< ၄ ဓမ္မရာဇဝင် 2 >
1 ၁ ထာဝရဘုရားသည် ဧလိယကို လေဘွေအားဖြင့် ကောင်းကင်သို့ ချီတော်မူချိန်နီးသောအခါ၊ ဧလိယသည် ဧလိရှဲနှင့်အတူ ဂိလဂါလမြို့သို့ သွား၏။
Dengang Herren vilde ta Elias op til himmelen i en storm, gikk Elias og Elisa fra Gilgal.
2 ၂ ဧလိယကလည်း၊ ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူ သည်ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့ သည် ဗေသလမြို့သို့သွားကြ၏။
Og Elias sa til Elisa: Bli her! For Herren har sendt mig til Betel. Men Elisa sa: Så sant Herren lever, og så sant du selv lever: Jeg forlater dig ikke. Så gikk de ned til Betel.
3 ၃ ထိုမြို့၌ရှိသောပရောဖက်အမျိုးသားတို့သည် ဧလိရှဲကို ခရီးဦးကြိုပြုအံ့သောငှါထွက်လာ၍၊ ထာဝရ ဘုရားသည် ကိုယ်တော်သခင်ကို ကိုယ်တော်ခေါင်းမှ ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟု မေးလျှင်၊ ဟုတ်ကဲ့ငါသိ၏။ တိတ်ဆိတ်စွာ နေကြပါဟုပြောဆို၏။
Da gikk profetenes disipler, som var i Betel, ut til Elisa og sa til ham: Vet du at Herren idag vil ta din herre bort fra dig over ditt hode? Han svarte: Ja, jeg vet det; ti bare stille!
4 ၄ ဧလိယကလည်း၊ အိုဧလိရှဲ၊ ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယေရိခေါမြို့သို့ စေလွှတ်တော်မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြော လျက်၊ ထိုသူနှစ်ယောက်တို့သည် ယေရိခေါမြို့သို့ သွားကြ ၏။
Så sa Elias til ham: Elisa, bli her! For Herren har sendt mig til Jeriko. Men han sa: Så sant Herren lever, og så sant du selv lever: Jeg forlater dig ikke. Så kom de til Jeriko.
5 ၅ ထိုမြို့၌ရှိသော ပရောဖက်အမျိုးသားတို့သည် ဧလိရှဲထံသို့လာ၍ ထာဝရဘုရားသည် ကိုယ်တော်သခင် ကို ကိုယ်တော်ခေါင်းမှ၊ ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟုမေးလျှင်၊ ဟုတ်ကဲ့ငါသိ၏။ တိတ်ဆိတ်စွာ နေကြပါဟု ပြောဆို၏။
Da gikk profetenes disipler, som var i Jeriko, frem til Elisa og sa til ham: Vet du at Herren idag vil ta din herre bort fra dig over ditt hode? Han svarte: Ja, jeg vet det; ti bare stille!
6 ၆ ဧလိယကလည်း ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယော်ဒန်မြစ်သို့ စေလွှတ်တော် မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော် နှင့်အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူ နှစ်ယောက်တို့သည် အတူသွားကြ၏။
Så sa Elias til ham: Bli her! For Herren har sendt mig til Jordan. Men han sa: Så sant Herren lever, og så sant du selv lever: Jeg forlater dig ikke. Så gikk de begge avsted.
7 ၇ ပရောဖက်အမျိုးသားငါးကျိပ်တို့သည် အဝေးကကြည့်ရှုခြင်းငှါ သွား၍ရပ်နေကြ၏။ ထိုသူနှစ်ယောက်တို့ သည် ယော်ဒန်မြစ်နားမှာ ရပ်နေကြ၏။
Og femti av profetenes disipler gikk avsted og blev stående midt imot dem langt borte; men selv stod de begge ved Jordan.
8 ၈ ဧလိယသည် မိမိဝတ်လုံကိုယူ၍ လိပ်ပြီးမှ၊ ရေကိုရိုက်သဖြင့် ရေသည် တဘက်တချက်ကွဲ၍ ၊ ထိုသူ နှစ်ယောက်တို့သည် မြေပေါ်မှာ ရှောက်သွားကြ၏။
Da tok Elias sin kappe og rullet den sammen og slo på vannet, og det skilte sig til begge sider, og de gikk begge over på det tørre.
9 ၉ မြစ်တဘက်သို့ ရောက်သောအခါ ၊ ဧလိယက၊ သင်နှင့်ငါမကွာမှီ ငါ၌တစုံတခုသော ဆုကို တောင်းလော့ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက၊ ကိုယ်တော်ဝိညာဉ်နှစ်ဆ သောအဘို့ကို အကျွန်ုပ်အပေါ်မှာ ရှိပါစေသောဟု တောင်းသော်၊
Da de nu var gått over, sa Elias til Elisa: Si hvad du ønsker jeg skal gjøre for dig før jeg blir tatt bort fra dig! Elisa sa: La en dobbelt del av din ånd tilfalle mig!
10 ၁၀ ဧလိယကသင်သည်ရခဲသောဆုကို တောင်း၏ သင်နှင့်ငါကွာသည်ကို မြင်လျှင်ရမည်။ သို့မဟုတ် မရဟု ပြောဆို၏။
Han svarte: Det er en stor ting du ber om; hvis du ser mig når jeg blir tatt bort fra dig, skal du få det du ber om. Ellers får du det ikke.
11 ၁၁ ထိုသို့နှုတ်ဆက်လျက်သွားကြစဉ်တွင်၊ မီးရထား နှင့် မီးမြင်းတို့သည် ပေါ်လာ၍ ထိုသူနှစ်ယောက်တို့ကို ခွဲခွါသဖြင့်၊ ဧလိယသည် လေတွေအားဖြင့် ကောင်းကင်သို့ တက်လေ၏။
Mens de så gikk og talte sammen, kom det med én gang en gloende vogn og gloende hester og skilte dem fra hverandre; og Elias fór i stormen op til himmelen.
12 ၁၂ ဧလိရှဲသည် ကြည့်မြင်လျှင် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဟစ် သော်လည်း၊ နောက်တဖန် ဧလိယကိုမမြင်ရ။ မိမိအဝတ်ကို ကိုင်၍ နှစ်ပိုင်းဆုတ်လေ၏။
Elisa så det; da ropte han: Min far, min far, Israels vogner og ryttere! Og han så ham ikke mere. Da tok han fatt i sine klær og rev dem i to stykker.
13 ၁၃ အောက်သို့ကျသော ဧလိယဝတ်လုံကို ကောက်၍ ပြန်လေ၏။ ယော်ဒန်မြစ်နားမှာ ရပ်၍၊
Så tok han op Elias' kappe, som var falt av ham, og han vendte tilbake og stod ved Jordans bredd.
14 ၁၄ ရေကို ဝတ်လုံနှင့် ရိုက်လျက်၊ ဧလိယ ကိုးကွယ် သော ဘုရားသခင် ထာဝရဘုရားသည် အဘယ်မှာ ရှိတော်မူသနည်းဟူ၍ တဖန် ရိုက်သောအခါ၊ ရေသည် တဘက်တချက်ကွဲသဖြင့် ဧလိရှဲသည် ကူးသွား၏။
Og han tok Elias' kappe, som var falt av ham, og slo på vannet og sa: Hvor er Herren, Elias' Gud? Således slo også Elisa på vannet, så det skilte sig til begge sider, og han gikk over.
15 ၁၅ ယေရိခေါမြို့မှာ ကြည့်ရှုသော ပရောဖက် အမျိုးသားတို့သည် ဧလိရှဲကို မြင်လျှင်၊ ဧလိယ၏ ဝိညာဉ် သည် ဧလိရှဲအပေါ်မှာ ကျိန်းဝပ်သည်ဟုဆိုလျက် ခရီးဦးကြိုပြုအံ့သောငှါသွား၍ သူ့ရှေ့၌ မြေပေါ်မှာ ပြပ်ဝပ်ကြ၏။
Da profetenes disipler i Jeriko, som stod midt imot ham, så ham gjøre dette, sa de: Elias' ånd hviler over Elisa. Og de kom ham i møte og bøide sig til jorden for ham.
16 ၁၆ သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့၌ ခွန်အားကြီးသောသူ ငါးကျိပ်ရှိပါ၏။ သူတို့သည်သွား၍ ကိုယ်တော်၏ သခင်ကိုရှာမည်အကြောင်း၊ အခွင့် ပေးတော်မူပါ။ ထာဝရဘုရား၏ ဝိညာဉ်တော်သည်သူ့ကို ချီယူ၍ တစုံတခုသော တောင်ပေါ်၌ဖြစ်စေ၊ ချိုင့်ထဲသို့ ဖြစ်စေ ချကောင်းချတော်မူလိမ့်မည်ဟု အခွင့်တောင်း လျှင်၊ မစေလွှတ်ကြနှင့်ဟု ဧလိရှဲသည် မြစ်တားသော် လည်း၊
Og de sa til ham: Der er her hos dine tjenere femti sterke menn; la dem gå avsted og lete efter din herre! Kanskje Herrens Ånd har tatt ham og kastet ham på et eller annet fjell eller i en eller annen dal. Han svarte: I skal ikke sende nogen avsted.
17 ၁၇ သူတို့သည် ဧလိရှဲ စိတ်အားလျော့သည် တိုင်အောင် အလွန်တောင်းပန်သောအခါ၊ စေလွှတ်ကြဟု ဆို၏။ သူတို့သည် လူငါးကျိပ်ကို စေလွှတ်သဖြင့်၊ သုံးရက် ပတ်လုံးရှာ၍ မတွေ့နိုင်ကြ။
Men da de lenge blev ved å trenge inn på ham, sa han: Send dem da avsted! Så sendte de femti mann avsted, og de lette i tre dager, men fant ham ikke.
18 ၁၈ ဧလိရှဲသည် ယေရိခေါမြို့မှာ နေသေးသည် ဖြစ်၍၊ လူတို့သည် ပြန်လာသောအခါ၊ မသွားကြနှင့်ဟု ငါမြစ်ထားသည် မဟုတ်လောဟု ဆို၏။
Og de vendte tilbake til ham, mens han ennu opholdt sig i Jeriko; og han sa til dem: Sa jeg ikke til eder at I ikke skulde gå?
19 ၁၉ ထိုမြို့သားတို့က၊ ကိုယ်တော်မြင်တော်မူသည်အတိုင်း၊ ဤမြို့တည်ရာ အရပ်သည်သာယာပါ၏။ သို့ရာတွင် ရေမကောင်း၊ မြေလည်းကိုယ်ဝန်ပျက်စေတတ် ပါသည်ဟု ဧလိရှဲအား လျှောက်ကြလျှင်၊
Mennene i byen sa til Elisa: Byen ligger godt til, som min herre ser; men vannet er dårlig, og landet lider under for tidlige fødsler.
20 ၂၀ ဧလိရှဲက၊ ဘူးသစ်တလုံးကို ဆားထည့်၍ ယူခဲ့ ကြလော့ဟုဆိုသည်အတိုင်း ယူခဲ့ကြ၏။
Da sa han: Hent mig en ny skål og legg salt i den! Så gjorde de det.
21 ၂၁ ဧလိရှဲသည် စမ်းရေတွင်းသို့သွား၍ ဆားကိုခတ် လျက်၊ ထာဝရဘုရားမိန့်တော်မူသည်ကား ဤရေကို ငါချိုစေ၏။ နောက်တဖန် သေစေမည်အကြောင်း၊ ကိုယ်ဝန်ပျက်စေမည်အကြောင်းကို မပြုရဟု၊
Og han gikk ut til det sted hvor vannet vellet frem, og kastet salt nedi og sa: Så sier Herren: Nu har jeg gjort dette vann godt; det skal ikke mere volde død eller for tidlige fødsler.
22 ၂၂ ဧလိရှဲဆင့်ဆိုသော အမိန့်တော်အတိုင်း ထိုရေ သည် ယနေ့တိုင်အောင် ချိုလေ၏။
Og vannet blev godt og har så vært til denne dag, efter det ord som Elisa hadde talt.
23 ၂၃ ထိုမြို့မှ ဗေသလမြို့သို့ပြန်၍ ခရီးသွားစဉ်တွင်၊ လုလင်ပျိုတို့သည် မြို့ထဲကထွက်၍၊ ဟေဦးပြည်း၊ တက်ဦး လော့။ ဟေဦးပြည်း၊ တက်ဦးလော့ဟု ကဲ့ရဲ့ကြ၏။
Derfra gikk han op til Betel, og mens han gikk opefter veien, kom det nogen smågutter ut fra byen; de spottet ham og ropte til ham: Kom her op, din snauskalle! Kom her op, din snauskalle!
24 ၂၄ ဧလိရှဲသည် လှည့်ကြည့်ပြီးလျှင်၊ ထာဝရဘုရား၏ အခွင့်နှင့် ကျိန်ဆိုသဖြင့်၊ ဝံမနှစ်ကောင်တို့သည် တောထဲကထွက်၍ လုလင်ပျို လေးကျိပ်နှစ်ယောက်တို့ကို ကိုက်သတ်လေ၏။
Da han så vendte sig om og fikk se dem, lyste han forbannelse over dem i Herrens navn; da kom det to bjørner ut av skogen og sønderrev to og firti av barna.
25 ၂၅ ထိုမြို့မှ ကရမေလတောင်သို့၎င်း၊ ထိုတောင်မှ ရှမာရိမြို့သို့၎င်း အစဉ်အတိုင်းသွား၏။
Derfra gikk han til Karmel-fjellet og vendte derfra tilbake til Samaria.