< ဟောရှေ 11 >

1 ဣသရေလ သည် အသက် ငယ်သောအခါ ငါသည် ချစ် ၍ ငါ့ သား ကို အဲဂုတ္တု ပြည်မှ ခေါ် ခဲ့ပြီ။
When Israel was a child, I loved him, And called my son out of Egypt,
2 သူ တို့ကို ခေါ် သောသူတို့ ထံမှ ထွက်သွား ကြ၏။ ဗာလ ဘုရားတို့အား ယဇ် ပူဇော်၍ ရုပ်တု ဆင်းတုတို့အား နံ့သာပေါင်းကို မီးရှို့ ကြ၏။
But they turned away from those that called them. They sacrificed to images of Baal; They burned incense to idols.
3 ငါ သည် သွား တတ်သော အတတ်ကို ဧဖရိမ် အား လက် ဆွဲ ၍ သွန်သင်၏။ သို့သော်လည်း ၊ ငါစောင့်မ ခြင်း ကျေးဇူးကို သူသည် မ သိ ဘဲ နေ၏။
I helped Ephraim to go, Yea, I took them up in my arms; Yet they marked not that I healed them.
4 လူ ကို ဆွဲတတ်သော ကြိုး တည်းဟူသော မေတ္တာ ကြိုး နှင့် ငါဆွဲငင် ၏။ ပါးရိုး အနား သို့ ထမ်းဘိုး ကို ရွှေ့ ၍ ဖြည်းညှင်းစွာ ကျွေး ၏။
I drew them with human cords, with bands of love; I was to them as those who lift up the yoke from their jaws; I dealt gently with them, and gave them food.
5 အထံတော်သို့ မပြန်မလာဟု သူသည် ငြင်း သောကြောင့် ၊ အဲဂုတ္တု ပြည် သို့ ပြန် ၍မ သွားရ။ အာရှုရိ မင်းသည် သူ တို့ကို အုပ်စိုးရလိမ့်မည်။
They shall no more go down to Egypt; For the Assyrian shall be their king, Because they refuse to return to me.
6 ထား ဘေးသည် သူ့ နေရာမြို့ တို့ အပေါ် သို့ ရောက် ၍ မင်း တို့ကို ဖျက်ဆီး လိမ့်မည်။ သူ တို့ ကြံစည် ခြင်း အားဖြင့် ပင် သုတ်သင် ပယ်ရှင်းလိမ့်မည်။
The sword shall fall upon their cities, It shall consume their bars, and devour Because of their devices.
7 ငါ ၏လူ တို့သည် ငါ့ ထံမှလွှဲမြဲ လွှဲကြ၏။ အမြင့်ဆုံး သော ဘုရားထံသို့ ခေါ် သော်လည်း ၊ ထို ဘုရားကို အဘယ်သူမျှမ ချီးမြှောက် လို။
For my people persevere in turning away from me; Though they are called to the Most High, None will exalt him.
8 အိုဧဖရိမ် ၊ ငါသည် သင့် ကို အဘယ် သို့စွန့် နိုင် မည်နည်း။ အိုဣသရေလ ၊ သင့် ကို အဘယ်သို့ အပ်နှံ နိုင် မည်နည်း။ သင့်ကို အာဒမာ မြို့ကဲ့သို့ အဘယ်သို့ဖြစ်စေ နိုင်မည်နည်း။ ဇေဘိုင် မြို့အရာ၌ အဘယ်သို့ခန့်ထား နိုင် မည်နည်း။ ငါ သည် နှလုံး ပြောင်းလဲ ၍ အလွန် ကြင်နာသောစိတ် ရှိ၏။
How shall I give thee up, Ephraim? How shall I abandon thee, Israel? How shall I make thee as Admah? How shall I set thee as Zeboim? My heart is changed within me; Yea, my compassion is kindled.
9 ပြင်းစွာ အမျက် ထွက်သည်အတိုင်း မ ပြု လို။ ဧဖရိမ် ကို အထပ်ထပ်မ ဖျက်ဆီး လို။ ငါ သည် လူ မ ဟုတ်၊ ဘုရား သခင်ဖြစ်၏။ မြို့ထဲမှာနေသောမြို့သားမဟုတ် သော်လည်း၊ သင် တို့တွင် နေ၍ သန့်ရှင်း သော ဘုရား ဖြစ်၏။
I will not execute the fierceness of mine anger; I will not again destroy Ephraim; For I am God, and not man, The Holy One in the midst of thee, And I will not come in anger.
10 ၁၀ သူတို့သည် ထာဝရဘုရား ၏နောက် တော်သို့ လိုက် ကြလိမ့်မည်။ ခြင်္သေ့ ကဲ့သို့ ဟောက် တော်မူမည်။ ဟောက် တော်မူသောအခါ သားသမီး တို့သည် အနောက် မျက်နှာမှ အလျင် အမြန် ပြေးကြလိမ့်မည်။
They shall walk after Jehovah, when he shall roar like a lion, When he shall roar, then shall their sons hasten from the west;
11 ၁၁ စာငှက် ကဲ့သို့ အဲဂုတ္တု ပြည်မှ ၎င်း ၊ ချိုး ကဲ့သို့ အာရှုရိ ပြည် မှ ၎င်း အလျင် အမြန်ပြေးကြ၍၊ သူ တို့ကို နေရင်း အရပ်၌ ငါနေရာ ချမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
They shall hasten as a bird from Egypt, And as a dove from the land of Assyria, And I will place them in their houses, saith Jehovah.
12 ၁၂ ဧဖရိမ် သည် မုသာ စကားနှင့် ၎င်း ၊ ဣသရေလ သည် လှည့်စား ခြင်းနှင့် ၎င်း ငါ့ ကို နှောင့်ရှက် တတ်၏။ ယုဒ သည်လည်း ဘုရား သခင့်ထံ ၊ သန့်ရှင်း ၍ သစ္စာ စောင့်တော်မူသောဘုရားသခင့်ထံမှလွှဲ၍ လှည့်လည် တတ်၏။
Ephraim compasseth me about with falsehood, And the house of Israel with deceit; Judah also is inconstant toward God, Toward the holy and faithful one.

< ဟောရှေ 11 >