< ဇာခရိ 2 >

1 တဖန် ငါ မျှော် ကြည့် ၍ ၊ တိုင်း စရာကြိုး ကို ကိုင် သော လူ တဦးကို မြင် လျှင် ၊
I lifted up mine eyes again, and looked, and behold, a man with a measuring-line in his hand.
2 အဘယ် အရပ်သို့ သွား မည်နည်းဟု ထိုသူအားမေးသော်၊ ယေရုရှလင် မြို့ အလျား အနံ ကို သိ လို ၍ မြို့ကို တိုင်း ခြင်းငှါ သွားသည်ဟု ပြန်ပြော ၏။
Then said I, Whither goest thou? And he said to me, To measure Jerusalem, to see what is the breadth thereof, and what is the length thereof.
3 ငါ နှင့် ပြောဆို သော ကောင်းကင် တမန်သည် ထွက်သွား သော် ၊ အခြား သော ကောင်းကင် တမန်သည် ကြိုဆို လျက် ၊
And behold, the angel who talked with me went forth, and another angel went forth to meet him,
4 သင်သည် ပြေး ၍ ထို လုလင် ကို ဆင့်ဆို ရမည်မှာ၊ ယေရုရှလင် မြို့သား လူ သတ္တဝါတိရစ္ဆာန် တို့သည် အလွန် များသောကြောင့် ရွာ တို့၌ နေ ရကြလိမ့်မည်။
and said to him, Run, speak to that young man, saying: Jerusalem shall be inhabited without walls On account of the multitude of men and of cattle within her.
5 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် မြို့ ကို ကာ သောမီး မြို့ရိုး ဖြစ် မည်။ မြို့ အလယ် ၌ လည်း ငါသည် မြို့၏ဘုန်း အသရေဖြစ် မည်။
And I will be to her, saith Jehovah, A wall of fire round about, And glory will I be within her.
6 အချင်း တို့၊ အချင်း တို့၊ မြောက် မျက်နှာအရပ် မှ ပြေး လာကြလော့ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။ မိုဃ်း ကောင်းကင်အောက်လေး မျက်နှာတို့၌ သင် တို့ကို ငါနှံ့ပြား စေပြီဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
Ho! ho! flee ye out of the land of the North, saith Jehovah; For toward the four winds of heaven have I scattered you abroad, saith Jehovah.
7 ဗာဗုလုန် မြို့သမီး ထံမှာနေ သောအချင်းဇိအုန် သတို့သမီး၊ အလွတ် ပြေးလော့။
Ho, Zion, escape, Thou that dwellest with the daughter of Babylon!
8 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့ကို ဖျက်ဆီး သောလူမျိုး တို့ ရှိရာသို့ ဘုန်း ထင်ရှားပြီးမှ ငါ့ ကို စေလွှတ် တော်မူ၏။ သင် တို့ကို ထိ သောသူသည် မျက် ဆန် တော်ကို ထိ သောသူဖြစ်၏။
For thus saith Jehovah of hosts: For glory hath he sent me to the nations which plundered you; (For he that toucheth you toucheth the apple of his eye.)
9 သူ တို့ကို ငါ တိုက် ၍ သူ တို့၏ ကျွန် များသည် လုယူ ဖျက်ဆီးကြလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို စေလွှတ် တော်မူသည်ကို သင်တို့သိ ရကြလိမ့်မည်။
For, behold, I will shake my hand over them, And they shall be a spoil to those that served them; And ye shall know that Jehovah of hosts hath sent me.
10 ၁၀ အို ဇိအုန် သတို့သမီး ၊ သီချင်း ဆို၍ ရွှင်လန်း လော့။ ငါ လာ ၍ သင့် အလယ် ၌ နေ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Sing and rejoice, O daughter of Zion! For, behold, I will come, And I will dwell in the midst of thee, saith Jehovah;
11 ၁၁ ထိုကာလ ၌ လူမျိုး အများ တို့သည် ထာဝရဘုရား ဘက်သို့ ဝင်စား ၍ ငါ ၏ လူ ဖြစ် ကြလိမ့်မည်။ သင့် အလယ် ၌ ငါနေ မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို သင့် ဆီ သို့ စေလွှတ် တော်မူသည်ကို သင်သိ ရ လိမ့်မည်။
And many nations shall join themselves to Jehovah in that day, And shall be my people; And I will dwell in the midst of thee; And thou shalt know that Jehovah of hosts hath sent me to thee.
12 ၁၂ ထာဝရဘုရား သည် သန့်ရှင်း သော ပြည် ၌ မိမိ အဘို့ ယုဒ ပြည်ကို အမွေခံ ၍ တဖန် ယေရုရှလင် မြို့ကို ရွေးချယ် တော်မူလိမ့်မည်။
And Jehovah will possess Judah as his portion in the holy land, And will again choose Jerusalem.
13 ၁၃ အိုလူ သတ္တဝါအပေါင်း တို့၊ ထာဝရဘုရား ရှေ့ တော်၌ ငြိမ်ဝပ် စွာနေကြလော့။ သန့်ရှင်း သော ကျိန်းဝပ် ရာဌာနတော်၌ ထ တော်မူပြီ။
Be silent, all flesh, before Jehovah! For he riseth up from his holy habitation.

< ဇာခရိ 2 >