Preface
Read
+
Publisher
Nainoia, Inc.
PO Box 462, Bellefonte, PA 16823
(814) 470-8028
Nainoia Inc, Publisher
LinkedIn/NAINOIA-INC
Third Party Publisher Resources
Request Custom Formatted Verses
Please contact us below
Submit your proposed corrections
I understand that the Aionian Bible republishes public domain and Creative Commons Bible texts and that volunteers may be needed to present the original text accurately. I also understand that apocryphal text is removed and most variant verse numbering is mapped to the English standard. I have entered my corrections under the verse(s) below. Proposed corrections to the Myanmar Burmese Judson Text, Zephaniah Chapter 1 https://www.AionianBible.org/Bibles/Myanmar---Burmese-Judson/Zephaniah/1 1 ၁) ယုဒ ရှင်ဘုရင် အာမုန် သား ယောရှိ မင်းလက်ထက် ၊ ဟိဇကိ ၊ အာမရိ ၊ ဂေဒလိ တို့မှ ဆင်းသက်သော ကုရှိ ၏သား ဇေဖနိ သို့ ရောက် လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊ 2 ၂) ပြည် တပြည်လုံး ၌ ရှိလေသမျှ တို့ကို အကုန်အစင် ငါသုတ်သင်ပယ်ရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 3 ၃) လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ရှင်း မည်။ မိုဃ်း ကောင်းကင် ငှက် နှင့် ပင်လယ် ငါး တို့ကို၎င်း၊ အဓမ္မ လူတို့ နှင့်တကွ ပြစ်မှား စရာအကြောင်းတို့ကို၎င်းငါပယ်ရှင်းမည်။ မြေ တပြင်လုံး ၌ ရှိသောလူ သတ္တဝါတို့ကိုလည်း ငါ ပယ်ရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 4 ၄) ယုဒ ပြည်သူ၊ ယေရုရှလင် မြို့ သားအပေါင်း တို့ကို ငါတိုက် ၍ ၊ ဤ အရပ် ၌ ကျန် ကြွင်းသော ဗာလ ဘုရား၏ တပည့်တို့နှင့် ယဇ် ပုရောဟိတ်အမျိုးမျိုးတို့ကို၎င်း ၊ 5 ၅) ကောင်းကင် တန်ဆာ များကို အိမ်မိုး ပေါ် မှာ ကိုးကွယ် သောသူ၊ ထာဝရဘုရား နှင့် မာလခံ ဘုရားကို တိုင်တည် လျက် ကျိန်ဆိုကိုးကွယ် သောသူတို့ ကို၎င်း ၊ 6 ၆) ထာဝရဘုရား ၏နောက် တော်သို့ မလိုက်၊ ဆုတ် သွားသောသူ၊ ထာဝရဘုရား ကို မ ရှာဖွေ ၊ မ မေးမြန်း သောသူတို့ ကို၎င်း ငါပယ်ရှင်း မည်။ 7 ၇) အရှင် ထာဝရဘုရား ၏ရှေ့ တော်၌ ငြိမ်ဝပ် စွာ နေကြလော့။ ထာဝရဘုရား ၏နေ့ နီး ပြီ။ ထာဝရဘုရား သည် မိမိယဇ် ပွဲတော်ကို ပြင်ဆင် ၍၊ ပွဲဝင် သောသူတို့ ကို သန့်ရှင်းစေတော်မူပြီ။ 8 ၈) ထာဝရဘုရား ပွဲခံတော်မူသောနေ့ ၌ မင်း များ၊ ဆွေ တော် မျိုးတော်များနှင့် ထူးခြားစွာ ဝတ် သောသူများ အပေါင်း တို့ကို ငါစစ်ကြော မည်။ 9 ၉) သူတပါး၏အိမ်တံခါးခုံ ကို ကျော် ၍ အနိုင်အထက် ပြုခြင်း၊ လှည့်စား ခြင်းအားဖြင့်ရသောဥစ္စာနှင့် မိမိ သခင် ၏ အိမ် ကို ပြည့် စေသောသူအပေါင်း တို့ကိုလည်း ထို နေ့ ၌ ငါစစ်ကြော မည်။ 10 ၁၀) ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို နေ့ ၌ ငါး တံခါးဝ မှာ အော်ဟစ် သံ ကို၎င်း ၊ ဒုတိယ မြို့၌ ငိုကြွေး မြည်တမ်းသံကို၎င်း ၊ တောင်ရိုး ၌ ပြင်း စွာချိုးဖျက် သံကို၎င်း ကြားရ၏။ 11 ၁၁) မတ္တေရှ အရပ် သားတို့၊ ငိုကြွေး မြည်တမ်းကြလော့ ။ ကုန်သည် အပေါင်း တို့သည် ပြတ် ကြပြီ။ ငွေ ကို ဆောင် သောသူအပေါင်း တို့သည် ဆုံး ကြပြီ။ 12 ၁၂) ထို ကာလ ၌ ငါသည် မီးခွက် ကို ကိုင်၍ ယေရုရှလင် မြို့ကို စစ်ကြောမည်။ ထာဝရဘုရား သည် ကျေးဇူး ကိုလည်း မ ပြု၊ အပြစ် ကိုလည်း မ ပေးဟု အောက်မေ့ လျက်၊ မိမိ တို့အနည် အဖတ်ပေါ် ၌ နေရာ ကျသောသူ တို့ ကို ငါစစ်ကြော မည်။ 13 ၁၃) ထိုသူ တို့၏ဥစ္စာ ကို သူတပါးလုယူ ၍ ၊ သူ တို့၏ နေရာ သည် လူဆိတ်ညံ လျက် ရှိ လိမ့်မည်။ အိမ် ကို ဆောက် သော်လည်း မ နေ ရကြ။ စပျစ် ဥယျာဉ်ကို စိုက် သော်လည်း စပျစ်ရည် ကို မ သောက် ရကြ။ 14 ၁၄) ထာဝရဘုရား ၏နေ့ ကြီး နီး ပြီ။ နီး ပြီ။ အလျင်အမြန် လာ၏။ ထာဝရဘုရား ၏ နေ့ သိတင်း သည် နား၌ ခါး ၏။ ထိုနေ့၌ သူရဲ သည် အော်ဟစ် လိမ့်မည်။ 15 ၁၅) ထို နေ့ သည် အမျက် ထွက်သောနေ့ ၊ ဆင်းရဲ ပူပန် ခြင်းကို ခံရသောနေ့ ၊ သုတ်သင် ပယ်ရှင်းဖျက်ဆီး ရာနေ့ ၊ အလင်း ကွယ်၍ မှောင်မိုက် သောနေ့ ၊ မိုဃ်းအုံ့ ၍ ထူထပ် သောမှောင်မိုက် ဖုံးလွှမ်းသောနေ့ ၊ 16 ၁၆) ခိုင်ခံ့ သောမြို့ ၊ မြင့် သောရဲတိုက် တို့တဘက် ၌ တံပိုး မှုတ်၍ ကြွေးကြော် ရာနေ့ ဖြစ်၏။ 17 ၁၇) သူတို့သည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ သူ တို့ကို ငါညှဉ်းဆဲ သဖြင့် မျက်စိ မမြင်သော သူကဲ့သို့ သွား ကြလိမ့်မည်။ သူ တို့အသွေး ကို မြေမှုန့် ကဲ့သို့ သွန်း ၍ အသား ကိုလည်း မစင် ကဲ့သို့ မှတ်ကြလိမ့်မည်။ 18 ၁၈) ထာဝရဘုရား အမျက် ထွက်တော်မူသောနေ့ ၌ သူ တို့ရွှေ ငွေ သည် သူ တို့ကို မ ကယ်တင် နိုင် ရာ။ ဒေါသ အမျက်တော်မီး သည် တပြည်လုံး ကို လောင် လိမ့်မည်။ ပြည်သူ ပြည်သားအပေါင်း တို့ကို အလျင်အမြန် စီရင် ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။ Additional comments?
Refresh Captcha
The world's first Holy Bible un-translation!