Preface
Read
+
Publisher
Nainoia, Inc.
PO Box 462, Bellefonte, PA 16823
(814) 470-8028
Nainoia Inc, Publisher
LinkedIn/NAINOIA-INC
Third Party Publisher Resources
Request Custom Formatted Verses
Please contact us below
Submit your proposed corrections
I understand that the Aionian Bible republishes public domain and Creative Commons Bible texts and that volunteers may be needed to present the original text accurately. I also understand that apocryphal text is removed and most variant verse numbering is mapped to the English standard. I have entered my corrections under the verse(s) below. Proposed corrections to the Myanmar Burmese Judson Text, Zechariah Chapter 7 https://www.AionianBible.org/Bibles/Myanmar---Burmese-Judson/Zechariah/7 1 ၁) ဒါရိ မင်းကြီး နန်းစံလေး နှစ် ၊ ခိသလု မည် သော နဝမ လ လေး ရက်နေ့တွင် ၊ 2 ၂) ထာဝရဘုရား ရှေ့ တော်၌ ဆုတောင်း ခြင်းငှါ ၎င်း ၊ 3 ၃) နှစ် ပေါင်းများစွာ ပြု သကဲ့သို့ ပဉ္စမ လ တွင် ငိုကြွေး ၍ ခြိုးခြံစွာကျင့် ရပါမည်လောဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ အိမ် တော်၌ ရှိသောယဇ် ပုရောဟိတ် နှင့် ပရောဖက် တို့အား မေးလျှောက် ခြင်းငှါ ၎င်း ၊ ရှရေဇာ ၊ ရေဂင်္မေလက် နှင့် သူ တို့လူ များကို ဘုရားသခင်၏အိမ်တော်သို့ စေလွှတ်ကြသောအခါ၊ 4 ၄) ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါဇာခရိ သို့ ရောက် လာ၍ ၊ 5 ၅) ယဇ်ပုရောဟိတ် တို့နှင့် ပြည်သူ ပြည်သားအပေါင်း တို့အား သင်ဆင့်ဆို ရမည်မှာ၊ အနှစ် ခုနစ် ဆယ် ပတ်လုံးသင်တို့သည် ပဉ္စမ လနှင့် သတ္တမ လတွင် အစာရှောင် ၍ ငိုကြွေး မြည်တမ်းသောအခါ ၊ အကယ် စင်စစ်ငါ့ အလိုရှိသည်အတိုင်း ငါ့ အားအစာ ရှောင်ကြသလော ။ 6 ၆) စား သောက် သောအခါ ၌လည်း ကိုယ် အလို အလျောက်စား သောက် ကြသည်မ ဟုတ်လော ။ 7 ၇) ယေရုရှလင် မြို့မပျက်၊ စည်ပင်၍ ပတ်လည် ၌ ရှိသောမြို့ ရွာ၊ တောင် မျက်နှာအရပ်နှင့် မြေညီ သော အရပ်၌ လူများသေးသောအခါ၊ ရှေး ပရောဖက် တို့ဖြင့် ထာဝရဘုရား ကြွေးကြော် တော်မူသော အမိန့် တော် ပြည့်စုံ ပြီမ ဟုတ်လော ဟု မိန့်တော်မူ၏။ 8 ၈) ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ဇာခရိ သို့ ရောက် လာသည်ကား၊ 9 ၉) တရား အမှုကို တရား သဖြင့် စီရင် ကြလော့။ သနားခြင်းကရုဏာ စိတ်နှင့် တယောက် ကို တယောက်ကျေးဇူး ပြု ကြလော့။ 10 ၁၀) မိဘ မရှိသောသူ၊ မုတ်ဆိုးမ ၊ တကျွန်း တနိုင်ငံသား၊ ဆင်းရဲသား ကို မ ညှဉ်းဆဲ ကြနှင့်။ တယောက် ကို တယောက်မ ကောင်းသောအကြံကို မ ကြံ ကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသော်လည်း ၊ 11 ၁၁) သူတို့သည် နားမထောင်ဘဲလွတ် အောင် ရုန်းကြ ၏။ မကြား စေခြင်းငှါ နား ကို ပိတ် ကြ၏။ 12 ၁၂) တရား စကားကို၎င်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ဝိညာဉ် တော်သည် ရှေး ပရောဖက် တို့ဖြင့် ထား တော်မူသောစကား ကို၎င်းသူတို့သည် မကြား စေ ခြင်းငှါ၊ မိမိ တို့နှလုံး ကို စိန် ကျောက်ကဲ့သို့ မာစေကြ၏။ ထိုကြောင့် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် အလွန် အမျက် ထွက်တော်မူ၏။ 13 ၁၃) ငါဟစ်ခေါ် ၍ သူတို့သည် နား မ ထောင်သကဲ့သို့ ၊ တဖန် သူတို့သည် ဟစ်ခေါ် ၍ ငါလည်း နား မ ထောင်ဘဲ နေပြီဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။ 14 ၁၄) သူတို့မ သိ သော လူမျိုး အပေါင်း တို့တွင် လေဘွေ တိုက်၍ ငါလွှင့်ပြီ။ ထိုကြောင့် ၊ သူ တို့ ပြည် သည် လူ ဆိတ်ညံ လျက် ရှိ၍ အဘယ်သူမျှမသွား မလာ ။ သာယာ သော ပြည် သည် သုတ်သင် ပယ်ရှင်းရာဖြစ်လေပြီတကားဟု မိန့် တော်မူ၏။ Additional comments?
Refresh Captcha
The world's first Holy Bible un-translation!