုင်ရန် အကျွန်ုပ်တို့သည်ယော်ဒန်မြစ်နားသို့သွား၍ သစ်ပင်ခုတ်လှဲပါရစေ'' ဟုအခွင့်တောင်းကြ၏။ ဧလိရှဲက``ကောင်းပြီ'' ဟုဆို၏။
3 ၃ အချို့ကလည်း မငြင်းပါနှင့်။ ကိုယ်တော် ကျွန် တို့နှင့် ကြွတော်မူပါဟု တောင်းပန်လျှင်၊ ငါသွားမည်ဟု ဝန်ခံသည်အတိုင်း၊
၃ပရောဖက်တစ်ပါးကဧလိရှဲအား မိမိတို့နှင့် အတူလိုက်ရန်တိုက်တွန်းသည့်အတိုင်း ဧလိရှဲ သည်သဘောတူသဖြင့်၊-
4 ၄ သူတို့နှင့်အတူ လိုက်လေ၏။ ယော်ဒန်မြစ်နား သို့ ရောက်သောအခါ သစ်သားကိုခုတ်ကြ၏။
၄သူတို့သည်အတူတကွသွားကြလေသည်။ သူတို့သည်ယော်ဒန်မြစ်သို့ရောက်သောအခါ အလုပ်ကိုစကြ၏။-
5 ၅ တယောက်သောသူသည် ခုတ်စဉ်တွင်၊ ရေထဲသို့ ပုဆိန်ကျ၏။ ခုတ်သောသူကလည်း၊ ခက်လှပြီသခင်။ ထိုပုဆိန်သည် ငှါးခဲ့သောဥစ္စာ ဖြစ်ပါ၏ဟု အော်ဟစ် လျှင်၊
၅သူတို့အထဲမှလူတစ်ယောက်သည်သစ်ပင် ကိုခုတ်လှဲနေစဉ် သူ၏ပုဆိန်သည်ရေထဲသို့ ကျသွား၏။ ထိုအခါသူသည်ဧလိရှဲအား``အ ရှင်၊ အကျွန်ုပ်အဘယ်သို့ပြုရပါမည်နည်း။ ထိုပုဆိန်သည်ငှားယူခဲ့သောပုဆိန်ဖြစ် ပါ၏'' ဟုဟစ်အော်၍ပြော၏။
6 ၆ ဘုရားသခင်၏လူက၊ အဘယ်မှာ ကျသနည်းဟု မေးသော်၊ ကျရာအရပ်ကိုပြပြီးမှ၊ ဒုတ်ကိုခုတ်၍ ထိုအရပ်၌ချသဖြင့် ပုဆိန်သည် ပေါလောနေ၏။
၆ဧလိရှဲက``ပုဆိန်အဘယ်မှာကျသနည်း'' ဟု မေးလျှင် ထိုသူသည်ကျသည့်နေရာကိုပြ၏။ ဧလိရှဲ သည်တုတ်တစ်ချောင်းကိုခုတ်၍ရေထဲသို့ပစ် ချကာ ပုဆိန်ကိုပေါလောပေါ်စေပြီးနောက်၊-
7 ၇ ဆယ်ယူလော့ဟု ဧလိရှဲဆိုသည်အတိုင်း၊ တပည့် သည် လက်ကို ဆန့်၍ ဆယ်ယူ၏။
၇``ထိုပုဆိန်ကိုဆယ်ယူလော့'' ဟုဆို၏။ ထိုသူ သည်လည်းလက်ကိုဆန့်၍ပုဆိန်ကိုဆယ်ယူ လိုက်လေသည်။
8 ၈ တဖန် ရှုရိရှင်ဘုရင်သည် ဣသရေလပြည်ကို စစ်တိုက်၍၊ ဤမည်သောအရပ်၊ ဤမည်သောအရပ်၌ ငါတို့သည် တပ်ချကြ ကုန်အံ့ဟု ကျွန်တို့နှင့် တိုင်ပင်သောအခါ၊
၈ရှုရိဘုရင်သည်ဣသရေလပြည်နှင့်စစ်ဖြစ် နေချိန်၌ မိမိ၏တပ်မှူးများနှင့်တိုင်ပင်၍ တပ်စခန်းချရန်နေရာကိုရွေးချယ်၏။-
9 ၉ ဘုရားသခင်၏လူသည် ဣသရေလရှင်ဘုရင် ထံသို့ လူကိုစေလွှတ်၍၊ဤမည်သောအရပ်ကို သတိပြုပါ။ ထိုအရပ်သို့ ရှုရိလူတို့သည် လာကြပြီဟု၊
၉သို့ရာတွင်ဧလိရှဲကဣသရေလဘုရင်အား``ဤ မည်သောနေရာတွင်ရှုရိအမျိုးသားတို့သည် ခြုံ ခိုတိုက်ခိုက်ရန်စောင့်လျက်နေကြပါသည်။ သို့ ဖြစ်၍ထိုနေရာသို့မသွားပါနှင့်'' ဟုလူလွှတ် ၍သတိပေးလေသည်။-
10 ၁၀ သတိပေးသောအရပ်သို့ ဣသရေလရှင်ဘုရင် သည် လူကိုစေလွှတ်၍ တကြိမ်နှစ်ကြိမ်မက ရန်သူတို့ကို ရှောင်လေ၏။
၁၀ထို့ကြောင့်ဣသရေလဘုရင်သည်ထိုအရပ်တွင် နေထိုင်သူတို့အား ကြိုတင်သတိပေး၍သတိ ဝိရိယနှင့်စောင့်နေစေ၏။ ဤသို့ဖြစ်ပျက်သည် မှာအကြိမ်ကြိမ်အဖန်ဖန်ပင်ဖြစ်သတည်း။
11 ၁၁ ထိုအကြောင်းကြောင့် ရှုရိရှင်ဘုရင်သည် စိတ် ပူပန်၍ ကျွန်တို့ကို ခေါ်ပြီးလျှင်၊ ငါတို့တွင် အဘယ်သူ သည် ဣသရေလရှင်ဘုရင်ဘက်၌ နေသည်ကို ငါ့အား မပြဘဲနေကြသနည်းဟုမေးသော်၊
၁၁ရှုရိဘုရင်သည်လွန်စွာစိတ်ပူပန်သဖြင့် မိမိ၏ တပ်မှူးများကိုခေါ်၍``သင်တို့အနက်အဘယ် သူသည် ဣသရေလဘုရင်ဘက်သို့ပါနေသနည်း'' ဟုမေးတော်မူ၏။
12 ၁၂ ကျွန်တယောက်က၊ ထိုသို့မဟုတ်ပါ အရှင် မင်းကြီး၊ ကိုယ်တော်စက်တော်မူခန်းထဲ၌ မိန့်တော်မူသော စကားကိုပင်၊ ဣသရေလပြည်၌ရှိသော ပရောဖက်ဧလိရှဲ သည်၊ ဣသရေလရှင်ဘုရင်အား ပြန်ပြောတတ်ပါသည် ဟု လျှောက်လေ၏။
၁၂တပ်မှူးတစ်ယောက်က``အရှင်မင်းကြီး၊ အဘယ် သူမျှမပါပါ။ ပရောဖက်ဧလိရှဲသည်အရှင် ၏အိမ်ခန်းတွင်တီးတိုးပြောသည့်စကားကို ပင် ဣသရေလဘုရင်အားသံတော်ဦးတင် ပါ၏'' ဟုလျှောက်၏။
13 ၁၃ ရှင်ဘုရင်ကလည်း၊ သူသည်အဘယ်အရပ်၌ ရှိသည်ကို သွား၍ ချောင်းကြည့်လော့။ သူ့ကို ဘမ်းဆီး စေခြင်းငှါ ငါစေလွှတ်မည်ဟု မိန့်တော်မူပြီးမှ၊ ဒေါသန်မြို့ ၌ ရှိပါသည်ဟု လျှောက်လေ၏။
၁၃မင်းကြီးက``ထိုသူအဘယ်မှာရှိသည်ကို စုံစမ်းကြလော့။ သူ့အားငါဖမ်းဆီးမည်'' ဟုမိန့်တော်မူ၏။ မင်းကြီးသည်ဒေါသန်မြို့တွင်ဧလိရှဲရှိနေ ကြောင်း ကြားသိတော်မူသောအခါ-
14 ၁၄ ထိုမြို့သို့မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေများ ကို စေလွှတ်သဖြင့်၊ ညဉ့်အခါရောက်၍ မြို့ကိုဝိုင်းကြ၏။
၁၄မြင်းစီးသူရဲများ၊ စစ်ရထားများနှင့်စစ်သည် ဗိုလ်ခြေတို့ကိုထိုအရပ်သို့စေလွှတ်တော်မူ၏။ သူတို့သည်ညဥ့်အချိန်၌ရောက်ရှိလာကာထို မြို့ကိုဝိုင်းရံထားကြ၏။-
15 ၁၅ နံနက် စောစောဘုရားသခင့်လူ၏ ကျွန်သည် ထ၍ ပြင်သို့ ထွက်သောအခါ၊ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေတို့သည် မြို့ကို ဝိုင်းလျက်ရှိကြသည်ဖြစ်၍၊ အိုသခင်၊ အဘယ်သို့ ပြုရပါမည်နည်းဟု မိမိသခင်အား ဆို၏။
၁၅နောက်တစ်နေ့နံနက်စောစော၌ဧလိရှဲ၏ အစေခံသည်ထ၍အိမ်ပြင်သို့ထွက်လိုက်ရာ မြို့ကိုဝိုင်းရံထားသောရှုရိတပ်သားများနှင့် တကွမြင်းစီးသူရဲများ၊ စစ်ရထားများကို မြင်လေ၏။ သူသည်ဧလိရှဲထံသို့ပြန်လာပြီး လျှင်``ကျွန်တော်တို့ခက်ချေပြီ။ အဘယ်သို့ပြု ရကြပါမည်နည်း'' ဟုဟစ်အော်၍ပြော၏။
16 ၁၆ ဧလိရှဲကမစိုးရိမ်နှင့်။ ငါတို့ဘက်၌ နေသော သူတို့သည် ရန်သူတို့ဘက်၌ နေသောသူတို့ထက်သာ၍ များကြသည်ဟု ဆိုလျက်၊
၁၆ဧလိရှဲက``မစိုးရိမ်နှင့်။ ငါတို့ဘက်၌ရှိနေ သူတို့သည် သူတို့ဘက်၌ရှိနေသူတို့ထက် ပိုမိုများပြား၏'' ဟုဆို၏။-
17 ၁၇ အိုထာဝရဘုရား၊ ဤသူသည် မြင်နိုင်မည် အကြောင်း သူ၏မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်း သည်အတိုင်း၊၊ ထာဝရဘုရားသည် ထိုလုလင်၏ မျက်စိကို ဖွင့်တော်မူသဖြင့်၊ ဧလိရှဲပတ်လည်၌ တတောင်လုံး သည်မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကို မြင်လေ၏။
၁၇ထိုနောက်သူသည်``အို ထာဝရဘုရား၊ ဤသူ၏ မျက်စိကိုဖွင့်တော်မူပါ'' ဟုဆုတောင်းသည် အတိုင်းထာဝရဘုရားသည်ထိုသူ၏မျက်စိ ကိုဖွင့်တော်မူသဖြင့် သူသည်ဧလိရှဲ၏ပတ် လည်တောင်ကုန်းပေါ်၌ မီးမြင်းများနှင့်မီး စစ်ရထားများပြည့်နှက်လျက်နေသည်ကို မြင်လေ၏။
18 ၁၈ ရှုရိလူတို့သည် ရောက်လာသောအခါ၊ ဧလိရှဲက၊ အိုထာဝရ ဘုရား၊ ဤသူတို့၏ မျက်စိမမြင်စေခြင်းငှါ၊ ဒဏ်ခတ်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ ဒဏ်ခတ် တော်မူ၏။
၁၈ရှုရိတပ်ချဉ်းကပ်လာသောအခါဧလိရှဲက``အို ထာဝရဘုရား၊ ထိုသူတို့အားမျက်စိကွယ် စေတော်မူပါ'' ဟုဆုတောင်းသည့်အတိုင်း ထာဝရဘုရားသည်ထိုသူတို့အားမျက်စိ ကွယ်စေတော်မူ၏။-
19 ၁၉ ဧလိရှဲကလည်း၊ ဤလမ်းမဟုတ်။ ဤမြို့လည်း မဟုတ်။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ရှာသောသူရှိရာသို့ ငါပို့မည်ဟု ဆိုလျက်ရှမာရိမြို့သို့ ပို့လေ၏။
၁၉ထိုအခါဧလိရှဲသည်သူတို့ထံသို့သွားပြီး လျှင်``သင်တို့လမ်းမှားနေကြသည်။ ဤမြို့သည် သင်တို့ရှာသောမြို့မဟုတ်။ ငါ့နောက်သို့လိုက် ခဲ့ကြလော့။ သင်တို့အလိုရှိသူထံသို့ငါပို့ ဆောင်ပေးမည်'' ဟုဆို၏။ ထိုနောက်ထိုသူတို့ အားရှမာရိမြို့သို့ခေါ်ဆောင်သွားလေသည်။
20 ၂၀ မြို့ထဲသို့ရောက်ပြီးမှ ဧလိရှဲက၊ အိုထာဝရဘုရား၊ ဤသူတို့သည် မြင်နိုင်မည်အကြောင်း သူတို့၏ မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ သူတို့၏မျက်စိ ကို ဖွင့်တော်မူသဖြင့်၊ သူတို့သည် မြင်၍ ရှမာရိ မြို့ထဲမှာ ရှိသည်ဟု သိကြ၏။
၂၀သူတို့မြို့တွင်းသို့ဝင်ပြီးသည်နှင့်တစ်ပြိုင်နက် ဧလိရှဲသည်``အို ထာဝရဘုရား၊ ဤသူတို့၏ မျက်စိကိုဖွင့်တော်မူ၍တစ်ဖန်မြင်စေတော် မူပါ'' ဟုဆုတောင်းသည့်အတိုင်းထာဝရ ဘုရားသည် သူတို့အားမျက်စိအလင်းကို ပြန်၍ပေးတော်မူသောအခါ သူတို့သည် ရှမာရိမြို့တွင်းသို့ရောက်ရှိနေသည်ကို မြင်ရကြ၏။
21 ၂၁ ဣသရေလရှင်ဘုရင်ကလည်း၊ အဘ၊ ထိုသူတို့ကိုထားနှင့် သတ်ရပါမည်လောဟု ဧလိရှဲအားမေးလျှင်၊
၂၁ဣသရေလဘုရင်သည်ရှရိအမျိုးသားတို့ ကိုတွေ့သောအခါ ဧလိရှဲအား``အရှင်၊ သူတို့ အားသတ်ရပါမည်လော။ သူတို့အားသတ်ရ ပါမည်လော'' ဟုမေးတော်မူ၏။
22 ၂၂ မသတ်ပါနှင့်။ ထားနှင့်ခုတ်လျက်၊ လေးနှင့် ပစ်လျက်စစ်တိုက်၍ ဘမ်းမိသောသူတို့ကို သတ်ရမည် လော။ သူတို့ရှေ့မှာ မုန့်နှင့်ရေကိုထည့် ၍သူတို့သည် စားသောက်ပြီးမှ၊ မိမိတို့သခင်ထံသို့ သွားပါစေဟု ဆိုလျှင်၊
၂၂ဧလိရှဲက``မသတ်ပါနှင့်။ တိုက်ပွဲတွင်ဖမ်းဆီးရ မိသည့်စစ်သည်များကိုပင်လျှင်သတ်ရသည်မ ဟုတ်ပါ။ သူတို့အားစားသောက်ဖွယ်ရာများကို ကျွေးမွေး၍ သူတို့၏ဘုရင်ထံသို့ပြန်ခွင့်ပေး တော်မူပါ'' ဟုဆို၏။-
23 ၂၃ များစွာသော စားစရာကို ပြင်ဆင်၍ စား သောက်စေပြီးမှ လွှတ်လိုက်သဖြင့်၊ သူတို့သည် မိမိတို့ သခင်ထံသို့ ပြန်သွားကြ၏။ ထိုနောက်မှ ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့၍ ဣသရေလပြည်သို့ မလာကြ။
၂၃သို့ဖြစ်၍ဣသရေလဘုရင်သည်စားပွဲကြီး ခင်းကျင်း၍ သူတို့အားစားသောက်စေပြီး သောအခါ ရှုရိဘုရင်ထံသို့ပြန်စေတော် မူ၏။ ထိုနေ့မှအစပြု၍ရှုရိအမျိုးသား တို့သည် ဣသရေလပြည်ကိုတိုက်ခိုက်လုယက် မှုမပြုဝံ့ကြတော့ချေ။
24 ၂၄ နောက်တဖန်ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည် ဗိုလ်ခြေအပေါင်းကို စုဝေးစေသဖြင့် စစ်ချီ၍ ရှမာရိမြို့ကို ဝိုင်းထား၏။
၂၄ကာလအနည်းငယ်ကြာသောအခါရှုရိဘုရင် ဗင်္ဟာဒဒ်သည် ဣသရေလပြည်သို့မိမိ၏တပ်မ တော်တစ်ခုလုံးနှင့်ချီတက်၍ရှမာရိမြို့ကို ဝိုင်းရံထားသဖြင့်၊-
25 ၂၅ ကြာမြင့်စွာဝိုင်းထားသောကြောင့်၊ ရှမာရိမြို့၌ အလွန်အစာခေါင်းပါး၍၊ မြည်းခေါင်းတလုံးကို ငွေ ရှစ်ဆယ်နှင့်၎င်း၊ ပဲကြမ်းတပြည်ကို ငွေငါးကျပ်နှင့်၎င်း ရောင်းရ၏။
၂၅မြည်းခေါင်းတစ်လုံးကိုငွေသားရှစ်ဆယ်ဖြင့် လည်းကောင်း၊ ခိုချေး အစိတ်သားကိုငွေသားငါးခုဖြင့်လည်းကောင်း ဝယ်ယူရသည့်တိုင်အောင်ထိုမြို့တွင်အစာ ခေါင်းပါး၏။
26 ၂၆ ဣသရေလရှင်ဘုရင်သည် မြို့ရိုးပေါ်မှာ ရှောက်သွားစဉ်၊ မိန်းမတယောက်ကအရှင်မင်းကြီး၊ ကယ်မတော်မူပါဟု အော်ဟစ်၏။
၂၆ဣသရေလဘုရင်သည်မြို့ရိုးပေါ်တွင်လမ်းလျှောက် သွားစဉ် အမျိုးသမီးတစ်ယောက်က``အရှင်မင်း ကြီး၊ ကျွန်တော်မအားကယ်တော်မူပါ'' ဟုဟစ် အော်လေသည်။
27 ၂၇ ရှင်ဘုရင်က၊ ထာဝရဘုရားကယ်မတော်မမူ လျှင်၊ ငါသည် အဘယ်သို့ ကယ်မနိုင်မည်နည်း။ စပါးနယ်ရာတလင်း၊ စပျစ်သီးနယ်ရာ ကျင်းထဲက ကယ်မနိုင်မည်လောဟူ၍၎င်း၊
၂၇မင်းကြီးက``သင့်အားထာဝရဘုရားကယ်တော် မမူလျှင် ငါအဘယ်သို့ကယ်နိုင်ပါမည်နည်း။ ငါ့မှာဂျုံဆန်သော်လည်းကောင်း၊ စပျစ်ရည် သော်လည်းကောင်းရှိပါသလော။-
28 ၂၈ သင်၌ အဘယ်သို့ ဖြစ်သနည်းဟူ၍၎င်း မေးလျှင်၊ မိန်းမက၊ ဤမိန်းမသည်ကျွန်မဆီသို့လာ၍၊ သင့်သားကို ယနေ့ငါတို့စားဘို့အပ်ပါ။ နက်ဖြန်နေ့၌ ငါ့သားကို စားရမည်ဟုဆိုသည်အတိုင်း၊
၂၈သင်၏အခက်အခဲကားအဘယ်သို့နည်း'' ဟုမေးတော်မူ၏။ အမျိုးသမီးက``ဤမိန်းမသည်ယမန်နေ့က`သင် ၏သားကိုငါတို့ယနေ့စားကြပြီးလျှင် နောက် တစ်နေ့၌ငါ၏သားကိုစားကြပါမည်' ဟု ကျွန်တော်မအားပြောပါ၏။-
29 ၂၉ ကျွန်မ၏သားကို ပြုတ်၍စားကြပါ၏။ နက်ဖြန် နေ့၌ ကျွန်မက၊ သင်၏သားကို ငါတို့စားဘို့ အပ်ပါဟု တောင်းသော်၊ သူသည် မိမိသားကို ဝှက်ထားပါသည်ဟု လျှောက်လေ၏။
၂၉သို့ဖြစ်၍ကျွန်တော်မ၏သားကိုချက်ပြုတ်စား ကြပြီးလျှင် နောက်တစ်နေ့၌ကျွန်တော်မက သူ၏သားကိုစားရန်ပြောသောအခါ သူသည် ကလေးကိုဝှက်ထားပါသည်'' ဟုလျှောက်၏။
30 ၃၀ ရှင်ဘုရင်သည် ထိုမိန်းမ၏စကားကို ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်လေ၏။ မြို့ရိုးပေါ်မှာ ရှောက်သွားစဉ် လူတို့သည်ကြည့်၍၊ အတွင်း၌ လျှော်တေအဝတ်ဖြင့် ဝတ်တော်မူကြောင်းကိုသိမြင်ရကြ၏။
၃၀ဤအကြောင်းကိုကြားသောအခါမင်းကြီးသည် ဝမ်းနည်းစိတ်ပျက်လျက် မိမိ၏အဝတ်တော်ကို ဆုတ်သဖြင့် ထိုအဝတ်တော်အောက်တွင်ဝတ်ဆင် ထားသောလျှော်တေကိုမြို့ရိုးအနီးရှိလူတို့ တွေ့မြင်ရကြလေသည်။-
31 ၃၁ ရှင်ဘုရင်ကလည်း၊ ရှာဖတ်သားဧလိရှဲ၏ ဦးခေါင်းသည် ယနေ့ သူ့ကိုယ်နှင့် မကွာဘဲနေလျှင်၊ ထာဝရဘုရားသည် ထိုမျှမက၊ ငါ၌ပြုတော်မူပါစေသော ဟု ဆို၏။
၃၁မင်းကြီးက``ယနေ့နေမဝင်မီဧလိရှဲဦးခေါင်း မပြတ်လျှင် ထာဝရဘုရားသည်ငါ့အားအဆုံး စီရင်တော်မူပါစေသော'' ဟုကျိန်ဆိုတော်မူ ပြီးနောက်၊-
32 ၃၂ ဧလိရှဲသည် မိမိအိမ်၌ထိုင်၍ အသက်ကြီးသူတို့ သည် သူနှင့်အတူ ထိုင်ကြစဉ်၊ ရှင်ဘုရင်သည် မိမိရှေ့မှာ လူတယောက်ကို စေလွှတ်၏။ ထိုတမန်မရောက်မှီ ဧလိရှဲက၊ လူသတ်၏သားသည် ငါ့လည်ပင်းကို ဖြတ်စေ ခြင်းငှါ၊ စေလွှတ်သည်ကို သိမြင်ကြသလော။ ထိုတမန် ရောက်သောအခါ၊ တံခါးကိုပိတ်၍၊ တံခါးနားမှာသူ့ကို ဆီးတားကြလော့။ သူ့နောက်မှာသူ့သခင် ခြေသံမမြည် သလောဟု၊
၃၂ဧလိရှဲအားဖမ်းဆီးရန်လူတစ်ယောက်ကို စေလွှတ်တော်မူ၏။ ဤအတောအတွင်း၌ဧလိရှဲသည်မိမိထံသို့ အလည်အပတ်လာသောအမျိုးသားအကြီး အကဲများနှင့်အတူ မိမိ၏အိမ်တွင်ရှိလေ သည်။ မင်းကြီး၏စေတမန်မရောက်လာမီ ဧလိရှဲက ထိုအကြီးအကဲတို့အား``လူသတ် သမားသည် ငါ့အားသတ်ရန်လူတစ်ယောက် ကိုစေလွှတ်လေပြီ။ သို့ဖြစ်၍ထိုသူရောက်လာ သောအခါတံခါးကိုပိတ်ထားကြလော့။ သူ့ အားအထဲသို့ဝင်ခွင့်မပြုကြနှင့်။ မင်းကြီး ကိုယ်တိုင်ပင်လျှင်သူ၏နောက်မှလိုက်လာ လိမ့်မည်'' ဟုပြော၏။-
33 ၃၃ အသက်ကြီးသူတို့အား ပြောစဉ်တွင်၊ ထိုတမန် သည် ရောက်လာ၏။ ရှင်ဘုရင်ကိုယ်တိုင် ရောက်လျှင်၊ ဤအမှုသည် ထာဝရဘုရားစီရင်သော အမှုဖြစ်၏။ ထာဝရဘုရားကျေးဇူးကို အဘယ်ကြောင့် မြော်လင့် ရသေးသနည်းဟုဆိုသော်၊
၃၃သူပြောသောစကားမဆုံးမီပင်မင်းကြီး သည်ရောက်ရှိလာလျက်``ဤဘေးဒုက္ခနှင့်ငါ တို့အားတွေ့ကြုံစေသူမှာ ထာဝရဘုရားပင် ဖြစ်ပါသည်တကား။ ငါသည်ကိုယ်တော်ကူမ တော်မူမည်ကို အဘယ်ကြောင့်ဆက်လက်စောင့် မျှော်နေရပါမည်နည်း'' ဟုဆို၏။