< ဗျာဒိတ်ကျမ်း 2 >

1 ဧဖက် မြို့၌ ရှိသော အသင်းတော် ၏တမန် ကို ဤသို့ ရေး ၍မှာ လိုက်လော့။ လက်ျာ လက်၌ ကြယ် ခုနစ် လုံးကိုကိုင် ၍၊ ရွှေ မီးခွက် ခုနစ် လုံးအလယ် ၌ သွားလာ သောသူ ၏အမိန့် တော်ကား၊ သင် အကျင့် ကျင့်ခြင်း၊ ပင်ပန်း စွာ လုပ်ဆောင်ခြင်း၊ သည်းခံ ခြင်းကိုငါသိ ၏။
To the Angel of the Church in Ephesus write: — “These are the words of him who holds the seven stars in his right hand, and walks among the seven golden lamps: —
2 သင်သည်မတရား သောသူတို့ကို လက် မ ခံနိုင် ကြောင်း ကို၎င်း၊ တမန်တော်မ ဟုတ် ဘဲ၊ တမန်တော် ဖြစ် ယောင်ဆောင်သောသူ တို့ကို စစ်ဆေး ၍ လှည့်ဖြား သော သူဖြစ်သည်ဟု သိ ကြောင်းကို၎င်း ၊
I know your life, your toil and endurance, and I know that you cannot tolerate evil-doers. I know, too, how you tested those who declare that they are Apostles, though they are not, and how you proved them false.
3 ခန္တီ နှင့် ပြည့်စုံ ၍။ ငါ ၏နာမ ကြောင့် ဆင်းရဲ ခံ၍ အား မ လျော့ကြောင်းကို၎င်းငါသိ၏။
You possess endurance, and have borne much for my Name, and have never grown weary.
4 သို့သော်လည်း ၊ သင်သည် ရှေးဦးစွာ သော ချစ် ခြင်းမေတ္တာလျော့ပြီ ဟုသင် ၌ အပြစ်တင်စရာရှိ ၏။
But this I have against you — You have abandoned your first love.
5 ထိုကြောင့် ၊ သင်သည်မရွေ့လျော့ မှီ ၊ အရင် နေရာ အရပ်ကို အောက်မေ့ လော့၊ နောင်တရ လော့။ ရှေးဦးစွာ သော အကျင့် ကို ကျင့် လော့၊ သို့မဟုတ်သင် ရှိရာ သို့ငါသည်အလျင်အမြန်လာ မည်။ နောင်တ မ ရလျှင် ၊ သင် ၏မီးခွက် ကိုနေရာ မှ ရွှေ့ မည်။
Therefore remember from what you have fallen, and repent, and live the life that you lived before; or else, I will come and remove your Lamp from its place, unless you repent.
6 သို့သော်လည်း ငါမုန်း သောနိကောလ တပည့်တို့၏ အကျင့် ကို သင်လည်း မုန်း သည်ဟု ပြောစရာရှိ ၏။
But this is in your favour — You hate the life lived by the Nikolaitans, and I also hate it.
7 ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို၊ နား ရှိ သောသူ မည်သည်ကားကြား ပါစေ။ အကြင်သူသည်အောင်မြင် ၏။ ထိုသူသည်ငါ၏ဘုရားသခင် ပရဒိသု ဥယျာဉ်၌ ရှိ သော အသက် ပင် ၏ အသီးကိုစား စေခြင်းငှာအခွင့်ပေး မည်။
Let him who has ears hear what the Spirit is saying to the Churches. To him who conquers — to him I will give the right ‘to eat the fruit of the Tree of life, which stands in the Paradise of God.’ “
8 စမုရန မြို့၌ ရှိသော အသင်းတော် ၏ တမန် ကို ဤသို့ ရေး ၍ မှာလိုက်လော့။ အဦးဆုံး သောသူ ၊ နောက်ဆုံး သော သူ တည်းဟူသော၊ အရင်သေ ၍ အသက် ရှင်လျက်ရှိ သော သူ ၏ အမိန့် တော်ကား၊
To the Angel of the Church in Smyrna write: — “These are the words of him who is the First and the Last, who died, but is restored to life: —
9 သင် အကျင့်ကျင့်ခြင်း၊ ဒုက္ခ ခံခြင်း၊ ဆင်းရဲ ခြင်းကိုငါသိ ၏။ သို့သော်လည်း ၊ သင်သည် ကြွယ်ဝ ပြည့်စုံခြင်း ရှိ ၏။ ယုဒ လူဖြစ် ယောင်ဆောင်၍ ယုဒလူမှန်မ ဟုတ်၊ စာတန် ၏ အပေါင်းအသင်းဖြစ်သော သူတို့၏ ကဲ့ရဲ့ခြင်း ကိုလည်း ငါသိ၏။
I know your persecution and your poverty — yet you are rich! I know, too, the slander that comes from those who declare that they are Jews, though they are not, but are a Congregation of Satan.
10 ၁၀ သင်သည်ခံရမည့်အရာ တစ်စုံတစ်ခုကိုမျှ မ ကြောက် နှင့်။ သင်တို့သည် စုံစမ်း ခြင်းကိုခံရမည် အကြောင်း ၊ မာရ်နတ် သည် သင် တို့တွင် အချို့ကို ထောင် ထဲ၌ လှောင် ထား၍၊ သင်တို့သည် ဆယ် ရက် ပတ်လုံးဆင်းရဲ ဒုက္ခကိုခံရ ကြလိမ့်မည်။ သေ သည်တိုင်အောင် သစ္စာစောင့် လော့။ သို့ဖြစ်လျှင် ၊ အသက် သရဖူ ကို ငါပေး မည်။
Do not be afraid of what you are about to suffer. The Devil is about to throw some of you into prison, that you may be tempted, and may undergo persecution for ten days. Be faithful even to death, and I will give you the Crown of Life.
11 ၁၁ ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို နား ရှိ သောသူ မည်သည်ကားကြား ပါစေ။ အောင်မြင် သော သူ ကို ဒုတိယ သေ ခြင်းသည် မ ညှဉ်းဆဲ ရ။
Let him who has ears hear what the Spirit is saying to the Churches. He who conquers shall suffer no hurt from the Second Death.”
12 ၁၂ ပေရဂံ မြို့၌ ရှိသော အသင်းတော် ၏ တမန် ကို ဤသို့ ရေး ၍ မှာ လိုက်လော့။ ထက် သောသန်လျက် ရှိ သော သူ ၏ အမိန့် တော်ကား၊
To the Angel of the Church in Pergamus write: — “These are the words of him who holds the sharp two-edged sword: —
13 ၁၃ သင်အကျင့်ကျင့်ခြင်းကို၎င်း၊ စာတန် ၏ ရာဇပလ္လင် ရှိရာ အရပ် တည်းဟူသောသင်၏နေရာ အရပ် ကို၎င်း ငါသိ ၏။ စာတန် ၏ နေရာ အရပ် ၌ သင် တို့တွင် အသေ သတ်ခြင်းကိုခံရသော အန္တိပ သည် သစ္စာရှိ ၍ ငါ့ ဘက်၌သက်သေခံ ရသောနေ့ရက် ကာလတွင် ပင်၊ သင်သည်ငါ ၏နာမ ကို စွဲကိုင် ၏။ ငါ ၏ယုံကြည် ခြင်းတရားကို မ စွန့် မပယ်။
I know where you dwell, where the Throne of Satan stands. And yet you hold to my Name, and you did not disown my Faith even in the days of Antipas, my faithful witness, who was put to death among you where Satan dwells.
14 ၁၄ သို့သော်လည်း ဣသရေလ အမျိုးသား တို့သည် ရုပ်တု ရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စား စေခြင်းငှာ၎င်း ၊ မတရား သော မေထုန်ကို ပြုစေခြင်းငှာ၎င်း ၊ ထိမိ ၍ လဲစရာအရာကို သူတို့ရှေ့ ၌ ချထား မည်အကြောင်း၊ ဗာလက် မင်းကိုအကြံ ပေးသောသူ တည်းဟူသောဗာလမ် ၏ အယူ ကို စွဲလမ်း သောသူတို့သည် သင်၏နေရာ ၌ရှိ ကြသည်ဖြစ်၍ ၊ သင် ၌အနည်းငယ်သော အပြစ်တင်စရာရှိ ၏။
Yet I have a few things against you — You have among you those who hold to the Teaching of Balaam, who taught Balak to put temptations in the way of the Israelites, so that they should eat idol-offerings and commit licentious acts.
15 ၁၅ ထို အယူနှင့်သဘောတူသော နိကောလ တပည့်တို့၏ အယူ ကို စွဲလမ်း သော သူတို့သည် ထိုနည်းတူ သင် ၌ ရှိ ကြ၏။
Again you have among you those who hold in the same way to the Teaching of the Nikolaitans.
16 ၁၆ ထိုကြောင့် နောင်တရ လော့။ မ ရလျှင် သင် ရှိရာသို့ငါသည် အလျင်အမြန် လာ မည်။ ထိုသူ တို့ကို ငါ့ ခံတွင်း ၏သန်လျက် နှင့် စစ်တိုက် မည်။
Therefore repent, or else, I will come quickly and contend with such men with words that will cut like a sword.
17 ၁၇ ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို၊ နား ရှိ သောသူ မည်သည်ကားကြား ပါစေ။ အကြင်သူသည် အောင်မြင် ၏။ ဝှက်ထား သောမန္န ကို၎င်း ၊ ကျောက် ဖြူ လက်ဖွဲ့ကို၎င်း၊ ထို ကျောက် ပေါ်၌ အက္ခရာတင် သောနာမ သစ် ကို၎င်း ထိုသူ အား ငါပေး မည်။ ထိုကျောက်ကိုရ သော သူ မှတစ်ပါး အဘယ်သူ မျှ ထိုနာမကို မသိ နိုင်ရာ။
Let him who has ears hear what the Spirit is saying to the Churches. To him who conquers — to him I will give a share of the mystic manna, and I will give him a white stone; and on the stone shall be inscribed a new name, which no one knows except him who receives it.”
18 ၁၈ သွာတိရ မြို့၌ ရှိသောအသင်းတော် ၏ တမန် ကို ဤသို့ ရေး ၍ မှာ လိုက်လော့။ မီး လျှံ ကဲ့သို့သော မျက်စိ နှင့်၊ ကြေးဝါ စစ်နှင့်တူ သောခြေ နှင့် ၎င်း၊ ပြည့်စုံ သော ဘုရားသခင့် သား တော်၏ အမိန့် တော်ကား၊
To the Angel of the Church in Thyatira write: — “These are the words of the Son of God, ‘whose eyes are like flaming fire, and whose feet are like brass’: —
19 ၁၉ သင် အကျင့် ကျင့်ခြင်း၊ ချစ် ခြင်း၊ အမှုဆောင် ခြင်း၊ ယုံကြည် ခြင်း၊ သည်းခံ ခြင်းကို၎င်း နောက် ကျင့် သောအကျင့် တို့သည် အရင် ကျင့်သောအကျင့်ထက် သာ၍များကြောင်းကို၎င်း ငါသိ ၏။
I know your life, your love, faith, service, and endurance; and I know that your life of late has been better than it was at first.
20 ၂၀ သို့သော်လည်း ၊ ငါ ၏အစေခံ ကျွန်တို့သည် မတရား သော မေထုန်ကို ပြုစေခြင်းငှာ၎င်း ၊ ရုပ်တု ရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စား စေခြင်းငှာ၎င်း၊ ပရောဖက်မ ဟူ၍ကိုယ် ကိုခေါ်ဝေါ်သောသင်၏ ခင်ပွန်း ယေဇဗေလ သည် သွန်သင် ၍ မှားယွင်း စေရသောအခွင့်ကို သင်သည်ပေး သောကြောင့်၊ သင် ၌ အပြစ်တင်စရာ ရှိ ၏။
Yet I have this against you — You tolerate the woman Jezebel, who declares that she is a Prophetess, and misleads my servants by her teaching, till they commit licentious acts and eat idol-offerings.
21 ၂၁ နောင်တရ သင့်သောကာလ ကို ငါပေး သော်လည်း ၊ သူသည် မိမိ မတရား သောမေထုန်ကို နောင်တရ ချင်သော စိတ်မ ရှိ။
I gave her time to repent, but she is determined not to turn from her licentiousness.
22 ၂၂ ထိုကြောင့်၊ သူ့ ကိုအိပ်ရာ ၌ ငါချထား မည်။ သူ နှင့်အတူ မတရား သော မေထုန်ကိုပြု၍ ၊ ထိုသို့သောအကျင့် ကိုနောင်တ မ ရသောသူတို့ကိုလည်း၊ ကြီးစွာ သော ဆင်းရဲ ခြင်းသို့ ရောက်စေမည်။
Therefore I am laying her upon a bed of sickness, and bringing great suffering upon those who are unfaithful with her, unless they repent and turn from a life like hers.
23 ၂၃ သူ ၏သားသမီး တို့ကိုလည်း အသေ သတ် မည်။ ငါ သည် နှလုံး ကျောက်ကပ် ကို စစ်ဆေး တော်မူသောသူ ဖြစ် ကြောင်းကို ထိုသို့သောအားဖြင့် ခပ်သိမ်း သော အသင်းတော် တို့သည် သိ ရကြလိမ့်မည်။ သင် တို့သည် အသီးအသီး ကျင့်သော အကျင့် နှင့် အလျောက်အကျိုးအပြစ်ကို ငါပေး မည်။
I will also put her children to death; and all the Churches shall learn that I am he who ‘looks into the hearts and souls of men’; and I will give to each one of you what his life deserves.
24 ၂၄ ထို မိစ္ဆာဒိဌိအယူကို ယူသောသူတို့ ခေါ်ဝေါ် သည်နှင့်အညီ ၊ စာတန် ၏ နက်နဲ သောအရာဟုခေါ်ဝေါ်သောအရာတို့ကို မကျွမ်း၊ ထိုမိစ္ဆာဒိဌိအယူကိုမယူ၊ ကြွင်း သောသွာတိရ မြို့သားတို့ကို ငါဆို သည်ကား၊ သင်တို့ သည် ရ သမျှကို ငါ လာ သည်တိုင်အောင် စွဲကိုင် ကြလော့။
But I say to the rest of you at Thyatira — all who do not accept such teaching, whose who did not learn ‘the secrets of Satan,’ as men call them — I am not laying on you any further burden;
25 ၂၅ ထိုမှတစ်ပါး အခြား သောဝန် ကို သင် တို့အပေါ် ၌ငါ မ တင်။
only hold fast to what you have received, until I come.
26 ၂၆ အကြင်သူ သည်အောင်မြင် ၍ အဆုံး တိုင်အောင် ငါ့ အကျင့် ကိုကျင့် ၏။ ငါ့ ခမည်းတော် သည် ငါ့ အား အခွင့် ပေးတော်မူသကဲ့သို့ ၊ လူမျိုး တို့ကို အုပ်စိုး စေခြင်းငှာထိုသူ အားငါ သည် အခွင့်ပေးမည်။
To him who conquers and is careful to live my life to the end — to him I will give authority over the nations,
27 ၂၇ ထိုသူသည် သူ တို့ကိုသံ လှံတံ နှင့် အုပ်စိုး ၍ ၊ မြေ အိုး ကိုခွဲဖျက် သကဲ့သို့ ခွဲဖျက်လိမ့်မည်။
and ‘he shall rule them with an iron rod, as when earthen vessels are broken in pieces’ (as I myself have received from my Father)
28 ၂၈ မိုဃ်းသောက် ကြယ် ကိုလည်း ထိုသူ အား ငါပေး မည်။
and I will give him the Morning Star.
29 ၂၉ ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို နား ရှိ သောသူ မည်သည်ကားကြား ပါစေ။
Let him who has ears hear what the Spirit is saying to the Churches.”

< ဗျာဒိတ်ကျမ်း 2 >