< ၁ ရာဇဝင်ချုပ် 1 >
၁အာဒံ၏သားသည်ရှေသ၊ ရှေသ၏သားမှာ ဧနုတ်၊ ဧနုတ်၏သားကားကာဣနန်ဖြစ်၏။-
2 ၂ ကာဣနန်၊ မဟာ လေလ၊ ယာရက်၊
၂ကာဣနန်၏သားသည်မဟာလေလ၊ မဟာ လေလ၏သားကားယာရက်တည်း။-
3 ၃ ဧနောက်၊ မသုရှလ၊ လာမက်၊
၃ယာရက်၏သားသည်ဧနောက်၊ ဧနောက်၏သား မှာမသုရှလ၊ မသုရှလ၏သားကားလာမက် ဖြစ်၏။-
4 ၄ နောဧ၊ ရှေမ၊ ဟာမ၊ ယာဖက်တည်း။
၄လာမက်၏သားသည်နောဧဖြစ်၍နောဧတွင် ရှေမ၊ ဟာမ၊ ယာဖက်ဟူသောသားသုံးယောက် ရှိ၏။
5 ၅ ယာဖက်သားကားဂေါမာ၊ မာဂေါဂ၊ မာဒ်၊ ယာဝန်၊ တုဗာလ၊ မေရှက၊ တိရတ်တည်း။
၅ယာဖက်၏သားများဖြစ်ကြသော ဂေါမာ၊ မာ ဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှကနှင့်တိ ရတ်တို့သည်မိမိတို့နာမည်အသီးသီးကို ဆောင်ကုန်သောအမျိုးသားတို့၏ဘိုးဘေး များဖြစ်ကြ၏။-
6 ၆ ဂေါမာသားကား အာရှကေနတ်၊ ရိဖတ်၊ တောဂါမတည်း။
၆ဂေါမာမှဆင်းသက်လာသူများမှာအာရှ ကေနတ်၊ ရိဖတ်နှင့်တောဂါမအမျိုးသား များဖြစ်သတည်း။-
7 ၇ ယာဝန်သားကား ဧလိရှာ၊ တာရှု၊ ကိတ္တိမ်၊ ဒေါဒါနိမ်တည်း။
၇ယာဝန်မှဆင်းသက်လာသူများသည်ဧလိရှာ၊ တာရှု၊ ကိတ္တိမ်နှင့်ဒေါဒါနိမ်အမျိုးသားများ ဖြစ်ကြ၏။
8 ၈ ဟာမသားကားကုရှ၊ မိဇရှိမ်၊ ဖုတ၊ ခါနာန်တည်း။
၈ဟာမ၏သားများဖြစ်ကြသောကုရှ၊ အီဂျစ်၊ လိဘိယနှင့်ခါနာန်တို့သည်မိမိတို့၏နာမည် အသီးသီးကို ဆောင်ကုန်သောအမျိုးသား တို့၏ဘိုးဘေးများဖြစ်ကြ၏။-
9 ၉ ကုရှသားကား သေဘ၊ ဟဝိလ၊ သာဗတ၊ ရာဂမ၊ သတ္တေခါတည်း။ ရာဂမ သားကားရှေဘ၊ ဒေဒန်တည်း။
၉ကုရှမှဆင်းသက်လာသူများမှာသေဘ၊ ဟဝိလ၊ သာဗတ၊ ရာဂမနှင့်သတ္တေခါ အမျိုးသားများဖြစ်ပေသည်။ ရာဂမမှ ဆင်းသက်လာသူများသည်ရှေဘနှင့် ဒေဒန်အမျိုးသားများဖြစ်ကြ၏။-
10 ၁၀ ကုရှသည် သားနိမ်ရောဒကိုလည်း ရသေး၏။ ထိုသူသည် မြေကြီး ပေါ်မှာ အားကြီးသော မုဆိုးဖြစ်၏။
၁၀(ကုရှတွင်နိမ်ရောဒနာမည်ရှိသောသားတစ် ယောက်ရှိ၏။ သူသည်ကမ္ဘာပေါ်တွင်ပထမ အဦးဆုံးလူစွမ်းကောင်းဖြစ်လာ၏။-)
11 ၁၁ မိဇရိမ်သားကား လုဒိမ်လူ၊ အာနမိမ်လူ၊ လဟာ ဗိမ်လူ၊ နတ္တုဟိမ်လူ၊
၁၁အီဂျစ်မှဆင်းသက်လာသူများမှာလုဒိန်၊ အာနမိမ်၊ လဟာဗိမ်၊ နတ္တုဟိမ်၊-
12 ၁၂ ပါသရုသိမ်လူ၊ ကာသလုဟိမ်လူ၊ ကတ္တောရိမ်လူ တည်း။ ကာသလုဟိမ်အမျိုးထဲက ဖိလိတ္တိလူဖြစ်သတည်း။
၁၂ပါသရုသိမ်၊ ကာသလုဟိမ်နှင့်ကတ္တောရိမ် အမျိုးသားများတည်း။ (ကတ္တောရိမ်အမျိုး သားများမှဖိလိတ္တိအမျိုးသားတို့ဆင်း သက်ပေါက်ပွားလာကြပေသည်။-)
13 ၁၃ ခါနာန်သားအကြီးကား ဇိဒုန်၊ ထိုနောက်ဟေသ၊
၁၃ခါနာန်၏သားအကြီးဇိဒုန်နှင့်သားငယ် ဟေသတို့မှဆင်းသက်လာသူများမှာ မိမိ တို့၏အမည်နာမအသီးသီးကိုဆောင် ကုန်သောအမျိုးသားများဖြစ်ကြ၏။-
14 ၁၄ ထိုနောက် ယေဗုသိလူ၊ အာမောရိလူ၊ ဂိရဂါ ရှိလူ၊
၁၄ခါနာန်သည်ယေဗုသိ၊ အာမောရိ၊ ဂိရဂါရှိ၊- ဟိဝိ၊ အာကိ၊ သိနိ၊- အာဝဒိ၊ ဇေမရိနှင့်ဟာမသိ အမျိုးသားများ၏ဘိုးဘေးများဖြစ်ကြ၏။
15 ၁၅ ဟိဝိလူ၊ အာကိလူ၊ သိနိလူ၊
၁၅
16 ၁၆ အာဝဒိလူ၊ ဇေမရိလူ၊ ဟာမသိလူဖြစ်သတည်း။
၁၆
17 ၁၇ ရှေမသားကားဧလံ၊ အာရှု၊ အာဖာဇဒ်၊ လုဒ၊ အာရံ၊ ဥဇ၊ ဟုလ၊ ဂေသာ၊ မာရှတည်း။
၁၇ရှေမ၏သားများဖြစ်ကြသော ဧလံ၊ အာရှု၊ အာဖာဇဒ်၊ လုဒ၊ အာရံ၊ ဥဇ၊ ဟုလ၊ ဂေသာ နှင့်မာရှတို့သည် မိမိတို့၏နာမည်အသီး သီးကိုဆောင်ကုန်သောအမျိုးသားတို့၏ ဘိုးဘေးများဖြစ်ကြ၏။-
18 ၁၈ အာဖာဇဒ်သားကားရှာလ၊ ရှာလသားကား ဟေဗာတည်း။
၁၈အာဖာဇဒ်၏သားသည် ရှာလ၊ ရှာလ၏သား မှာဟေဗာဖြစ်၏။-
19 ၁၉ ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင် လေ၏။ သားတယောက်ကား ဖာလက်အမည်ရှိ၏။ အကြောင်းမူကား၊ သူ၏လက်ထက်၌ မြေကြီးကို ခွဲဝေကြ ၏။ သူ၏ညီကား ယုတ္တန်အမည်ရှိ၏။
၁၉ဟေဗာတွင်သားနှစ်ယောက်ရှိ၏။ တစ်ယောက်သည် ဖာလက်ဟုနာမည်တွင်၏။ အဘယ်ကြောင့်ဆို သော်သူ၏လက်ထက်တွင် ကမ္ဘာပေါ်ရှိလူတို့ သည်ကွဲသွားကြသောကြောင့်ဖြစ်၏။ အခြား သားတစ်ယောက်သည်ယုတ္တန်ဟုနာမည်တွင်၏။-
20 ၂၀ ယုတ္တန်သားကား အာလမောဒန်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊
၂၀ယုတ္တန်မှဆင်းသက်လာသူများမှာ အာလ မောဒန်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊-
21 ၂၁ ဟဒေါရံ၊ ဥဇာလ၊ ဒိကလ၊
၂၁ဟဒေါရံ၊ ဥဇာလ၊ ဒိကလ၊
22 ၂၂ ဩဗာလ၊ အဘိမေလ၊ ရှေဘ၊
၂၂သြဗာလ၊ အဘိမေလ၊ ရှေဘ၊ သြဖိရ၊ ဟဝိလနှင့်ယောဗပ်အမျိုးသားများဖြစ် သတည်း။
23 ၂၃ ဩဖိရ၊ ဟဝိလ၊ ယောဗပ်၊ ဤသူအပေါင်းတို့ သည် ယုတ္တန်သား ဖြစ်ကြသတည်း။
၂၃
24 ၂၄ ရှေမ၊ အာဖာဇဒ်၊ ရှာလ၊
၂၄ရှေမမှအာဗြဟံအထိဆွေစဉ်မျိုးဆက် များမှာ ရှေမ၊ အာဖာဇဒ်၊ ရှာလ၊-
25 ၂၅ ဟေဗာ၊ ဖာလက်၊ ရာဂေါ၊
၂၅ဟေဗာ၊ ဖာလက်၊ ရာဂေါ၊- စေရောက်၊ နာခေါ်၊ တေရ နှင့်၊-အာဗြဟံဟုလည်းနာမည်တွင်သောအာဗြံ တို့ဖြစ်ကြ၏။
26 ၂၆ စေရောက်၊ နာခေါ်၊ တေရ၊
၂၆
27 ၂၇ အာဗြဟံအမည်ရှိသော အာဗြံတည်း။
၂၇
28 ၂၈ အာဗြ ဟံသားကား ဣဇာက်နှင့် ဣရှမေလတည်း။
၂၈အာဗြဟံတွင်ဣဇာက်နှင့်ဣရှမေလဟူ၍ သားနှစ်ယောက်ရှိ၏။-
29 ၂၉ ဣရှမေလသားအကြီးကားနဗာယုတ်၊ နဗာ ယုတ်ညီကေဒါ၊ အာဒဗေလ၊ မိဗသံ၊
၂၉ဣရှမေလမှဆင်းသက်လာသူများသည် အနွယ် တစ်ဆယ့်နှစ်နွယ်တို့၏ဦးစီးခေါင်းဆောင်များ ဖြစ်လာကြ၏။ ထိုတစ်ဆယ့်နှစ်နွယ်တို့၏နာ မည်များမှာ (ဣရှမေလ၏သားဦးကို အစွဲ ပြု၍မှည့်ခေါ်သည်) နဗာယုတ်၊ ကေဒါ၊ အာဒ ဗေလ၊ မိဗသံ၊-
30 ၃၀ မိရှမ၊ ဒုမာ၊ မာစ၊ ဟာဒါ၊ တေမ၊
၃၀မိရှမ၊ ဒုမာ၊ မာစ၊ ဟာဒါ၊ တေမ၊-
31 ၃၁ ယေတုရ၊ နာဖီရှ၊ ကေဒမာတည်း ဟူသော ဣရှမေလသားတည်း။
၃၁ယေတုရ၊ နာဖိရှ၊ ကေဒမာဟူ၍ဖြစ်သတည်း။
32 ၃၂ အာဗြဟံမယား နှောင်းကေတုရသားကားဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဘတ်၊ ရှုအာတည်း။ ယုတ်ရှန် သားကား ရှာဘနှင့် ဒေဒန်တည်း။
၃၂အာဗြဟံ၏မယားနှောင်းနာမည်မှာကေတုရ ဖြစ်၏။ သူသည်ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဘတ်နှင့်ရှုအာဟူသောသားခြောက်ယောက် ကိုဖွားမြင်လေသည်။ ယုတ်ရှန်တွင်ရှာဘနှင့် ဒေဒန်ဟူသောသားနှစ်ယောက်ရှိ၏။-
33 ၃၃ မိဒျန်သားကား ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိ ဒါဧလဓာတည်းဟူသော ကေတုရ သားမြေးတည်း။
၃၃မိဒျန်တွင်ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒ နှင့်ဧလဒါဟူသောသားငါးယောက်ရှိ၏။
34 ၃၄ အာဗြဟံသား ကားဣဇာက်၊ ဣဇာက်သားကား ဧသောနှင့် ဣသရေလတည်း။
၃၄အာဗြဟံ၏သားဣဇာက်တွင် ဧသောနှင့် ယာကုပ်ဟူ၍သားနှစ်ယောက်ရှိ၏။-
35 ၃၅ ဧသောသားကား ဧလိဖတ်၊ ရွေလ၊ ယုရှ၊ ယာလံ၊ ကောရတည်း။
၃၅ဧသော၏သားများကား ဧလိဖတ်၊ ရွေလ၊ ယုရှ၊ ယာလံ၊ နှင့်ကောရဖြစ်၏။-
36 ၃၆ ဧလိဖတ်သားကား တေမန်၊ ဩမရ၊ ဇေပေါ်၊ ဂါတံ၊ ကေနတ်မှစ၍ တိမနတွင် ရသောသား အာမ လက်တည်း။
၃၆ဧလိဖတ်သည် တေမန်၊ သြမရ၊ ဇေပေါ်၊ ဂါတံ၊ ကေနတ်၊ တိမနနှင့်အာမလက်အနွယ်တို့၏ ဘိုးဘေးဖြစ်လာ၏။-
37 ၃၇ ရွေလသားကား နာဟတ် ဇေရ၊ ရှမ္မ၊ မိဇ္ဇတည်း။
၃၇ရွေလသည်လည်း၊ နာဟတ်၊ ဇေရ၊ ရှမ္မနှင့်မိဇ္ဇ အနွယ်တို့၏ဘိုးဘေးဖြစ်လာ၏။
38 ၃၈ စိရသားကားလောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာ၊ ဒိရှန်တည်း။
၃၈ဧဒုံပြည်တွင်မူလနေထိုင်ကြသူများသည် အောက်ဖော်ပြပါစိရ၏သားများဖြစ်ကြ သောလောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာနှင့်ဒိရှန်တို့မှဆင်းသက်လာသူများ ဖြစ်ပေသည်။ လောတန်သည်ဟောရိနှင့်ဟေမံသားချင်းတို့၏ ဘိုးဘေးဖြစ်၏။ (လောတန်တွင်တိမနနာမည် တွင်သောနှမတစ်ယောက်ရှိ၏။) ရှောဗလသည် အာလာဝန်၊ မနာဟတ်၊ ဧဗာလ၊ ရှေဖောနှင့်သြနံသားချင်းစုတို့၏ဘိုးဘေး ဖြစ်၏။ ဇိဘောင်မှာအာယနှင့်အာနနာမည်တွင်သော သားနှစ်ယောက်ရှိ၏။ အာန၏သားသည်ဒိရှုန်ဖြစ်၏။ ဒိရှုန်သည် ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်နှင့်ခေရန် သားချင်းစုတို့၏ဘိုးဘေးဖြစ်၏။ ဧဇာသည်ဗိလဟန်၊ ဇာဝန်နှင့်အာကန်သား ချင်းစုတို့၏ဘိုးဘေးဖြစ်၏။ ဒိရှန်သည်ဥဇနှင့်အာရန်သားချင်းစုတို့၏ ဘိုးဘေးဖြစ်၏။
39 ၃၉ လောတန်သားကား ဟောရိနှင့်ဟေမံတည်း။ လောတန်နှမကား တိမနတည်း။
၃၉
40 ၄၀ ရှောဗလသားကားအာလာဝန်၊ မနာဟတ်၊ ဧဗာလ၊ ရှေဖော၊ ဩနံတည်း။ ဇိဘောင်သားကား အာယနှင့် အာနတည်း။
၄၀
41 ၄၁ အာနသားကား ဒိရှုန်၊ ဒိရှုန်သားကားဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်၊ ခေရန်တည်း။
၄၁
42 ၄၂ ဧဇာဘသားကား ဗိလဟန်၊ ဇာဝန်၊ အာကန် တည်း။ ဒိရှန်သားကား ဥဇနှင့် အာရန်တည်း။
၄၂
43 ၄၃ ဣသရေလအမျိုး၌ အစိုးရသောမင်းကြီး မရှိမှီ ဧဒုံပြည်၌ အစိုးရသော မင်းကြီးဟူမူကား၊ ဗောရသား ဗေလသည် ဒိန္နာဗာမြို့၌မင်းပြု၏။
၄၃ဣသရေလနိုင်ငံတွင်ဘုရင်တစ်ပါးမျှမပေါ် ပေါက်မီကာလ၌ ဧဒုံပြည်ကိုအောက်ပါဘုရင် များအုပ်စိုးကြလေသည်။ ဗောရ၏သားဖြစ်သူ၊ဒိန္နာဗာမြို့သားဗေလ၊ ဇေရ၏သားဖြစ်သူ၊ဗောဇရအရပ်သားယောဗပ်၊ တေမာနိအရပ်သားဟုရှံ၊ဗေဒဒ်၏သားဟာဒဒ်၊ သူ၏မြို့မှာအာဗိတ်မြို့ဖြစ်သည်။ (သူသည်မောဘလွင်ပြင်တိုက်ပွဲတွင် မိဒျန်အမျိုးသားတို့ကိုနှိမ်နင်းခဲ့သည်။) မာသရက်အရပ်သားစာမလ၊ရဟောဘုတ် မြစ်အနီးမှရှောလ၊ အာခဗော်၏သားဗာလဟာနန်၊ပေါမြို့မှဟာဒါ၊ (သူ၏မိဖုရားကားမဟေတဗေလဖြစ်၏။ မဟေတဗေလသည်မာတရေဒ၏သမီး၊ မေဇဟပ်၏မြေးဖြစ်သတည်း။)
44 ၄၄ ဗေလမင်းသေ၍ သူ၏အရာ၌ ဗောဇရ အရပ် သား ဇေရ၏ သားယောဗပ်သည် မင်းပြုလေ၏။
၄၄
45 ၄၅ ယောဗပ်မင်းသေ၍ သူ၏အရာ၌ တေမာနိ အရပ်သား ဟုရှံသည် မင်းပြုလေ၏။
၄၅
46 ၄၆ ဟုရှံမင်းသေ၍ မောဘလွင်ပြင်၌ မိဒျန်လူတို့ကို လုပ်ကြံသောသူ၊ ဗေဒဒ်သားဟာဒဒ်သည် ဟုရှံအရာ၌ မင်းပြုလေ၏။ မြို့တော်ကား အာဝိတ်မြို့တည်း။
၄၆
47 ၄၇ ဟာဒဒ်မင်းသေ၍ သူ၏အရာ၌မာသရက် အရပ်သား စာမလသည် မင်းပြုလေ၏။
၄၇
48 ၄၈ စာမလမင်းသေ၍ သူ၏အရာ၌ မြစ်နားမှာ နေသောရဟော ဘုတ်အရပ်သား ရှောလသည် မင်းပြု လေ၏။
၄၈
49 ၄၉ ရှောလမင်းသေ၍ သူ၏အရာ၌ အာခဗော်သား ဗာလဟာနန်သည် မင်းပြုလေ၏။
၄၉
50 ၅၀ ဗာလဟာနန်မင်းသေ၍ သူ၏အရာ၌ ဟာဒါ သည် မင်းပြုလေ၏။ မြို့တော်ကားပေါမြို့တည်း။ မြောက် သားတော်ကား မေဇဟပ်သမီးဖြစ်သော မာတရေဒ၏ သမီး မဟေတဗေလတည်း။
၅၀
51 ၅၁ ဟာဒါမင်းသေသောနောက် ဧဒုံပြည်၌ ဗိုလ်လုပ်သောသူဟူမူကား၊ ဗိုလ်တိမနာ၊ ဗိုလ်အာလဝ၊ ဗိုလ် ယေသက်၊
၅၁ဧဒုံပြည်သူများတွင်ပါဝင်ကြသောအနွယ် များမှာ တိမနာ၊ အာလဝ၊ ယေသက်၊-
52 ၅၂ ဗိုလ်အဟောလိ ဗာမ၊ ဗိုလ်ဧလာ၊ ဗိုလ် ပိနုန်၊
၅၂အဟောလိဗာမ၊ ဧလာ၊ ပိနုန်၊- ကေနတ်၊ တေမန်၊ မိဗဇ၊-မာဂဒေလနှင့်ဣရံတို့ဖြစ်သတည်း။
53 ၅၃ ဗိုလ်ကေနတ်၊ ဗိုလ်တေမန်၊ ဗိုလ်မိဗဇ၊
၅၃
54 ၅၄ ဗိုလ် မာဂဒေလ၊ ဗိုလ်ဣရံတည်းဟူသော ဤသူတို့သည် ဧဒုံဗိုလ်များဖြစ်သတည်း။
၅၄