< ဇေဖနိ 1 >
1 ၁ ယုဒ ရှင်ဘုရင် အာမုန် သား ယောရှိ မင်းလက်ထက် ၊ ဟိဇကိ ၊ အာမရိ ၊ ဂေဒလိ တို့မှ ဆင်းသက်သော ကုရှိ ၏သား ဇေဖနိ သို့ ရောက် လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊
Parole du Seigneur, qui vint à Sophonie, fils de Chusi, fils de Godolias, fils d'Amorias, fils d'Ézécias, durant les jours de Josias, fils d'Amon, roi de Juda.
2 ၂ ပြည် တပြည်လုံး ၌ ရှိလေသမျှ တို့ကို အကုန်အစင် ငါသုတ်သင်ပယ်ရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Que toute chose tombe de défaillance sur la face de la terre, dit le Seigneur.
3 ၃ လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ရှင်း မည်။ မိုဃ်း ကောင်းကင် ငှက် နှင့် ပင်လယ် ငါး တို့ကို၎င်း၊ အဓမ္မ လူတို့ နှင့်တကွ ပြစ်မှား စရာအကြောင်းတို့ကို၎င်းငါပယ်ရှင်းမည်။ မြေ တပြင်လုံး ၌ ရှိသောလူ သတ္တဝါတို့ကိုလည်း ငါ ပယ်ရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Que l'homme et les bêtes disparaissent; que disparaissent les oiseaux du ciel et les poissons de la mer; et les impies seront sans force, et Je chasserai les pécheurs de la face de la terre, dit le Seigneur.
4 ၄ ယုဒ ပြည်သူ၊ ယေရုရှလင် မြို့ သားအပေါင်း တို့ကို ငါတိုက် ၍ ၊ ဤ အရပ် ၌ ကျန် ကြွင်းသော ဗာလ ဘုရား၏ တပည့်တို့နှင့် ယဇ် ပုရောဟိတ်အမျိုးမျိုးတို့ကို၎င်း ၊
Et J'étendrai Ma main sur Juda et sur les habitants de Jérusalem; et J'effacerai de ce lieu les noms de Baal et de ses prêtres,
5 ၅ ကောင်းကင် တန်ဆာ များကို အိမ်မိုး ပေါ် မှာ ကိုးကွယ် သောသူ၊ ထာဝရဘုရား နှင့် မာလခံ ဘုရားကို တိုင်တည် လျက် ကျိန်ဆိုကိုးကွယ် သောသူတို့ ကို၎င်း ၊
et ceux qui adorent sur leurs terrasses l'armée du ciel, et se prosternent en jurant par le Seigneur, et ceux qui jurent par leur roi,
6 ၆ ထာဝရဘုရား ၏နောက် တော်သို့ မလိုက်၊ ဆုတ် သွားသောသူ၊ ထာဝရဘုရား ကို မ ရှာဖွေ ၊ မ မေးမြန်း သောသူတို့ ကို၎င်း ငါပယ်ရှင်း မည်။
et ceux qui s'éloignent du Seigneur, et ceux qui ne cherchent pas le Seigneur, et ceux qui ne s'attachent pas au Seigneur.
7 ၇ အရှင် ထာဝရဘုရား ၏ရှေ့ တော်၌ ငြိမ်ဝပ် စွာ နေကြလော့။ ထာဝရဘုရား ၏နေ့ နီး ပြီ။ ထာဝရဘုရား သည် မိမိယဇ် ပွဲတော်ကို ပြင်ဆင် ၍၊ ပွဲဝင် သောသူတို့ ကို သန့်ရှင်းစေတော်မူပြီ။
Craignez la face du Seigneur Dieu; car le jour du Seigneur est proche, et le Seigneur a préparé Sa victoire, et Il a sanctifié Ses convives.
8 ၈ ထာဝရဘုရား ပွဲခံတော်မူသောနေ့ ၌ မင်း များ၊ ဆွေ တော် မျိုးတော်များနှင့် ထူးခြားစွာ ဝတ် သောသူများ အပေါင်း တို့ကို ငါစစ်ကြော မည်။
Et il arrivera que, le jour du sacrifice du Seigneur, Je tirerai vengeance des princes et de la maison du roi, et de tous ceux qui ont porté des vêtements étrangers.
9 ၉ သူတပါး၏အိမ်တံခါးခုံ ကို ကျော် ၍ အနိုင်အထက် ပြုခြင်း၊ လှည့်စား ခြင်းအားဖြင့်ရသောဥစ္စာနှင့် မိမိ သခင် ၏ အိမ် ကို ပြည့် စေသောသူအပေါင်း တို့ကိုလည်း ထို နေ့ ၌ ငါစစ်ကြော မည်။
Et ce jour-là Je tirerai dans les parvis une vengeance éclatante de ceux qui remplissent d'impiété et de fraude le temple du Seigneur leur Dieu.
10 ၁၀ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို နေ့ ၌ ငါး တံခါးဝ မှာ အော်ဟစ် သံ ကို၎င်း ၊ ဒုတိယ မြို့၌ ငိုကြွေး မြည်တမ်းသံကို၎င်း ၊ တောင်ရိုး ၌ ပြင်း စွာချိုးဖျက် သံကို၎င်း ကြားရ၏။
Et ce jour-là, dit le Seigneur, il y aura des cris à la porte des Assaillants, des hurlements à la seconde porte, et de grands brisements de cœur sur les collines.
11 ၁၁ မတ္တေရှ အရပ် သားတို့၊ ငိုကြွေး မြည်တမ်းကြလော့ ။ ကုန်သည် အပေါင်း တို့သည် ပြတ် ကြပြီ။ ငွေ ကို ဆောင် သောသူအပေါင်း တို့သည် ဆုံး ကြပြီ။
Pleurez, vous qui habitez cette ville abattue; car tout le peuple est devenu comme Chanaan, et tous ceux qui se glorifiaient de leur argent ont été exterminés.
12 ၁၂ ထို ကာလ ၌ ငါသည် မီးခွက် ကို ကိုင်၍ ယေရုရှလင် မြို့ကို စစ်ကြောမည်။ ထာဝရဘုရား သည် ကျေးဇူး ကိုလည်း မ ပြု၊ အပြစ် ကိုလည်း မ ပေးဟု အောက်မေ့ လျက်၊ မိမိ တို့အနည် အဖတ်ပေါ် ၌ နေရာ ကျသောသူ တို့ ကို ငါစစ်ကြော မည်။
Et en ce jour-là, Je chercherai Jérusalem la lampe à la main, et Je tirerai vengeance des hommes qui méprisent Mes commandements, et qui disent en leur cœur: Le Seigneur ne fera pas de bien, Il ne fera pas de mal.
13 ၁၃ ထိုသူ တို့၏ဥစ္စာ ကို သူတပါးလုယူ ၍ ၊ သူ တို့၏ နေရာ သည် လူဆိတ်ညံ လျက် ရှိ လိမ့်မည်။ အိမ် ကို ဆောက် သော်လည်း မ နေ ရကြ။ စပျစ် ဥယျာဉ်ကို စိုက် သော်လည်း စပျစ်ရည် ကို မ သောက် ရကြ။
Leur richesse sera mise au pillage, et leurs maisons en ruines. Ils se bâtiront des demeures, et ils ne les habiteront pas; ils planteront des vignes, et ils n'en boiront pas le vin.
14 ၁၄ ထာဝရဘုရား ၏နေ့ ကြီး နီး ပြီ။ နီး ပြီ။ အလျင်အမြန် လာ၏။ ထာဝရဘုရား ၏ နေ့ သိတင်း သည် နား၌ ခါး ၏။ ထိုနေ့၌ သူရဲ သည် အော်ဟစ် လိမ့်မည်။
Car le grand jour du Seigneur est proche; il est proche, il accourt. Le bruit du jour du Seigneur est lamentable et terrible.
15 ၁၅ ထို နေ့ သည် အမျက် ထွက်သောနေ့ ၊ ဆင်းရဲ ပူပန် ခြင်းကို ခံရသောနေ့ ၊ သုတ်သင် ပယ်ရှင်းဖျက်ဆီး ရာနေ့ ၊ အလင်း ကွယ်၍ မှောင်မိုက် သောနေ့ ၊ မိုဃ်းအုံ့ ၍ ထူထပ် သောမှောင်မိုက် ဖုံးလွှမ်းသောနေ့ ၊
Le jour de Sa colère est un grand jour; ce jour-là est un jour d'affliction et de calamité; c'est un jour d'angoisse et d'extermination, un jour d'ombre et de ténèbres, un jour de nuages et de vapeurs.
16 ၁၆ ခိုင်ခံ့ သောမြို့ ၊ မြင့် သောရဲတိုက် တို့တဘက် ၌ တံပိုး မှုတ်၍ ကြွေးကြော် ရာနေ့ ဖြစ်၏။
En ce jour-là, sur les villes fortes et sur les cimes élevées, les cris et les trompettes retentissent.
17 ၁၇ သူတို့သည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ သူ တို့ကို ငါညှဉ်းဆဲ သဖြင့် မျက်စိ မမြင်သော သူကဲ့သို့ သွား ကြလိမ့်မည်။ သူ တို့အသွေး ကို မြေမှုန့် ကဲ့သို့ သွန်း ၍ အသား ကိုလည်း မစင် ကဲ့သို့ မှတ်ကြလိမ့်မည်။
Et J'écraserai tous les hommes, et ils marcheront comme des aveugles; car ils ont péché contre le Seigneur; et Il répandra leur sang comme la poussière, et leurs chairs comme le fumier.
18 ၁၈ ထာဝရဘုရား အမျက် ထွက်တော်မူသောနေ့ ၌ သူ တို့ရွှေ ငွေ သည် သူ တို့ကို မ ကယ်တင် နိုင် ရာ။ ဒေါသ အမျက်တော်မီး သည် တပြည်လုံး ကို လောင် လိမ့်မည်။ ပြည်သူ ပြည်သားအပေါင်း တို့ကို အလျင်အမြန် စီရင် ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။
Et au jour de la colère du Seigneur, ni leur argent ni leur or ne pourront les sauver; et, dans le feu de Son zèle, toute la terre périra, car Il aura hâte d'exterminer jusqu'au dernier de tous ceux qui l'habitent.