< ဗျာဒိတ်ကျမ်း 3 >
1 ၁ သာဒိ မြို့၌ ရှိသောအသင်းတော် ၏ တမန် ကို ဤသို့ ရေး ၍ မှာလိုက်လော့။ ဘုရားသခင် ၏ ဝိညာဉ် ခုနစ် ပါးနှင့်ကြယ် ခုနစ် လုံး ရှိ သောသူ ၏အမိန့် တော်ကား၊ သင် ၏အကျင့် ကိုငါသိ ၏။ သင် သည် အသက်ရှင်ဟန် ရှိ သော်လည်း သေ လျက် နေ သည်ကို ငါသိ၏။
To the Angel of the Church in Sardis write: — “These are the words of him who has the seven Spirits of God and the seven stars; — I know your life, and that men say of you that you are living, though you are dead.
2 ၂ မအိပ်ဘဲစောင့် ၍နေ လော့။ ကျန်ရစ် ၍ သေ လု သောအရာ တို့ ကို ပြုစု လော့။ သင် ၏အကျင့် သည် ငါ ၏ဘုရားသခင် ရှေ့ ၌မ စုံ မလင်ရှိသည်ကိုငါတွေ့ ပြီ။
Be on the watch, and strengthen what still survives, though once it was all but dead; for I have not found your life perfect in the eyes of my God.
3 ၃ ထိုကြောင့် ၊ သင်သည်ခံယူ ၍ နားထောင် ပြီးသည်အရာကို အောက်မေ့ ၍ စောင့်ရှောက် လော။ နောင်တရ လော့။ စောင့် ၍ မ နေလျှင် သူခိုး ကဲ့သို့ သင်ရှိရာသို့ ငါလာ မည်။ လာ မည့်အချိန် နာရီကိုလည်း သင်မ သိ ရ။
Therefore remember what you have received and heard, and lay it to heart and repent. Unless you are on the watch, I shall come like a thief, and you will not know at what hour I am coming to you.
4 ၄ သို့သော်လည်း ၊ သာဒိ မြို့၌ ပင် သင်တို့တွင် ကိုယ် အဝတ် ကို မ ညစ်ညူး စေသော သူနည်းနည်း ရှိသေး ၏။ ထိုသူတို့သည် ထိုက်တန် သောသူဖြစ် ၍၊ အဖြူ ဝတ်လျက် ငါ နှင့်အတူ သွားလာ ကြလိမ့်မည်။ အောင်မြင် သော သူ သည် ဖြူ သောအဝတ် ကို ဝတ်ဆင် လိမ့်မည်။
Yet there are some few among you at Sardis who did not soil their robes; they shall walk with me, robed in white, for they are worthy.
5 ၅ ထိုသူ ၏နာမ ကို အသက် စာစောင် မှ ငါသည် အလျှင်း မ ချေ ။ ငါ့ ခမည်းတော် ရှေ့ ၌၎င်း ၊ ကောင်းကင် တမန်တော်တို့၌ ၎င်း သူ ၏နာမ ကို ငါဝန်ခံ မည်။
He who conquers shall be clothed in these white robes, and I will not ‘strike his name out of the Book of Life’; but I will own him before my Father, and before his angels.
6 ၆ ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို နား ရှိ သောသူ မည်သည်ကားကြား ပါစေ။
Let him who has ears hear what the Spirit is saying to the Churches.”
7 ၇ ဖိလဒေလဖိ မြို့၌ ရှိသော အသင်းတော် ၏ တမန် ကိုဤသို့ ရေး ၍ မှာလိုက်လော့။ သန့်ရှင်း သောသူ ၊ ဟုတ်မှန် သောသူ ၊ ဒါဝိဒ် မင်း၏ တံခါးသော့ ကို ကိုင် သော သူ ၊ အဘယ်သူ မျှ မပိတ် နိုင်အောင် ဖွင့် ၍၊ အဘယ်သူ မျှ မဖွင့် နိုင်အောင် ပိတ် သောသူ ၏ အမိန့် တော်ကား။
To the Angel of the Church in Philadelphia write: — “These are the words of him who is holy and true, who holds ‘the Key of David, who opens and no one shall shut, and shuts and no one opens’: —
8 ၈ သင် ၏အကျင့် ကိုငါသိ ၏။ အဘယ်သူ မျှ မပိတ် နိုင် သောတံခါး ကို သင့် ရှေ့ ၌ငါဖွင့် ထားပြီ၊ အကြောင်းမူကား ၊ သင်သည်အနည်းငယ် သောခွန်အား ရှိသည် နှင့်၊ ငါ ၏နှုတ်ကပတ် ကို စောင့်ရှောက် ခဲ့ပြီ။
I know your life (see, I have set a door open before you which no one is able to shut), I know that, though you have but little strength, you kept my teaching in mind, and did not disown my Name.
9 ၉ ငါ ၏နာမ ကိုလည်း မ စွန့် မပယ်။ ယုဒ လူ ဖြစ် ယောင်ဆောင်၍ အမှန် မ ဟုတ်ဘဲ ၊ မုသာ စကားကိုပြော သောသူတည်းဟူသော၊ စာတန် ၏ အပေါင်းအသင်းဝင်သူ အချို့တို့ကို သင်၌ငါအပ်ပေး မည်။ သူ တို့သည်လာ ၍ သင် ၏ခြေ ရင်း၌ ပြပ်ဝပ် စေခြင်းငှာ ၎င်း ၊ ငါ သည်သင့် ကို ချစ် သည်ဟု သိ စေရခြင်းငှာ ၎င်း ငါပြု မည်။
Listen, I give some of the Congregation of Satan, the men who declare that they are Jews, though they are not, but are lying — I will make them ‘come and bow down at your feet,’ and they shall learn that I loved you.
10 ၁၀ သင်သည် ငါ ၏သည်းခံ ခြင်းနှင့် စပ်ဆိုင်သော နှုတ်ကပတ် တရားကိုစောင့်ရှောက် သောကြောင့် ၊ မြေကြီး အပေါ် ၌နေ သောသူ တို့ကိုစုံစမ်း စေခြင်းငှာ၊ လောကီ နိုင်ငံအရပ်ရပ် တို့ကို နှံ့ပြား လတံ့သော စုံစမ်း ရာ ကာလ တွင် ၊ သင့် ကိုငါ စောင့်ရှောက် မည်။
Because you kept in mind the story of my endurance, I will keep you in the hour of trial that is about to come upon the whole world, the hour that will test all who are living upon earth.
11 ၁၁ ငါသည်အလျင်အမြန် လာ မည်။ သင် ၏ သရဖူ ကို အဘယ်သူ မျှမယူ စေခြင်းငှာ ၊ ရ ခဲ့ပြီးသော အရာ ကို စွဲကိုင် လော့။
I will come quickly. Hold to what you have received, that no one may take your crown.
12 ၁၂ အကြင်သူ သည် အောင်မြင် ၏။ ထိုသူ ကို ငါသည်ငါ ၏ဘုရားသခင် ဗိမာန် တော်၌ တိုင် ဖြစ်စေ မည်။ နောင်တဖန် သူသည်ပြင် သို့ မ ရွေ့ ရ။ ငါ ၏ ဘုရားသခင် နာမ တော်ကို၎င်း ၊ ငါ ၏ဘုရားသခင့် အထံတော် မှ ထွက်၍၊ ကောင်းကင် ဘုံမှ ဆင်းသက် သောယေရုရှလင် မြို့သစ် တည်းဟူသော၊ ငါ ၏ဘုရားသခင် မြို့ တော်၏ နာမ ကို၎င်း၊ ငါ ၏နာမ သစ် ကို၎င်း ၊ ထိုသူ အပေါ် ၌ငါသည် အက္ခရာတင် မည်။
He who conquers — I will make him a pillar in the Temple of my God; and never more shall he leave it; and I will write on him the name of my God and the name of the City of my God, the New Jerusalem, which is coming down out of Heaven from my God, and I will write on him my new name.
13 ၁၃ ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို နား ရှိ သော သူ မည်သည်ကားကြား ပါစေ။
Let him who has ears hear what the Spirit is saying to the Churches.”
14 ၁၄ လောဒိကိ မြို့၌ ရှိသော အသင်းတော် ၏ တမန် ကိုဤသို့ ရေး ၍ မှာလိုက်လော့။ ဘုရားသခင် ၏ ဝေနေယျ သတ္တဝါတို့အထွဋ် ၊ သစ္စာရှိ ၍ ဟုတ်မှန် သော သက်သေခံ ၊ အာမင် ၏ အမိန့် တော်ကား၊
To the Angel of the Church in Laodicaea write: — “These are the words of the Unchanging One, ‘the Witness faithful and true, the Beginning of the Creation of God’: —
15 ၁၅ သင် ၏အကျင့် ကိုငါသိ ၏။ သင်သည် အဧ မ ဟုတ် ၊ အပူ မဟုတ်သည်ကို ငါသိ၏။ ဧ ခြင်းဖြစ်စေ။ ပူ ခြင်းဖြစ်စေ၊ တခုခုကိုငါအလိုရှိ ၏။
I know your life; I know that you are neither cold nor hot. Would that you were either cold or hot!
16 ၁၆ ထိုသို့ အဧ မ ဟုတ်၊ အပူ မ ဟုတ်၊ နွေး ရုံရှိ သောကြောင့် ငါ ၏ခံတွင်း သည် သင့် ကိုထွေး လု ပြီ။
But now, because you are lukewarm, neither hot not cold, I am about to spit you out of my mouth.
17 ၁၇ သင်ကလည်း၊ ငါသည်ဥစ္စာ ရတတ်၏။ ဘဏ္ဍာ များကိုဆည်းပူးပြီး။ တစ်စုံတစ်ခု ကိုမျှမလို ဟုပြောဆို ၍ ကိုယ်တိုင်ပင်ပန်း ခြင်း၊ သနား ဘွယ်ဖြစ်ခြင်း၊ ဆင်းရဲ ခြင်း၊ မျက်စိ ကန်းခြင်း၊ အဝတ် အချည်းစည်းရှိခြင်း ဖြစ် သည်ကို မ သိ ပါတကား ။
You say ‘I am rich and have grown rich, and I want for nothing,’ and you do not know that you are wretched, miserable, poor, blind, naked!
18 ၁၈ သင်သည်ဥစ္စာ ရတတ်ခြင်းငှာ ၊ မီး နှင့် ချွတ် ပြီးသောရွှေ ကို၎င်း၊ အဝတ် အချည်းစည်းရှိ၍၊ သူတစ်ပါး ရှေ့တွင် မ ရှက် စေခြင်းငှာ ခြုံ စရာဘို့၊ ဖြူ သောအဝတ် ကို၎င်း ငါ့ ထံမှာ ဝယ် လော့။ သင် ၏မျက်စိ မြင် စေခြင်းငှာ ၊ မျက်စိ ၌မျက်စဉ်း ခတ်လော့ဟု သင့် အားငါ သည် အကြံပေး၏။
Therefore I counsel you to buy from me gold which has been refined by fire, that you may grow rich; and white robes, that you may be clothed and your shameful nakedness be hidden; and ointment to anoint your eyes, that you may see.
19 ၁၉ ငါ ချစ် သမျှ သော သူတို့၏အပြစ်ကိုငါစစ်ဆေး ၍ သူတို့ကိုဆုံးမ တတ်၏။ ထိုကြောင့် ကိုယ် စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရ လော့။
‘All whom I love I rebuke and discipline.’ Therefore be in earnest and repent.
20 ၂၀ ငါ သည်တံခါး ရှေ့ မှာရပ်၍ ခေါက် လျက်နေ၏။ အကြင်သူ သည် ငါ ၏အသံ ကို ကြား ၍ တံခါး ကိုဖွင့် အံ့၊ ထိုသူ ရှိရာ သို့ငါဝင် ၍ သူ နှင့်အတူ စား သောက်မည်။ သူ သည်လည်း ငါ နှင့်အတူ စားသောက်ရလိမ့်မည်။
I am standing at the door and knocking! If any one hears my voice and opens the door, I will go in, and will feast with him, and he shall feast with me.
21 ၂၁ ငါ သည်အောင်မြင် ၍ ငါ့ ခမည်းတော် ၏ ပလ္လင် တော်ပေါ်မှာ ခမည်းတော် နှင့်အတူ ထိုင် နေသကဲ့သို့ ၊ အောင်မြင် သော သူ သည်ငါ ၏ ပလ္လင် ပေါ်မှာ ငါ နှင့်အတူ ထိုင် နေရသောအခွင့်ကိုငါပေး မည်။
To him who conquers — to him I will give the right to sit beside me on my throne, as I, when I conquered, took my seat beside my Father on his throne.
22 ၂၂ ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို နား ရှိ သောသူ မည်သည်ကားကြား ပါစေဟုမိန့်တော်မူ၏။
Let him who has ears hear what the Spirit is saying to the Churches.”