< ၂ ရာဇဝင်ချုပ် 14 >

1 အဘိယသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဒါစိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာသ သည် ခမည်းတော်အရာ၌ နန်းထိုင်၏။ ထိုမင်းလက် ထက်၊ ပြည်တော်သည် ဆယ်နှစ်ပတ်လုံး ငြိမ်းချမ်း သာယာ၏။
အ​ဘိ​ယ​ကွယ်​လွန်​သော​အ​ခါ ဒါ​ဝိဒ်​မြို့​တော် ရှိ​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​အာ​သ​သည်​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။ ထို​မင်း​၏​လက်​ထက်​၌​ပြည်​တော် သည် ဆယ်​နှစ်​တိုင်​တိုင်​ငြိမ်း​ချမ်း​သာ​ယာ​လျက် နေ​၏။-
2 အာသမင်းသည် မိမိဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ကောင်းသောအမှု၊ ဖြောင့်မတ်သော အမှုတို့ကို ပြုလေ၏။
အာ​သ​သည်​ကောင်း​သော​အ​မှု၊ ဖြောင့်​မတ်​သော အ​မှု​တို့​ကို​ပြု​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​တွင်​မျက်​နှာ​ရ​တော်​မူ​၏။-
3 တပါးအမျိုးသားဘုရား၏ ယဇ်ပလ္လင်တို့ကို၎င်း၊ မြင့်သောအရပ်တို့ကို၎င်း ပယ်ရှား၏။ ရုပ်တုဆင်းတုတို့ကို ဖြိုဖျက်၍၊ အာရှရပင်တို့ကို ခုတ်လှဲ၏။
သူ​သည်​လူ​မျိုး​ခြား​တို့​၏​ယဇ်​ပလ္လင်​များ​နှင့် ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​ဖြို​ဖျက် ပြီး​လျှင် ကျောက်​တိုင်​များ​နှင့်​တံ​ခွန်​တိုင် များ​ကို​ခုတ်​လှဲ​ဖျက်​ဆီး​လေ​သည်။-
4 ယုဒလူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ရှာ၍၊ ပညတ်တရားကို စောင့်ရှောက် မည်အကြောင်း မိန့်တော်မူ၏။
ယု​ဒ​ပြည်​သူ​တို့​အား​မိ​မိ​တို့​ဘိုး​ဘေး​များ ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အလို​တော် ကို​လိုက်​လျှောက်​ကြ​ရန်​နှင့်​ကိုယ်​တော်​၏ တ​ရား​တော်၊ ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-
5 ယုဒမြို့ရွာ အရပ်ရပ်တို့၌ရှိသော ကုန်းနှင့် ရုပ်တုဆင်းတုတို့ကို ပယ်ရှား၍၊ နိုင်ငံတော်ရေး သာယာ လျက် ရှိ၏။
ယု​ဒ​ပြည်​အ​မြို့​မြို့​မှ​ရုပ်​တု​ကိုး​ကွယ်​ရာ ဌာ​န​များ​နှင့် နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ပလ္လင် များ​ကို​ဖျက်​ဆီး​တော်​မူ​သ​ဖြင့် ထို​မင်း​၏ လက်​ထက်​၌​နိုင်​ငံ​တော်​သည်​ငြိမ်း​ချမ်း သာ​ယာ​လျက်​နေ​၏။-
6 ထိုကာလ၌ ငြိမ်သက်သောအခွင့်ကို ထာဝရ ဘုရားပေးတော်မူသဖြင့်၊ ယုဒပြည်သည် ငြိမ်၍၊ စစ်မှုနှင့် လွတ်သောကြောင့်၊ အာသမင်းသည် တပြည်လုံးတွင် ခိုင်ခံ့သောမြို့တို့ကို တည်လေ၏။
သူ​သည်​မိ​မိ​နန်း​စံ​နေ​ချိန်​၌​ယု​ဒ​မြို့​များ ကို တံ​တိုင်း​ကာ​ရံ​စေ​တော်​မူ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​သူ့​အား​ငြိမ်း​ချမ်း​သာ​ယာ​ရေး ကို​ပေး​တော်​မူ​သ​ဖြင့် နှစ်​ပေါင်း​များ​စွာ​စစ် ဖြစ်​ပွား​မှု​မ​ရှိ​ချေ။-
7 ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရား ကို ကြိုးစားရှာ၍၊ ထိုဘုရားသည် အရပ်ရပ်၌ ငြိမ်သက် သောအခွင့်ကို ပေးတော်မူသောကြောင့်၊ တပြည်လုံးကို အစိုးရစဉ်အခါ၊ ဤမည်သော မြို့တို့ကို ပြုစု၍ မြို့ရိုး၊ ပြအိုး၊ တံခါး၊ ကန့်လန့်ကျင်တို့ကို လုပ်ကြကုန်အံ့ဟု ယုဒလူတို့အား မိန့်တော်မူ၏။
မင်း​ကြီး​က​ယု​ဒ​ပြည်​သူ​တို့​အား``မြို့​ရိုး များ၊ ပြ​အိုး​များ၊ ကန့်​လန့်​ကျင်​များ​တပ်​ဆင် ထား​သည့်​မြို့​တံ​ခါး​များ​နှင့်​ပြည့်​စုံ​သော မြို့​များ​ကို​တည်​ဆောက်​ကြ​ကုန်​အံ့။ ငါ​တို့ သည်​ဘု​ရား​သ​ခင်​အ​လို​တော်​ကို​လိုက် လျှောက်​သည်​ဖြစ်​၍ ပြည်​တော်​ကို​ထိန်း​သိမ်း အုပ်​ချုပ်​နိုင်​ကြ​ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား က​လည်း​ငါ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက် ၍ ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​တွင်​လုံ​ခြုံ​မှု​ကို ပေး​တော်​မူ​ပြီ'' ဟု​မိန့်​ဆို​သည့်​အ​တိုင်း​ခံ တပ်​မြို့​များ​ကို​တည်​ဆောက်​၍​ထ​မြောက် အောင်​မြင်​ကြ​၏။-
8 အာသမင်း၌ ကိဒုန်နှင့်လှံကိုကိုင်သော ယုဒ အမျိုး သူရဲသုံးသိန်း၊ ဒိုင်းလွှားနှင့်လေးကိုကိုင်သော ဗင်္ယာမိန်အမျိုးသူရဲနှစ်သိန်းရှစ်သောင်းရှိ၍၊ ထိုသူ အပေါင်းတို့သည် ခွန်အားကြီးသော စစ်သူရဲဖြစ်ကြ၏။
အာ​သ​မင်း​တွင်​ဒိုင်း​လွှား​လှံ​တံ​ကိုင်​ဆောင်​သူ ယု​ဒ​စစ်​သည်​သုံး​သိန်း​နှင့် ဗင်္ယာ​မိန်​စစ်​သည်​နှစ် သိန်း​ရှစ်​သောင်း​ပါ​ဝင်​သည့်​တပ်​မ​တော်​ရှိ​လေ သည်။ ထို​သူ​အ​ပေါင်း​တို့​သည်​ရဲ​စွမ်း​သတ္တိ​ရှိ​၍ ကောင်း​စွာ​လေ့​ကျင့်​ထား​သူ​များ​ဖြစ်​ကြ​၏။
9 တဖန်ကုရှရှင်ဘုရင် ဇေရသည်စစ်သူရဲတသန်း၊ ရထားသုံးရာနှင့်တကွ ချီလာ၍၊ မရေရှမြို့သို့ ရောက် သောအခါ၊
ဆူ​ဒန်​အ​မျိုး​သား​ဇေ​ရ​ဆို​သူ​သည်​စစ်​သည် တစ်​သန်း၊ စစ်​ရ​ထား​သုံး​ရာ​ဖြင့်​ယု​ဒ​ပြည် သို့​ချင်း​နင်း​ဝင်​ရောက်​ကာ​မ​ရေ​ရှ​မြို့​တိုင် အောင်​ချီ​တက်​လာ​လေ​သည်။-
10 ၁၀ အာသသည်ဆီးကြို၍၊ မရေရှမြို့နားမှာ ဇေဖ သချိုင့်၌ စစ်ပြိုင်ကြ၏။
၁၀ထို​အ​ခါ​အာ​သ​သည်​ထို​သူ​အား​တိုက်​ခိုက် ရန်​ထွက်​လာ​ပြီး​လျှင် ဇေ​ဖ​သ​ချိုင့်​ဝှမ်း​တွင် နေ​ရာ​ယူ​၍၊-
11 ၁၁ အာသသည် မိမိဘုရားသခင် ထာဝရဘုရား အား ဟစ်ခေါ်၍၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် လူများတို့တွင် အားနည်းသောသူကို ကယ်တက်ခြင်းငှါ တတ်နိုင်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၊ ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုခိုလှုံ၍ နာမတော်ကိုအမှီပြုလျက်၊ ဤအလုံး အရင်းကြီးကို တိုက်ခြင်းငှါ သွားပါ၏။ ဘိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ ၏။ လူသည် ကိုယ်တော်ကိုနိုင်စေသော အခွင့်ရှိစေတော် မမူပါနှင့်ဟု ဆုတောင်းသည်ဖြစ်၍၊
၁၁မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အင်​အား​ကြီး မား​သော​တပ်​ကို​ကူ​မ​တော်​မူ​နိုင်​သည့်​နည်း တူ အင်​အား​နည်း​သော​တပ်​ကို​လည်း​ကူ​မ​တော် မူ​နိုင်​ပါ​၏။ အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​ကို အား​ကိုး​လျက်​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ဤ ကြီး​မား​လှ​သော​တပ်​မ​တော်​ကို​တိုက်​ခိုက် ရန်​ထွက်​ခဲ့​ကြ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​အား​အ​ဘယ် သူ​မျှ​မ​နှိမ်​နင်း​နိုင်​ပါ'' ဟု​ပတ္ထနာ​ပြု​တော် မူ​၏။
12 ၁၂ ထာဝရဘုရားသည် ကုရှလူတို့ကို အာသနှင့် ယုဒလူတို့ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့်၊ သူတို့သည် ပြေးကြ၏။
၁၂အာ​သ​နှင့်​ယု​ဒ​တပ်​မ​တော်​သည်​ဆူ​ဒန် အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ကြ​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ဆူ​ဒန်​အ​မျိုး သား​တို့​ကို​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​၏။-
13 ၁၃ အာသနှင့်သူ၏လူတို့သည် ဂေရာမြို့တိုင်အောင် လိုက်သဖြင့်၊ ကုရှလူတို့သည် ပြန်၍မတိုက်ဝံ့သောကြောင့် အရှုံးခံရကြ၏။ ထာဝရဘုရားနှင့် ဗိုလ်ခြေတော်ရှေ့မှာ ဖျက်ဆီးခြင်းကို ခံရကြ၏။ ယုဒလူတို့သည် လက်ရဥစ္စာ အများကို သိမ်းယူကြ၏။
၁၃ထို​သူ​တို့​ကို​အာ​သ​နှင့်​သူ​၏​တပ်​သား​တို့ သည်​ဂေ​ရာ​မြို့​တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက် ကြ​လေ​သည်။ ဆူ​ဒန်​အ​မျိုး​သား​အ​မြောက် အ​မြား​ကျ​ဆုံး​သ​ဖြင့်​သူ​တို့​သည်​ပြန်​လည် တိုက်​ခိုက်​ရန်​စု​ရုံး​နိုင်​စွမ်း​မ​ရှိ​ကြ​တော့​ချေ။ ထာ​ဝရ​ဘု​ရား​နှင့်​ယု​ဒ​တပ်​မ​တော်​၏​လက် တွင်​အ​ရေး​ရှုံး​နိမ့်​ကြ​လေ​၏။ ယု​ဒ​တပ်​မ တော်​သား​တို့​သည်​လည်း​လက်​ရ​ပစ္စည်း​အ​မြောက် အ​မြား​ကို​သိမ်း​ယူ​ရ​ရှိ​ကြ​လေ​သည်။-
14 ၁၄ ဂေရာမြို့ပတ်ဝန်းကျင်မြို့သားတို့သည် ထာဝရ ဘုရားကို ကြောက်ရွံ့သောစိတ်ရှိသဖြင့်၊ ယုဒလူတို့သည် ထိုမြို့ရှိသမျှတို့ကို လုပ်ကြံ၍၊ သိုထားနှင့်သော ဘဏ္ဍာ ဥစ္စာအများတို့ကို သိမ်းယူကြ၏။
၁၄ထို​နောက်​ဂေ​ရာ​မြို့​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​လန့်​လျက် နေ​ကြ​သ​ဖြင့် ယု​ဒ​တပ်​မ​တော်​သား​တို့​သည် ထို​မြို့​များ​ကို​ဖြို​ဖျက်​နိုင်​ကြ​လေ​သည်။ သူ တို့​သည်​ထို​မြို့​အ​ပေါင်း​ကို​တိုက်​ခိုက်​ကြ​ရာ လက်​ရ​ပစ္စည်း​အ​မြောက်​အ​မြား​ကို​သိမ်း​ယူ ရ​ရှိ​ကြ​၏။-
15 ၁၅ တိရစ္ဆာန်တင်းကုပ်များကိုလည်း တိုက်ဖျက် လျက်၊ သိုးနှင့်ကု လားအုပ်များတို့ကို သိမ်းယူ၍။ ယေရု ရှလင်မြို့သို့ ပြန်သွားကြ၏။
၁၅သူ​တို့​သည်​သိုး​ထိန်း​စ​ခန်း​အ​ချို့​ကို​လည်း တိုက်​ခိုက်​၍ သိုး​နှင့်​ကု​လား​အုတ်​အ​မြောက် အ​မြား​ကို​သိမ်း​ယူ​ကြ​ပြီး​နောက်​ယေ​ရု ရှ​လင်​မြို့​သို့​ပြန်​သွား​ကြ​၏။

< ၂ ရာဇဝင်ချုပ် 14 >