< ဇာခရိ 7 >

1 ဒါရိ မင်းကြီး နန်းစံလေး နှစ် ၊ ခိသလု မည် သော နဝမ လ လေး ရက်နေ့တွင် ၊
I Kong Darius's fjerde Regeringsaar kom HERRENS Ord til Zakarias paa den fjerde Dag i den niende Maaned, Kislev.
2 ထာဝရဘုရား ရှေ့ တော်၌ ဆုတောင်း ခြင်းငှါ ၎င်း ၊
Da sendte Betel-Sar'ezer og Regem-Melek og hans Mænd Bud for at bede HERREN om Naade
3 နှစ် ပေါင်းများစွာ ပြု သကဲ့သို့ ပဉ္စမ လ တွင် ငိုကြွေး ၍ ခြိုးခြံစွာကျင့် ရပါမည်လောဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ အိမ် တော်၌ ရှိသောယဇ် ပုရောဟိတ် နှင့် ပရောဖက် တို့အား မေးလျှောက် ခြင်းငှါ ၎င်း ၊ ရှရေဇာ ၊ ရေဂင်္မေလက် နှင့် သူ တို့လူ များကို ဘုရားသခင်၏အိမ်တော်သို့ စေလွှတ်ကြသောအခါ၊
og spørge Præsterne ved Hærskarers HERRES Hus og Profeterne: »Skal jeg græde og spæge mig i den femte Maaned, som jeg nu har gjort i saa mange Aar?«
4 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါဇာခရိ သို့ ရောက် လာ၍ ၊
Da kom Hærskarers HERRES Ord til mig saaledes:
5 ယဇ်ပုရောဟိတ် တို့နှင့် ပြည်သူ ပြည်သားအပေါင်း တို့အား သင်ဆင့်ဆို ရမည်မှာ၊ အနှစ် ခုနစ် ဆယ် ပတ်လုံးသင်တို့သည် ပဉ္စမ လနှင့် သတ္တမ လတွင် အစာရှောင် ၍ ငိုကြွေး မြည်တမ်းသောအခါ ၊ အကယ် စင်စစ်ငါ့ အလိုရှိသည်အတိုင်း ငါ့ အားအစာ ရှောင်ကြသလော ။
Sig til alt Folket i Landet og til Præsterne: Naar I har fastet og klaget i den femte og syvende Maaned i halvfjerdsindstyve Aar, var det da mig, I fastede for?
6 စား သောက် သောအခါ ၌လည်း ကိုယ် အလို အလျောက်စား သောက် ကြသည်မ ဟုတ်လော ။
Og naar I spiser og drikker, er det da ikke eder, som spiser og drikker?
7 ယေရုရှလင် မြို့မပျက်၊ စည်ပင်၍ ပတ်လည် ၌ ရှိသောမြို့ ရွာ၊ တောင် မျက်နှာအရပ်နှင့် မြေညီ သော အရပ်၌ လူများသေးသောအခါ၊ ရှေး ပရောဖက် တို့ဖြင့် ထာဝရဘုရား ကြွေးကြော် တော်မူသော အမိန့် တော် ပြည့်စုံ ပြီမ ဟုတ်လော ဟု မိန့်တော်မူ၏။
Kender I ikke de Ord, HERREN forkyndte ved de tidligere Profeter, dengang Jerusalem og dets Byer trindt om var beboet og havde Fred, og Sydlandet og Lavlandet var beboet?
8 ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ဇာခရိ သို့ ရောက် လာသည်ကား၊
Og HERRENS Ord kom til Zakarias saaledes:
9 တရား အမှုကို တရား သဖြင့် စီရင် ကြလော့။ သနားခြင်းကရုဏာ စိတ်နှင့် တယောက် ကို တယောက်ကျေးဇူး ပြု ကြလော့။
Saa siger Hærskarers HERRE: Fæld redelig Dom, vis Miskundhed og Barmhjertighed mod hverandre,
10 ၁၀ မိဘ မရှိသောသူ၊ မုတ်ဆိုးမ ၊ တကျွန်း တနိုင်ငံသား၊ ဆင်းရဲသား ကို မ ညှဉ်းဆဲ ကြနှင့်။ တယောက် ကို တယောက်မ ကောင်းသောအကြံကို မ ကြံ ကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသော်လည်း ၊
undertryk ikke Enker og faderløse, fremmede og nødlidende og tænk ikke i eders Hjerter ondt mod hverandre!
11 ၁၁ သူတို့သည် နားမထောင်ဘဲလွတ် အောင် ရုန်းကြ ၏။ မကြား စေခြင်းငှါ နား ကို ပိတ် ကြ၏။
Men de vilde ikke høre; de var stivnakkede og gjorde deres Ører døve
12 ၁၂ တရား စကားကို၎င်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ဝိညာဉ် တော်သည် ရှေး ပရောဖက် တို့ဖြင့် ထား တော်မူသောစကား ကို၎င်းသူတို့သည် မကြား စေ ခြင်းငှါ၊ မိမိ တို့နှလုံး ကို စိန် ကျောက်ကဲ့သို့ မာစေကြ၏။ ထိုကြောင့် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် အလွန် အမျက် ထွက်တော်မူ၏။
og deres Hjerter haarde som Diamant for ikke at høre Loven og de Ord, Hærskarers HERRE sendte gennem sin Aand ved de tidligere Profeter. Derfor kom der stor Vrede fra Hærskarers HERRE.
13 ၁၃ ငါဟစ်ခေါ် ၍ သူတို့သည် နား မ ထောင်သကဲ့သို့ ၊ တဖန် သူတို့သည် ဟစ်ခေါ် ၍ ငါလည်း နား မ ထောင်ဘဲ နေပြီဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
Ligesom de ikke hørte, naar han kaldte, saaledes vil jeg, sagde Hærskarers HERRE, ikke høre, naar de kalder;
14 ၁၄ သူတို့မ သိ သော လူမျိုး အပေါင်း တို့တွင် လေဘွေ တိုက်၍ ငါလွှင့်ပြီ။ ထိုကြောင့် ၊ သူ တို့ ပြည် သည် လူ ဆိတ်ညံ လျက် ရှိ၍ အဘယ်သူမျှမသွား မလာ ။ သာယာ သော ပြည် သည် သုတ်သင် ပယ်ရှင်းရာဖြစ်လေပြီတကားဟု မိန့် တော်မူ၏။
og jeg blæste dem bort blandt alle de Folk, de ikke kendte, og Landet blev øde efter dem, saa ingen drog ud eller hjem; og de gjorde det yndige Land til en Ørk.

< ဇာခရိ 7 >