Aionian Verses

သား သမီး အပေါင်း တို့သည်၊ အဘ ကို နှစ်သိမ့် စေခြင်းငှါ ကြိုးစားသော်လည်း ၊ သူသည် နှစ်သိမ့် စေသော စကားကို နား မထောင်ဘဲ၊ ငါ့ သား ရှိ ရာ မရဏာ နိုင်ငံသို့ စိတ် မသာညည်းတွားလျက် ဆင်းသက် တော့မည်ဟု ဆို လေ၏။ ထိုသို့ယောသပ်အဘသည် သား ကြောင့် ငိုကြွေး မြည်တမ်းလျက် နေလေ၏။ (Sheol h7585)
သူ​၏​သား​သ​မီး​အား​လုံး​တို့​က​သူ့​အား​နှစ် သိမ့်​ကြ​သော်​လည်း​ပူ​ဆွေး​ခြင်း​မ​ပြေ​နိုင်​ချေ။ သူ​က``ငါ​သည်​သေ​သည်​အ​ထိ​ငါ့​သား​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​ရ​တော့​မည်'' ဟု​ဆို​လေ​၏။ ထို့ ကြောင့်​သူ​သည်​သား​ယော​သပ်​အ​တွက်​ဆက် လက်​၍​ငို​ကြွေး​မြည်​တမ်း​လျက်​ရှိ​နေ​လေ​၏။- (Sheol h7585)
အဘကလည်း၊ သင် တို့နှင့်အတူ ငါ့ သား မ သွား ရ။ သူ ၏အစ်ကို သေ ပြီ။ သူ သည် တယောက် တည်း ကျန်ရစ် ၏။ သင်တို့သွား ရာလမ်း ခရီးတွင် သူ ၌ ဘေး ရောက် လျှင် ၊ သင်တို့သည် ငါ့ ဆံပင် ဖြူကို ဝမ်းနည်း ခြင်းနှင့်တကွ မရဏာ နိုင်ငံသို့ သက်ရောက် စေကြလိမ့်မည်ဟု ဆို လေ ၏။ (Sheol h7585)
သို့​ရာ​တွင်​ယာ​ကုပ်​က``ငါ့​သား​ကို​သင်​တို့​နှင့် အ​တူ​မ​လွှတ်​နိုင်။ သူ​၏​အစ်ကို​သေ​ဆုံး​ပြီ​ဖြစ် ၍​သူ​တစ်​ယောက်​တည်း​ကျန်​ရစ်​သည်။ ငါ​သည် အ​သက်​အ​ရွယ်​အို​မင်း​ပါ​ပြီ။ အ​ကယ်​၍​ခ​ရီး လမ်း​တွင်​သူ​သည်​ဘေး​ဥ​ပဒ်​နှင့်​တွေ့​ကြုံ​ရ သော် ငါ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​သေ ရ​ပါ​မည်'' ဟု​ဆို​လေ​၏။ (Sheol h7585)
ဤ သူကိုလည်း ငါ့ ထံ မှယူ သွား၍ သူ ၌ဘေး ရောက် လျှင် ၊ သင်တို့သည် ငါ့ ဆံပင် ဖြူကို ဝမ်းနည်း ခြင်း နှင့်တကွ မရဏာ နိုင်ငံသို့ သက်ရောက် စေကြလိမ့်မည်ဟု ကျွန်တော် တို့အား ဆို ပါ၏။ (Sheol h7585)
ယ​ခု​ဤ​သား​ကို​သင်​တို့​ခေါ်​ဆောင်​သွား​၍​သူ​သည် ဘေး​ဥ​ပဒ်​နှင့်​တွေ့​ကြုံ​ရ​သော် သင်​တို့​အ​ဖေ​အို ကြီး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​သေ​ရ​ပါ​မည်' ဟု​ဆို​ပါ​သည်။ (Sheol h7585)
သူငယ် မ ရှိသည်ကို မြင် သောအခါ အဘသေ ပါလိမ့်မည်။ ကိုယ်တော် ကျွန် တို့သည်၊ ကိုယ်တော် ကျွန် တည်းဟူသောကျွန်တော် တို့အဘ ဆံပင် ဖြူကို ဝမ်းနည်း ခြင်းနှင့်တကွ မရဏာ နိုင်ငံသို့ သက်ရောက် စေကြပါ လိမ့်မည်။ (Sheol h7585)
ဖ​ခင်​သည်​ဤ သူ​ငယ်​ကြောင့်​သာ​အ​သက်​ရှင်​လျက်​ရှိ​ပါ​သည်။ ကျွန်​တော်​တို့​သည်​ဖ​ခင်​အို​အား​ယူကြုံး​မ​ရ ဝမ်း​နည်း​လျက်​သေ​စေ​အောင်​ပြု​လုပ်​ရာ​ရောက် ပါ​မည်။- (Sheol h7585)
သို့မဟုတ် ထာဝရဘုရား သည် အသစ် ဖန်ဆင်း တော်မူသဖြင့် ၊ မြေကြီး ကွဲ ပွင့်လျက် ဤလူတို့ကို၎င်း၊ သူ တို့ နှင့်ဆိုင်သမျှ ကို၎င်း မျို ၍၊ သူတို့သည် အသက်ရှင် လျက် သေမင်း နိုင်ငံသို့ ဆင်း သွားလျှင် ၊ ထာဝရဘုရား ၌ ပြစ်မှား ကြောင်း ကို သင်တို့သည် သိ နားလည်ကြရလိမ့်မည်ဟု၊ (Sheol h7585)
သို့​ရာ​တွင်​ထာ​ဝ​ရ​ဘုရား​သည်​ယ​ခင်​က မ​ကြား​စ​ဖူး​သော​အ​မှု​ကို​ပြု​တော်​မူ​ခြင်း အား​ဖြင့် သူ​တို့​နှင့်​တ​ကွ​သူ​တို့​ပိုင်​ဆိုင်​သ​မျှ ပစ္စည်း​များ​ကို​မြေ​မျို​လိုက်​သော​ကြောင့် သူ​တို့ သည်​အ​ရှင်​လတ်​လတ်​သေ​ဆုံး​ကြ​သော် သူ တို့​ကို​ထာ​ဝ​ရ​ဘု​ရား​ပစ်​ပယ်​သည်​ဟု​သိ မှတ်​ကြ​လော့'' ဟု​လူ​အ​ပေါင်း​တို့​အား​ပြော လေ​သည်။ (Sheol h7585)
ထိုသူ တို့သည် ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှ သောသူတို့ နှင့်တကွ ၊ အသက်ရှင် လျက် သေမင်း နိုင်ငံသို့ ဆင်းသက် ၍ ၊ သူ တို့အပေါ် မှာ မြေ စေ့ ပြန်သဖြင့် ၊ သူတို့သည် ပရိသတ် မှ ပယ်ရှင်း ခြင်းကိုခံရကြ၏။ (Sheol h7585)
ထို​သို့​အား​ဖြင့်​သူ​တို့​ပိုင်​ဆိုင်​သ​မျှ​ပစ္စည်း တို့​နှင့်​အ​တူ သူ​တို့​သည်​သေ​မင်း​နိုင်​ငံ​သို့ အ​ရှင်​လတ်​လတ်​သက်​ဆင်း​ရ​ကြ​လေ​သည်။ သူ​တို့​သည်​မြေ​မျို​သ​ဖြင့်​ပျောက်​ကွယ် သွား​ကြ​လေ​၏။- (Sheol h7585)
ငါ သည် အမျက် ထွက်၍ မီး ရှို့ သဖြင့် ၊ အနက်ဆုံး သောမရဏာ နိုင်ငံသို့ လောင် လိမ့်မည်။ မြေ နှင့် မြေ အသီးအနှံ ကို ကျွမ်း စေ၍ တောင် ခြေရင်း တိုင်အောင်လောင် လိမ့်မည်။ (Sheol h7585)
ငါ​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့​တောက်​လောင်​၍ မြေ​ကြီး​ပေါ်​တွင်​ရှိ​သ​မျှ​တို့​ကို​လောင်​ကျွမ်း စေ​မည်။ အ​မျက်​တော်​မီး​သည်​မ​ရ​ဏာ​နိုင်​ငံ တိုင်​အောင်​လည်း​ကောင်း၊ တောင်​အောက်​ခြေ​သို့​တိုင်​အောင်​လည်း​ကောင်း လောင်​လိမ့်​မည်။ (Sheol h7585)
ထာဝရဘုရား သည် သေ စေသော အခွင့်၊ အသက် ရှင်စေသောအခွင့်၊ မရဏာ နိုင်ငံသို့ နှိမ့်ချ သောအခွင့်၊ ထမြောက် စေသောအခွင့် ရှိတော်မူ၏။ (Sheol h7585)
ထာ​ဝ​ရ​ဘု​ရား​သည်​သေ​စေ​ခြင်း၊ရှင်​စေ​ခြင်း ကို​လည်း​ကောင်း၊ မ​ရ​ဏာ​နိုင်​ငံ​သို့​ပို့​ဆောင်​ခြင်း၊ပြန်​လည် ခေါ်​ဆောင်​ခြင်း​ကို​လည်း​ကောင်း​ပြု​တော်​မူ​၏။ (Sheol h7585)
မရဏာ နိုင်ငံ၏ ကြိုး တို့သည် ဝိုင်း ၍ သေမင်း ၏ ကျော့ကွင်း သည် ငါ့ ကို ကျော့မိ လျက် ရှိ၏။ (Sheol h7585)
မ​ရ​ဏာ​နိုင်​ငံ​၏​ကြိုး​တို့​သည်​ငါ့​ကို​ရစ်​ပတ် ကြ​၏။ သေ​မင်း​သည်​ငါ့​ကို​ဖမ်း​ရန်​ကျော့​ကွင်း​ထောင်​၏။ (Sheol h7585)
သင် ၌ပညာ ရှိသည်အတိုင်း စီရင် လျက်၊ ဆံပင် ဖြူသော ထိုသူ ၏ဦးခေါင်းကို မရဏာ နိုင်ငံသို့ ငြိမ်ဝပ် စွာ မ ဆင်း စေနှင့်။ (Sheol h7585)
သင်​သည်​မိ​မိ​ပြု​ရ​မည့်​အ​မှု​ကို​သိ​ပေ​သည်။ သူ့​အား​သ​ဘာ​ဝ​အ​လျောက်​မ​သေ​စေ​နှင့်။ (Sheol h7585)
ထိုသူ ကို အပြစ် မရှိသော သူကဲ့သို့မ မှတ်ရဘဲ၊ သင် သည် လိမ္မာ သောသူ ဖြစ်၍ သူ ၌ အဘယ်သို့ စီရင် သင့်သည်ကို သိ သည်နှင့်အညီ၊ ဆံပင် ဖြူသော ထိုသူ ၏ ခေါင်းကို အသေသတ်ခြင်းအားဖြင့်မရဏာ နိုင်ငံသို့ ဆင်း စေလော့ဟု မှာထားတော်မူပြီးမှ၊ (Sheol h7585)
သို့​ရာ​တွင်​သင်​သည်​သူ့​ကို​အ​ပြစ်​ဒဏ်​မ​စီ ရင်​ဘဲ​မ​နေ​နှင့်။ ပြု​ရ​မည့်​အ​မှု​ကို​သင်​သိ သည်​အ​တိုင်း​သူ့​အား​သေ​ဒဏ်​စီရင်​ရ​မည်'' ဟု​မှာ​ကြား​တော်​မူ​၏။ (Sheol h7585)
မိုဃ်းတိမ် သည် ပြယ်ပျောက် ကွယ်လွင့် သကဲ့သို့၊ သင်္ချိုင်း တွင်းထဲသို့ ဆင်း သောသူသည် နောက်တဖန် မ တက် ရ။ (Sheol h7585)
မိုဃ်းတိမ်သည် ပြယ်ပျောက်ကွယ်လွင့် သကဲ့သို့၊ သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူသည် နောက်တဖန် မတက်ရ။ (Sheol h7585)
မိုဃ်းကောင်းကင် ကိုမှီသည်ဖြစ်၍သင်သည်အဘယ် သို့ပြု နိုင်သနည်း။ မရဏာ နိုင်ငံထက် နက် သည် ဖြစ်၍သင်သည်အဘယ် သို့သိ နိုင်သနည်း။ (Sheol h7585)
မိုဃ်းကောင်းကင်ကိုမှီသည်ဖြစ်၍ သင်သည်အဘယ်သို့ပြုနိုင်သနည်း။ မရဏာနိုင်ငံထက် နက်သည် ဖြစ်၍ သင်သည်အဘယ်သို့ သိနိုင်သနည်း။ (Sheol h7585)
ကိုယ်တော်သည် အကျွန်ုပ် ကို သင်္ချိုင်း တွင်း၌ ဝှက်ထား တော်မူပါစေ။ အမျက် တော်မလွန် မှီတိုင်အောင် ကွယ်ကာ တော်မူပါစေ။ အကျွန်ုပ် ကိုအောက်မေ့ စရာ အချိန် ကို ချိန်းချက် တော်မူပါစေ။ (Sheol h7585)
ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော်မလွန်မှီတိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ် ကိုအောက်မေ့စရာ အချိန်ကို ချိန်းချက်တော်မူပါစေ။ (Sheol h7585)
သင်္ချိုင်း သည် ငါ့ နေရာ ဖြစ်သည်ကို ငါမြော်လင့် ၏။ ငါ့ အိပ်ရာ သည် မှောင်မိုက် ၌ ခင်း လျက်ရှိ၏။ (Sheol h7585)
သင်္ချိုင်းသည် ငါ့နေရာဖြစ်သည်ကို ငါမြော်လင့် ၏။ ငါ့အိပ်ရာသည် မှောင်မိုက်၌ ခင်းလျက်ရှိ၏။ (Sheol h7585)
ထိုအကြောင်းသည် မရဏ နိုင်ငံအထဲသို့ဝင်၍၊ ငါနှင့်အတူ မြေမှုန့် ၌ နှိမ့်ချလျက်နေရမည်ဟု မြွက်ဆို၏။ (Sheol h7585)
ထိုအကြောင်းသည် မရဏနိုင်ငံအထဲသို့ဝင်၍၊ ငါနှင့်အတူ မြေမှုန့်၌ နှိမ့်ချလျက်နေရမည်ဟု မြွက်ဆို၏။ (Sheol h7585)
ပျော်မွေ့လျက် အသက်ကာလ ကို လွန် စေ၍၊ ချက်ခြင်း သေမင်း နိုင်ငံသို့ ဆင်းသက် တတ်ကြ၏။ (Sheol h7585)
ပျော်မွေ့လျက် အသက်ကာလကို လွန်စေ၍၊ ချက်ခြင်းသေမင်းနိုင်ငံသို့ ဆင်းသက်တတ်ကြ၏။ (Sheol h7585)
မိုဃ်း ရေသည် ခန်းခြောက် ခြင်းအားဖြင့်၎င်း၊ နေပူ အရှိန်အားဖြင့်၎င်း၊ ကွယ်ပျောက် တတ်သကဲ့သို့၊ မတရား သောသူသည် သေမင်း နိုင်ငံ၌ ကွယ်ပျောက်တတ် ၏။ (Sheol h7585)
မိုဃ်းရေသည် ခန်းခြောက်ခြင်းအားဖြင့်၎င်း၊ နေပူအရှိန်အားဖြင့်၎င်း၊ ကွယ်ပျောက်တတ်သကဲ့သို့၊ မတရားသောသူသည် သေမင်းနိုင်ငံ၌ ကွယ်ပျောက်တတ် ၏။ (Sheol h7585)
မရဏ နိုင်ငံသည် ရှေ့ တော်၌ လှန် လျက်ရှိ၏။ အဗဒ္ဒုန် နိုင်ငံကို ဖုံးအုပ် ခြင်းမ ရှိရာ။ (Sheol h7585)
မရဏနိုင်ငံသည် ရှေ့တော်၌ လှန်လျက်ရှိ၏။ အဗဒ္ဒုန်နိုင်ငံကို ဖုံးအုပ်ခြင်းမရှိရာ။ (Sheol h7585)
အကြောင်း မူကား၊ သေ လျက်နေစဉ်တွင် ကိုယ်တော် ကို အောက်မေ့ ခြင်းမ ရှိပါ။ မရဏာ နိုင်ငံတွင် ကျေးဇူးတော်ကို အဘယ် သူချီးမွမ်း ပါမည်နည်း။ (Sheol h7585)
မ​ရ​ဏာ​နိုင်​ငံ​တွင်​ကိုယ်​တော်​အား အောက်​မေ့​သ​တိ​ရ​သူ​မ​ရှိ​ပါ။ ထို​အ​ရပ်​တွင်​အ​ဘယ်​သူ​မျှ​ကိုယ်​တော်​အား ထော​မ​နာ​ပြု​နိုင်​မည်​မ​ဟုတ်​ပါ။ (Sheol h7585)
မတရား သောသူတို့နှင့် ဘုရား သခင်ကို မေ့လျော့ သော အမျိုးသား အပေါင်း တို့သည် မရဏာ နိုင်ငံသို့ နှင် ခြင်းကိုခံရကြလိမ့်မည်။ (Sheol h7585)
ထာ​ဝ​ရ​ဘု​ရား​ကို​ပစ်​ပယ်​သူ​အ​ပေါင်း​နှင့် သူ​ယုတ်​မာ​တို့​သည်​သေ​ခြင်း​တွင် လမ်း​ဆုံး​ရ​ကြ​လိမ့်​မည်။ (Sheol h7585)
အကြောင်း မူကား၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ဝိညာဉ် ကို မရဏာ နိုင်ငံ၌ ပစ် ထားတော်မ မူ။ ကိုယ်တော် ၏ သန့်ရှင်း သောသူအား လည်း ပုပ်စပ် ခြင်းကို ရှိ စေတော်မ မူဘဲလျက်၊ (Sheol h7585)
အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​အား​မ​ရ​ဏာ​နိုင်​ငံ​သို့​လား​ရန် အ​ခွင့်​ပေး​တော်​မူ​မည်​မ​ဟုတ်​သော​ကြောင့်​တည်း။ ကျွန်​တော်​မျိုး​သည်​အ​မှု​တော်​ကို​သစ္စာ​ရှိ​စွာ ထမ်း​ခဲ့​ပါ​၏။ ကွန်​တော်​မျိုး​အား​သေ​မင်း​၏​လက်​သို့ အပ်​တော်​မူ​မည်​မ​ဟုတ်​ပါ။ (Sheol h7585)
မရဏာ နိုင်ငံ၏ ကြိုး တို့သည်ဝိုင်း ၍၊ သေမင်း ၏ ကျော့ကွင်း သည် ငါ့ ကိုကျော့မိ လျက် ရှိ၏။ (Sheol h7585)
သေ​မင်း​၏​နှောင်​ကြိုး​တို့​သည်​ငါ့​ကို​ရစ်​ပတ် ပါ​၏။ သင်္ချိုင်း​တွင်း​သည်​ငါ့​ကို​ဖမ်း​ရန်​ကျော့​ကွင်း ထောင်​ထား​၏။ (Sheol h7585)
အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ဝိညာဉ် ကို မရဏာ နိုင်ငံထဲက နှုတ် ယူတော်မူပြီ။ သင်္ချိုင်း တွင်း ထဲသို့ မဆင်း စေဘဲ၊ အကျွန်ုပ် ကို အသက် ချမ်းသာပေးတော်မူပြီ။ (Sheol h7585)
ကျွန်​တော်​မျိုး​အား​သေ​ရွာ​မှ​ပြန်​၍ ခေါ်​ဆောင်​တော်​မူ​ခဲ့​ပါ​၏။ ကျွန်​တော်​မျိုး​သည်​သင်္ချိုင်း​တွင်း​သို့​ဆင်း​လျက် ရှိ​ခဲ့​သော်​လည်း ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​မ​သေ​စေ​ဘဲ အ​သက်​ချမ်း​သာ​ပေး​တော်​မူ​ပါ​၏။ (Sheol h7585)
အိုထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် ကို ဆုတောင်း ပဌနာပြုပါသည်ဖြစ်၍ ၊ ရှက်ကြောက် ခြင်းမ ရှိ ပါစေနှင့်။ လူဆိုး တို့မူကား၊ အရှက် ကွဲလျက်မရဏာ နိုင်ငံ၌ တိတ်ဆိတ် စွာနေကြပါစေသော။ (Sheol h7585)
အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။ ကျွန်​တော်​မျိုး​အား​အ​ရှက်​ကွဲ​စေ​တော်​မ​မူ ပါ​နှင့်။ သူ​ယုတ်​မာ​တို့​သည်​အ​ရှက်​ကွဲ​ရ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​မ​ရ​ဏာ​နိုင်​ငံ​တွင်​ဆိတ်​ဆိတ် နေ​ရ​ကြ​ပါ​စေ​သော။ (Sheol h7585)
ထိုသူ တို့ကို သိုး များကဲ့သို့ မရဏာ နိုင်ငံ၌ ချ ထား ၍ သေမင်း စား လိမ့်မည်။ ကာလ မကြာမမြင့်မှီ ဖြောင့်မတ် သောသူတို့သည် အုပ်စိုး ရကြလိမ့်မည်။ သူ တို့၏ ကိုယ် ခန္ဓါသည် ဖောက်ပြန် ဘို့ ရာဖြစ်၏။ မရဏာ နိုင်ငံသည် သူ တို့၏ နေရာ ဖြစ်၏။ (Sheol h7585)
သူ​တို့​သည်​သိုး​များ​ကဲ့​သို့​သေ​ကြ​ရ​၏။ သေ​မင်း​သည်​သူ​တို့​၏​သိုး​ထိန်း​ဖြစ်​လိမ့်​မည်။ သူ​တို့​၏​ကိုယ်​ခန္ဓာ​များ​သည်​မိ​မိ​တို့​အိမ်​နှင့် ဝေး​ကွာ​လှ​သည့်​မ​ရ​ဏာ​နိုင်​ငံ​တွင် မ​ကြာ​မီ​ပုပ်​ပျက်​သွား​စဉ်​သူ​တော်​ကောင်း​တို့ သည် သူ​တို့​ကို​အ​နိုင်​ရ​ကြ​လိမ့်​မည်။ (Sheol h7585)
ငါ့ ကိုမူကား ၊ ဘုရား သခင်သိမ်းယူ တော်မူသောကြောင့် ၊ ငါ ၏ဝိညာဉ် ကို မရဏာ နိုင်ငံ၏ တန်ခိုး မှ ရွေး တော်မူမည်။ (Sheol h7585)
သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို ကယ်​တော်​မူ​လိမ့်​မည်။ သေ​မင်း​၏​လက်​မှ​ငါ့​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။ (Sheol h7585)
သူ တို့ကို သေမင်း ဘမ်းဆီး ပါစေ။ အသက် ရှင်လျက် မရဏာ နိုင်ငံသို့ ဆင်းသက် ကြပါစေ။ အကြောင်း မူကား၊ ဒုစရိုက် တို့သည် သူ တို့နေရာ တွင် သူ တို့အထဲ ၌ ရှိကြ ၏။ (Sheol h7585)
ငါ​၏​ရန်​သူ​များ​သည်​သေ​နေ့​မ​စေ့​မီ သေ​ရ​ကြ​ပါ​စေ​သော။ အ​ရှင်​လတ်​လတ်​သေ​ရွာ​သို့​သွား​ရ​ကြ​ပါ​စေ​သော။ သူ​တို့​၏​နေ​အိမ်​များ​သည်​ဆိုး​ညစ်​မှု​ကြီး​စိုး​ရာ ဌာ​န​များ​ဖြစ်​ကြ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​သည်​ဆိုး​ညစ်​မှု​နှင့် ပြည့်​နှက်​လျက်​ရှိ​၏။ (Sheol h7585)
အကျွန်ုပ် ခံရ သောကရုဏာ တော်ကြီး လှပါ၏။ အကျွန်ုပ် ၏ ဝိညာဉ် ကို မရဏ နိုင်ငံအောက် အရပ်ထဲက ကယ်နှုတ် တော်မူပြီ။ (Sheol h7585)
ကျွန်​တော်​မျိုး​အ​ပေါ်​၌​ကိုယ်​တော်​ရှင် ထား​တော်​မူ​သော​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကြီး​မား​လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​မ​ရ​ဏာ နိုင်​ငံ​မှ ကယ်​နုတ်​တော်​မူ​ပါ​ပြီ။ (Sheol h7585)
အကျွန်ုပ် ၏ ဝိညာဉ် သည် ဒုက္ခ နှင့် ပြည့် ၍ ၊ အသက် သည်လည်း မရဏာ နိုင်ငံအနီးသို့ ရောက် ပါပြီ။ (Sheol h7585)
ကျွန်​တော်​မျိုး​သည်​ဒုက္ခ​ရောက်​ရ​ဖန်​များ​လှ သ​ဖြင့် သေ​လု​ပါ​ပြီ။ (Sheol h7585)
သေ ခြင်းသို့မ ရောက်၊ အသက် ရှင်၍ မိမိ ဝိညာဉ် ကို မရဏ နိုင်ငံတန်ခိုး မှ ကယ်နှုတ် နိုင်သော သူကား အဘယ် သူနည်း။ (Sheol h7585)
အ​ဘယ်​သူ​သည်​မ​သေ​ဘဲ​အ​စဉ်​အ​သက်​ရှင်​၍ နေ​နိုင်​ပါ​မည်​နည်း။ လူ​သည်​မိ​မိ​ကိုယ်​ကို​အ​ဘယ်​သို့​လျှင် သင်္ချိုင်း​တွင်း​သို့​မ​ရောက်​အောင်​တား​ဆီး​နိုင် ပါ​မည်​နည်း။ (Sheol h7585)
သေခြင်း ကြိုး တို့သည် ငါ့ ကိုဝိုင်း ၍ မရဏာ နိုင်ငံဘေး တို့သည် ငါ့ ကို ဘမ်းမိ သဖြင့်၊ ဆင်းရဲ ဒုက္ခဝေဒနာ နှင့် ငါတွေ့ကြုံ ရ၏။ (Sheol h7585)
သေ​မင်း​၏​ကျော့​ကွင်း​သည်​ငါ့​ကို​ဖမ်း​မိ​လျက် နေ​၏။ သေ​ဘေး​သည်​ငါ့​ကို​ဝိုင်း​ရံ​လျက်​နေ​၏။ ငါ​သည်​ကြောက်​လန့်​၍​စိုး​ရိမ်​ပူ​ပန်​ရ​၏။ (Sheol h7585)
ကောင်းကင် သို့တက် လျှင် ကိုယ်တော် ရှိ တော်မူ၏။ မရဏ နိုင်ငံ၌ အိပ်ရာကိုခင်း လျှင် ကိုယ်တော် ရှိ တော်မူ ၏။ (Sheol h7585)
အ​ကယ်​၍​ကျွန်​တော်​မျိုး​သည် ကောင်း​ကင်​သို့​တက်​လျှင်​ထို​အ​ရပ်​တွင် ကိုယ်​တော်​ရှင်​ရှိ​တော်​မူ​ပါ​၏။ အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​မ​ရ​ဏာ နိုင်​ငံ​တွင် လဲ​လျောင်း​လျှင် ထို​အ​ရပ်​တွင်​ကိုယ်​တော်​ရှင်​ရှိ​တော်​မူ​ပါ​၏။ (Sheol h7585)
မြေ ပေါ် မှာထင်းကိုခုတ် ၍ ခွဲ သကဲ့သို့ ၊ မရဏာ နိုင်ငံတံခါး ဝမှာ အကျွန်ုပ် တို့၏ အရိုး များတို့သည် ကွဲပြား လျက်ရှိကြပါ၏။ (Sheol h7585)
ထို​မင်း​တို့​၏​အ​ရိုး​များ​သည်​အ​စိတ်​စိတ် အ​မြွှာ​မြွှာ ခွဲ​စိတ်​ဖြတ်​တောက်​ခြင်း​ခံ​ရ​သော​ထင်း​ကဲ့​သို့ သင်္ချိုင်း​တွင်း​ဝ​၌​ပြန့်​ကြဲ​၍​နေ​လိမ့်​မည်။ (Sheol h7585)
သင်္ချိုင်းတွင်း သို့ဆင်း သောသူတို့ ကဲ့သို့ တကိုယ်လုံး ပါ လျက်၊ အသက်ရှင် လျက်ရှိသောထိုသူ တို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျို ကြစို့။ (Sheol h7585)
သင်္ချိုင်းတွင်းသို့ဆင်းသော သူတို့ကဲ့သို့ တကိုယ်လုံးပါလျက်၊ အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျိုကြစို့။ (Sheol h7585)
သူ ၏ခြေ တို့သည် သေ ခြင်းသို့ဆင်း ၍၊ သူ သွား ရာလမ်း သည် မရဏာ နိုင်ငံသို့ ရောက်တတ်၏။ (Sheol h7585)
သူ၏ခြေတို့သည် သေခြင်းသို့ဆင်း၍၊ သူသွား ရာလမ်းသည် မရဏာနိုင်ငံသို့ ရောက်တတ်၏။ (Sheol h7585)
သူ ၏အိမ် သည် သေ မင်း၏ဘုံ ဗိမာန်သို့ ဆင်း ၍၊ မရဏာ နိုင်ငံသို့ ရောက်သောလမ်း ဖြစ်၏။ (Sheol h7585)
သူ၏အိမ်သည် သေမင်း၏ဘုံဗိမာန်သို့ဆင်း၍၊ မရဏနိုင်ငံသို့ ရောက်သောလမ်းဖြစ်၏။ (Sheol h7585)
ထို အရပ်၌ သင်္ချိုင်း သားရှိ ကြောင်း၊ ထိုမိန်းမ ၏ ဧည့်သည်တို့သည် မရဏာ နိုင်ငံအနက်ဆုံး ၌ နေ ကြောင်း ကို ထိုယောက်ျားသည်မ သိ မမှတ်။ (Sheol h7585)
ထိုအရပ်၌ သင်္ချိုင်းသားရှိကြောင်း၊ ထိုမိန်းမ၏ ဧည့်သည်တို့သည် မရဏနိုင်ငံအနက်ဆုံး၌နေကြောင်း ကို ထိုယောက်ျားသည်မသိမမှတ်။ (Sheol h7585)
မရဏာ နိုင်ငံနှင့် အဗဒ္ဒုန် နိုင်ငံသည် ထာဝရဘုရား ရှေ့ တော်၌ ထင်ရှား၏။ ထိုမျှမက၊ လူ သားတို့၏ နှလုံး သည် သာ၍ ထင်ရှား ၏။ (Sheol h7585)
မရဏာနိုင်ငံနှင့်အဗဒ္ဒုန်နိုင်ငံသည် ထာဝရ ဘုရားရှေ့တော်၌ ထင်ရှား၏။ ထိုမျှမက၊ လူသားတို့၏ နှလုံးသည် သာ၍ထင်ရှား၏။ (Sheol h7585)
ပညာရှိ သော သူလိုက်ရာ အသက် လမ်း သည် အောက် အရပ်၊ မရဏာ နိုင်ငံမှ လွှဲရှောင် ၍၊ အထက် သို့ ပို့ဆောင်တတ်၏။ (Sheol h7585)
ပညာရှိသော သူလိုက်ရာ အသက်လမ်းသည် အောက်အရပ်၊ မရဏာနိုင်ငံမှ လွှဲရှောင်၍၊ အထက်သို့ ပို့ဆောင်တတ်၏။ (Sheol h7585)
ကြိမ်လုံး နှင့် ရိုက် ၍ သူ ၏အသက် ဝိညာဉ်ကို မရဏာ နိုင်ငံမှ ကယ်နှုတ် ရမည်။ (Sheol h7585)
ကြိမ်လုံးနှင့်ရိုက်၍ သူ၏အသက်ဝိညာဉ်ကို မရဏနိုင်ငံမှ ကယ်နှုတ်ရမည်။ (Sheol h7585)
မရဏာ နိုင်ငံနှင့် အဗဒ္ဒုန် နိုင်ငံသည် အလို မ ပြည့်စုံသကဲ့သို့၊ လူ တို့မျက်စိ သည် အလို မ ပြည့်စုံတတ်။ (Sheol h7585)
မရဏာနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် အလိုမပြည့် စုံသကဲ့သို့၊ လူတို့မျက်စိသည် အလိုမပြည့်စုံတတ်။ (Sheol h7585)
သင်္ချိုင်း တပါး၊ မြုံ သောမိန်းမဝမ်း တပါး၊ ရေ မ ဝ နိုင်သောမြေ တပါး၊ တန် တော့ဟု မ ဆို တတ်သော မီး တပါးတည်း။ (Sheol h7585)
သင်္ချိုင်းတပါး၊ မြုံသောမိန်းမဝမ်းတပါး၊ ရေမဝ နိုင်သောမြေတပါး၊ တန်တော့ဟု မဆိုတတ်သော မီးတပါးတည်း။ (Sheol h7585)
ဆောင်ရွက် စရာအမှုရှိသမျှ ကိုကြိုးစား အားထုတ် ၍ ဆောင်ရွက် လော့။ အကြောင်း မူကား၊ သင် ယခု သွား ၍ ရောက်ရလတံ့သောအရပ် တည်းဟူသော မရဏာ နိုင်ငံလုပ်ဆောင် ခြင်းမ ရှိ။ ကြံစည် ခြင်းမရှိ။ သိပ္ပံ အတတ် မရှိ။ ပညာ မရှိပါတကား။ (Sheol h7585)
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။ (Sheol h7585)
ကျွန်မ ကို ကိုယ်တော် ၏နှလုံး ပေါ် မှာ တံဆိပ် ခတ်တော်မူပါ။ လက်ရုံး တော်ပေါ် မှာ တံဆိပ် ခတ်တော်မူ ပါ။ အကြောင်း မူကား၊ မေတ္တာ သည် သေ ခြင်းနှင့်အမျှ တန်ခိုး ကြီးပါ၏။ ခင်ပွန်းကို မယုံသောစိတ် သဘောသည် မရဏ နိုင်ငံနှင့်အမျှ ခက်ထန် ပါ၏။ သူ ၏အရှိန် သည် မီး အရှိန် ၊ လျှပ်စစ် အရှိန်ဖြစ်ပါ၏။ (Sheol h7585)
ကျွန်မကို ကိုယ်တော်၏နှလုံးပေါ်မှာ တံဆိပ် ခတ်တော်မူပါ။ လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော် မူပါ။ အကြောင်းမူကား၊ မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။ ခင်ပွန်းကို မယုံသော စိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏။ သူ၏အရှိန်သည် မီးအရှိန်၊ လျှပ်စစ်အရှိန်ဖြစ်ပါ၏။ (Sheol h7585)
ထိုကြောင့်၊ မရဏာ နိုင်ငံသည် မိမိ လောဘ ကို ကျယ် စေ၍ မိမိ ပစပ် ကိုအတိုင်း အရှည်မရှိ ဘဲ ဖွင့်ဟ သဖြင့် ၊ သူတို့၏ ဂုဏ် အသရေအလုံး အရင်း၊ အသံ ဗလံပြုခြင်း၊ ရွှင်လန်း ခြင်းတို့သည် ဆင်း မြုပ်ရကြ၏။ (Sheol h7585)
မ​ရ​ဏ​နိုင်​ငံ​သည်​သူ​တို့​အား​ဝါး​မျို​လို သ​ဖြင့် မိ​မိ​၏​ပါး​စပ်​ကို​ကျယ်​စွာ​ဟ​လျက် နေ​၏။ ယေ​ရု​ရှ​လင်​မြို့​မှ​မှူး​မတ်​များ​ကို​လည်း ယောက်​ယက်​ခတ်​ဆူ​ညံ​နေ​သော​ဆင်း​ရဲ​သား လူ​အုပ်​ကြီး​နှင့်​အ​တူ​မျို​ချ​လိုက်​လေ​သည်။ (Sheol h7585)
နက် သောအရပ်၌ဖြစ်စေ ၊ မြင့် သောအထက် အရပ်၌ ဖြစ်စေ၊ တောင်းပန် လော့ဟု အာခတ် မင်းကို မိန့် တော်မူလျှင်၊ (Sheol h7585)
``နိ​မိတ်​လက္ခ​ဏာ​တစ်​ခု​ကို​ပြ​တော်​မူ​ရန် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား တောင်း​လျှောက်​လော့။ ထို​နိ​မိတ်​လက္ခ​ဏာ​သည် မ​ရ​ဏာ​နိုင်​ငံ​မှ​လည်း​ကောင်း၊ အ​ထက်​ကောင်း ကင်​ဘုံ​မှ​လည်း​ကောင်း​ဖြစ်​နိုင်​ပါ​သည်'' ဟု ပြော​ကြား​စေ​တော်​မူ​၏။ (Sheol h7585)
သင် သည် ရောက် လာသောအခါ၊ အောက် အရပ် မရဏာ နိုင်ငံသည် ကြိုဆို အံ့သောငှါ လှုပ် လေ၏။ သင်္ချိုင်း သားများနှင့် လောကီ မင်း များအပေါင်း တို့ကို သင့် အတွက် ကြောင့် နှိုးဆော် လေ၏။ အတိုင်းတိုင်း အပြည်ပြည်သော ရှင်ဘုရင် အပေါင်း တို့ကို ရာဇပလ္လင် တို့မှ ထ စေ၏။ (Sheol h7585)
``မ​ရ​ဏ​နိုင်​ငံ​သည် ဗာ​ဗု​လုန်​ဘု​ရင်​အား​ကြို ဆို​လက်​ခံ​ရန်​အ​သင့်​ပြင်​ဆင်​လျက်​နေ​၏။ ကမ္ဘာ မြေ​ကြီး​ပေါ်​တွင်​ရှိ​စဉ်​အ​ခါ​က​တန်​ခိုး​ကြီး မား​ခဲ့​သူ​တို့​၏​နာမ်​ဝိ​ညာဉ်​များ​သည် လှုပ်​ရှား သွား​လာ​လျက်​နေ​ကြ​၏။ ဘု​ရင်​တို့​၏​ဝိ​ညာဉ် များ​သည်​လည်း မိ​မိ​တို့​ရာ​ဇ​ပလ္လင်​များ​မှ တက်​ကြွ​လျက်​နေ​ကြ​၏။- (Sheol h7585)
သင် ၏ ဘုန်း အသရေနှင့် သင် ၏ တုရိယာ မျိုး အသံ ဗလံတို့ကို မရဏ နိုင်ငံတွင် ရှုတ်ချ လေပြီတကား။ သင့် အောက် ၌ ပိုး ကောင်များကို ခင်း လျက် ၊ သင့် အပေါ်၌ တီ ကောင်များကို ခြုံ လျက်ရှိပါသည်တကားဟု သင့်ကို နှုတ်ဆက် ၍ ပြော ဆိုကြလိမ့်မည်။ (Sheol h7585)
အ​ခါ​တစ်​ပါး​က​သင်​သည်​စောင်း​သံ​များ ဖြင့်​ဂုဏ်​ပြု​ဖျော်​ဖြေ​ခြင်း​ကို​ခံ​ခဲ့​ရ​သော် လည်း ယ​ခု​အ​ခါ​မ​ရ​ဏ​နိုင်​ငံ​သို့​ရောက်​ရှိ နေ​ပါ​ပြီ​တ​ကား။ လောက်​ကောင်​များ​ကို​အိပ် ရာ​လုပ်​၍​လဲ​လျောင်း​ကာ​တီ​ကောင်​များ​ကို စောင်​လုပ်​၍​ခြုံ​ရ​လေ​ပြီ​တ​ကား' ဟု​ဟစ် အော်​ပြော​ဆို​ကြ​၏။'' (Sheol h7585)
သို့ သော်လည်း၊ သင်သည်မရဏာ နိုင်ငံ၊ သင်္ချိုင်း တွင်း ထဲသို့ နှိမ့်ချ ခြင်းကို ခံရလေပြီ။ (Sheol h7585)
သို့​ရာ​တွင်​ထို​သို့​ဖြစ်​မည့်​အ​စား​သင်​သည် မ​ရ​ဏ​နိုင်​ငံ​တွင်​အနက်​ရှိုင်း​ဆုံး​သော​အ​ရပ် သို့​ရောက်​ရှိ​လျက်​နေ​ရ​၏။ (Sheol h7585)
သင်တို့က၊ ငါတို့သည် သေ မင်းနှင့် မိဿဟာယ ဖွဲ့ ကြပြီ။ မရဏာ နိုင်ငံနှင့် အကျွမ်းဝင်ကြပြီ။ လွှမ်းမိုး သော ဘေး သည် ချင်းနင်းသောအခါ ၊ ငါ တို့ရှိရာသို့ မ ရောက်ရ။ ငါတို့သည် မုသာ ကိုကိုးစားကြ၏။ လှည့်စားခြင်းအောက် ၌ ပုန်းကွယ်၍ နေကြ၏ဟုဆိုတတ်သောကြောင့်၊ (Sheol h7585)
သင်​တို့​သည်​သေ​မင်း​နှင့်​မ​ဟာ​မိတ်​စာ​ချုပ် ချုပ်​ဆို​ထား​ပြီ​ဟူ​၍​လည်း​ကောင်း၊ မ​ရ​ဏ နိုင်​ငံ​နှင့်​သ​ဘော​တူ​ညီ​မှု​ရ​ရှိ​ပြီ​ဟူ​၍ လည်း​ကောင်း​ကြွား​ဝါ​တတ်​ကြ​၏။ သင်​တို့ သည်​လိမ်​လည်​လှည့်​စား​မှု​များ​ကို​အ​မှီ သ​ဟဲ​ပြု​ကာ​ဘေး​မဲ့​လုံ​ခြုံ​မှု​ကို​ရှာ​သူ များ​ဖြစ်​သ​ဖြင့် ဘေး​အန္တ​ရာယ်​ကျ​ရောက် ချိန်​၌​လည်း​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့် မည်​ဟု​စွဲ​မှတ်​ယုံ​ကြည်​ကြ​လေ​သည်။- (Sheol h7585)
သင် တို့သည် သေ မင်းနှင့် ဖွဲ့သော မိဿဟာယ ပျက် လိမ့်မည်။ မရဏာ နိုင်ငံနှင့် အကျွမ်းဝင် ခြင်းသည် အထ မ မြောက်ရ။ လွှမ်းမိုး သောဘေး သည် ချင်းနင်း သောအခါ ၊ သင် တို့ကိုလည်း ကျော်နင်း လိမ့်မည်။ (Sheol h7585)
သင်​တို့​သည်​သေ​မင်း​နှင့်​ချုပ်​ဆို​ထား​သည့်​စာ ချုပ်​ကို​ပယ်​ဖျက်​၍ မ​ရ​ဏ​နိုင်​ငံ​နှင့်​ရ​ရှိ​ထား သည့်​သ​ဘော​တူ​ညီ​မှု​ကို​လည်း​ရုပ်​သိမ်း​ရ ကြ​လိမ့်​မည်။ ရန်​သူ​များ​ချင်း​နင်း​ဝင်​ရောက် လာ​သော​အ​ခါ သင်​တို့​သည်​အ​ရေး​ရှုံး​နိမ့် ကြ​လိမ့်​မည်။- (Sheol h7585)
ငါ သည် ငြိမ်သက် စွာ နေစဉ်အခါ၊ မရဏာ နိုင်ငံတံခါး သို့ ဝင် ရပါသည်တကား။ ငါ ၌ ကြွင်း သော နှစ် များ ကို ငါ ရှုံး ပြီဟု ငါဆို သတည်း။ (Sheol h7585)
ငါ​သည်​သက်​တမ်း​စေ့​နေ​ရ​တော့​မည်​မ​ဟုတ်။ အ​ရွယ်​ကောင်း​ချိန်​၌​ပင်​မ​ရ​ဏ​နိုင်​ငံ​သို့ သွား​ရ​တော့​မည်​ဟု​ငါ​ထင်​မှတ်​ခဲ့​ပါ​၏။ (Sheol h7585)
အကယ်စင်စစ်မရဏာ နိုင်ငံသည် ဂုဏ်တော်ကို မ ချီးမွမ်း ရပါ။ သေ နေသောသူသည် ဂုဏ်တော်ကို ထောမနာသီချင်း မဆိုရပါ။ တွင်း ထဲသို့ ဆင်း သောသူသည် သစ္စာ တော်ကို မ မြော်လင့် ရပါ။ (Sheol h7585)
မ​ရ​ဏ​နိုင်​ငံ​တွင်​အ​ဘယ်​သူ​မျှ​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​မ​ပြု​နိုင်​ပါ။ သူ​သေ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ယုံ​ကြည်​ကိုး​စား​နိုင်​စွမ်း​မ​ရှိ​ပါ။ (Sheol h7585)
ဆီ မွှေးပါ လျက်၊ ရှင်ဘုရင့် ထံသို့ သွား ပြီ။ နံ့သာ မျိုးများကို သုံး ပြီ။ တမန် တို့ကို ဝေး သော အရပ်သို့ စေလွှတ် ၍ ၊ မရဏာ နိုင်ငံတိုင်အောင် မိမိကိုမိမိ နှိမ့်ချ ပြီ။ (Sheol h7585)
သင်​တို့​သည်​ဆီ​မွှေး​နှင့်​နံ့​သာ​များ​ကို လိမ်း​ကျံ​လျက် မော​လုပ်​ဘု​ရား​ကို​ဝတ်​ပြု ကိုး​ကွယ်​ရန်​သွား​ရောက်​ကြ​၏။ ရပ်​နီး​ရပ်​ဝေး နှင့်​မ​ရ​ဏာ​နိုင်​ငံ​သို့​တိုင်​အောင်​ပင် သံ​တ​မန် များ​စေ​လွှတ်​၍​ဘု​ရား​များ​ကို​ရှာ​ဖွေ​စေ ကြ​၏။- (Sheol h7585)
အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူသည် မရဏာ နိုင်ငံထဲသို့ ဆင်း သွားသောနေ့ ၌ နက်နဲ သောအရပ်ကို သူ့ အဘို့ မသာ အဝတ်နှင့် ငါဖုံးလွှမ်း ၏။ လှိုင်း တံပိုးတို့ကို ငါကန့်ကွက် ၍ ကြီးစွား သော ရေ ကို ချုပ်ထား ၏။ လေဗနုန် တောင်ကို သူ့ အဘို့ မသာ အဝတ် ကို ဝတ်စေ၍ ၊ တော သစ်ပင် အပေါင်း တို့သည် စိတ်ပျက် ကြ၏။ (Sheol h7585)
အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``မ​ရ ဏာ​နိုင်​ငံ​သို့​အာ​ရစ်​ပင်​သက်​ဆင်း​သော​နေ့​၌ ငါ​သည်​မြေ​အောက်​ရှိ​မြစ်​များ​ကို​ငို​ကြွေး မြည်​တမ်း​သည့်​လက္ခ​ဏာ​ဖြင့်​ဖုံး​လွှမ်း​စေ​မည်။ ငါ​သည်​မြစ်​များ​ကို​ရပ်​တန့်​စေ​၍​ချောင်း များ​ကို​ရေ​မ​စီး​စေ​ဘဲ​ထား​မည်။ ထို​အာ​ရစ် ပင်​သေ​ပြီ​ဖြစ်​သော​ကြောင့် ငါ​သည်​လေ​ဗ​နုန် တောင်​တွင်​မှောင်​မိုက်​ကျ​စေ​၍ တော​အ​တွင်း ရှိ​သစ်​ပင်​အ​ပေါင်း​ကို​ညှိုး​နွမ်း​ခြောက်​သွေ့ သွား​စေ​မည်။- (Sheol h7585)
မြေတွင်း ထဲသို့ ဆင်း သွားသောသူတို့နှင့်အတူ သူ့ ကို မရဏာ နိုင်ငံထဲသို့ ငါ နှိမ့်ချ သောအခါ ၊ နှိမ့်ချ သံ အားဖြင့် လူ အမျိုးမျိုးတို့ကို ငါတုန်လှုပ် စေ၏။ ဧဒင် သစ်ပင် ရှိသမျှ တို့နှင့် အကောင်းဆုံး ။ အမြတ်ဆုံး သော လေဗနုန် သစ်ပင်မှစ၍၊ ရေ ကိုသောက် သမျှ သောသစ်ပင်တို့သည် မြေ အောက် အရပ်တို့၌ သက်သာ ခြင်းသို့ ရောက်ကြ၏။ (Sheol h7585)
ထို​အာ​ရစ်​ပင်​ကို​မရ​ဏာ​နိုင်​ငံ​သို့​ငါ​ဆင်း သက်​စေ​သော​အ​ခါ ယင်း​ပြို​လဲ​သည့်​အ​သံ ကြောင့်​လူ​မျိုး​တ​ကာ​တို့​သည်​တုန်​လှုပ်​သွား ကြ​လိမ့်​မည်။ ထို​အ​ခါ​မြေ​အောက်​ကမ္ဘာ​သို့ ရောက်​ရှိ​နေ​ကြ​သော​ဧ​ဒင်​ဥ​ယျာဉ်​မှ သစ်​ပင် ရှိ​သ​မျှ​နှင့်​လေ​ဗ​နုန်​တော​မှ​ရေ​အ​ဝ​သောက် ရ​သော​အ​ကောင်း​ဆုံး​လက်​ရွေး​စင်​သစ်​ပင် များ​သည်​နှစ်​ထောင်း​အား​ရ​ကြ​လိမ့်​မည်။- (Sheol h7585)
ထိုသူ နှင့်တကွ သူ့ လက်ရုံး ဖြစ်၍၊ လူမျိုး တို့တွင် သူ့ အရိပ် ကို ခို သောသူတို့သည် ထား ဖြင့် အသေ ခံရသောသူတို့ နေရာ၊ မရဏာ နိုင်ငံထဲသို့ လိုက် သွားကြ၏။ (Sheol h7585)
ယင်း​တို့​သည်​ယ​ခင်​က​ပြို​လဲ​သွား​ကြ​သည့် အ​ပင်​များ​နှင့်​ပေါင်း​ဆုံ​မိ​ကြ​ရန် အာ​ရစ်​ပင် နှင့်​အ​တူ​မ​ရ​ဏာ​နိုင်​ငံ​သို့​သက်​ဆင်း​ကြ လိမ့်​မည်။ ထို​အာ​ရစ်​ပင်​၏​အ​ရိပ်​တွင်​ခို​လှုံ ခဲ့​ကြ​သူ​အ​ပေါင်း​တို့​နှင့် လူ​မျိုး​တ​ကာ မိတ်​ဆွေ​တို့​သည်​လည်း​အ​တူ​သက်​ဆင်း ကြ​လိမ့်​မည်'' ဟူ​၍​တည်း။ (Sheol h7585)
ခွန်အား အကြီးဆုံးသော သူရဲ တို့သည် မရဏာ နိုင်ငံထဲက သူ နှင့် သူ ၏အခြံအရံ တို့ကို နှုတ်ဆက် ကြ လိမ့်မည်။ သူတို့သည်လည်း ဆင်း သွားကြပြီ။ ထား နှင့်သေ ၍၊ အရေဖျား လှီးခြင်းမခံသော အဖြစ်၌လဲ နေလျက် ရှိကြ၏။ (Sheol h7585)
အ​ပြောင်​မြောက်​ဆုံး​သူ​ရဲ​ကောင်း​များ​က အီ​ဂျစ်​ပြည်​သား​တို့​နှင့်​သူ​တို့​ဘက်​မှ​တိုက် ခိုက်​သူ​များ​ကို မ​ရ​ဏာ​နိုင်​ငံ​မှ​ကြို​ဆို ကြ​လိမ့်​မည်။ သူ​တို့​က`စစ်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့ ကြ​သော​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ တို့​သည် ဤ​အ​ရပ်​သို့​ဆင်း​သက်​ကာ​အိပ် ကြ​ပြီ' ဟု​အော်​ဟစ်​ကြ​၏။'' (Sheol h7585)
သူတို့သည် ရှေးကာလ၌ လဲ ၍သေသော၊ အရေဖျား လှီးခြင်းကို မခံသော လူကြီး တို့နှင့်အတူ အိပ် ၍ နေရကြလိမ့်မည်မ ဟုတ်လော။ ထိုလူကြီးတို့သည် အသက်ရှင် သောသူတို့၏ နေရာ ၌ လူကြီး တို့ကို ကြောက် စေတတ်သော်လည်း ၊ စစ်တိုက် လက်နက် ပါလျက် မရဏာ နိုင်ငံထဲသို့ဆင်း သွား၍ ၊ မိမိ ထား ကို မိမိ ခေါင်း အောက်မှာ ထား လျက်၊ မိမိ တို့အရိုး ပေါ်မှာ မိမိ တို့ အပြစ် တည် လျက် ရှိကြ၏။ (Sheol h7585)
သူ​တို့​သည်​လက်​နက်​အ​ပြည့်​အ​စုံ​ကိုင်​စွဲ လျက်​မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​သက်​သူ​ရှေး သူ​ရဲ​ကောင်း​ကြီး​များ​ကဲ့​သို့ မိ​မိ​တို့​၏​ဋ္ဌား များ​ကို​ဦး​ခေါင်း​အောက်​တွင်​လည်း​ကောင်း၊ ဒိုင်း​လွှား​များ​ကို​ရင်​ပတ်​ပေါ်​တွင်​လည်း​ကောင်း ထား​ရှိ​ကာ​ဂုဏ်​ပြု​သင်္ဂြိုဟ်​ခြင်း​ကို​မ​ခံ​ရ ကြ။ သူ​တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ သူ​အ​ခြား​ကျ​ဆုံး​လေ​ပြီး​သော စစ်​သူ​ရဲ ကောင်း​များ​နှင့်​အ​တူ​လဲ​လျောင်း​နေ​လေ​ပြီ။ ဤ​သူ​ရဲ​ကောင်း​များ​သည်​အ​ခါ​တစ်​ပါး က​အ​သက်​ရှင်​သူ​တို့​ကို​တုန်​လှုပ်​ချောက် ချား​ရန် ပြု​လုပ်​သည့်​တန်​ခိုး​ကြီး​မား​သူ များ​ဖြစ်​ခဲ့​ကြ​၏။ (Sheol h7585)
သူ တို့ကို မရဏာ နိုင်ငံတန်ခိုး မှ ငါကယ်လွှတ် မည်။ သေ မင်းလက်မှ လည်း ရွေး မည်။ အိုသေမင်း ၊ သင့် ကို ကာလနာ စွဲစေမည်။ အိုမရဏာ နိုင်ငံ၊ သင် ၌ ဖျက်ဆီး သောဘေးကို ရောက်စေမည်။ နောင်တ ရမည်အကြောင်းကို ပမာဏ မ ပြု။ (Sheol h7585)
ငါ​သည်​ဤ​သူ​တို့​ကို​မရ​ဏာ​နိုင်​ငံ​မှ​လည်း ကောင်း၊ သေ​မင်း​၏​အာ​ဏာ​အ​တွင်း​မှ​သော် လည်း​ကောင်း​ကယ်​တင်​မည်​မ​ဟုတ်။ အို သေ​မင်း သင်​၏​ကပ်​ရော​ဂါ​ဘေး​ကျ​ရောက်​စေ​လော့။ အို မ​ရ​ဏာ​နိုင်​ငံ​သင်​၏​ပျက်​စီး​ခြင်း​ဘေး ကျ​ရောက်​စေ​လော့။ ငါ​သည်​ဤ​သူ​တို့​ကို မ​သ​နား​မ​ကြင်​နာ​တော့​ပြီ။- (Sheol h7585)
မရဏာ နိုင်ငံတိုင်အောင် တွင်း တူးသော်လည်း ငါ နှုတ်ယူ မည်။ မိုဃ်း ကောင်းကင်သို့ တက် သော်လည်း ငါချ မည်။ (Sheol h7585)
မြေ​အောက်​သို့​တွင်း​တူး​ပြီး​သေ​မင်း​နိုင်​ငံ​၌ ပုန်း​အောင်း​နေ​လင့်​က​စား ငါ​သည်​သူ​တို့​ကို အ​မိ​အ​ရ​ဖမ်း​ဆီး​မည်။ မိုး​ပေါ်​သို့​တက် ပြေး​လျှင်​လည်း​သူ​တို့​ကို​ငါ​ဆွဲ​ချ​မည်။- (Sheol h7585)
ငါသည် ဒုက္ခ ဆင်းရဲကို ခံရသောကြောင့်၊ ထာဝရဘုရား ကို ဟစ် ခေါ်၍ ငါ့ စကားကို ကြား တော်မူ၏။ မရဏာ နိုင်ငံ၏ ဝမ်း ထဲက ဟစ် ခေါ်သော စကား သံကို နားထောင် တော်မူ၏။ (Sheol h7585)
``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​ဘေး​နှင့်​ကြုံ​တွေ့​နေ​ရ​သည့်​အ​တွက် ကိုယ်​တော်​အား​ဟစ်​ခေါ်​ခဲ့​ပါ​သည်။ ကိုယ်​တော်​က​လည်း​ကြား​တော်​မူ​ပါ​၏။ အ​ကျွန်ုပ်​သည်​သေ​မင်း​၏​ခံ​တွင်း​မှ​နေ​၍ ကိုယ်​တော်​အား​ဟစ်​အော်​သံ​ကို​ကိုယ်​တော် ကြား​တော်​မူ​ပါ​၏။ (Sheol h7585)
ထိုမှတပါး၊ စပျစ်ရည် နှင့်ပျော်မွေ့သောသူသည် သစ္စာ ပျက်တတ်၏။ မာန ထောင်လွှားသောသူ သည် ကိုယ် နေရာ ၌မ နေနိုင်ဘဲ၊ မိမိ လောဘ ကို မရဏာ နိုင်ငံကဲ့သို့ ကျယ် စေလျက် ၊ သေမင်း ကဲ့သို့ မ ပြေ နိုင်သောစိတ် ရှိ လျက် ၊ တိုင်း သူနိုင်ငံသား အမျိုးမျိုးအပေါင်း တို့ကို မိမိ ထံ သို့ ဆွဲငင် ၍ စုဝေး စေ၏။ (Sheol h7585)
ကြွယ်​ဝ​ချမ်း​သာ​ခြင်း​သည်​လှည့်​စား​တတ်​၏။ လော​ဘ​ရ​မက်​ကြီး​သူ​တို့​သည် မာန်​မာ​န​ ထောင်​လွှား​လျက်​စိတ်​တည်​ငြိမ်​မှု​မ​ရှိ။ သူ​တို့​ သည်​သေ​မင်း​ကဲ့​သို့​အ​ဘယ်​အ​ခါ​၌​မျှ​ ကျေ​နပ်​ရောင့်​ရဲ​မှု​မ​ရှိ။ ထို့​ကြောင့်​သူ​တို့​ သည်​တစ်​နိုင်​ငံ​ပြီး​တစ်​နိုင်​ငံ​တိုက်​ခိုက်​ သိမ်း​ယူ​တတ်​လေ​သည်။- (Sheol h7585)
ငါ ပညတ် သည်ကား ၊ ညီအစ်ကို ကို အထောက်မတန်အမျက်ထွက် သောသူ သည် ရုံး၌အပြစ် စီရင်ခြင်းကို ခံထိုက် ပေ၏။ ညီအစ်ကို ကိုကဲ့ရဲ့ သောသူ သည် လွှတ်တော် ၌ အပြစ်စီရင်ခြင်းကို ခံထိုက် ပေ၏။ ညီအစ်ကိုကိုကျိန်ဆဲ သောသူ သည် ဂေဟင်္နာ အရပ်၌ မီးရှို့ ခြင်းကို ခံထိုက် ပေ၏။ (Geenna g1067)
သို့​ရာ​တွင်​မိ​မိ​၏​ညီ​အစ်​ကို​အား​အ​မျက် ထွက်​သော​သူ​သည် တ​ရား​သူ​ကြီး​၏​ရှေ့​မှောက် သို့​ရောက်​ရ​မည်​ဟု​သင်​တို့​အား​ငါ​ဆို​၏။ အ​ချင်း ချင်း​ဆဲ​ရေး​တိုင်း​ထွာ​သူ​သည်​တ​ရား​ရုံး​တော် တွင်​အ​ပြစ်​ပေး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ညီ​အစ်​ကို အ​ချင်း​ချင်း​မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည်​င​ရဲ သို့​လား​ရ​လိမ့်​မည်။- (Geenna g1067)
ထိုကြောင့် လက်ျာ မျက်စိ ဖြစ်သော်လည်း သင့် ကိုမှားယွင်း စေလျှင် ထိုမျက်စိ ကိုထုတ်ပစ် လော့။ တစ်ကိုယ်လုံး ငရဲ သို့ ချ ခြင်းကိုခံရသည်ထက် အင်္ဂါ တစ်ခုပျက် သော် သာ၍ကောင်း ၏။ (Geenna g1067)
သင်​၏​လက်​ယာ​မျက်​စိ​သည်​သင့်​အား​မှောက်​မှား စေ​လျှင်​ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့။ သင်​၏​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​င​ရဲ​သို့​လား​ရ​သည်​ထက်​ကိုယ် အင်္ဂါ​တစ်​ခု​ချို့​တဲ့​ရ​ခြင်း​က​သာ​၍​ကောင်း​၏။- (Geenna g1067)
ထိုနည်းတူ လက်ျာ လက် ဖြစ်သော်လည်း သင့် ကိုမှားယွင်း စေလျှင် ထိုလက် ကိုဖြတ်ပစ် လော့။ တစ်ကိုယ်လုံး ငရဲ သို့ ချ ခြင်းကို ခံရသည်ထက် အင်္ဂါ တစ်ခု သာပျက် သော်သာ၍ကောင်း ၏။ (Geenna g1067)
သင်​၏​လက်​ယာ​လက်​သည်​သင့်​အား​မှောက်​မှား​စေ လျှင်​ထို​လက်​ကို​ဖြတ်​ပစ်​လော့။ သင်​၏​ကိုယ်​ခန္ဓာ​တစ် ခု​လုံး​င​ရဲ​သို့​လား​ရ​သည်​ထက်​ကိုယ်​အင်္ဂါ​တစ်​ခု ချို့​တဲ့​ရ​ခြင်း​က​သာ​၍​ကောင်း​၏။ (Geenna g1067)
တနည်းကားကိုယ်ခန္ဓါ ကိုသာသတ် ၍ စိတ် ဝိညာဉ်ကို မ သတ် နိုင် သော သူတို့ ကို မ ကြောက် ကြနှင့်။ ကိုယ်ခန္ဓါ နှင့် စိတ် ဝိညာဉ်ကို ငရဲ ၌ ဖျက်ဆီး နိုင် သောသူ ကိုသာ၍ ကြောက် ကြလော့။ (Geenna g1067)
ကိုယ်​ခန္ဓာ​ကို​ဖျက်​ဆီး​နိုင်​သော်​လည်း​ဝိ​ညာဉ်​ကို မ​ဖျက်​ဆီး​နိုင်​သော​သူ​များ​အား​မ​ကြောက်​ကြ နှင့်။ ကိုယ်​ခန္ဓာ​နှင့်​ဝိ​ညာဉ်​ကို​င​ရဲ​တွင်​ဖျက်​ဆီး နိုင်​သော​ဘု​ရား​သ​ခင်​ကို​သာ​လျှင်​ကြောက်​ကြ လော့။- (Geenna g1067)
အိုကပေရနောင် မြို့၊ သင် သည် မိုးဃ် ကောင်းကင်တိုင်အောင် မြှောက်စား ခြင်းကိုခံရသော်လည်း၊ မရဏာ နိုင်ငံတိုင်အောင် နှိမ့်ချ ခြင်းကိုခံရလတံ့။ အကြောင်းမူကား ၊ သင် ၌ ပြ သောတန်ခိုး ကို သောဒုံ မြို့၌ ပြု ဘူး လျှင် ၊ ထိုမြို့သည် ယခု တိုင်အောင် တည် ရာ၏။ (Hadēs g86)
အို က​ပေ​ရ​နောင်​မြို့၊ သင်​သည်​ကောင်း​ကင်​ဘုံ​တိုင်​အောင် မြှောက်​စား​ခြင်း​ကို​ခံ​ရ​လိမ့်​မည်​ဟု​ထင်​မှတ်​ပါ​သ လော။ မ​ရ​ဏာ​နိုင်​ငံ​အ​ထိ​နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​လတ္တံ့။ အ​ဘယ်​ကြောင့်​ဆို​သော်​သင့်​ထံ​တွင် ငါ​ပြု​ခဲ့​သည့် အံ့​ဖွယ်​အ​မှု​အ​ရာ​များ​ကို​သော​ဒုံ​မြို့​တွင်​သာ​ပြု ခဲ့​ပါ​မူ ထို​မြို့​သည်​ယ​နေ့​တိုင်​အောင်​တည်​လျက် ရှိ​ပေ​မည်။- (Hadēs g86)
လူ သား ကို နှုတ် ဖြင့်ပြစ်မှား သောသူ ၏အပြစ်ကိုလည်းလွှတ် နိုင်၏။ သန့်ရှင်း သောဝိညာဉ် တော်ကို နှုတ်ဖြင့် ပြစ်မှား သောသူ ၏အပြစ်ကို ယခု ဘဝ နောင် ဘဝ၌ မ လွှတ် နိုင်။ (aiōn g165)
လူ​သား​ကို​ပြစ်​မှား​ပြော​ဆို​သူ​သည်​အ​ပြစ်​ဖြေ လွှတ်​နိုင်​၏။ သို့​ရာ​တွင်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ကို​ပြစ်​မှား​ပြော​ဆို​သော​သူ​မူ​ကား​ယ​ခု​ဘ​ဝ နောင်​ဘ​ဝ​တွင်​အ​ပြစ်​ဖြေ​လွှတ်​လိမ့်​မည်​မ​ဟုတ်။ (aiōn g165)
ဆူးပင် တို့တွင် အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား တရား စကားကိုကြား ၍ လောကီ အမှု၌ စိုးရိမ် ခြင်းနှင့် စည်းစိမ် ဥစ္စာ၏လှည့်စား ခြင်းသည် တရားစကား ကို လွှမ်းမိုး ညှဉ်းဆဲတတ်သောကြောင့် အသီး မသီးနိုင်ဟု ဆိုလိုသတည်း။ (aiōn g165)
ဆူး​တော​တွင်​ကျ​သည့်​မျိုး​စေ့​များ​သည်​တ​ရား တော်​ကို​ကြား​၍​အ​သီး​အ​ပွင့်​မ​ဖြစ်​ထွန်း​စေ နိုင်​သော​သူ​တို့​ကို​ဆို​လို​၏။ သူ​တို့​၏​စိုး​ရိမ်​ကြောင့် ကြ​မှု​များ​နှင့်​စည်း​စိမ်​ချမ်း​သာ​ခံ​စား​လို​မှု များ​က​တ​ရား​တော်​မျိုး​စေ့​ကို​လွှမ်း​မိုး​သ​ဖြင့် မည်​သို့​မျှ​မ​သီး​မ​ပွင့်​နိုင်​ချေ။- (aiōn g165)
တော မျိုးစေ့ကိုကြဲ သောရန်သူ ကား မာရ်နတ် ဖြစ် ၏။ စပါး ရိတ်သောကာလကား ဤကမ္ဘာကုန် သော ကာလ ဖြစ် ၏။ စပါးရိတ် သောသူကား ကောင်းကင်တမန် ဖြစ် ၏။ (aiōn g165)
ထို​မျိုး​စေ့​များ​ကို​ကြဲ​သူ​သည်​စာ​တန်​မာရ်​နတ် ပင်​ဖြစ်​၏။ ကောက်​ရိတ်​ချိန်​ကား​ကပ်​ကမ္ဘာ​ကုန်​ဆုံး ချိန်​တည်း။ ကောက်​ရိတ်​သ​မား​များ​သည်​ကောင်း​ကင် တ​မန်​များ​ဖြစ်​၏။- (aiōn g165)
တောပင် တို့ကိုရွေးနှုတ် ၍ မီး ရှို့ သကဲ့သို့ ဤကမ္ဘာ အဆုံး ၌ ဖြစ် လတံ့။ (aiōn g165)
ဂျုံ​ရိုင်း​ပင်​များ​ကို​စု​သိမ်း​ပြီး​မီး​ရှို့​ပစ်​လိုက် သ​ကဲ့​သို့ ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၌​စာ​တန်​မာရ် နတ်​၏​နိုင်​ငံ​သား​တို့​သည်​မီး​ရှို့​ဖျက်​ဆီး​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။- (aiōn g165)
ထိုနည်းတူ ကမ္ဘာ အဆုံး ၌ ကောင်းကင်တမန် တို့သည် ဆင်းလာ ပြီးလျှင် ၊ ဖြောင့်မတ် သောသူ တို့အထဲ မှ ဆိုး သောသူ တို့ကို နှုတ်ယူ ခွဲထား၍၊ (aiōn g165)
ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၌​လည်း​ထို​နည်း​တူ​ဖြစ်​ပေ အံ့။ ကောင်း​ကင်​တ​မန်​များ​သည်​လာ​၍​သူ​ယုတ်​မာ များ​ကို​သူ​တော်​ကောင်း​များ​ထဲ​မှ​ခွဲ​ထုတ်​ပြီး​လျှင်၊- (aiōn g165)
ငါ ဆို သည်ကား၊ သင် သည် ပေတရု ဖြစ် ၏။ ဤ ကျောက် ပေါ်မှာ ငါ့ အသင်း ကို ငါတည်ဆောက် မည်။ ထိုအသင်း ကို မရဏာ နိုင်ငံ၏တံခါး တို့သည် မ နိုင် ရာ။ (Hadēs g86)
ထို့​ကြောင့်​သင်​၏​နာ​မည်​သည်​ကျောက်​ဟု​အ​နက် ရှိ​သော​ပေ​တ​ရု​ဖြစ်​၍​ထို​ကျောက်​တည်း​ဟူ​သော အုတ်​မြစ်​ပေါ်​မှာ​ငါ​၏​အ​သင်း​တော်​ကို​တည်​ဆောက် မည်။ သေ​ခြင်း​တ​ရား​ပင်​လျှင်​ထို​အ​သင်း​တော်​ကို မ​နိုင်​ရ။- (Hadēs g86)
သင် ၏လက် ခြေ သည် သင့် ကို မှားယွင်း စေလျှင် လက် ခြေကိုဖြတ်ပစ် လော့။ လက် ခြေ အစုံ နှင့် ထာဝရ မီး ထဲသို့ ချ ခြင်းကို ခံရသည်ထက် အင်္ဂါ ချို့တဲ့၍ အသက် ရှင်ခြင်းသို့ ဝင်စား သော်သာ၍ ကောင်း၏။ (aiōnios g166)
``သင်​၏​ခြေ​သော်​လည်း​ကောင်း၊ လက်​သော်​လည်း ကောင်း​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက်​ပြယ်​စေ​လျှင် ထို​ခြေ​ထို​လက်​ကို​ဖြတ်​ပစ်​လော့။ ထာ​ဝ​ရ​မီး ထဲ​သို့​ခြေ​လက်​အ​စုံ​နှင့်​ကျ​ရ​သည်​ထက်​ကိုယ် အင်္ဂါ​ချို့​တဲ့​လျက်​ထာ​ဝ​ရ​အ​သက်​ရ​ခြင်း​က သာ​၍​ကောင်း​၏။- (aiōnios g166)
သင် ၏မျက်စိ သည်လည်း သင့် ကိုမှားယွင်း စေလျှင် ၊ မျက်စိ ကိုထုတ်ပစ် လော့။ မျက်စိ နှစ် ဘက်စုံနှင့် ငရဲ မီး ထဲသို့ ချ ခြင်းကို ခံရ သည်ထက် မျက်စိ တစ်ဘက်နှင့် အသက် ရှင်ခြင်းသို့ ဝင်စား သော် သာ၍ ကောင်း၏။ (Geenna g1067)
သင်​၏​မျက်​စိ​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက် ပြယ်​စေ​လျှင်​ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့။ င​ရဲ​မီး ထဲ​သို့​မျက်​စိ​အ​စုံ​နှင့်​ကျ​ရ​သည်​ထက်​မျက်​စိ တစ်​လုံး​ချို့​တဲ့​လျက် ထာ​ဝ​ရ​အ​သက်​ကို​ရ​ခြင်း က​သာ​၍​ကောင်း​၏။ (Geenna g1067)
ထိုနောက် လူတစ် ယောက်သည် ချဉ်းကပ် ၍၊ ကောင်းမြတ်သောဆရာ ၊ ထာဝရ အသက် ကို ရ အံ့သောငှာ အကျွန်ုပ်သည် အဘယ် ကောင်းမှု ကို ပြု ရပါမည်နည်းဟု မေးလျှောက် သော်၊ (aiōnios g166)
လူ​တစ်​ယောက်​သည်​အ​ထံ​တော်​သို့​လာ​၍ ``ဆ​ရာ တော်၊ ထာ​ဝ​ရ​အ​သက်​ကို​ရ​အံ့​သော​ငှာ​အ​ကျွန်ုပ် သည်​အ​ဘယ်​ကောင်း​မြတ်​သည့်​အ​မှု​ကို​ပြု​ရ ပါ​မည်​နည်း'' ဟု​မေး​လျှောက်​၏။ (aiōnios g166)
အကြင်သူ သည် ငါ ၏နာမ ကြောင့် အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ မိဘ ၊ သား မယားတည်းဟူသောတပါးပါး ကိုစွန့် ၏။ ထိုသူသည် အဆတရာ သောအကျိုးကိုရ ၍ ထာဝရ အသက် ကို အမွေ ခံရလတံ့။ (aiōnios g166)
ထို​မှ​တစ်​ပါး​ငါ့​အ​တွက်​ကြောင့်​အိမ်၊ မြေ၊ ညီ အစ်​ကို၊ နှ​မ၊ အစ်​မ၊ မိ​ဘ၊ သား​သ​မီး​အ​နက် တစ်​စုံ​တစ်​ယောက်​ကို​စွန့်​သော​သူ​သည်​မိ​မိ​စွန့် သည်​ထက်​အ​ဆ​တစ်​ရာ​မျှ​အ​ကျိုး​ကို​ပြန် လည်​ရ​ရှိ​လိမ့်​မည်။ ထာ​ဝ​ရ​အ​သက်​ကို​လည်း ရ​လိမ့်​မည်။- (aiōnios g166)
လမ်း နား မှာသင်္ဘောသဖန်း ပင်တစ် ပင်ကို မြင် လျှင် ၊ ထိုအပင် သို့ ကြွသွား ၍ အရွက် ကိုသာ တွေ့ တော်မူသည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင် ၌အသီး မ သီး စေနှင့် ဟု မိန့် တော်မူလျှင် ၊ ထိုအပင် သည် ချက်ခြင်း သွေ့ခြောက် လေ၏။ (aiōn g165)
လမ်း​အ​နီး​တွင်​သ​င်္ဘော​သ​ဖန်း​ပင်​တစ်​ပင်​ကို မြင်​သ​ဖြင့်​ထို​အ​ပင်​ရှိ​ရာ​သို့​ကြွ​တော်​မူ​၏။ အ​ပင်​ပေါ်​တွင်​အ​ရွက်​များ​ကို​သာ​တွေ့​တော်​မူ လျှင်​ကိုယ်​တော်​သည်​ထို​အ​ပင်​အား ``သင်​သည် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​အ​သီး​မ​သီး​စေ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ သင်္ဘော​သ​ဖန်း​ပင်​သည်​လည်း ချက်​ချင်း​ပင်​ညှိုး​နွမ်း​ခြောက်​သွေ့​သွား​လေ​၏။ (aiōn g165)
လျှို့ဝှက် သောကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ လူ တစ် ယောက်ကိုပင် ဘာသာ သွင်းခြင်းငှာကုန်းကြောင်း ရေကြောင်း ပတ်ပတ် လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း ၊ မိမိ တို့ထက် နှစ်ဆသောငရဲ သား ဖြစ် စေကြ၏။ (Geenna g1067)
``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ လူ​တစ်​ယောက် ကို​ဘာ​သာ​သွင်း​နိုင်​ရန်​သင်​တို့​သည်​ရေ​ကြောင်း၊ ကုန်း​ကြောင်း​ခ​ရီး​ပြု​ကြ​၏။ ဘာ​သာ​သွင်း​ပြီး သော​အ​ခါ​၌​လည်း​ထို​သူ​အား​သင်​တို့​ထက် နှစ်​ဆ​ပို​၍​င​ရဲ​သို့​လား​ထိုက်​သူ​ဖြစ်​စေ​ကြ ၏။'' (Geenna g1067)
မြွေဆိုး အမျိုး တို့၊ သင်တို့သည် အပြစ် ငရဲ မှ အဘယ်သို့ လွတ် နိုင်ကြမည်နည်း။ (Geenna g1067)
အ​ချင်း​မြွေ​ဆိုး​များ​နှင့်​မြွေ​ဆိုး​၏​သား​မြေး တို့၊ သင်​တို့​သည်​င​ရဲ​သို့​လား​ရ​မည့်​ဘေး​ဒဏ် မှ​အ​ဘယ်​သို့​လွတ်​နိုင်​ကြ​ပါ​မည်​နည်း။- (Geenna g1067)
ထိုနောက် သံလွင် တောင် ပေါ်မှာ ထိုင် တော်မူစဉ်၊ တပည့် တော်တို့သည် အခြား သူမပါဘဲချဉ်းကပ် ၍၊ ထို အမူအရာတို့သည် အဘယ် ကာလမှ ဖြစ် မည်ကို၎င်း၊ ကိုယ်တော် သည်ကြွလာ ၍ ဤ ကပ်ကမ္ဘာကုန် သော ပုပ္ပ နိမိတ်သည် အဘယ် နိမိတ်ဖြစ်မည်ကို၎င်း အမိန့် ရှိတော်မူပါဟု လျှောက် ကြ၏။ (aiōn g165)
ကိုယ်​တော်​သည်​သံ​လွင်​တောင်​ပေါ်​တွင်​တစ်​ကိုယ်​တည်း ထိုင်​နေ​တော်​မူ​စဉ်​တ​ပည့်​တော်​တို့​သည်​အ​ထံ​တော် သို့​ချဉ်း​ကပ်​၍ ``အ​ရှင်​မိန့်​တော်​မူ​သော​အ​မှု​အ​ရာ များ​သည်​အ​ဘယ်​အ​ခါ​ကာ​လ​၌​ဖြစ်​ပျက်​ပါ​မည် နည်း။ အ​ရှင်​ကြွ​လာ​တော်​မူ​ချိန်​နှင့်​ကပ်​ကမ္ဘာ​ကုန်​ဆုံး ချိန်​၌​အ​ဘယ်​နိ​မိတ်​များ​ပေါ်​ထွန်း​ပါ​မည်​နည်း။ အ​ကျွန်ုပ်​တို့​အား​မိန့်​တော်​မူ​ပါ'' ဟု​လျှောက်​ထား ကြ​၏။ (aiōn g165)
ထိုအခါ လက်ဝဲ တော်ဘက် ၌ရှိသောသူ တို့အား မင်းကြီးက၊ ကျိန် ခြင်းကို ခံရသောသူ တို့၊ မာရ်နတ် နှင့် သူ ၏တမန် တို့အဘို့ ပြင်ဆင် သောထာဝရ မီး ထဲသို့ ငါ့ ထံမှ ခွာသွား ကြလော့။ (aiōnios g166)
``ထို​နောက်​ဘု​ရင်​မင်း​မြတ်​က​လက်​ဝဲ​တော်​ဘက် ၌​ရှိ​သော​သူ​တို့​အား `အ​မင်္ဂ​လာ​ရှိ​သူ​တို့၊ ငါ့​ထံ မှ​ထွက်​သွား​ကြ​လော့။ မာရ်​နတ်​နှင့်​သူ့​စေ​တ​မန် များ​အ​တွက်​ပြင်​ဆင်​ထား​သည့်​ထာ​ဝ​ရ​မီး ထဲ​သို့​သက်​ဆင်း​ကြ​လော့။- (aiōnios g166)
ထိုသူ တို့သည် ထာဝရ အပြစ် ဒဏ်ခံရာသို့ ၎င်း ၊ ဖြောင့်မတ် သောသူ တို့မူကား ၊ ထာဝရ အသက် ရှင်ရာ သို့ ၎င်း သွား ရကြလတံ့ ဟု မိန့် တော်မူ၏။ (aiōnios g166)
ထို့​ကြောင့်​ထို​သူ​တို့​သည်​ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ခံ ရ​ကြ​လိမ့်​မည်။ သူ​တော်​ကောင်း​တို့​မူ​ကား​ထာ​ဝ​ရ ချမ်း​သာ​သို့​ဝင်​စား​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။ (aiōnios g166)
ငါသည် သင် တို့အား ပေးသမျှ သော ပညတ် တော်တို့ကို စောင့်ရှောက် စေခြင်းငှာဆုံးမ ဩဝါဒပေးကြ လော့။ ငါ သည်လည်း ကပ် ကမ္ဘာကုန် သည်တိုင်အောင် သင် တို့နှင့်အတူ အစဉ်မပြတ် ရှိ သည် ဟု တပည့် တော်တို့ အား မိန့် တော်မူ၏။ (aiōn g165)
သင်​တို့​အား​ငါ​ပေး​သ​မျှ​သော​ပ​ညတ်​တို့​ကို စောင့်​ထိန်း​ကြ​စေ​ရန်​သူ​တို့​အား​သွန်​သင်​ကြ​လော့။ ငါ​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင်​အောင်​သင်​တို့ နှင့်​အ​တူ​အ​စဉ်​မ​ပြတ်​ရှိ​တော်​မူ​မည်'' ဟု မိန့်​တော်​မူ​၏။ ရှင်​မ​ဿဲ​ခ​ရစ်​ဝင်​ပြီး​၏။ (aiōn g165)
သန့်ရှင်း သောဝိညာဉ် တော်ကို ကဲ့ရဲ့ သောသူ သည် အပြစ်လွတ် စေခြင်းအခွင့်ကို အဘယ် ကာလ၌ မျှ မ ရ နိုင်ကြ။ ထာဝရ အပြစ် ဒဏ် ကို ခံရသောသူဖြစ် ပေ၏ ဟု မိန့်တော်မူ၏။ (aiōn g165, aiōnios g166)
သို့​ရာ​တွင်​သန့်​ရှင်း​သော​ဝိညာဉ်​တော်​ကို​ပြစ်​မှား သော​သူ​မူ​ကား အ​ပြစ်​လွတ်​ငြိမ်း​ခွင့်​ရ​နိုင်​လိမ့်​မည် မ​ဟုတ်။ သူ​သည်​ထာ​ဝ​ရ​အ​ပြစ်​ကို​ကူး​သူ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။- (aiōn g165, aiōnios g166)
လောကီ အမှု၌စိုးရိမ် ခြင်း၊ စည်းစိမ် ဥစ္စာ၏ လှည့်စား ခြင်း၊ ကြွင်း သောအရာ ကို တပ်မက် ခြင်းစိတ် တို့ သည် တရားစကား ကို လွှမ်းမိုး ညှဉ်းဆဲ တတ်သောကြောင့် အသီး မသီးနိုင် ဟု ဆိုလို သတည်း။” (aiōn g165)
သို့​သော်​ဘ​ဝ​ရပ်​တည်​မှု​အ​တွက်​စိုး​ရိမ်​ကြောင့် ကြ​စ​ရာ​များ၊ စည်း​စိမ်​ချမ်း​သာ​ခံ​စား​လို​မှု​များ နှင့်​အ​ခြား​လို​အင်​ဆန္ဒ​များ​ပေါ်​ပေါက်​လာ​ပြီး​လျှင် ထို​တ​ရား​တော်​ကို​လွှမ်း​မိုး​သ​ဖြင့်​တ​ရား​တော် မျိုး​စေ့​သည်​မည်​သို့​မျှ​မ​သီး​မ​ပွင့်​နိုင်။- (aiōn g165)
Mark 9:43 (မာကု ၉:၄၃)
(parallel missing)
သင်​၏​လက်​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက် ပြား​စေ​လျှင် ထို​လက်​ကို​ဖြတ်​ပစ်​လော့။- (လောက်​ကောင်​များ​မ​သေ၊ မီး​မ​ငြိမ်း​ရာ) င​ရဲ​မီး ထဲ​သို့​လက်​နှစ်​ဖက်​အ​စုံ​အ​လင်​နှင့်​ကျ​ရောက် ရ​သည်​ထက်၊ လက်​တစ်​ဖက်​ချို့​တဲ့​လျက်​ထာ​ဝ​ရ အ​သက်​ကို​ရ​ခြင်း​က​သာ​၍​ကောင်း​၏။- (Geenna g1067)
ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲ အတွင်း မငြိမ်းနိုင် သော မီး ထဲသို့ လက် နှစ် ဘက်စုံနှင့် ဝင် ရသည်ထက် ၊ လက် ချို့တဲ့ ၍ အသက် ရှင်ခြင်းသို့ ဝင်စား သော် သာ၍ ကောင်း၏။” (Geenna g1067)
(parallel missing)
Mark 9:45 (မာကု ၉:၄၅)
(parallel missing)
သင်​၏​ခြေ​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက် ပြား​စေ​လျှင် ထို​ခြေ​ကို​ဖြတ်​ပစ်​လော့။- သင်​သည်​(လောက်​ကောင်​များ​မ​သေ၊ မီး​မ​ငြိမ်း​ရာ) င​ရဲ​သို့​ခြေ​နှစ်​ဖက်​အ​စုံ​အ​လင်​နှင့်​ကျ​ရ​သည် ထက် ခြေ​တစ်​ဖက်​ချို့​တဲ့​လျက်​ထာ​ဝ​ရ​အ​သက် ကို​ရ​ခြင်း​က​သာ​၍​ကောင်း​၏။- (Geenna g1067)
ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲ အတွင်း မငြိမ်းနိုင်သောမီးထဲသို့ ခြေ နှစ် ဘက်စုံနှင့်ချ ခြင်းကို ခံရသည်ထက် ၊ ခြေ ချို့တဲ့၍ အသက် ရှင်ခြင်းသို့ ဝင်စား သော် သာ၍ ကောင်း၏။” (Geenna g1067)
(parallel missing)
Mark 9:47 (မာကု ၉:၄၇)
(parallel missing)
သင်​၏​မျက်​စိ​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက်​ပြား စေ​လျှင် ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့၊ မျက်​စိ​တစ်​စုံ​နှင့် င​ရဲ​သို့​ကျ​ရ​သည်​ထက် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် သို့​မျက်​စိ​တစ်​လုံး​ချို့​တဲ့​လျက်​ဝင်​ရ​သည်​က​သာ​၍ ကောင်း​၏။- (Geenna g1067)
ပိုး မ သေ ၊ မီး မ ငြိမ်း ရာ ၊ ငရဲ မီးထဲသို့ မျက်စိ နှစ် ဘက်စုံနှင့်ချ ခြင်းကို ခံရသည်ထက် ၊ မျက်စိ တစ်ဘက်နှင့် ဘုရားသခင် ၏နိုင်ငံ တော်သို့ ဝင်စား သော် သာ၍ ကောင်း၏။” (Geenna g1067)
(parallel missing)
လမ်း မှာ ကြွ တော်မူစဉ်တွင်လူတယောက် သည် အထံ တော်သို့ပြေး ၍ ဒူးထောက် လျက် ၊ ကောင်းမြတ် သောဆရာ ၊ ထာဝရ အသက် ကို အမွေ ခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ် အမှုကိုပြု ရပါမည်နည်းဟု မေးလျှောက် သော်၊. (aiōnios g166)
သ​ခင်​ယေ​ရှု​သည်​ခ​ရီး​ပြု​ရန်​ထွက်​တော်​မူ​စဉ် လူ​တစ်​ယောက်​သည်​အ​ထံ​တော်​သို့​ပြေး​လာ​ပြီး လျှင်​ရှေ့​တော်​၌​ဒူး​ထောက်​လျက် ``ကောင်း​မြတ် တော်​မူ​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို​ရ​အံ့ သော​ငှာ အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း'' ဟု​မေး​လျှောက်​၏။ (aiōnios g166)
ထိုသူသည် အဆတရာ သော အကျိုးတည်းဟူသောယခု ကာလ ၌ ညှဉ်းဆဲ ခြင်းနှင့်တကွ အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ အမိ ၊ သားသမီး တို့ကို၎င်း၊ နောင် ဘဝ ၌ ထာဝရ အသက် ကို၎င်း ခံရ လတံ့။” (aiōn g165, aiōnios g166)
ဤ​ဘ​ဝ​၌​ညှဉ်း​ဆဲ​ခြင်း​နှင့်​တ​ကွ​အ​ဆ​တစ်​ရာ မျှ​သော အိမ်၊ မြေ၊ ညီ​အစ်​ကို၊ နှ​မ၊ အစ်​မ၊ မိ​ဘ၊ သား သ​မီး​များ​ကို​ရ​ရှိ​လိမ့်​မည်။ ထို့​ပြင်​နောင်​ဘ​ဝ ၌​ထာ​ဝ​ရ​အ​သက်​ကို​ရ​လိမ့်​မည်။- (aiōn g165, aiōnios g166)
ယခုမှစ၍ အစဉ်မပြတ် သင် ၏အသီး ကို အဘယ်သူ မျှမစား စေနှင့် ဟုမိန့် တော်မူ၏။ တပည့် တော်တို့သည် လည်း ကြား ကြ၏။ (aiōn g165)
ထို​အ​ခါ​ကိုယ်​တော်​က ``နောင်​အ​စဉ်​အ​ဆက် သင်​၏​အ​သီး​ကို​အ​ဘယ်​သူ​မျှ​မ​စား​စေ​ရ'' ဟု​သင်္ဘော​သ​ဖန်း​ပင်​အား​မိန့်​တော်​မူ​၏။ ထို​သို့​မိန့်​တော်​မူ​သည်​ကို​တ​ပည့်​တော်​တို့ ကြား​ကြ​၏။ (aiōn g165)
ထိုသူသည်လည်း ယာကုပ် အမျိုးအနွယ် ကို အစဉ်မပြတ် အုပ်စိုး လိမ့်မည်။ သူ ၏နိုင်ငံ သည်လည်း ဆုံး ခြင်းမ ရှိ ရဟုပြောဆို ၏။ (aiōn g165)
သူ​သည်​ယာ​ကုပ်​အ​မျိုး​အ​နွယ်​များ​ကို​အ​စဉ် မ​ပြတ်​အုပ်​စိုး​တော်​မူ​လိမ့်​မည်။ သူ​၏​နန်း​သက် သည်​အ​ဘယ်​အ​ခါ​မျှ​ကုန်​ဆုံး​လိမ့်​မည်​မ​ဟုတ်'' ဟု​မာ​ရိ​အား​ပြော​၏။ (aiōn g165)
အာဗြဟံ မှစသောသူ ၏အမျိုးအနွယ် အား သနား ခြင်းကျေးဇူးတော်ကို အစဉ်အမြဲ ပြုခြင်းငှာသတိ ထား၍မိမိ ကျွန် ဣသရေလ ကို မစ တော်မူပြီဟုဆို ၏။ (aiōn g165)
အာ​ဗြ​ဟံ​နှင့်​အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ်​များ အ​ပေါ် ထား​တော်​မူ​သော​က​ရု​ဏာ​တော်​ကို၊ အ​စဉ်​အ​မြဲ​ပြု​ခြင်း​ငှာ​သ​တိ​ရ​တော်​မူ​ပြီ ဟု​ဆို​၏။ (aiōn g165)
ငါ တို့ သည် ရန်သူ ဘေး နှင့် ကင်းလွတ် ၍ ဘုရားသခင့် ရှေ့ တော်၌ တသက်လုံး သန့်ရှင်း ဖြောင့်မတ် ခြင်းပါရမီအားဖြင့် ဘုရား ဝတ်ကိုရဲရင့် စွာပြုရ သောအခွင့်ကိုပေး မည်ဟု (aiōn g165)
ရှေး​သန့်​ရှင်း​မြင့်​မြတ်​သူ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊ (aiōn g165)
အနက်ဆုံး သော အရပ်သို့ သွား စေခြင်းငှာမ နှင်ပါမည်အကြောင်း တောင်းပန် လေ၏။ (Abyssos g12)
နတ်​မိစ္ဆာ​တို့​သည် ``အ​ကျွန်ုပ်​တို့​အား​တွင်း​နက်​ကြီး ထဲ​သို့​လား​စေ​ရန်​အ​မိန့်​ပေး​တော်​မ​မူ​ပါ​နှင့်'' ဟု​တောင်း​ပန်​ကြ​၏။ (Abyssos g12)
အိုကပေရနောင် မြို့၊ သင် သည် မိုဃ်း ကောင်းကင်တိုင်အောင် မြှောက်စား ခြင်းကို ခံရသော်လည်း၊ မရဏာ နိုင်ငံတိုင်အောင် နှိမ့်ချ ခြင်းကို ခံရလတံ့။ (Hadēs g86)
အို က​ပေ​ရ​နောင်​မြို့၊ သင်​သည်​ကောင်း​ကင်​ဘုံ တိုင်​အောင်​မြှောက်​စား​ခြင်း​ကို​ခံ​လို​သ​လော။ မ​ရ​ဏာ​နိုင်​ငံ​အ​ထိ​နှိမ့်​ချ​ခြင်း​ခံ​ရ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။ (Hadēs g86)
တရံရောအခါကျမ်းတတ် တစ် ယောက်သည်ထ ၍ ၊ အရှင် ဘုရား၊ ထာဝရ အသက် ကို အမွေ ခံရအံ့သောငှာအကျွန်ုပ်သည် အဘယ် အမှုကို ပြု ရပါမည်နည်းဟု ကိုယ်တော် ကို စုံစမ်းနှောင့်ရှက် ခြင်းငှာမေးလျှောက် သော်၊ (aiōnios g166)
ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​သည်​အ​ထံ​တော် သို့​လာ​၍ ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ အ​သက်​ကို​ရ​အံ့​သော​ငှာ​အ​ဘယ်​သို့​ပြု​ရ ပါ​မည်​နည်း'' ဟု​ကိုယ်​တော်​အား​ပ​ညာ​စမ်း လို​သ​ဖြင့်​မေး​လျှောက်​၏။ (aiōnios g166)
အဘယ်သူ ကို ကြောက် ရမည်နည်းဟူမူကား ၊ ကိုယ်ခန္ဓါကိုသတ် ပြီးမှ ငရဲ ထဲသို့ ချ နိုင် သောသူ ကို ကြောက် ကြလော့။ ငါအမှန် ဆို သည်ကား၊ ထို သူကို ကြောက် ကြလော့။ (Geenna g1067)
သင်​တို့​ကြောက်​သင့်​သူ​ကို​ငါ​ဖော်​ပြ​မည်။ ကိုယ် ခန္ဓာ​ကို​သတ်​ပြီး​နောက်​သင်​တို့​အား​င​ရဲ​သို့ ချ​နိုင်​သူ​ဘု​ရား​သ​ခင်​ကို​ကြောက်​ကြ​လော့။ သင်​တို့​အား​ငါ​ဆို​သည်​ကား​ထို​အ​ရှင်​ကို ကြောက်​ကြ​လော့။ (Geenna g1067)
မတရား သော ထို ဘဏ္ဍာစိုး သည် လိမ္မာ စွာပြု သည်ကို သခင် သည် ချီးမွမ်း လေ၏။ အကြောင်းမူကား ၊ လောကီ သား တို့သည် မိမိ တို့အမှုကို ဆောင်ရွက်ရာတွင် ၊ အလင်း သို့ရောက်သောသူ တို့ထက် သာ၍လိမ္မာ ကြ၏။ (aiōn g165)
ဤ​သို့​ပါး​နပ်​လိမ္မာ​စွာ​ပြု​သည့်​အ​တွက်​မ​ရိုး ဖြောင့်​သည့်​မန်​နေ​ဂျာ​ကို​သူ​ဌေး​သည်​ချီး​မွမ်း လေ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​လော​ကီ​သား တို့​သည်​လော​ကီ​ကိစ္စ​ဆောင်​ရွက်​ရာ​တွင် အ​လင်း နှင့်​ဆိုင်​သော​သား​များ​ထက်​ပါး​နပ်​လိမ္မာ ကြ​သော​ကြောင့်​တည်း။ (aiōn g165)
တဖန် ငါ ဆို သည်ကား၊ သင်တို့သည် စုတေ့ သောအခါ ၊ အစဉ်အမြဲ တည်သော ဗိမာန် ၌ သင် တို့ကို လက်ခံ လတံ့သော အဆွေ ရှိစေခြင်းငှာ မ မြဲသော လောကီစည်းစိမ် ကိုသုံးဆောင် ကြလော့။ (aiōnios g166)
``ထို​မှ​တစ်​ပါး​သင်​တို့​အား​ငါ​ဆို​သည်​ကား လော​က​စည်း​စိမ်​ချမ်း​သာ​အား​ဖြင့်​မိတ်​ဆွေ များ​ရ​အောင်​ပြု​ကြ​လော့။ သို့​မှ​သာ​ထို​စည်း စိမ်​ချမ်း​သာ​ကုန်​ဆုံး​သော​အ​ခါ​သင်​တို့​အား ထာ​ဝ​ရ​အိမ်​တော်​တွင်​ကြို​ဆို​လက်​ခံ​လိမ့် မည်။- (aiōnios g166)
မရဏာ နိုင်ငံ၌ ပြင်းပြ စွာသောဝေဒနာကို ခံရ လျက် မျှော်ကြည့် ၍ ၊ အာဗြဟံ ကို၎င်း ၊ အာဗြဟံ ၏ ရင်ခွင် ၌ လာဇရု ကို၎င်းအဝေး က မြင် လျှင်၊ (Hadēs g86)
သူ​သည်​မ​ရ​ဏ​နိုင်​ငံ​တွင်​ဝေ​ဒ​နာ​ပြင်း​စွာ​ခံ နေ​ရ​သ​ဖြင့် မျှော်​ကြည့်​လိုက်​သော​အ​ခါ​အာ​ဗြ​ဟံ ကို​လည်း​ကောင်း၊ အာ​ဗြ​ဟံ​၏​လက်​ယာ​ဘက်​တွင် လာ​ဇ​ရု​ကို​လည်း​ကောင်း​မြင်​လေ​၏။- (Hadēs g86)
အရာရှိ တစ် ယောက်က၊ ကောင်းမြတ် သောဆရာ ၊ ထာဝရ အသက် ကို အမွေခံ ရအံ့သောငှာအကျွန်ုပ်သည် အဘယ် အမှုကို ပြု ရပါမည်နည်းဟု မေး လျှောက် သော်၊ (aiōnios g166)
ယု​ဒ​အ​မျိုး​သား​အ​ရာ​ရှိ​တစ်​ယောက် က ``ကောင်း​မြတ်​တော်​မူ​သော​ဆ​ရာ၊ ထာ​ဝ​ရ အ​သက်​ကို​ရ​အံ့​ငှာ​အ​ကျွန်ုပ်​သည်​အ​ဘယ် အ​ရာ​ကို​ပြု​ရ​ပါ​မည်​နည်း'' ဟု​ကိုယ်​တော် အား​မေး​လျှောက်​၏။ (aiōnios g166)
ထိုသူ သည် ယခု ကာလ ၌ အဆများစွာ သောအကျိုးကို၎င်း ၊ နောင် ဘဝ ၌ ထာဝရ အသက် ကို၎င်း ခံရ လတံ့ ဟု မိန့် တော်မူ၏။ (aiōn g165, aiōnios g166)
ဤ​ဘ​ဝ​၌​အ​ဆ​ပေါင်း​များ​စွာ​သော​အ​ကျိုး ခံ​စား​ရ​သည်​သာ​မ​က နောင်​ဘ​ဝ​၌​လည်း ထာ​ဝ​ရ​အ​သက်​ကို​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။ (aiōn g165, aiōnios g166)
ယေရှု ကလည်း ၊ ယခု ဘဝ သား တို့သည် စုံဘက် ခြင်း၊ ထိမ်းမြား ပေးစားခြင်းကို ပြုတတ်ကြ၏။ (aiōn g165)
သ​ခင်​ယေ​ရှု​က ``ဤ​ဘ​ဝ​၌​လူ​တို့​သည် ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​ပြု​တတ်​ကြ​၏။- (aiōn g165)
နောင် ဘဝကို၎င်း ၊ သေ ခြင်းမှ ထမြောက် ခြင်းကို၎င်းရထိုက် သည်ဟု မှတ်တော်မူခြင်းကို ခံရသောသူ တို့သည် စုံဘက် ခြင်း၊ ထိမ်းမြား ပေးစားခြင်းကို မ ပြုတတ်ကြ။ (aiōn g165)
သို့​ရာ​တွင်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​၍ တ​မ​လွန်​သို့​ဝင်​ထိုက်​သော​သူ​တို့​မူ​ကား ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​မ​ပြု​ကြ​ကုန်။- (aiōn g165)
အကြောင်းမူကား ၊ ထိုသား တော်ကို ယုံကြည် သောသူအပေါင်း တို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက် ကိုရ မည်အကြောင်းတည်း။ (aiōnios g166)
မိ​မိ​အား​ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ အ​သက်​ကို​ရ​ရှိ​ကြ​စေ​ရန် လူ​သား​သည်​တော ကန္တာ​ရ​၌​တိုင်​ထိပ်​တွင်​မော​ရှေ​မြှောက်​တင်​ထား သည့်​ကြေး​မြွေ​ရုပ်​ကဲ့​သို့​မြှောက်​တင်​ခြင်း ခံ​ရ​လိမ့်​မည်။- (aiōnios g166)
ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသူ အပေါင်း တို့သည်၊ ပျက်စီး ခြင်းသို့မ ရောက်၊ ထာဝရ အသက် ကို ရ စေခြင်းငှာ ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်း သော သား တော်ကို စွန့် တော်မူသည်တိုင်အောင် လောကီသား ကို ချစ် တော်မူ၏။ (aiōnios g166)
ဘု​ရား​သ​ခင်​သည်​လော​က​သား​တို့​ကို​လွန်​စွာ ချစ်​တော်​မူ​သ​ဖြင့် သား​တော်​အား​ယုံ​ကြည်​သူ အ​ပေါင်း​တို့​သည်​ပျက်​စီး​ဆုံး​ပါး​ခြင်း​မ​ရှိ ဘဲ ထာ​ဝ​ရ​အ​သက်​ကို​ရ​စေ​ခြင်း​ငှာ မိ​မိ ၏​တစ်​ပါး​တည်း​သော​သား​တော်​ကို​စွန့်​တော် မူ​၏။- (aiōnios g166)
သား တော်ကို ယုံကြည် သောသူ သည် ထာဝရ အသက် ကိုရ ၏။ သား တော်ကို ပယ် သောသူ မူကား အသက် ကို မ တွေ့ ရ။ ထိုသူ ၏အပေါ် ၌ဘုရားသခင် ၏ အမျက် တော်တည်နေ သည်ဟု ယောဟန်ဟော လေ၏။ (aiōnios g166)
သား​တော်​ကို​ယုံ​ကြည်​သူ​သည်​ထာ​ဝ​ရ​အ​သက် ကို​ရ​၏။ သား​တော်​၏​စ​ကား​ကို​နား​မ​ထောင်​သူ မူ​ကား​အ​သက်​ကို​မ​ရ​ဘဲ ဘု​ရား​သ​ခင်​၏ အ​မျက်​တော်​သင့်​သူ​ဖြစ်​လိမ့်​မည်။ (aiōnios g166)
ငါ ပေး သောရေ ကိုသောက် သောသူ မူကား ၊ ရေငတ် ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ် လိမ့်မည်။ ငါပေး သော ရေ သည် ထိုသူ ၌ထာဝရ အသက် ရှင်ခြင်းအလိုငှာ ထွက် သော စမ်း ရေ ဖြစ် လိမ့်မည် ဟု မိန့် တော်မူ၏။ (aiōn g165, aiōnios g166)
ငါ​ပေး​မည့်​ရေ​ကို​သောက်​သူ​မူ​ကား​အ​ဘယ် အ​ခါ​မျှ​ရေ​ငတ်​တော့​မည်​မ​ဟုတ်။ ထို​ရေ​သည် သူ​၏​အ​တွင်း​၌​ထာ​ဝ​စဉ်​စမ်း​ပေါက်​လျက် သူ့ အား​ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​စေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ (aiōn g165, aiōnios g166)
စပါးရိတ် သောသူ သည် အခ ကိုခံရ ၍ ထာဝရ အသက် ရှင်ခြင်းအလိုငှာ အသီးအနှံ ကိုစုသိမ်း ၏။ သို့ဖြစ်လျှင် ပျိုးကြဲ သောသူ နှင့် စပါးရိတ် သောသူ တို့သည် အတူ ဝမ်းမြောက် ကြလိမ့်မည်။ (aiōnios g166)
ရိတ်​သူ​သည်​အ​ခ​ကို​ခံ​ယူ​၍​ထာ​ဝ​ရ​အ​သက် ဆိုင်​ရာ​သီး​နှံ​များ​ကို​ရိတ်​သိမ်း​၏။ သို့​ဖြစ်​၍ စိုက်​သူ​နှင့်​ရိတ်​သူ​တို့​သည် အ​တူ​တ​ကွ​ရွှင်​လန်း ဝမ်း​မြောက်​ကြ​လိမ့်​မည်။- (aiōnios g166)
ငါအမှန်အကန် ဆို သည်ကား၊ ငါ့ စကား ကို နားထောင် ၍ ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုယုံကြည် သောသူ သည် ထာဝရ အသက် ကို ရ သည်ဖြစ်၍ အပြစ် စီရင်ခြင်းကိုမ ခံရ ။ သေ ခြင်းမှ အသက် ရှင်ခြင်းသို့ ကူးမြောက် သောသူဖြစ်၏။ (aiōnios g166)
``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏​စ​ကား​ကို​ကြား​နာ​၍ ငါ့​ကို​စေ​လွှတ် တော်​မူ​သော​အ​ရှင်​ကို​ယုံ​ကြည်​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ သူ​သည်​တ​ရား စီ​ရင်​တော်​မူ​ခြင်း​ကို​မ​ခံ​ရ​ဘဲ သေ​ခြင်း မှ​အ​သက်​ရှင်​ခြင်း​သို့​ကူး​မြောက်​သော​သူ ဖြစ်​၏။- (aiōnios g166)
ကျမ်းစာအားဖြင့် ထာဝရ အသက် ကိုရ မည်ဟု စိတ်ထင် နှင့် သင်တို့သည် ကျမ်းစာ ကိုစေ့စေ့ ကြည့်ရှုကြ၏။ ထို ကျမ်းစာပင်ငါ ၏သက်သေ ဖြစ် ၏။ (aiōnios g166)
ကျမ်း​စာ​တော်​တွင်​ရှာ​ဖွေ​၍​ထာ​ဝ​ရ​အ​သက် ကို​တွေ့​ရှိ​လိမ့်​မည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​ဖြင့် ကျမ်း​စာ​တော်​ကို​အ​ပတ်​တ​ကုတ်​လေ့​လာ​ကြ​၏။ ထို​ကျမ်း​စာ​တော်​က​ပင်​လျှင်​ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​၏။- (aiōnios g166)
မုန့် ကို စား ၍ ဝ သောကြောင့် သာ ရှာကြ၏။ ပျက်စီး တတ်သောအစာ ကိုရခြင်းငှာမ ကြိုးစား ကြနှင့်။ လူသားသည် သင်တို့အား ပေး၍ ထာဝရ အသက် နှင့်အမျှတည် တတ်သောအစာ ကိုရခြင်းငှာကြိုးစားကြလော့။ ထိုသား သည် ခမည်းတော် ဘုရား ၏တံဆိပ် ခတ်ခြင်းကို ခံ သောသူ ဖြစ်သည် ဟု မိန့် တော်မူ၏။ (aiōnios g166)
ပုပ်​ပျက်​တတ်​သော​အ​စာ​အာ​ဟာ​ရ​အ​တွက် မ​ကြိုး​ပမ်း​ကြ​နှင့်။ ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ စေ​သော​မ​ပုပ်​ပျက်​နိုင်​သော​အ​စာ​အာ​ဟာ​ရ အ​တွက်​ကြိုး​ပမ်း​ကြ​လော့။ ဘု​ရား​သ​ခင်​သည် လူ​သား​အား​တန်​ခိုး​အာ​ဏာ​ကို​အပ်​နှင်း​တော် မူ​သည်​ဖြစ်​၍ လူ​သား​သည်​ထို​အ​စာ​အာ​ဟာ​ရ ကို​သင်​တို့​အား​ပေး​တော်​မူ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ (aiōnios g166)
သား တော်ကို ကြည့် မြင်၍ ယုံကြည် သောသူရှိသမျှ တို့သည် ထာဝရ အသက် ကိုရ စေခြင်းငှာ ၎င်း အလို တော်ရှိ၏။ ငါ သည်လည်း နောက်ဆုံး သောနေ့ ၌ ထိုသူ တို့ကို ထမြောက် စေမည် ဟု မိန့် တော်မူ၏။ (aiōnios g166)
သား​တော်​ကို​ဖူး​မြင်​၍​ယုံ​ကြည်​လာ​သူ အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ကြ စေ​ရန်​ခ​မည်း​တော်​အ​လို​တော်​ရှိ​၏။ ငါ​သည် လည်း​သူ​တို့​အား နောက်​ဆုံး​သော​နေ့​၌​သေ ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​မည်'' ဟု​မိန့် တော်​မူ​၏။ (aiōnios g166)
ငါအမှန်အကန် ဆို သည်ကား၊ ငါ့ကို ယုံကြည် သောသူ သည်ထာဝရ အသက် ကိုရ ၏။ (aiōnios g166)
အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ့ ကို​ယုံ​ကြည်​သူ​သည်​ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။- (aiōnios g166)
ငါ သည်ကောင်းကင် မှ ဆင်းသက် သောအသက် မုန့် ဖြစ်၏။ ဤ မုန့် ကို စား သောသူ မည်သည်ကား၊ အစဉ်မပြတ် အသက် ရှင်လိမ့်မည်။ ငါ ပေးသောမုန့် ကား၊ လောကီသား တို့၏ အသက် အဘို့ အလိုငှာ စွန့် သောငါ ၏ အသား ပေတည်း ဟုမိန့် တော်မူ၏။ (aiōn g165)
ငါ​သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​သည့်​အ​သက် အာ​ဟာ​ရ​ဖြစ်​၏။ ထို​အ​စာ​အာ​ဟာ​ရ​ကို​မှီ​ဝဲ​သူ သည်​အ​စဉ်​ထာ​ဝ​ရ​အ​သက်​ရှင်​လိမ့်​မည်။ ငါ​ပေး မည့်​အ​စာ​အာ​ဟာ​ရ​သည် ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အ​သက်​ရှင်​နိုင်​ကြ​စေ​ရန်​ပေး​သော​ငါ​၏​အ​သား ပေ​တည်း'' ဟု​မိန့်​တော်​မူ​၏။ (aiōn g165)
ငါ ၏အသား ကိုစား ၍ ငါ ၏အသွေး ကိုလည်း သောက် သောသူ သည်ထာဝရ အသက် ကိုရ ၏။ ထိုသူ ကို နောက်ဆုံး သောနေ့ ၌ ငါ ထမြောက် စေမည်။ (aiōnios g166)
ငါ့​အ​သား​ကို​စား​၍​ငါ့​သွေး​ကို​သောက်​သော သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ ငါ​သည်​လည်း နောက်​ဆုံး​သော​နေ့​၌​ထို​သူ​အား​သေ​ခြင်း​မှ ရှင်​ပြန်​ထြေမာက်​စေ​မည်။- (aiōnios g166)
ဤမုန့် ကား၊ ကောင်းကင် မှ ဆင်းသက် သောမုန့် ဖြစ် ၏။ သင်တို့ ဘိုးဘေး များသည် မန္နကိုစား လျက် သေ ရသကဲ့သို့ မ ဟုတ်။ ဤ မုန့် ကိုစား သောသူ သည် အစဉ်မပြတ် အသက် ရှင်လိမ့်မည် ဟု၊ (aiōn g165)
သို့​ဖြစ်​၍​ဤ​အ​စာ​အာ​ဟာ​ရ​ကား​ကောင်း​ကင် ဘုံ​မှ​ဆင်း​သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏။ သင်​တို့​ဘိုး​ဘေး​များ​စား​သုံး​ကြ​ရ​သည့် အ​စာ​အာ​ဟာ​ရ​မျိုး​မ​ဟုတ်။ ထို​အ​စာ​အာ ဟာ​ရ​ကို​သုံး​ဆောင်​သူ​တို့​သည်​သေ​ကြ​ရ​၏။ ဤ အ​စာ​အာ​ဟာ​ရ​ကို​စား​သူ​မူ​ကား​အ​စဉ် မ​ပြတ်​အ​သက်​ရှင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ (aiōn g165)
ရှိမုန် ပေတရု က၊ သခင် ၊ အကျွန်ုပ်တို့သည် အဘယ်သူ ထံသို့ သွား ရမည်နည်း။ ထာဝရ အသက် နှင့် ယှဉ်သော စကား သည်ကိုယ်တော်၌ တည် ပါ၏။ (aiōnios g166)
ရှိ​မုန်​ပေ​တ​ရု​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​သည် မည်​သူ​ထံ​သို့​သွား​ကြ​ရ​ပါ​မည်​နည်း။ ကိုယ် တော်​ရှင်​သာ​လျှင်​ထာ​ဝ​ရ​အ​သက်​ဆိုင်​ရာ တ​ရား​ကို​ဟော​ပါ​၏။- (aiōnios g166)
ကျွန် သည်ကား အိမ် ၌ အစဉ်အမြဲ နေ သည်မ ဟုတ်။ သား မူကား အစဉ်အမြဲ နေ ၏။ (aiōn g165)
ကျွန်​သည်​အိမ်​မှာ​အ​စဉ်​နေ​သည်​မ​ဟုတ်၊ သား မူ​ကား​အ​စဉ်​နေ​၏။- (aiōn g165)
ငါအမှန်အကန် ဆို သည်ကား၊ ငါ့ စကား ကို နားထောင် သောသူ သည်သေ ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည် ဟု မိန့် တော်မူ၏။ (aiōn g165)
အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​ငါ့ စ​ကား​ကို​နာ​ယူ​သူ​သည် အ​ဘယ်​အ​ခါ​မျှ သေ​ဘေး​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု မိန့်​တော်​မူ​၏။ (aiōn g165)
ယုဒ လူတို့ကလည်း၊ သင်၌နတ်ဆိုး စွဲ သည်ကို ယခု ငါတို့သိ ကြ၏။ အာဗြဟံ မှစ၍ ပရောဖက် တို့သည် သေ လွန်ကြပြီ။ သင် မူကား ၊ ငါ့ စကား ကို နားထောင် သောသူ သည်သေ ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည်ဟု ဆို ပါသည်တကား။ (aiōn g165)
ယု​ဒ​အ​မျိုး​သား​တို့​က ``သင်​သည်​နတ်​မိစ္ဆာ စွဲ​ကပ်​နေ​သူ​ဖြစ်​ကြောင်း​ယ​ခု​အ​ခါ​ငါ​တို့ သိ​ကြ​ပါ​ပြီ။ အာ​ဗြ​ဟံ​ကား​သေ​လွန်​လေ ပြီ။ ပ​ရော​ဖက်​များ​သည်​လည်း​ထို့​အ​တူ​ပင်။ သို့​ပါ​လျက်​သင်​က `ငါ​၏​စ​ကား​ကို​နာ​ယူ သူ​သည်​အ​ဘယ်​အ​ခါ​မျှ​သေ​ရ​လိမ့်​မည် မ​ဟုတ်' ဟု​ဆို​ချေ​သည်။- (aiōn g165)
အမိဝမ်းတွင်းကပင် မျက်စိ ကန်းသောသူ ကိုမျက်စိ မြင် စေခြင်းငှာ တတ်နိုင်သည်ကို ကမ္ဘာ ဦးမှစ၍ မ ကြား စဖူး။ (aiōn g165)
ဝမ်း​တွင်း​ပါ​မျက်​မ​မြင်​ကို​တစ်​စုံ​တစ်​ယောက် က​မျက်​စိ​မြင်​စေ​နိုင်​သည်​ဟူ​၍ ကမ္ဘာ​ဦး​မှ​စ ၍​အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြား​စ​ဖူး။- (aiōn g165)
ထာဝရ အသက် ကိုလည်း ငါ ပေး ၏။ သိုးတို့သည် ပျက်စီး ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြလိမ့်မည်။ အဘယ်သူ မျှထိုသိုး တို့ကို ငါ့ လက် မှ မ နှုတ် မယူရာ။ (aiōn g165, aiōnios g166)
ငါ​သည်​သူ​တို့​အား​ထာ​ဝ​ရ​အ​သက်​ကို​ပေး​သည် ဖြစ်​၍ သူ​တို့​သည်​သေ​ခြင်း​နှင့်​အ​စဉ်​မ​ပြတ်​ကင်း လွတ်​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​သူ​တို့​ကို​ငါ့ လက်​မှ​လု​ယူ​၍​မ​ရ​နိုင်။- (aiōn g165, aiōnios g166)
ငါ့ ကိုယုံကြည် ၍ အသက် ရှင်သောသူရှိသမျှ တို့သည်လည်း သေ ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည်။ ငါ့စကားကိုယုံ သလော ဟု မေး တော်မူလျှင်၊ မာသက၊ ဟုတ် ပါ၏သခင် ။ (aiōn g165)
ငါ့​ကို​ယုံ​ကြည်​၍​ယ​ခု​အ​သက်​ရှင်​လျက်​ရှိ သော​သူ​သည်​လည်း အ​ဘယ်​အ​ခါ​မျှ​သေ​ရ လိမ့်​မည်​မ​ဟုတ်။ ငါ့​စ​ကား​ကို​သင်​ယုံ​ပါ သ​လော'' ဟု​မေး​တော်​မူ​၏။ (aiōn g165)
မိမိ အသက် ကို နှမြော သောသူ သည် အသက် ဆုံး လိမ့်မည်။ ဤ လောက ၌ မိမိ အသက် ကိုမုန်း သော သူ မူကား၊ ထာဝရ အသက် ကို စောင့်ရှောက် လျက်နေ၏။ (aiōnios g166)
မိ​မိ​အ​သက်​ကို​ချစ်​သော​သူ​သည်​အ​သက် ဆုံး​ရှုံး​လိမ့်​မည်။ ဤ​လော​က​တွင်​မိ​မိ​အ​သက် ကို​မုန်း​သော​သူ​သည် မိ​မိ​အ​သက်​ကို​အ​စဉ် ထာ​ဝ​ရ​စောင့်​ရှောက်​ထိန်း​သိမ်း​လိမ့်​မည်။- (aiōnios g166)
လူ များတို့ကလည်း၊ ခရစ်တော် သည် အစဉ်အမြဲ တည် သည်ဟု ပညတ္တိ ကျမ်း၌ လာကြောင်း ကို အကျွန်ုပ် တို့ ကြားသိ ရပြီ။ သို့ဖြစ်လျှင် လူ သား သည်မြှောက် ထားခြင်းကိုခံရမည်ဟု သင် သည် အဘယ်သို့ ဆို သနည်း။ ထို လူ သား သည် အဘယ်သို့ သောသူနည်းဟု ဆို ကြ၏။ (aiōn g165)
လူ​တို့​က ``မေ​ရှိ​ယ​သည်​ထာ​ဝ​စဉ်​အ​သက်​ရှင် တော်​မူ​၏​ဟု​ပ​ညတ်​ကျမ်း​က​ဆို​ပါ​သည်။ သို့ ဖြစ်​၍`လူ​သား​သည်​မြေ​မှ​မြှောက်​ထား​ခြင်း​ကို ခံ​ရ​မည်' ဟု​အ​ဘယ်​ကြောင့်​သင်​ဆို​ပါ​သ​နည်း။ လူ​သား​ကား​အ​ဘယ်​သူ​နည်း'' ဟု​မေး​မြန်း​ကြ ၏။ (aiōn g165)
ထိုကြောင့် ဟောပြောသမျှ တို့ကို ခမည်းတော် မှာထား တော်မူသည် အတိုင်းငါ ဟောပြောသည် ဟု ကြွေးကြော် ၍ မိန့် တော်မူ၏။ (aiōnios g166)
ခ​မည်း​တော်​၏​အ​မိန့်​တော်​သည်​ထာ​ဝ​ရ​အ​သက် ရ​စေ​သည်​ကို​ငါ​သိ​၏။ သို့​ဖြစ်​၍​ခမည်း​တော်​ပြော စေ​လို​သည်​အ​တိုင်း​ငါ​ဟော​ပြော​သတည်း။'' (aiōnios g166)
ပေတရု ကလည်း၊ ကိုယ်တော် သည်အကျွန်ုပ် ၏ခြေ ကိုအလျှင်း ဆေး တော်မ မူရဟု လျှောက် ၏။ ယေရှု ကလည်း၊ သင့် ကို ငါမ ဆေး ရလျှင် အသင်သည် ငါ နှင့် မ ဆက်ဆံ ရ ဟု မိန့် တော်မူ၏။ (aiōn g165)
ပေ​တ​ရု​က ``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခြေ ကို​အ​ဘယ်​အ​ခါ​မျှ​မ​ဆေး​ရ'' ဟု​ဆို​၏။ သ​ခင်​ယေ​ရှု​က ``သင့်​ခြေ​ကို​ငါ​မ​ဆေး​ရ လျှင် သင်​သည်​ငါ​၏​တ​ပည့်​မ​ဟုတ်​တော့​ပြီ'' ဟု​မိန့်​တော်​မူ​၏။ (aiōn g165)
ခမည်းတော်သည် သမ္မာတရား ကိုပြသော ဝိညာဉ် တော်တည်းဟူသောတစ်ပါး သောဥပဇ္စျာယ် ဆရာကို သင် တို့နှင့်အတူ အစဉ်မပြတ် တည်နေ စေခြင်းငှာ သင် တို့အားပေး တော်မူမည်။ (aiōn g165)
ငါ​သည်​ခ​မည်း​တော်​အား​တောင်း​လျှောက် သ​ဖြင့်​သင်​တို့​နှင့်​အ​တူ​အ​စဉ်​အ​မြဲ​ရှိ​၍ သင်​တို့​အား​မ​စ​တော်​မူ​သော​အ​ခြား အ​ရှင်​တစ်​ပါး​ကို​ပေး​တော်​မူ​လိမ့်​မည်။- (aiōn g165)
ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေး တော်မူသမျှ သောသူ တို့အား ထာဝရ အသက် ကို ပေး စေခြင်းငှာ ၊ လူမျိုး အပေါင်း တို့ကို အစိုးရသောအခွင့် တန်ခိုးကိုသား တော်အား ပေး တော်မူသည်နှင့်အညီ ၊ သား တော် သည် ကိုယ်တော် ၏ဘုန်း ကို ထင်ရှားစေပါမည်အကြောင်း သား တော်၏ဘုန်း ထင်ရှားစေတော်မူပါ။ (aiōnios g166)
သား​တော်​သည်​မိ​မိ​လက်​သို့​အပ်​နှင်း​ထား သူ​တို့​အား​ထာ​ဝ​ရ​အ​သက်​ကို​ပေး​နိုင်​ရန် ကိုယ်​တော်​သည်​လူ​သား​အ​ပေါင်း​တို့​ကို စိုး​ပိုင်​သော​တန်​ခိုး​အာ​ဏာ​ကို​ပေး​တော် မူ​ပါ​ပြီ။- (aiōnios g166)
ထာဝရ အသက် ဟူမူကား၊ မှန် သောဘုရားသခင် တစ်ဆူတည်း ဖြစ်တော်မူသော ကိုယ်တော် ကို၎င်း ၊ စေလွှတ် တော်မူသော ယေရှု ခရစ် ကို၎င်းသိကျွမ်း ခြင်းတည်း။ (aiōnios g166)
ထာ​ဝ​ရ​အ​သက်​ဟူ​သည်​တစ်​ဆူ​တည်း​သော ဘု​ရား​ဖြစ်​တော်​မူ​သည့်​ကိုယ်​တော်​ကို​လည်း ကောင်း၊ ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သော​ယေ​ရှု ခ​ရစ်​ကို​လည်း​ကောင်း​သိ​ကျွမ်း​ခြင်း​ပင်​ဖြစ် ပါ​၏။- (aiōnios g166)
အကြောင်းမူကား ၊ ကိုယ်တော်သည်အကျွန်ုပ် ၏ဝိညာဉ် ကို မရဏာ နိုင်ငံ၌ ပစ် ထားတော်မ မူ။ ကိုယ်တော် ၏သန့်ရှင်း သောသူ အားလည်း ပုပ်စပ် ခြင်းကိုရှိ စေတော်မ မူဘဲလျက်၊ အသက် ရှင်ခြင်းလမ်း ကို ပြညွှန် တော်မူလိမ့်မည်။ (Hadēs g86)
အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​ကို​မ​ရ​ဏာ​နိုင်​ငံ​တွင် စွန့်​ပစ်​၍​ထား​တော်​မူ​မည်​မ​ဟုတ်၊ ကိုယ်​တော်​ရှင်​၏​သစ္စာ​ကို​စောင့်​သိ​သော​အ​စေ​ခံ​အား သင်္ချိုင်း​တွင်​ပုပ်​ပျက်​စေ​တော်​မူ​မည် မ​ဟုတ်​သော​ကြောင့်​တည်း။ (Hadēs g86)
ခရစ်တော် ၏ထမြောက် ခြင်းအကြောင်း ကိုရည်မှတ် လျက်၊ ထိုခရစ်တော်၏စိတ်ဝိညာဉ်ကို မရဏာ နိုင်ငံ၌ ပစ် ထားတော်မ မူ။ အသား သည်လည်း ပုပ်စပ် ခြင်းသို့မ ရောက် ဟု အနာဂတံသဥာဏ်နှင့် ဟော လေ၏။ (Hadēs g86)
နောင်​အ​ခါ​တွင်​ဘု​ရား​သ​ခင်​မည်​သို့​ပြု​တော် မူ​မည်​ကို​သိ​သ​ဖြင့်၊ `ကိုယ်​တော်​ကို​မ​ရ​ဏာ​နိုင်​ငံ​တွင် စွန့်​ပစ်​၍​ထား​တော်​မ​မူ။ သူ​၏​ခန္ဓာ​ကို​သင်္ချိုင်း​တွင်​ပုပ်​ပျက် စေ​တော်​မူ​မည်​မ​ဟုတ်' ဟု​သေ​ခြင်း​မှ​မေ​ရှိ​ယ​ထ​မြောက်​တော်​မူ မည့်​အ​ကြောင်း​ကို​ကြို​တင်​ဖော်​ပြ​ခဲ့​၏။- (Hadēs g86)
ကမ္ဘာ ဦးမှစ၍ သန့်ရှင်း သောပရောဖက် ဆရာတော်တို့နှုတ် ဖြင့် ဘုရားသခင် ဗျာဒိတ် ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံ သောအရာတို့ကို အသစ်ပြုပြင် တော်မူသော ကပ်ကာလ မ ရောက်မှီတိုင်အောင်ကောင်းကင် ဘုံသည် ထိုခရစ်တော် ကို ခံယူ သိမ်းဆည်းရ မည်။ (aiōn g165)
ရှေး​သန့်​ရှင်း​မြင့်​မြတ်​သော​ပ​ရော​ဖက်​များ မှ​တစ်​ဆင့် ပေး​တော်​မူ​ခဲ့​သော​ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ အ​ရာ​ခပ်​သိမ်း​တို့ ကို​အ​သစ်​ပြု​ပြင်​ပြောင်း​လဲ​တော်​မူ​ရာ​ကာ​လ မ​တိုင်​မီ ထို​အ​ရှင်​သည်​ကောင်း​ကင်​ဘုံ​တွင်​ရှိ နေ​တော်​မူ​ပေ​မည်။- (aiōn g165)
ထိုအခါပေါလု နှင့် ဗာနဗ တို့က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုသင် တို့အား ရှေးဦးစွာ ဟောပြော ရ ၏။ သို့သော်လည်းသင်တို့သည်ပယ် ၍ ထာဝရ အသက် ကိုမိမိတို့မ ခံထိုက် သည်ဟု မိမိ တို့စီရင် ကြ သောကြောင့်၊ ထာဝရ ဘုရားသည် မှာ တော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တစ်ပါး အမျိုးသားတို့ ဆီသို့ လှည့် ကြ၏။ (aiōnios g166)
ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​က​ယ​ခင်​က​ထက်​ပို​မို ရဲ​ရင့်​စွာ​ဟော​ကြား​သည်​မှာ ``ငါ​တို့​သည်​ဘု​ရား သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို သင်​တို့​အား ဦး​စွာ​ပ​ထ​မ​ဟော​ပြော​ရ​ပေ​မည်။ သို့​ရာ​တွင် သင်​တို့​သည်​ထို​တ​ရား​တော်​ကို​ပစ်​ပယ်​ကာ မိ​မိ တို့​ကိုယ်​ကို​ထာ​ဝ​ရ​အ​သက်​နှင့်​မ​ထိုက်​မ​တန် သူ​များ​ဖြစ်​သည်​ဟု​စီ​ရင်​ကြ​သော​ကြောင့် ငါ​တို့ သည်​သင်​တို့​ထံ​မှ​ထွက်​ခွာ​၍​လူ​မျိုး​ခြား​တို့ ထံ​သို့​သွား​ကြ​ပါ​မည်။- (aiōnios g166)
ထိုစကားကို တစ်ပါး အမျိုးသားတို့သည်ကြား လျှင် ဝမ်းမြောက် ၍ ထာဝရ ဘုရား၏ နှုတ်ကပတ် တရားတော် ကိုချီးမွမ်း ကြ၏။ ထာဝရ အသက် ကို ရစေခြင်းငှာ ခန့်ထား တော်မူသော သူရှိသမျှ တို့သည် ယုံကြည် ခြင်းသို့ ရောက် ကြသဖြင့် ၊ (aiōnios g166)
လူ​မျိုး​ခြား​တို့​သည်​ထို​စ​ကား​ကို​ကြား​သော အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​ကာ​သ​ခင်​ဘု​ရား​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ချီး​မွမ်း​ပြော​ဆို ကြ​၏။ ထာ​ဝ​ရ​အ​သက်​ရ​ရှိ​ရန်​ရွေး​ကောက် ခြင်း​ခံ​ရ​သူ​တို့​သည်​ယုံ​ကြည်​သူ​များ​ဖြစ် လာ​ကြ​၏။- (aiōnios g166)
ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရ ဘုရားသခင်၏ ဗျာဒိတ်တော်ရှိ၏ ဟုလာသတည်း။ ဘုရားသခင် သည် ကမ္ဘာ ဦးမှစ၍ မိမိစီရင် တော်မူသမျှသော အမှုအရာတို့ကိုသိ တော်မူသည်။ (aiōn g165)
ဤ​ကား​ရှေး​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​ဗျာ​ဒိတ်​တော်​ဖြစ်​သ​တည်း' ဟု​ဖော်​ပြ​ပါ​ရှိ​သည်။ (aiōn g165)
အဘယ်သို့ နည်းဟူမူကား၊ ဖန်ဆင်း တော်မူသော အရာများကို ထောက်ရှုသဖြင့် ၊ ထာဝရ တန်ခိုး တော်နှင့် ထာဝရ အဖြစ်တော်တည်းဟူသောမျက်မြင် မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာ တည် သည်ကာလမှစ၍ ထင်ရှား လျက်ရှိကြ၏။ ထိုကြောင့် သူ တို့သည် ကိုယ်အပြစ်ကို မ ဖုံးနိုင်ရာ။ (aïdios g126)
ကမ္ဘာ​လော​က​ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ ချိန်​မှ​စ​၍ လူ​တို့​သည်​ကိုယ်​တော်​၏​ထာ​ဝ​ရ တန်​ခိုး​တော်​နှင့် ဘု​ရား​သ​ခင်​၏​အ​ဖြစ်​တော် တည်း​ဟူ​သော​မျက်​မြင်​မ​ရ​သော​ဂုဏ်​အင်္ဂါ များ​ကို​ကောင်း​စွာ​သိ​နား​လည်​နိုင်​လေ​သည်။ သူ​တို့​သည်​ဤ​သို့​သော​ကိုယ်​တော်​၏​ဂုဏ်​အင်္ဂါ လက္ခ​ဏာ​များ​ကို​မ​မြင်​နိုင်​သော်​လည်း​သိ နိုင်​ကြ​၏။ ယင်း​သို့​သိ​နိုင်​ခြင်း​မှာ​သူ​တို့ သည်​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ များ​ကို​တွေ့​မြင်​နိုင်​သော​ကြောင့်​ဖြစ်​၏။ ထို့ ကြောင့်​ထို​သူ​တို့​မှာ​မိမိ​တို့​ကူး​လွန်​သည့် အ​ပြစ်​များ​အ​တွက်​ဆင်​ခြေ​ပေး​စ​ရာ မ​ရှိ​တော့​ပေ။- (aïdios g126)
သူတို့သည် မှန် သောဘုရားသခင့် အရာ၌ အမှား ကိုထားလျက်၊ ဖန်ဆင်း တတ်သော သခင် ကိုပယ် ၍ ဖန်ဆင်း အပ်သောအရာကို ဝတ်ပြု ကိုးကွယ် သောသူ ဖြစ်ကြ၏။ ထိုသခင် သည် ထာဝရ မင်္ဂလာ ရှိ တော်မူ၏။ အာမင် (aiōn g165)
သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​တ​ရား​မှန်​ကို အ​မှား​နှင့်​လဲ​လှယ်​ကြ​၏။ ဖန်​ဆင်း​တော်​မူ သော​အ​ရှင်​အ​စား​အ​ဖန်​ဆင်း​ခံ​အ​ရာ​ကို ကိုး​ကွယ်​ဝတ်​ပြု​ကြ​၏။ ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​၏​ဂုဏ်​တော်​ကို​ထာ​ဝ​စဉ်​ချီး​မွမ်း ထော​မ​နာ​ပြု​ကြ​စေ​သ​တည်း။ အာ​မင်။ (aiōn g165)
ကောင်း သောအကျင့် ကို အမြဲ ကျင့်၍ ၊ ဘုန်း အသရေ ကို၎င်း ၊ မ ဖောက်ပြန်သောဇာတိကို၎င်း ၊ ရှာ သောသူ တို့အား ထာဝရ အသက် ကို ပေးတော်မူလတံ့၊ (aiōnios g166)
အ​ကျင့်​ကောင်း​ကို​ဆက်​လက်​ပြု​ကျင့်​လျက် ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ဂုဏ်​အ​သ​ရေ ကို​လည်း​ကောင်း၊ သေ​ခြင်း​ကင်း​သော​ဘ​ဝ​ကို လည်း​ကောင်း​ရှာ​သော​သူ​တို့​အား ဘု​ရား​သ​ခင် သည်​ထာ​ဝ​ရ​အ​သက်​ကို​ပေး​တော်​မူ​လိမ့်​မည်။- (aiōnios g166)
ထိုသို့ဖြစ်လျှင်၊ အပြစ် တရားသည်သေ ခြင်းအားဖြင့် အစိုးရ သည်နည်းတူ ၊ ငါ တို့သခင် ယေရှု ခရစ် ပြုစုတော်မူ၍ ကျေးဇူး တရားသည် ထာဝရ အသက် နှင့် ယှဉ်သော ဖြောင့်မတ် ရာသို့ သွင်းခြင်းအားဖြင့် အစိုးရ လေအံ့သတည်း။ (aiōnios g166)
သို့​ဖြစ်​၍​အ​ပြစ်​တ​ရား​သည်​သေ​ခြင်း​တ​ရား အား​ဖြင့် စိုး​မိုး​ခဲ့​သည်​နည်း​တူ​ငါ​တို့​၏​အ​ရှင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အား​ထာ​ဝ​ရ​အ​သက် ကို​ရ​စေ​ရန်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​အား​ဖြင့်​စိုး​မိုး​သ​တည်း။ (aiōnios g166)
ယခု မူကား ၊ သင်တို့သည် အပြစ် တရား၏ လက်မှ လွှတ် ၍၊ ဘုရားသခင် ၏ ကျွန် ဖြစ်ကြသည်နှင့်အညီ၊ သန့်ရှင်း ခြင်းအကျိုး ကိုရ ကြ၏။ အဆုံး ၌ လည်း ထာဝရ အသက် ကို ရကြလိမ့်မည်။ (aiōnios g166)
သို့​သော်​သင်​တို့​သည်​ယ​ခု​အ​ခါ​အ​ပြစ် တ​ရား​၏​လက်​မှ​လွတ်​မြောက်​ပြီး​လျှင် ဘု​ရား သ​ခင်​၏​ကျွန်​များ​ဖြစ်​လာ​ကြ​ပေ​ပြီ။ သင် တို့​ရ​ရှိ​သည့်​အ​ကျိုး​ကား​ကိုယ်​တော်​၏​အ​တွက် မိ​မိ​တို့​ကိုယ်​ကို​အ​ကြွင်း​မဲ့​ဆက်​ကပ်​ခြင်း ဖြစ်​သည်။ အ​ဆုံး​၌​ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ ခြင်း​ပင်​ဖြစ်​သည်။- (aiōnios g166)
အပြစ် တရား၏ အခ ကား သေ ခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆု ကျေးဇူးတော်ကား ၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ထာဝရ အသက် ပေတည်း။ (aiōnios g166)
အ​ပြစ်​တ​ရား​၏​အ​ခ​ကား​သေ​ခြင်း​ဖြစ်​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အ​ခ​မဲ့​ပေး​တော် မူ​သော​ဆု​ကျေး​ဇူး​တော်​ကား ငါ​တို့​၏​အ​ရှင် ယေ​ရှု​ခ​ရစ်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ခြင်း အား​ဖြင့်​ရ​ရှိ​သော​ထာ​ဝ​ရ​အ​သက်​ပေ​တည်း။ (aiōnios g166)
ဘိုးဘေး များတို့နှင့်ဆက်နွယ်သောသူလည်း ဖြစ်ကြ၏။ ခရစ်တော် သည်လည်း ၊ ဇာတိ အမျိုးအားဖြင့် ထိုသူ တို့၏ အမျိုးဖြစ်တော်မူ၏။ ထိုခရစ်တော် သည်လည်း ခပ်သိမ်း သောအရာတို့ကို အစိုးရ တော်မူ၍ ထာဝရ မင်္ဂလာ ရှိ တော်မူသော ဘုရားသခင် ဖြစ်တော်မူ၏။ အာမင် (aiōn g165)
သူ​တို့​သည်​ဟေ​ဗြဲ​အ​မျိုး​သား​ဘိုး​ဘေး များ​မှ​ဆင်း​သက်​လာ​သူ​များ​တည်း။ ခ​ရစ် တော်​သည်​လူ့​ဇာ​တိ​အား​ဖြင့်​ထို​သူ​တို့​၏ အ​မျိုး​အ​နွယ်​ပင်​ဖြစ်​ပေ​သည်။ ခပ်​သိမ်း​သော အ​ရာ​တို့​ကို​အ​စိုး​ရ​တော်​မူ​သော​ဘု​ရား သ​ခင်​သည်​ထာ​ဝ​စဉ်​မင်္ဂလာ​ရှိ​တော်​မူ​ပါ စေ​သ​တည်း။ အာ​မင်။ (aiōn g165)
ကောင်းကင် သို့ အဘယ်သူ တက် လိမ့်မည်နည်း။ နက်နဲရာထဲသို့ အဘယ်သူဆင်းလိမ့်မည်နည်းဟု စိတ် ထဲမှာ မ အောက်မေ့နှင့်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ခရစ်တော်ကို ဆောင်ခဲ့ခြင်းငှာကောင်းကင်သို့ အဘယ်သူတက်လိမ့်မည်နည်း။ ခရစ်တော် ကို သေ ခြင်းမှ ထမြောက်စေခြင်းငှာနက်နဲ ရာထဲသို့ အဘယ်သူ ဆင်း လိမ့်မည်နည်းဟု ဆိုလိုသတည်း။ (Abyssos g12)
အ​ဘယ်​သူ​သည်​မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​ရ​ပါ မည်​နည်း​ဟု​မ​မေး​ကြ​နှင့်'' ဟူ​၍​ဖော်​ပြ​ပေ သည်။ (ဆို​လို​သည်​မှာ​ခ​ရစ်​တော်​အား​သေ​ခြင်း မှ​ပင့်​ရန်)- (Abyssos g12)
ဘုရားသခင် သည် လူအပေါင်း တို့ကို သနား တော်မူခြင်းအခွင့်ရှိစေခြင်းငှာ လူအပေါင်း တို့ကို နားမထောင် ခြင်းအဖြစ် ချုပ် ထားတော်မူ၏။ (eleēsē g1653)
လူ​သား​အ​ပေါင်း​တို့​သည်​မ​နာ​ခံ​ကြ​သည့် အ​တွက် ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​ကျဉ်း သား​များ​သ​ဖွယ်​ဖြစ်​စေ​တော်​မူ​၏။ ဤ​သို့ ကိုယ်​တော်​ပြု​တော်​မူ​ရ​ခြင်း​မှာ​သူ​တို့​အား က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​လို​သော​ကြောင့် ပင်​ဖြစ်​ပေ​သည်။ (eleēsē g1653)
ခပ်သိမ်း သောအရာတို့သည် ကိုယ်တော် အထဲ က၎င်း ၊ ကိုယ်တော် အားဖြင့် ၎င်း ၊ ကိုယ်တော် အဘို့ အလိုငှာ၎င်း ဖြစ်ကြ၏။ ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင် (aiōn g165)
ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့ သည်​ကိုယ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ် တော်​၏​အ​တွက်​လည်း​ကောင်း​တည်​လျက် ရှိ​ကြ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​စဉ်​ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။ (aiōn g165)
သင် တို့သည် လောကီ ပုံသဏ္ဌာန်ကို မ ဆောင် ကြနှင့်။ ကောင်းမြတ် သောအရာ၊ နှစ်သက် ဘွယ်သောအရာ၊ စုံလင် သောအရာတည်းဟူသောဘုရားသခင် အလို တော်ရှိသော အရာသည် အဘယ် အရာဖြစ်သည်ကို သင် နိုင်မည်အကြောင်း ၊ စိတ် နှလုံးကို အသစ် ပြင်ဆင်၍ ပုံ သဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။ (aiōn g165)
သင်​တို့​သည်​လော​ကီ​စံ​နှုန်း​ကို​လိုက်​၍​မ​ကျင့် ကြ​နှင့်။ သင်​တို့​သည်​မိ​မိ​တို့​၏​စိတ်​နှ​လုံး​ကို ဘု​ရား​သ​ခင်​လုံး​ဝ​ပြောင်း​လဲ​စေ​သော​အား ဖြင့် စိတ်​သ​ဘော​သစ်​ကို​ခံ​ယူ​လျက်​ပုံ​သဏ္ဌာန် ပြောင်း​လဲ​ကြ​လော့။ သို့​ပြု​လျှင်​ကောင်း​မြတ် သော​အ​ရာ၊ ကိုယ်​တော်​နှစ်​သက်​ဖွယ်​သော​အ​ရာ၊ အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ​သော​အ​ရာ သည်​အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​သင်​တို့​သိ ရှိ​ကြ​လိမ့်​မည်။ (aiōn g165)
ရှေး ကပ်ကာလ ပတ်လုံးဝှက်ထား ပြီးလျှင်ယခု မှာ ထင်ရှား သည်ဖြစ်၍၊ (aiōnios g166)
ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​အား​ငါ တို့​ထော​မ​နာ​ပြု​ကြ​ကုန်​စို့။ ယေ​ရှု​ခ​ရစ်​အ​ကြောင်း ငါ​ဟော​ပြော​သော​သ​တင်း​ကောင်း​အ​ရ​သော်​လည်း ကောင်း၊ ရှေး​ကာ​လ​အ​ဆက်​ဆက်​၌​ကွယ်​ဝှက်​နေ​ခဲ့ သော​သစ္စာ​တ​ရား​ပေါ်​လွင်​ထင်​ရှား​ချက်​အ​ရ​သော် လည်း​ကောင်း ကိုယ်​တော်​သည်​သင်​တို့​၏​ယုံ​ကြည် ခြင်း​ကို​ခိုင်​မြဲ​စေ​တော်​မူ​နိုင်​၏။- (aiōnios g166)
လူမျိုး အပေါင်း တို့သည် ယုံကြည် နားထောင် ကြမည် အကြောင်းပရောဖက် တို့၏ကျမ်းစာ များလာသည် နှင့်အညီ၊ ထာဝရ ဘုရားသခင် ၏ ပညတ် တော်အတိုင်း ထိုသူတို့အားဖေါ်ပြ ရသော နက်နဲ ရာကို ဖွင့်ထားခြင်း ကျေးဇူးတော်နှင့်လျော်စွာ၊ ငါ ဟောသောဧဝံဂေလိ တရားတည်းဟူသောယေရှု ခရစ် ၏ အကြောင်းကို ဟောပြော ခြင်းအားဖြင့် ၊ သင် တို့ကို မြဲမြံ ခိုင်ခံ့စေခြင်းငှာတတ်နိုင် တော်မူသောအရှင်၊ (aiōnios g166)
သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ထို​လျှို့​ဝှက်​သည့်​သစ္စာ တ​ရား​သည်​ပ​ရော​ဖက်​ကျမ်း​များ​အား​ဖြင့်​ပေါ် လွင်​ထင်​ရှား​လာ​လေ​ပြီ။ လူ​မျိုး​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကာ​ကိုယ်​တော်​၏​စ​ကား တော်​ကို​နာ​ခံ​လာ​ကြ​စေ​ရန် နိစ္စ​ထာ​ဝ​ရ​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​ထို သစ္စာ​တ​ရား​ကို​ကြေ​ညာ​လေ​ပြီ။ (aiōnios g166)
တဆူတည်းသာလျှင် ပညာနှင့် ပြည့်စုံ တော်မူသော ဘုရားသခင် သည်၊ ယေရှု ခရစ် အားဖြင့် ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင် (aiōn g165)
တစ်​ဆူ​တည်း​သာ​လျှင် ဉာဏ်​တော်​အ​နန္တ​နှင့်​ပြည့်​စုံ တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​ယေ​ရှု​ခ​ရစ်​အား ဖြင့် ထာ​ဝ​စဉ်​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ ပါ​စေ​သ​တည်း။ အာ​မင်။ ရော​မ​သြ​ဝါ​ဒ​စာ​ပြီး​၏။ (aiōn g165)
ပညာရှိ ကားအဘယ်မှာ ရှိသနည်း။ ကျမ်းပြု ဆရာကား အဘယ်မှာ ရှိသနည်း။ ပြဿနာ ၌လေ့ကျက်သော ဆရာကား အဘယ်မှာ ရှိသနည်း။ လောကီ ပညာ ကို ဘုရားသခင် သည် မိုက် စေတော်မူသည် မ ဟုတ်လော။ (aiōn g165)
သို့​ဖြစ်​၍​ပ​ညာ​ရှိ​များ၊ အ​သိ​ပ​ညာ​ရှင်​များ၊ ဤ​လော​က​တွင်​စ​ကား​စစ်​ထိုး​တတ်​သူ​များ ကား အ​ဘယ်​အ​ခြေ​အ​နေ​မှာ​ရှိ​ပါ​သ​နည်း။ ဘု​ရား​သ​ခင်​သည်​လော​ကီ​ဉာဏ်​ပ​ညာ​ကို အ​ချည်း​နှီး​ဖြစ်​စေ​တော်​မူ​လေ​ပြီ။ (aiōn g165)
သို့သော်လည်း ၊ စုံလင် သော သူတို့အား ငါတို့သည် ပညာ စကားကို ဟောပြော ၏။ ထိုသို့ဆိုသော်၊ လောကီ ပညာကို မ ဆိုလို။ ပြယ်ပျောက် တတ်သော လောကီ မင်း တို့၏ ပညာ ကိုမ ဆိုလို။ (aiōn g165)
သို့​သော်​လည်း​ငါ​သည်​ဉာဏ်​ပညာ​နှင့်​ယှဉ်​သော စ​ကား​ကို​ဝိ​ညာဉ်​ရေး​ရင့်​ကျက်​သူ​တို့​အား ပြော​ဆို​ပါ​၏။ သို့​ရာ​တွင်​ထို​ဉာဏ်​ပညာ​ကား ဤ​လော​က​နှင့်​မ​သက်​ဆိုင်။ လော​ကီ​မင်း​များ နှင့်​လည်း​မ​သက်​ဆိုင်။ လော​ကီ​မင်း​တို့​၏ တန်​ခိုး​အာ​ဏာ​ကား​လျော့​နည်း​လျက်​နေ ပေ​သည်။- (aiōn g165)
ဤ ကမ္ဘာ မ တည်မရှိမှီ၊ ငါ တို့၏ ဘုန်း အသရေ ဖြစ်စေခြင်းငှာ ၊ ဘုရားသခင် စီရင် တော်မူသော ပညာ၊ နက်နဲ သောအရာ၌ ဝှက်ထား သော ဘုရားသခင် ၏ ပညာ ကို ငါတို့သည်ပြသ ကြ၏။ (aiōn g165)
ငါ​သည်​ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​ဉာဏ်​ပညာ တော်​အ​ကြောင်း​ကို​ဟော​ပြော​၏။ ထို​ဉာဏ်​ပ​ညာ ကား​လူ​သား​တို့​ထံ​မှ​ဘု​ရား​သ​ခင်​လျှို့​ဝှက် ထား​သော​အ​ရာ​ဖြစ်​၏။ သို့​သော်​ငါ​တို့​ဘုန်း အ​သ​ရေ​ခံ​စား​ရ​စေ​ရန် ကမ္ဘာ​လော​က​ကို ဖန်​ဆင်း​တော်​မ​မူ​မီ​က​ပင်​လျှင် ဘု​ရား သ​ခင်​စီ​ရင်​သော​ဉာဏ်​ပညာ​ဖြစ်​၏။- (aiōn g165)
ထို ပညာကို လောကီ မင်း တစ်စုံတစ်ယောက် မျှမသိ ။ သိ လျှင် ၊ ဘုန်းကြီး တော်မူသောသခင် ကို လက်ဝါးကပ်တိုင် မှာကွပ်မျက်ကြပြီ။ (aiōn g165)
လော​ကီ​မင်း​တို့​အ​နက်​အ​ဘယ်​သူ​မျှ​ဤ ဉာဏ်​ပညာ​တော်​အ​ကြောင်း​ကို​မ​သိ​နား​မ​လည် ကြ။ အ​ကယ်​၍​သိ​ရှိ​နား​လည်​ကြ​ပါ​မူ​သူ တို့​သည်​ဘုန်း​အ​သ​ရေ​တော်​ရှင်​ကို​လက်​ဝါး ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​မည်​မ​ဟုတ်။- (aiōn g165)
အဘယ်သူ မျှ ကိုယ် ကို မလှည့်ဖြား စေနှင့်။ သင် တို့တွင် အကြင်သူ သည် ဤ လောက ၌ ပညာရှိ ဖြစ် သည်ဟု ကိုယ်ကိုထင် ၏။ ထိုသူသည်ပညာရှိ အဖြစ် သို့ ရောက်လိုသောငှာ လူမိုက် ဖြစ် ပါစေ။ (aiōn g165)
အ​ဘယ်​သူ​မျှ​မိ​မိ​ကိုယ်​ကို​မ​လှည့်​စား​စေ​နှင့်။ လော​ကီ​စံ​နှုန်း​အ​ရ​မိ​မိ​ကိုယ်​ကို​ပ​ညာ​ရှိ သည်​ဟု​ထင်​မှတ်​သော​သူ​သည် အ​မှန်​ပင်​ပ​ညာ ရှိ​ဖြစ်​လာ​စေ​ရန်​လူ​မိုက်​ဖြစ်​ပါ​စေ။- (aiōn g165)
သို့ဖြစ်၍ ၊ ငါ၏အစား အသောက်သည် ငါ့ ညီအစ်ကို ကို မှားယွင်း စေလျှင် ၊ ငါ့ ညီအစ်ကို ၌ မှားယွင်း စရာအကြောင်းမ ရှိစေခြင်းငှာ ၊ အမဲသား ကို အစဉ်မပြတ် ရှောင် မည်။ (aiōn g165)
ထို့​ကြောင့်​အ​သား​ကို​စား​ခြင်း​သည်​ညီ​အစ်​ကို အား​မှောက်​မှား​လမ်း​လွဲ​စေ​မည်​ဆို​ပါ​က ငါ သည်​ငါ့​ညီ​အစ်​ကို​အား​မ​မှောက်​မှား​လမ်း မ​လွဲ​စေ​ရန်​အ​သား​ကို​မ​စား​ဘဲ​နေ​မည်။ (aiōn g165)
ထိုအကြောင်းအရာရှိသမျှတို့သည် ပုံ သက်သေဖြစ်အံ့သောငှာထိုသူ တို့၌ ရောက် ကြ၏။ ကပ် ကာလ အဆုံး တွင် ဖြစ် သောငါ တို့ကို ဆုံးမ စရာဘို့ ကျမ်းစာ၌ ရေး ထားလျက်ရှိသတည်း။ (aiōn g165)
ထို​သူ​တို့​၌​ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ အ​ခြား သူ​တို့​သင်​ခန်း​စာ​ရ​ရှိ​ကြ​စေ​ရန်​ဖြစ်​ပေ​သည်။ ငါ​တို့​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ရန်​နီး​ချိန်​၌ အ​သက်​ရှင်​ရ​ကြ​သူ​များ​ဖြစ်​သော​ကြောင့် ငါ တို့​အား​သ​တိ​ပေး​သည့်​အ​နေ​ဖြင့်​ထို​အ​ကြောင်း အ​ရာ​များ​ကို​ကျမ်း​စာ​တော်​တွင်​ရေး​သား​ထား သ​တည်း။ (aiōn g165)
အိုသေမင်း ၊ သင် ၏လက်နက် သည်၊ အဘယ်မှာ ရှိသနည်း။ အို မရဏနိုင်ငံ၊ သင် ၏အောင် ခြင်းသည် အဘယ်မှာ ရှိသနည်း။ (Hadēs g86)
``အို မ​ရ​ဏ​နိုင်​ငံ၊သင်​၏​အောင်​မြင်​ခြင်း​ကား အ​ဘယ်​မှာ​နည်း။ အို သေ​မင်း၊သင်​၏​အ​စွယ်​ကား​အ​ဘယ်​မှာ​နည်း။ (Hadēs g86)
ထိုသို့ မယုံကြည် သောသူ တို့ကား၊ ဘုရားသခင် ၏ ပုံသဏ္ဍာန် တော် တည်းဟူသော ခရစ်တော် ၏ ဘုန်း အသရေနှင့်ပြည့်စုံသော ဧဝံဂေလိ တရား၏ အရောင် သည် အလင်း ကိုမ ပေးစေခြင်းငှာ၊ ဤ လောက ကို အစိုးရသော ဘုရား သည်သူ တို့၏ ဉာဏ် မျက်စိကိုကွယ် စေ၏။ (aiōn g165)
ဤ​လော​က​ကို​အ​စိုး​ရ​သော​ဘု​ရား​သည် ထို​သူ​တို့​၏​စိတ်​ကို​အ​မှောင်​ဖြင့်​ဖုံး​အုပ်​စေ သ​ဖြင့် သူ​တို့​သည်​သ​တင်း​ကောင်း​ကို​မ​ယုံ ကြ။ ထို​ဘု​ရား​ကြောင့်​ဘု​ရား​သ​ခင်​၏​ပုံ သဏ္ဌာန်​တည်း​ဟူ​သော​ခ​ရစ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​အ​ကြောင်း သ​တင်း​ကောင်း မှ​ထွက်​ပေါ်​လာ​၍​သူ​တို့​အ​ပေါ်​သို့​ကျ ရောက်​သည့်​အ​လင်း​ရောင်​ကို​သူ​တို့​မ​မြင် ကြ။- (aiōn g165)
အကြောင်းမူကား ၊ မျက်မှောက် ၌ထင်ရှား သော အရာ တို့သည် ခဏ သာတည်၍ မ ထင်ရှား သောအရာ တို့သည် အစဉ်အမြဲ တည်ကြောင်းကို ငါ တို့သည် ထောက်လျက်၊ ထင်ရှား သော အရာ တို့ကို မ ကြည့်မမှတ်ဘဲ မ ထင်ရှား သောအရာ တို့ကို ကြည့်မှတ်စဉ်အခါ၊ (aiōnios g166)
ငါ​တို့​ခ​ဏ​ခံ​ရ​သော​ပေါ့​ပါး​သည့်​ဆင်း​ရဲ ဒုက္ခ​သည်​အ​တိုင်း​ထက်​အ​လွန်​ကြီး​မြတ်​သည့် ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​ကို​ငါ​တို့​အား ခံ​စား​စေ​လိမ့်​မည်။- (aiōnios g166)
ယခုခဏ ခံရ၍ ပေါ့ပါး သော ဆင်းရဲ ခြင်းဒုက္ခသည် အတိုင်း ထက်အလွန်ကြီးမြတ် လေးလံ သော နိစ္စ ထာဝရဘုန်း အသရေကို ငါ တို့အဖို့ ဖြစ် စေတတ်၏။ (aiōnios g166)
ငါ​တို့​သည်​မျက်​စိ​ဖြင့်​မြင်​နိုင်​သော​အ​ရာ များ​ကို​အာ​ရုံ​မ​စိုက်​ဘဲ​မျက်​စိ​ဖြင့်​မ​မြင် နိုင်​သော​အ​ရာ​များ​ကို​သာ​အာ​ရုံ​စိုက်​ကြ​၏။ မျက်​စိ​ဖြင့်​မြင်​နိုင်​သော​အ​ရာ​များ​သည် ခေတ္တ​ခ​ဏ​မျှ​သာ​တည်​၍​မျက်​စိ​ဖြင့်​မ​မြင် နိုင်​သော​အ​ရာ​များ​မူ​ကား​ထာ​ဝ​ရ​စဉ် တည်​သ​တည်း။ (aiōnios g166)
ယာယီတဲ ဖြစ်သော ငါ တို့မြေ အိမ် သည်ပျက် လျှင် ၊ ကောင်းကင် ဘုံ၌ လူလက် ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်း တော်မူသော နိစ္စ ထာဝရအိမ် ရှိ ကြောင်း ကို ငါတို့ သိ ကြ၏။ (aiōnios g166)
ငါ​တို့​၏​နေ​အိမ်​ဖြစ်​သည့်​ကိုယ်​ခန္ဓာ​တည်း ဟူ​သော​ယာ​ယီ​တဲ​သည်​ပျက်​လျှင် ကောင်း​ကင် ဘုံ​တွင်​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ဖန်​ဆင်း တော်​မူ​သော​နိစ္စ​ထာ​ဝ​ရ​နေ​အိမ်​ကို ငါ​တို့ အား​ပေး​သ​နား​တော်​မူ​မည်​ဖြစ်​ကြောင်း​ငါ တို့​သိ​ကြ​၏။- (aiōnios g166)
သူ ၏ဖြောင့်မတ်ခြင်း သည် အစဉ်အမြဲ တည် တတ်၏ဟုလာသည်နှင့်အညီ၊ သင် တို့သည်အရာရာ ၌ သုံး လောက်သောဥစ္စာအမျိုးမျိုး နှင့် အစဉ် ရှိ ၍၊ ကောင်း သော အကျင့် အမျိုးမျိုး နှင့် ထူးသဖြင့်ပြည့်စုံမည် အကြောင်း၊ အမျိုးစုံ သောမင်္ဂလာ ကျေးဇူးနှင့် အထူးသဖြင့်ပြည့်စုံ စေခြင်းငှာ ဘုရားသခင် တတ်နိုင် တော်မူ၏။ (aiōn g165)
ကျမ်း​စာ​တော်​တွင်၊ ``သူ​သည်​ဆင်း​ရဲ​သူ​တို့​အား​ရက်​ရော​စွာ ပေး​ကမ်း​စွန့်​ကြဲ​၏။ သူ​၏​သ​နား​ကြင်​နာ​မှု​သည်​ထာ​ဝ​စဉ်​တည်​၏'' ဟူ​၍​ဖော်​ပြ​ပါ​ရှိ​ပေ​သည်။- (aiōn g165)
ငါသည်မုသာ မ ပြောသည်ကို ထာဝရ မင်္ဂလာ ရှိ တော်မူသော ငါတို့သခင် ယေရှု ခရစ်၏ခမည်းတော် ဘုရားသခင် သိ တော်မူ၏။ (aiōn g165)
ငါ​သည်​လိမ်​လည်​၍​မ​ပြော​ကြောင်း​ကို သ​ခင် ယေ​ရှု​၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​သိ​တော် မူ​၏။ ထို​အ​ရှင်​၏​နာ​မ​တော်​သည်​ထာ​ဝ​စဉ် မင်္ဂ​လာ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။- (aiōn g165)
ထိုသခင် သည် ငါ တို့အဘ တည်းဟူသောဘုရားသခင် ၏အလို တော်နှင့်အညီ ဆိုးညစ် သော ဤပစ္စုပ္ပန် ဘဝ မှ ငါ တို့ကို ကယ်နှုတ် ခြင်းငှာ ၊ ငါ တို့အပြစ် ကြောင့် ကိုယ်ကိုကိုယ် အပ်ပေး တော်မူ၏။ (aiōn g165)
ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ ခ​ရစ်​တော်​သည်​ငါ​တို့​အား ဤ​ဆိုး​ယုတ်​သော ပစ္စုပ္ပန်​ခေတ်​မှ​ကယ်​တင်​နိုင်​ရန် ငါ​တို့​၏​အ​ပြစ် များ​အ​တွက်​မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။- (aiōn g165)
ထိုဘုရားသခင် သည်ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင် ။ (aiōn g165)
ထို​အ​ရှင်​သည်​ကာ​လ​အ​စဉ်​အ​ဆက် ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။ (aiōn g165)
မိမိ ဇာတိ ပကတိ၌ မျိုးစေ့ ကြဲသောသူ သည် ဇာတိ ပကတိအားဖြင့်ပုပ်ပျက် ခြင်းအသီးအနှံကို ရိတ် ရလိမ့်မည်။ ဝိညာဉ် ပကတိ၌ မျိုးစေ့ ကြဲသောသူ သည် ဝိညာဉ် ပကတိအားဖြင့်ထာဝရ အသက် ရှင်ခြင်း အသီးအနှံကို ရိတ် ရလိမ့်မည်။ (aiōnios g166)
လူ့​ဇာ​တိ​မြေ​၌​မျိုး​ကြဲ​သော​သူ​သည်​သေ​ခြင်း​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။ ဝိ​ညာဉ်​တော်​မြေ​၌​မျိုး​ကြဲ​သူ သည်​ဝိ​ညာဉ်​တော်​မှ ထာ​ဝ​ရ​အ​သက်​ကို​ရိတ်​သိမ်း ရ​လိမ့်​မည်။- (aiōnios g166)
ခပ်သိမ်း သော အထွဋ်အမြတ် ၊ အာဏာစက် ၊ တန်ခိုး ၊ အစိုးရ ခြင်းမှစ၍ယခု ဘဝ နောင် ဘဝ၌ ခေါ်ဝေါ် သမုတ်သောဘွဲ့နာမ အလုံးစုံ တို့အထက်၊ ကောင်းကင် အရပ်၌ မိမိ လက်ျာ တော်ဘက်မှာ အလွန်မြင့်မြတ် သောနေရာကို ခရစ်တော်အား ပေး တော်မူ၍ ၊ (aiōn g165)
ထို​ကောင်း​ကင်​လော​က​တွင်​ခ​ရစ်​တော်​သည် ကောင်း​ကင်​လော​က​ကို​အ​စိုး​ရ​သူ​များ၊ အာ ဏာ​ပိုင်​များ၊ တန်​ခိုး​ရှင်​များ​နှင့်​အ​ရှင်​သ​ခင် အ​ပေါင်း​တို့​၏​အ​ထွတ်​အ​ထိပ်​အ​ဖြစ်​ဖြင့် အုပ်​စိုး​တော်​မူ​၏။ ကိုယ်​တော်​၏​နာ​မ​တော် သည်​မျက်​မှောက်​လော​က​နှင့်​အ​နာ​ဂတ် လော​က​၌ ခေါ်​ဝေါ်​သ​မုတ်​နိုင်​သော​အ​ထွတ် အ​ထိပ်​ဘွဲ့​နာ​မ​အ​ပေါင်း​တို့​ထက်​ကြီး မြတ်​တော်​မူ​ပေ​သည်။- (aiōn g165)
သင်တို့သည် အထက် ကလောကီ တရားသို့လိုက်၍ အာကာသ ကောင်းကင်၏ တန်ခိုး ကို အစိုးရ သော မင်းတည်းဟူသောငြင်းဆန် သော သူတို့၌ ပြုပြင်သော ဝိညာဉ် ၏အလိုနှင့်အညီ၊ (aiōn g165)
(parallel missing)
Ephesians 2:2 (ဧ​ဖက် ၂:၂)
(parallel missing)
လော​က​၏​အ​ပြစ်​လမ်း​စဉ်​အ​တိုင်း​လိုက်​လျှောက် ခဲ့​ကြ​၏။ အာ​ကာ​သ​ရှိ​ဝိ​ညာဉ်​တန်​ခိုး​များ​ကို အုပ်​စိုး​သော​မင်း​ကို​နာ​ခံ​သူ​များ​ဖြစ်​ခဲ့​ကြ​၏။ ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​မ​နာ​ခံ​သူ တို့​သည် ယ​ခု​အ​ခါ​၌​ထို​သူ​၏​စိုး​မိုး​အုပ် ချုပ်​ခြင်း​ကို​ခံ​လျက်​နေ​ကြ​ရ​၏။- (aiōn g165)
အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါ တို့၌ ကျေးဇူး ပြု၍ ၊ ကျေးဇူး တော်၏အလွန် ကြွယ်ဝ ခြင်းကို နောင် ကပ် ကာလတို့၌ ထင်ရှား စေမည်အကြောင်း ဖြစ်သတည်း။ (aiōn g165)
ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ခ​ရစ်​တော်​ယေရှု​အား​ဖြင့် ငါ​တို့​အား​မေတ္တာ​ပြ​တော်​မူ​ရာ​၌​ကိုယ်​တော်​၏ ကျေး​ဇူး​တော်​သည်​သာ​မန်​ထက်​လွန်​ကဲ​သည်​ကို နောင်​ကာ​လ​အ​စဉ်​အ​ဆက်​လူ​တို့​သိ​မြင်​နိုင် ကြ​စေ​ရန်​ပင်​ဖြစ်​သည်။- (aiōn g165)
အလုံးစုံ တို့ကို ယေရှု ခရစ်အားဖြင့် ဖန်ဆင်း တော်မူသောဘုရားသခင် ၌ ရှေး ကပ်ကာလပတ်လုံးဝှက်ထား လျက်ရှိသော ထို နက်နဲ သောအရာနှင့် စပ်ဆိုင်သော သာသနာ သည် အဘယ်သို့ ဖြစ်သည်ကို လူအပေါင်း တို့အား ထင်ရှား စေခြင်းငှာ၎င်း ၊ သန့်ရှင်း သူအပေါင်း တို့တွင် အငယ်ဆုံးသော သူထက်သာ၍ငယ် သော ငါ အားထို ကျေးဇူး တော်ကို ပေး တော်မူပြီ။ (aiōn g165)
ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​အ​ကြံ​အ​စည် တော်​သည်​အ​ဘယ်​သို့​အ​ကောင်​အ​ထည်​ပေါ် လာ​မည်​ကို လူ​အ​ပေါင်း​တို့​အား​ရှင်း​လင်း ဖော်​ပြ​ရန်​အ​ခွင့်​ထူး​ကို​ငါ့​အား​ပေး​သ​နား တော်​မူ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ရှေး​ကာ​လ အ​ဆက်​ဆက်​က​ထို​အ​ကြံ​အ​စည်​တော် ကို​ကွယ်​ဝှက်​၍​ထား​တော်​မူ​ခဲ့​၏။- (aiōn g165)
အဘယ်ကြောင့်နည်းဟူမူကား၊ ငါ တို့သခင် ယေရှု ခရစ် ကို အကြောင်း ပြု၍ ထာဝရ အကြံ တော် ရှိသည်နှင့်အညီ ၊ (aiōn g165)
ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ထာ​ဝ​ရ​အ​ကြံ အ​စည်​တော်​နှင့်​အ​ညီ ငါ​တို့​အ​ရှင်​ခ​ရစ် တော်​ယေ​ရှု​အား​ဖြင့်​ယင်း​သို့​စီ​မံ​တော်​မူ သ​တည်း။- (aiōn g165)
ယေရှု ခရစ် အားဖြင့် အသင်းတော် ၌ ကမ္ဘာ အဆက်ဆက် ဘုန်းကြီး တော်မူစေသတည်း။ အာမင် ။ (aiōn g165)
ထာ​ဝ​စဉ်​ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။ အာ​မင်။ (aiōn g165)
အကြောင်းမူကား ၊ ငါ တို့သည် အသွေး အသား ရှိ သော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မ ဟုတ်။ အထွဋ်အမြတ် တို့နှင့် ၎င်း၊ အာဏာစက် တို့နှင့် ၎င်း၊ လောကီမှောင်မိုက် ၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့် ၎င်း၊ မိုဃ်းကောင်းကင် ၌ နေသောနတ်ဆိုး တို့နှင့် ၎င်း၊ ဆိုင်ပြိုင် တိုက်လှန်ရကြ၏။ (aiōn g165)
ငါ​တို့​သည်​လူ​သတ္တ​ဝါ​တို့​နှင့်​ဆိုင်​ပြိုင်​တိုက်​ခိုက် ကြ​ရ​သည်​မ​ဟုတ်။ ကောင်း​ကင်​လောက​မှ​ဆိုး ယုတ်​သော​ဝိ​ညာဉ်​တန်​ခိုး​ရှင်​နှင့်​လည်း​ကောင်း၊ ဤ​အ​မှောင်​လော​က​ကို​အ​စိုး​ရ​သူ​များ၊ တန်​ခိုး ရှင်​များ၊ အာ​ဏာ​ပိုင်​များ​နှင့်​လည်း​ကောင်း ဆိုင်​ပြိုင်​တိုက်​ခိုက်​ကြ​ရ​၏။- (aiōn g165)
ငါ တို့အဘ တည်းဟူသောဘုရားသခင် သည် ကမ္ဘာ အဆက်ဆက် ဘုန်းကြီး တော်မူစေသတည်း။ အာမင် ။။ (aiōn g165)
ငါ​တို့​၏​အဖ​ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​အ​ဆက် ဆက် ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။ (aiōn g165)
ရှေး ကပ်ကာလပတ်လုံးဝှက်ထား လျက်ရှိသော်လည်း ၊ ယခု တွင် သန့်ရှင်း သူတို့အား ဘော်ပြ သော နက်နဲ ရာတည်းဟူသောဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို အကုန်အစင် ဟောပြောစေခြင်းငှာ၊ (aiōn g165)
(parallel missing)
Colossians 1:26 (ကောလောသဲ ၁:၂၆)
(parallel missing)
ကိုယ်​တော်​သည်​ထို​နက်​နဲ​ရာ​ကို​ကမ္ဘာ​မြေ​ပေါ် ရှိ​လူ​သား​အ​ပေါင်း​တို့​အား လွန်​ခဲ့​သော​ခေတ် ကာ​လ​များ​တွင်​သိ​ခွင့်​ပေး​တော်​မ​မူ​ခဲ့​သော် လည်း ယ​ခု​အ​ခါ​မိ​မိ​၏​လူ​စု​တော်​အား ဖော်​ပြ​တော်​မူ​လေ​ပြီ။- (aiōn g165)
2 Thessalonians 1:9 (၂ သက်သာလောနိတ် ၁:၉)
(parallel missing)
ကိုယ်​တော်​သည်​မိ​မိ​လူ​စု​တော်​အား​ဖြင့် ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ယုံ​ကြည်​သူ အ​ပေါင်း​တို့​၏​ကြည်​ညို​လေး​စား​ခြင်း​ကို လည်း​ကောင်း​ခံ​ယူ​ရန်​တ​ရား​စီ​ရင်​တော်​မူ ရာ​နေ့​၌​ကြွ​လာ​တော်​မူ​သော​အ​ခါ ထို​သူ တို့​ခံ​ရ​မည့်​အ​ပြစ်​ဒဏ်​မှာ​ထာ​ဝ​ရ​ဆုံး​ရှုံး ပျက်​စီး​ခြင်း​ဖြစ်​သည်။ တစ်​နည်း​အား​ဖြင့် သ​ခင်​ဘု​ရား​ရှေ့​တော်​မှ​လည်း​ကောင်း၊ ကိုယ် တော်​၏​ကြီး​မြတ်​သည့်​ဘုန်း​အ​သ​ရေ​တော် မှ​လည်း​ကောင်း​ပယ်​ခြင်း​ပင်​ဖြစ်​သည်။ သင် တို့​သည်​ငါ​တို့​ဟော​ပြော​သက်​သေ​ခံ​သည် ကို​ယုံ​ကြည်​သည်​ဖြစ်​၍​ကိုယ်​တော်​ကို​ဂုဏ် ပြု​ချီး​ကူး​သည့်​လူ​စု​တွင်​ပါ​ဝင်​ကြ​လိမ့် မည်။ (aiōnios g166)
ယုံကြည် သော သူ အပေါင်း တို့အားဖြင့် အံ့ဩ ချီးမွမ်းခြင်းကို၎င်း ၊ ခံအံ့သောငှာကြွလာ တော်မူသောနေ့ရက် ၌ ၊ ထိုသူ တို့သည် သခင် ဘုရား၏ မျက်နှာ တော်နှင့် ၎င်း၊ တန်ခိုး ရှိသော ဘုန်း တော်နှင့်၎င်းကွာ၍ ထာဝရ ပျက်စီး ခြင်းတည်းဟူသောအပြစ် ဒဏ်ကို ခံရ ကြလတံ့၊ (aiōnios g166)
(parallel missing)
ငါ တို့ကိုချစ် တော်မူ၍ ၊ ထာဝရ သက်သာ ခြင်းအကြောင်းကို၎င်း ၊ (aiōnios g166)
ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​ကိုယ်​တော်​တိုင် သည်​လည်း​ကောင်း၊ ငါ​တို့​ကို​ချစ်​တော်​မူ​၍ ကျေး​ဇူး​တော်​အား​ဖြင့်​ခိုင်​မြဲ​သည့်​မျှော်​လင့် ခြင်း​နှင့်​မြဲ​မြံ​သော​ရဲ​ရင့်​ခြင်း​ကို​ပေး​သ​နား တော်​မူ​သော​ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​သည် လည်း​ကောင်း၊- (aiōnios g166)
သို့သော်လည်း ၊ ထာဝရ အသက် အလိုငှာ ယုံကြည် လတံ့သော သူ တို့လိုက်စရာ ပုံ သက်သေဖြစ်စေခြင်းငှာ၊ အကြီးဆုံး သောအပြစ်ရှိသော ငါ ၌ ၊ ယေရှု ခရစ် သည် ခပ်သိမ်း သောခန္တီ တော်ကို ပြ တော်မူမည် အကြောင်း ၊ ငါ့ကိုသနား တော်မူပြီ။ (aiōnios g166)
သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ့​ကို​က​ရု​ဏာ ထား​တော်​မူ​၏။ ယင်း​သို့​ထား​တော်​မူ​ခြင်း​မှာ နောင်​အ​ခါ​၌​ခ​ရစ်​တော်​ကို​ယုံ​ကြည်​ကာ ထာ​ဝ​ရ​အ​သက်​ရ​ရှိ​ကြ​မည့်​သူ​တို့ အ​တွက်​ပုံ​စံ​ဖြစ်​စေ​ရန် ခ​ရစ်​တော်​ယေ​ရှု သည်​ခပ်​သိမ်း​သော​ခန္တီ​တော်​ကို​အ​ပြစ်​ကူး သူ​တို့​တွင် အ​ဆိုး​ဆုံး​ဖြစ်​သူ​ငါ့​အား ပြ​တော်​မူ​သော​ကြောင့်​ပင်​ဖြစ်​သ​တည်း။- (aiōnios g166)
လောက ဓါတ်တို့၏ ဘုရင် တည်းဟူသော၊ ဖောက်ပြန် ပျက်စီးခြင်းနှင့်ကင်းလွတ်တော်မူသော၊ မျက်မြင် မရ၊ အရူပဖြစ်တော်မူသော၊ တဆူတည်း သောဘုရားသခင် သည် ကမ္ဘာ အဆက်ဆက် ဂုဏ် အသရေ၊ ဘုန်း အာနုဘော်ရှိတော်မူစေသတည်း။ အာမင် ။ (aiōn g165)
ထာ​ဝ​ရ​ဘု​ရင်​ဖြစ်​တော်​မူ​သော၊ သင်္ခါ​ရ သ​ဘော​တ​ရား​နှင့်​ကင်း​တော်​မူ​သော၊ လူ တို့​မျက်​စိ​ဖြင့်​မ​မြင်​နိုင်​သော၊ တစ်​ဆူ​တည်း ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​ကမ္ဘာ အ​ဆက်​ဆက်​ဂုဏ်​အ​သ​ရေ​နှင့်​ဘုန်း​အာ​နု ဘော်​တော်​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။ (aiōn g165)
ယုံကြည် ခြင်းနှင့်ဆိုင်၍ကောင်း စွာသော တိုက်လှန် ခြင်းကို ပြုလော့။ ထာဝရ အသက် ကိုကိုင်ယူ လော့။ ထို အသက်ကိုရမည်အကြောင်း ၊ သင်သည်ခေါ် တော်မူခြင်းကိုခံရ၍ ၊ သက်သေ အများ တို့ ရှေ့ ၌ကောင်းမွန် စွာ ဝန်ခံ ပြီ။ (aiōnios g166)
ယုံ​ကြည်​ခြင်း​ဆိုင်​ရာ​ပြေး​ပွဲ​တွင်​အ​စွမ်း ကုန်​ပြေး​၍​ထာ​ဝ​ရ​အ​သက်​တည်း​ဟူ​သော အောင်​ဆု​ကို​သင်​ရ​ရှိ​စေ​ရန် သင့်​အား​ဘု​ရား သ​ခင်​ခေါ်​ယူ​တော်​မူ​သော​အ​ခါ​၌ သင် သည်​များ​စွာ​သော​အ​သိ​သက်​သေ​တို့​ရှေ့ တွင်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ခိုင်​မာ​စွာ ဝန်​ခံ​ခဲ့​ပေ​သည်။- (aiōnios g166)
ထိုဘုရားသခင် သည် ထာဝရ ဂုဏ် အသရေ အစွမ်း သတ္တိရှိတော်မူစေသတည်း။ အာမင် ။ (aiōnios g166)
ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ​လျှင်​နိစ္စ ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​အ​ဘယ်​သူ​မျှ မ​ချဉ်း​ကပ်​နိုင်​သည့်​အ​လင်း​ရောင်​တွင်​ကျိန်း ဝပ်​တော်​မူ​၏။ ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ မ​ဖူး​မ​မြင်​စ​ဖူး။ အ​ဘယ်​သူ​မျှ​လည်း မ​ဖူး​မ​မြင်​နိုင်။ ကိုယ်​တော်​၌​ဂုဏ်​အ​သ​ရေ တော်​နှင့်​ထာ​ဝ​ရ​ဘုန်း​အာ​နု​ဘော်​တော် ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။ (aiōnios g166)
ဤ ဘဝ ၌ ငွေရတတ် သောသူ တို့သည် မာန် မာန စိတ်နှင့် ကင်းလွတ် ၍၊ မ မြဲသောစည်းစိမ် ကို မ ကိုးစား ဘဲ၊ ငါ တို့ခံစားဘို့ရာအလုံးစုံ တို့ကိုကြွယ်ဝ စွာ ပေး သနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင် ကို ကိုးစားရမည်အကြောင်း နှင့် (aiōn g165)
လော​ကီ​စည်း​စိမ်​ဥစ္စာ​ကြွယ်​ဝ​သူ​တို့​အား မာန်​မာ​န​မ​ထား​ကြ​ရန်​သ​တိ​ပေး​လော့။ သူ​တို့​သည်​မ​တည်​မြဲ​သည့်​စည်း​စိမ်​ချမ်း သာ​ကို​မ​မျှော်​ကိုး​ဘဲ၊ ငါ​တို့​ခံ​စား​နိုင်​စေ ရန်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ရက်​ရော​စွာ ပေး​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​မျှော် ကိုး​ရ​ကြ​မည်။- (aiōn g165)
ဘုရားသခင်သည် ငါ တို့ကျင့်သောအကျင့် ကို ထောက်တော်မ မူ။ ရှေး ကပ်ကာလ မ ရောက်မှီ၊ ယေရှု ခရစ် အားဖြင့် ငါ တို့အဘို့ ကိုယ်တော် တိုင်ကြံစည် တော်မူသော ကျေးဇူး တော်နှင့်အညီငါ တို့ကိုကယ်တင် ၍၊ သန့်ရှင်း သောအရာ၌ ခေါ်သွင်း တော်မူ၏။ (aiōnios g166)
ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ကယ်​တင်​တော်​မူ ၍ မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​ရွေး​ကောက်​တော် မူ​သည်​မှာ ငါ​တို့​ပြု​လုပ်​ခဲ့​သည့်​ကောင်း​မှု​တစ်​စုံ တစ်​ရာ​ကြောင့်​မ​ဟုတ်​ဘဲ ကိုယ်​တော်​တိုင်​၏​အ​ကြံ အ​စည်​တော်​နှင့်​ကျေး​ဇူး​တော်​ကြောင့်​ဖြစ်​ပေ သည်။ ကိုယ်​တော်​သည်​ကမ္ဘာ​မ​တည်​ရှိ​မီ​ကာ​လ က​ပင်​ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့်​ငါ​တို့​အား ထို​ကျေး​ဇူး​တော်​ကို​ချ​ပေး​တော်​မူ​၏။- (aiōnios g166)
ထိုကြောင့် ရွေးကောက် တော်မူသော သူ တို့သည်၊ ထာဝရ ဘုန်း အသရေနှင့်တကွ ယေရှု ခရစ် အားဖြင့် ကယ်တင် ခြင်းသို့ရောက် စိမ့်သောငှာ၊ သူ တို့အဘို့ အရာရာ ကို ငါသည်းခံ ရ၏။ (aiōnios g166)
ထို့​ကြောင့်​ငါ​သည်​ဘု​ရား​သ​ခင်​ရွေး​ကောက် တော်​မူ​သော​လူ​စု​တော်​၏​အ​တွက်​မည့်​သည့် ဒုက္ခ​ဆင်း​ရဲ​ကို​မ​ဆို​ခံ​၏။ ဤ​သို့​ခံ​ခြင်း​မှာ သူ​တို့​သည်​လည်း​ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ နှင့်​တ​ကွ​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ကယ်​တင် ခြင်း​ကို​ခံ​ရ​စေ​ရန်​ဖြစ်​၏။- (aiōnios g166)
အကြောင်းမူကား၊ ဒေမ သည် ယခု ဘဝ ကို နှစ်သက် သော စိတ်ရှိသည်နှင့် ငါ့ ကိုစွန့်ပစ် ၍၊ သက်သာလောနိတ် မြို့သို့ သွား ပြီ။ ကရက္ကေ သည်ဂလာတိ ပြည်သို့ ၎င်း ၊ တိတု သည် ဒါလမာတိ ပြည်သို့ ၎င်း သွားပြီ။ (aiōn g165)
ဒေ​မ​သည်​ဤ​လော​က​ကို​စွဲ​လမ်း​သ​ဖြင့်​ငါ့​ကို စွန့်​ခွာ​၍​သက်​သာ​လော​နိတ်​မြို့​သို့​ထွက်​ခွာ​သွား လေ​သည်။ က​ရက္ကေ​သည်​ဂ​လာ​တိ​ပြည်​သို့​လည်း ကောင်း၊ တိ​တု​သည်​ဒါ​လ​မာ​တိ​ပြည်​သို့​လည်း ကောင်း​သွား​ပြီ။- (aiōn g165)
ထိုမျှမက၊ သခင် ဘုရားသည် မကောင်း သော အမှု ရှိသမျှ ကို ငါ့ ကိုကယ်နှုတ် ၍၊ မိမိ ကောင်းကင် နိုင်ငံ တော်သို့ တိုင်အောင်မစ ပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင် သည် ကမ္ဘာ အဆက်ဆက် ဘုန်းကြီး တော်မူစေ သတည်း။ အာမင် ။ (aiōn g165)
သ​ခင်​ဘု​ရား​သည်​ငါ့​အား​ဘေး​အန္တ​ရာယ် အ​ပေါင်း​တို့​မှ​ကယ်​နုတ်​တော်​မူ​၍​မိ​မိ​၏ ကောင်း​ကင်​နိုင်​ငံ​တော်​သို့​လုံ​ခြုံ​စွာ​ပို့​ဆောင် တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ကမ္ဘာ​အ​ဆက် ဆက်​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ စေ​သ​တည်း။ အာ​မင်။ (aiōn g165)
ငါ ၌အပ် ထားသော တရား ဟောခြင်း၊ အခွင့်အားဖြင့် တော်လျော်သောအချိန် ၌၊ နှုတ်ကပတ် တရားတော်ကို ထင်ရှား စေတော်မူသောအရာနှင့် စပ်ဆိုင်သောထာဝရ အသက် ကို မြော်လင့် သည်ဖြစ်၍၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရား ကိုဝန်ခံ ခြင်းအလိုငှာ၎င်း (aiōnios g166)
ထို​ဘာ​သာ​တော်​သည်​ထာ​ဝ​ရ​အ​သက်​ကို မျှော်​လင့်​မှု​တွင်​အ​ခြေ​ခံ​ပေ​သည်။ မု​သား နှင့်​ကင်း​စင်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ရှေး​ကပ်​ကာ​လ​မ​တည်​ရှိ​မီ​က​ပင် ထာ​ဝ​ရ အ​သက်​ကို​ငါ​တို့​အား​ပေး​တော်​မူ​ရန် က​တိ​ထား​တော်​မူ​ပေ​သည်။- (aiōnios g166)
ငါ တို့သည် မြော်လင့်လျက်၊ ဘုရားမဲ့ တရားမဲ့နေခြင်း၊ လောကီ တပ်မက် ခြင်းကို ပယ်ရှား လျက် ၊ ယခု ဘဝ ၌ ဣန္ဒြေ စောင့်ခြင်း၊ တရား သဖြင့်ကျင့်ခြင်း၊ ဘုရား ဝတ်၌မွေ့လျော် ခြင်းတို့ကို ပြုနေရမည်အကြောင်း (aiōn g165)
ငါ​တို့​သည်​မိ​မိ​တို့​၏​ကြီး​မြတ်​သည့်​ဘု​ရား သ​ခင်​တည်း​ဟူ​သော ကယ်​တင်​ရှင်​ယေ​ရှု​ခ​ရစ် ၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား​ပေါ်​ထွန်း​မည့် မင်္ဂလာ​နေ့​မြတ်​ကို​စောင့်​မျှော်​ကာ ဘု​ရား​မဲ့ တ​ရား​မဲ့​ပြု​ကျင့်​ခြင်း​နှင့်​လော​က​ရမ္မက်​ဆန္ဒ တို့​ကို​စွန့်​ပစ်​ကြ​ရန်​လည်း​ကောင်း၊ ဣန္ဒြေ​စောင့် စည်း​ခြင်း၊ ရိုး​သား​ဖြောင့်​မတ်​ခြင်း​ဘု​ရား ဝတ်​၌​မွေ့​လျော်​ခြင်း​တို့​ဖြင့်​ဤ​လော​က​၌ အ​သက်​ရှင်​ကြ​စေ​ရန်​လည်း​ကောင်း ထို ကျေး​ဇူး​တော်​က​ငါ​တို့​အား​ဆုံး​မ သွန်​သင်​လျက်​ရှိ​၏။- (aiōn g165)
အကြောင်းမူကား၊ ငါတို့သည် ဘုရားသခင် ၏ကျေးဇူး တော်အားဖြင့် ဖြောင့်မတ် ရာသို့ရောက်၍ ထာဝရ အသက် ကို မြော်လင့် သည်နှင့်အညီ အမွေခံ ဖြစ် ကြမည်အကြောင်း တည်း။ (aiōnios g166)
ယင်း​သို့​ပြု​တော်​မူ​ခြင်း​မှာ​ငါ​တို့​သည်​ကျေး​ဇူး တော်​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက် ဆံ​မှု​ကို​ရ​ရှိ​ကာ ငါ​တို့​မျှော်​လင့်​တောင့်​တ​သည့် ထာ​ဝ​ရ​အ​သက်​ကို​ခံ​ယူ​ရ​ကြ​စေ​ရန်​ပင် ဖြစ်​ပေ​သည်။- (aiōnios g166)
ထိုမှတစ်ပါး၊ သင်သည်သူ့ ကို အစဉ် ရ စေခြင်းငှာ ၊ သူသည်သင်နှင့်ခဏ ကွာ သွားသည်ဟု ဆိုစရာရှိ၏။ (aiōnios g166)
သြ​နေ​သိမ်​သည်​သင်​နှင့်​အ​စဉ်​ပြန်​လည်​နေ​ထိုင် နိုင်​ရန် သင်​နှင့်​ခေတ္တ​မျှ​ခွဲ​ခွာ​ရ​ခြင်း​ဖြစ်​တန်​ရာ​၏။- (aiōnios g166)
ထိုသား တော်ကို အလုံးစုံ တို့၏ အမွေခံ သခင် အရာ၌ ခန့်ထား တော်မူ၏။ သား တော်အားဖြင့် လည်း လောက ဓါတ်တို့ကို တည် တော်မူ၏ (aiōn g165)
သို့​ရာ​တွင်​ဤ​နောက်​ဆုံး​သော​ကာ​လ​၌ သား​တော်​အား​ဖြင့်​ငါ​တို့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​သည်။ သား​တော်​အား​ဖြင့်​စ​ကြ ဝ​ဠာ​ကို​ဖန်​ဆင်း​တော်​မူ​၍ နောက်​ဆုံး​၌ အ​လုံး​စုံ​ကို​ပိုင်​သ​စေ​ရန်​သား​တော်​ကို ခန့်​ထား​တော်​မူ​သည်။- (aiōn g165)
သား တော်ကိုကား၊ အိုဘုရားသခင် ၊ ကိုယ်တော် ၏ ပလ္လင် သည် နိစ္စ ထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော် နိုင်ငံ သည် တရား သဖြင့် စီရင်သော နိုင်ငံဖြစ်ပါ၏ (aiōn g165)
သို့​ရာ​တွင်​သား​တော်​အား​မိန့်​တော်​မူ​သော အ​ခါ​၌​ကိုယ်​တော်​က၊ ``အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​၏​နိုင်​ငံ​တော်​သည် ကာ​လ​အ​စဉ်​တည်​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​ပါ​၏။ (aiōn g165)
ထိုသို့နှင့်အညီကျမ်းစာတ ချက်လာ သည်ကား၊ သင် သည် မေလခိဇေဒက် နည်းတူ ထာဝရ ယဇ် ပုရောဟိတ်ဖြစ်သည်ဟု လာသတည်း (aiōn g165)
အ​ခြား​ကျမ်း​ချက်​တွင်​လည်း ``သင်​သည်​မေ​လ​ခိ​ဇေ​ဒက်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​သူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လိမ့်​မည်'' ဟူ​၍​လည်း​ကောင်း​မိန့်​တော်​မူ​ပေ​သည်။ (aiōn g165)
ထိုသို့စုံလင် ခြင်းသို့ရောက်ပြီးမှ ၊ ယုံကြည်နားထောင် သော သူ အပေါင်း တို့အား ထာဝရ ကယ်တင် ခြင်း ကျေးဇူးကို ပြု သောသူဖြစ် တော်မူ၍ (aiōnios g166)
ကိုယ်​တော်​သည်​ပြီး​ပြည့်​စုံ​လင်​ခြင်း​သို့​ရောက် သော​အ​ခါ မိ​မိ​ကို​နာ​ခံ​သော​သူ​အ​ပေါင်း တို့​၏​ထာ​ဝ​ရ​ကယ်​တင်​ခြင်း​အ​ရှင်​ဖြစ် လာ​တော်​မူ​၍၊- (aiōnios g166)
ဘုရားသခင် ကို ယုံကြည် ခြင်း၊ ဗတ္တိဇံ တရားကိုသွန်သင် ခြင်း၊ လက် ကိုတင် ခြင်း၊ သေ လွန်သော သူတို့၏ထမြောက် ခြင်း၊ ထာဝရ စီရင် ဆုံးဖြတ်ခြင်းတည်းဟူသောမူလ အမြစ်ကို ငါတို့သည် ပြန် ၍ မ တည် ဘဲ၊ ခရစ်တော် ၏ဘာသာ၌ အစအဦး ဖြစ် သော အကြောင်း အရာတို့ကိုထား ၍၊ စုံလင် သောအဖြစ်သို့ တက် ကြကုန်အံ့ (aiōnios g166)
ငါ​တို့​သည်​ဗတ္တိ​ဇံ​မင်္ဂ​လာ၊ သိက္ခာ​တင်​မင်္ဂ​လာ၊ သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ခြင်း​နှင့် ထာ​ဝ​ရ တ​ရား​စီ​ရင်​တော်​မူ​ခြင်း​အ​ကြောင်း​တို့​ကို သင်​တို့​အား​သင်​ကြား​ပြီး​ဖြစ်​သည်။- (aiōnios g166)
ဘုရားသခင် ၏ ကောင်းမြတ် သော တရား စကားကို၎င်း ၊ နောင် ကပ် ကာလ၏ တန်ခိုး များကို၎င်း ၊ မြည်းစမ်း ခြင်းရှိပြီးမှ၊ (aiōn g165)
ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကောင်း​မြတ်​ပုံ ကို​လည်း​ကောင်း၊ နောင်​ကပ်​ကာ​လ​နှင့်​ဆိုင်​သော တန်​ခိုး​များ​ကို​လည်း​ကောင်း​ကိုယ်​တွေ့​ခံ​စား ခဲ့​ရ​သူ​များ​ဖြစ်​ကြ​၏။- (aiōn g165)
မေလခိဇေဒက် နည်းတူ ထာဝရ ယဇ်ပုရောဟိတ် မင်း ဖြစ် သော ယေရှု သည်၊ ငါ တို့အတွက် ၊ ထိုအတွင်း အရပ်ထဲသို့ရှေ့ဆောင် ၍ ဝင် သောသူဖြစ်တော်မူ၏။ (aiōn g165)
ယဇ်​ပု​ရော​ဟိတ်​မေ​လ​ခိ​ဇေ​ဒက်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​သူ​ယဇ်​ပု​ရော​ဟိတ်​မင်း အ​ဖြစ် ဆက်​ခံ​သူ​သ​ခင်​ယေ​ရှု​သည်​ထို ဌာ​န​တော်​သို့​ငါ​တို့​အ​တွက်​ဝင်​တော်​မူ​ပြီ။ (aiōn g165)
အကြောင်းမူကား ၊ သင် သည် မေလခိဇေဒက် နည်းတူ ၊ ထာဝရ ယဇ် ပုရောဟိတ်ဖြစ်သည်ဟု သက်သေခံ တော်မူသတည်း (aiōn g165)
အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​က``သင် သည်​မေ​လ​ခိ​ဇေ​ဒက်​၏​အ​ရိုက်​အ​ရာ​ကို​ဆက် ခံ​သူ​ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လိမ့်​မည်'' ဟု​ဖော်​ပြ​သော​ကြောင့်​တည်း။- (aiōn g165)
ယေရှုမူကား၊ အကျိန် တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကိုမရ၊ ထာဝရ ဘုရားက၊ သင် သည် မေလခိဇေဒက်နည်းတူထာဝရ ယဇ် ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တဖန်စိတ် ပြောင်းလဲခြင်းရှိတော် မ မူသည်နှင့်အညီ၊ ယေရှုသည် အကျိန်တော်ကိုခံ၍ ယဇ်ပုရောဟိတ်အရာကို ရသည်အတိုင်း၊ (aiōn g165)
သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​အား​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ် ခန့်​ထား​တော်​မူ​သော​အ​ခါ​၌​မူ​ကား `` `သင်​သည်​ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ် ဖြစ်​ရ​လိမ့်​မည်' ဟု ထာ​ဝ​ရ​ဘု​ရား​ကျိန်​ဆို​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ​၏​စိတ်​ကို​ပြောင်း​လဲ တော်​မူ​လိမ့်​မည်​မ​ဟုတ်'' ဟူ​၍​ကိုယ်​တော်​အား​မိန့်​မြွက်​တော်​မူ​၏။- (aiōn g165)
ယေရှု မူကား ၊ နိစ္စ ထာဝရတည် သောကြောင့် မ ပြောင်းမလဲသော ယဇ် ပုရောဟိတ်အရာ၌ ခန့်ထားလျက်ရှိ၏ (aiōn g165)
သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​မူ​ကား​နိစ္စ​ထာ​ဝ​ရ အ​သက်​ရှင်​တော်​မူ​သ​ဖြင့် သူ​၏​ယဇ်​ပု​ရော ဟိတ်​ရာ​ထူး​သည်​လည်း​အ​ခြား​လက်​သို့ မ​ကူး​ပြောင်း​နိုင်​တော့​ပေ။- (aiōn g165)
ပညတ် တရားသည် အပြစ် ရှိ သောသူ တို့ကို ယဇ်ပုရောဟိတ် အရာ၌ ခန့်ထား ၏။ ပညတ်တရား နောက် ၌ ကျိန်ဆို တော်မူသော ဗျာဒိတ် တော်မူကား ၊ အစဉ်အမြဲ စုံလင် ခြင်းသို့ရောက်သော သား တော်ကို ခန့်ထား သတည်း။ (aiōn g165)
မော​ရှေ​၏​ပ​ညတ်​တ​ရား​သည်​အား​နည်း​၍​မ​စုံ လင်​သော​လူ​သား​တို့​ကို ယဇ်​ပု​ရော​ဟိတ်​မင်း များ​အ​ဖြစ်​ခန့်​ထား​လေ​သည်။ သို့​ရာ​တွင် ပ​ညတ်​တ​ရား​ပေါ်​ပေါက်​ပြီး​သည့်​နောက်​ပိုင်း ထာ​ဝ​ရ​ကာ​လ​ပတ်​လုံး​စုံ​လင်​တော်​မူ​သော သား​တော်​ကို ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ် ကျိန်​ဆို​တော်​မူ​ချက်​ဖြင့်​ခန့်​ထား​တော်​မူ​၏။ (aiōn g165)
ငါတို့အဘို့ထာဝရ ရွေးနှုတ် ခြင်းကျေးဇူးကိုခံရ၍ ဆိတ် အသွေး ၊ နွားကလေး အသွေးနှင့် မ ဟုတ်၊ မိမိ အသွေး တော်နှင့် သန့်ရှင်း ရာဌာနထဲသို့ တစ်ခါ တည်း ဝင် တော်မူ၏ (aiōnios g166)
ကိုယ်​တော်​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့ တစ်​ကြိမ်​တည်း​အ​ပြီး​အ​ပိုင်​ဝင်​တော်​မူ သော​အ​ခါ၊ ယဇ်​ပူ​ဇော်​ရန်​ဆိတ်​သွေး၊ နွား​သွေး နှင့်​ဝင်​တော်​မ​မူ။ မိ​မိ​ကိုယ်​တော်​တိုင်​၏​သွေး နှင့်​ဝင်​တော်​မူ​၍ ငါ​တို့​အား​ထာ​ဝ​ရ ကယ်​တင်​ခြင်း​ကို​ပေး​တော်​မူ​၏။- (aiōnios g166)
ထိုမျှမက၊ အပြစ် ကင်းသော ကိုယ်တော် ကို၊ ထာဝရ ဝိညာဉ် တော်အားဖြင့် ၊ ဘုရားသခင့် ရှေ့၌ တင်လှူပူဇော် သော ခရစ်တော် ၏ အသွေး သည်၊ သေ ခြင်းနှင့် စပ်ဆိုင်သောအကျင့် ကို ပယ်ရှင်း၍၊ သင်တို့သည် အသက် ရှင်တော်မူသော ဘုရားသခင် ကို ဝတ်ပြု မည်အကြောင်း ၊ သင် တို့၌ ကိုယ်ကိုကိုယ် သိသော စိတ်ကို စင်ကြယ် စေခြင်းငှာ၊ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော (aiōnios g166)
ခ​ရစ်​တော်​၏​သွေး​တော်​သည်​ထို​အ​ရာ​တို့​ထက် အ​ဘယ်​မျှ​ပို​၍ သန့်​စင်​နိုင်​စွမ်း​ရှိ​လိမ့်​မည်​နည်း။ ခ​ရစ်​တော်​သည်​ထာ​ဝ​ရ​ဝိ​ညာဉ်​တော်​အား​ဖြင့် မိ​မိ​ကိုယ်​ကို​အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သည့် ယဇ်​ကောင်​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​အား​ပူ​ဇော် ဆက်​သ​တော်​မူ​၏။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ငါ​တို့​ဆောင် ရွက်​နိုင်​ကြ​စေ​ရန် ခ​ရစ်​တော်​၏​သွေး​တော်​သည် အ​ကျိုး​မဲ့​သည့်​ထုံး​နည်း​များ​ကို​လိုက်​နာ​မှု ကြောင့် မ​ကြည်​လင်​သော​ငါ​တို့​၏​သြတ္တပ္ပ စိတ်​ကို​ကြည်​လင်​စေ​တော်​မူ​လိမ့်​မည်။ (aiōnios g166)
ထိုကြောင့် ပဌမ ပဋိညာဉ် တရားလက်ထက် ၌ ပြစ်မှားသောအပြစ် ကိုလည်း လွတ် စေခြင်းငှာ၊ ခရစ်တော်သည် အသေခံ တော်မူသည် ဖြစ်၍ ၊ ခေါ် တော်မူသော သူ တို့သည် ဂတိ တော်နှင့်ယှဉ်သော ထာဝရ အမွေ ကို ခံရ မည်အကြောင်း ၊ ထိုသခင်သည် ပဋိညာဉ် တရားသစ် ၏ အာမခံ ဖြစ်တော်မူ ၏ (aiōnios g166)
ထို​ကြောင့်​ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​ခြင်း ခံ​ရ​သူ​တို့​သည် ကိုယ်​တော်​က​တိ​ထား​တော်​မူ သော​ထာ​ဝ​ရ​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​ခံ စား​နိုင်​ကြ​စေ​ရန် ခ​ရစ်​တော်​သည်​ပ​ဋိ​ညာဉ် သစ်​ကို​စီ​မံ​ပေး​တော်​မူ​၏။ ယင်း​သို့​ခံ​စား နိုင်​ခွင့်​ရ​ခြင်း​မှာ​ပ​ထ​မ​ပ​ဋိ​ညာဉ်​၏​လက် အောက်​တွင်​ရှိ​စဉ်​အ​ခါ​က လူ​တို့​ကူး​လွန်​ခဲ့ သည့်​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​ပေး​ရန်​အ​သေ ခံ​သူ​ပေါ်​ပေါက်​ခဲ့​ခြင်း​ကြောင့်​ဖြစ်​ပေ​သည်။ (aiōnios g166)
ထိုသို့ ပူဇော်ရသည်မှန် လျှင်၊ ကမ္ဘာ ဦး မှစ၍ အဖန် များစွာအသေခံ တော်မူရ၏။ ယခု မူကား ၊ ဤကပ် ကာလအဆုံး ၌ တစ်ခါ တည်း ကိုယ် ကိုပူဇော် သောအားဖြင့် အပြစ် များကို သုတ်သင် ပယ်ရှင်းခြင်းငှာ ပေါ်ထွန်း တော်မူ၏ (aiōn g165)
အ​ကယ်​၍​ဝင်​တော်​မူ​သည်​ဆို​ပါ​မူ​ကမ္ဘာ လော​က​ကို​ဖန်​ဆင်း​တော်​မူ​ချိန်​မှ​အ​စ​ပြု​၍ အ​ဖန်​တ​လဲ​လဲ​အ​သေ​ခံ​တော်​မူ​ရ​မည်​သာ ဖြစ်​ပေ​သည်။ ယ​ခု​မူ​ကား​ကပ်​ကမ္ဘာ​ကုန်​ဆုံး ခါ​နီး​အ​ချိန်​၌​အ​ပြီး​အ​ပိုင်​တစ်​ကြိမ်​တည်း ကြွ​လာ​၍ မိ​မိ​အ​သက်​ကို​ပူ​ဇော်​ကာ​အ​ပြစ် ဒု​စ​ရိုက်​ကို​သုတ်​သင်​ပယ်​ရှင်း​တော်​မူ​၏။- (aiōn g165)
ယခုမြင် ရသောအရာ တို့သည်၊ အရင်ထင်ရှား သော အရာထဲက မ ဖြစ် ဘဲ၊ လောက ဓါတ်တို့သည် ဘုရားသခင် ၏အမိန့် တော်ကြောင့်သာ တည် သည်ကို ငါတို့သည် ယုံကြည် ခြင်းအားဖြင့်သိကြ ၏ (aiōn g165)
မ​မြင်​နိုင်​သော​အ​ရာ​ထဲ​မှ​မြင်​ရ​သော​အ​ရာ ဖြစ်​ပေါ်​လာ​စေ​ရန်​ဘု​ရား​သ​ခင်​သည်​အ​မိန့် တော်​အား​ဖြင့် စ​ကြ​ဝ​ဠာ​ကို​ဖန်​ဆင်း​တော်​မူ ကြောင်း​ကို​ငါ​တို့​သိ​ကြ​ရ​သည်​မှာ​ယုံ​ကြည် ခြင်း​ကြောင့်​ဖြစ်​၏။ (aiōn g165)
ယေရှု ခရစ် သည် မနေ့ ၊ ယနေ့ ၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏ (aiōn g165)
ယေ​ရှု​ခ​ရစ်​သည်​မ​နေ့၊ ယ​နေ့၊ နောင်​ကာ​လ အ​စဉ်​အ​မြဲ​မ​ပြောင်း​မ​လဲ​နေ​တော်​မူ​၏။- (aiōn g165)
ထာဝရ ပဋိညာဉ် တရား၏ အသွေး တော်အားဖြင့် ၊ သိုး များကိုထိန်းသော သိုးထိန်း ကြီး ဖြစ်သော ငါ တို့သခင် ယေရှု ကိုသေ ခြင်းမှ နှုတ်ဆောင် တော်မူသော၊ ငြိမ်သက် ခြင်း၏အရှင်ဘုရားသခင် သည်၊ (aiōnios g166)
အ​သက်​တော်​ကို​တင်​လှူ​ပူ​ဇော်​တော်​မူ​ခြင်း အား​ဖြင့် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​တော်​ကို​တံ​ဆိပ် ခတ်​နှိပ်​တော်​မူ​သ​ဖြင့် သိုး​ထိန်း​ကြီး​ဖြစ် တော်​မူ​သော​ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု အား​ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ပြီ။ သင်​တို့​သည်​ငြိမ် သက်​ခြင်း​အ​ရှင်​ဘု​ရား​သ​ခင်​၏​အ​လို တော်​ကို​လိုက်​လျှောက်​နိုင်​ကြ​စေ​ရန် ကိုယ် တော်​သည်​သင်​တို့​အား​ကောင်း​မြတ်​သော အ​ရာ​ဟူ​သ​မျှ​ကို​ချ​ပေး​တော်​မူ​ပါ​စေ သော။ (aiōnios g166)
မိမိ နှစ်သက် တော်မူသော အမှုအရာ ကို ယေရှု ခရစ် အားဖြင့် သင် တို့၌ ပြု တော်မူ၍၊ သင်တို့သည် အလို တော်သို့ လိုက် မည်အကြောင်း ၊ ကောင်း သောအကျင့်အမျိုးမျိုး ၌ သင် တို့ကိုပြုပြင် တော်မူပါစေသော။ ထို သခင် ယေရှုခရစ်သည် ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင် (aiōn g165)
ကိုယ်​တော်​သည်​မိ​မိ​နှစ်​သက်​တော် မူ​ဖွယ်​ရာ​ကို ငါ​တို့​၌​ယေ​ရှု​ခ​ရစ်​အား ဖြင့်​ပြု​တော်​မူ​ပါ​စေ​သော။ ခ​ရစ်​တော် သည်​ကမ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ ထွန်း​တောက်​တော်​မူ​ပါ​သ​တည်း။ အာ​မင်။ (aiōn g165)
လျှာ သည် မီး ဖြစ်၏။ ဒုစရိုက် ၏ လောက ဓါတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာ သည်ငါ တို့၏ အင်္ဂါ တို့တွင် တည် ၍ တစ်ကိုယ် လုံး ကို ညစ်ညူး စေ၏။ ဇာတိ စက်ကိုလည်း ရှို့ တတ်၏။ မိမိသည်လည်း ငရဲ မီးရှို့ ခြင်းကိုခံလျက်ရှိ၏။ (Geenna g1067)
လျှာ​သည်​မီး​နှင့်​တူ​၍​အ​ပြစ်​ဒု​စ​ရိုက်​ဖြင့် ပြည့်​ဝ​သော​ကမ္ဘာ​ဖြစ်​၏။ ယင်း​သည်​ကိုယ်​အင်္ဂါ အ​စိတ်​အ​ပိုင်း​တစ်​ခု​အ​ဖြစ်​ဖြင့်​တည်​ရှိ​ကာ၊ ငါ​တို့​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သို့​အ​ပြစ်​ဒု​စ​ရိုက် ကူး​စက်​ပျံ့​နှံ့​စေ​လေ​သည်။ လျှာ​သည်​င​ရဲ​မှ ရ​ရှိ​သည့်​မီး​ဖြင့်​ငါ​တို့​၏​ဘ​ဝ​တစ်​ခု လုံး​ကို​ကျွမ်း​လောင်​စေ​တတ်​၏။- (Geenna g1067)
မ ဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသောအသက် ရှင်၍ အစဉ်အမြဲတည် တော်မူသော ဘုရားသခင် ၏နှုတ်ကပတ် တော်အားဖြင့် ဖြစ်ဘွားသောကြောင့်၊ ညီအစ်ကို များကိုချစ်ယောင်မဆောင် ၊ အမှန်ချစ်ခြင်းအလိုငှာ စိတ်ထဲမှသမ္မာတရား ကို နားထောင် လျက်၊ ကိုယ် စိတ် နှလုံးကို စင်ကြယ် စေပြီးသည်နှင့်အညီ၊ စင်ကြယ် သော စိတ် နှင့်အချင်းချင်း အားကြီး သောချစ် ခြင်းမေတ္တာရှိကြလော့။ (aiōn g165)
အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​သေ​ခြင်း တ​ရား​နှင့်​ကင်း​သော​နိစ္စ​ထာ​ဝ​ရ​အ​ရှင်​၏ သား​သမီး​များ​ဖြစ်​ကြ​ပြီး​အ​သက်​ရှင်​၍ ထာ​ဝ​စဉ်​တည်​သော​နှုတ်​က​ပတ်​တော်​အား ဖြင့်​တစ်​ဖန်​မွေး​ဖွား​လာ​သူ​များ​ဖြစ်​ကြ​ပြီ။ (aiōn g165)
ထာဝရ ဘုရား၏ နှုတ်ကပတ် တရားမူကား ၊ ကာလအစဉ်အမြဲ တည် ၏။ ထို နှုတ်ကပတ် တော်သည်၊သင် တို့အား ဟောပြော သော ဧဝံဂေလိတရားဖြစ် သတည်း။ (aiōn g165)
ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​မူ​ကား ထာ​ဝ​စဉ်​တည်​၏'' ဟူ​၍​ကျမ်း​စာ​၌​ဖော်​ပြ​သည့်​အ​တိုင်း​ဖြစ် သည်။ ထို​နှုတ်​က​ပတ်​တော်​ကား​သင်​တို့​အား ကြေ​ညာ​သည့်​သ​တင်း​ကောင်း​ဖြစ်​ပေ​သည်။ (aiōn g165)
ဘုရားသခင် သည် အရာရာ ၌ ယေရှု ခရစ် အားဖြင့် ဘုန်းတော်ထင်ရှား စေမည်အကြောင်း ၊ ဟောပြော သောသူ သည်ဘုရားသခင် ၏ ဗျာဒိတ် တော်နှင့်အညီ ဟောပြောစေ။ အခြားသောအမှုကို ဆောင်ရွက် သောသူ သည်၊ ဘုရားသခင် ပေး သနားတော်မူသော အစွမ်း သတ္တိအတိုင်း ဆောင်ရွက်စေ။ ထိုဘုရားသခင် သည် ကမ္ဘာ အဆက်ဆက်ဘုန်း အသရေ အစွမ်းသတ္တိရှိ တော်မူစေသတည်း။ အာမင် ။ (aiōn g165)
တ​ရား​ဟော​ပြော​သူ​သည်​ဘု​ရား​သ​ခင်​၏ ဗျာ​ဒိတ်​တော်​ကို​ဟော​ပြော​စေ။ အ​စေ​ခံ​သော သူ​သည်​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​အ​စွမ်း သတ္တိ​အ​တိုင်း​လုပ်​ဆောင်​စေ။ သို့​မှ​သာ​ပြု​လေ သ​မျှ​သော​အ​မှု​တို့​တွင် ယေ​ရှု​ခ​ရစ်​အား ဖြင့်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​ထွန်း​လင်း လိမ့်​မည်။ အ​ရှင်​ယေ​ရှု​ခ​ရစ်​သည်​ကမ္ဘာ​အ​ဆက် ဆက်​ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။ အာ​မင်။ (aiōn g165)
ခရစ်တော် ယေရှု အားဖြင့် ငါ တို့ကို ထာဝရ ဘုန်း အသရေတော်သို့ ခေါ် တော်မူသော၊ ခပ်သိမ်း သော ကျေးဇူး ကိုပြုတော်မူသော ဘုရားသခင် သည် ခဏ ဆင်းရဲ ခံပြီးသော သင်တို့ကိုစုံလင် တည်ကြည် ခိုင်ခံ့ မြဲမြံ စေ တော်မူလိမ့်မည်။ (aiōnios g166)
သို့​ရာ​တွင်​သင်​တို့​သည်​အ​ချိန်​အ​နည်း​ငယ်​မျှ ယင်း​သို့​ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ပြီး​နောက်​ကျေး​ဇူး တော်​အ​ပေါင်း​၏​အ​ရှင်၊ သင်​တို့​အား​ခ​ရစ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​လျက် ထာ​ဝ​ရ ဘုန်း​အ​သ​ရေ​တော်​ကို​ဝင်​စား​ခွင့်​ပေး​ရန်​ဖိတ် ခေါ်​တော်​မူ​သော​အ​ရှင်၊ ဘု​ရား​သ​ခင်​ကိုယ်​တော် တိုင်​သင်​တို့​အား​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ပြု ပြင်​ပေး​တော်​မူ​၍ သင်​တို့​အား​ခိုင်​ခံ့​စေ​တော်​မူ ပြီး​လျှင်​ခွန်​အား​နှင့်​ပြည့်​ဝ​စေ​လျက်​ကြံ့​ခိုင် စွာ​ရပ်​တည်​စေ​တော်​မူ​လိမ့်​မည်။- (aiōnios g166)
ထိုဘုရားသခင် သည် ကမ္ဘာ အဆက်ဆက်ဘုန်းအသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင် ။ (aiōn g165)
ကိုယ်​တော်​သည်​ထာ​ဝ​စဉ်​တန်​ခိုး​တော်​ကြီး တော်​မူ​ပါ​စေ​သ​တည်း။ အာ​မင်။ (aiōn g165)
ငါ တို့ကို ကယ်တင် တော်မူသောအရှင်သခင် ယေရှု ခရစ် ၏ ထာဝရ နိုင်ငံ တော်ထဲသို့ ဝင်စား ခြင်းအခွင့် ကို သင် တို့အားကြွယ်ဝ စွာပေး သနားတော်မူလတံ့။ (aiōnios g166)
ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​ငါ​တို့​ကို​အ​ရှင် သ​ခင်​နှင့်​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော ယေ​ရှု ခ​ရစ်​၏​ထာ​ဝ​ရ​နိုင်​ငံ​တော်​သို့​ဝင်​နိုင်​ရန် အ​ခွင့် အ​ရေး​အ​ပြည့်​အ​ဝ​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ (aiōnios g166)
အကြောင်းမူကား ၊ ပြစ်မှား သော ကောင်းကင်တမန် တို့ကို ဘုရားသခင် သည်နှမြော တော်မ မူ၊ ငရဲ ထဲသို့ချလိုက်ပြီးမှစစ်ကြော စီရင်ခြင်း အလို့ငှာ ချုပ် ထား၍၊ မှောင်မိုက် သံကြိုး နှင့်ချည်နှောင် တော်မူ၏။ (Tartaroō g5020)
ဘု​ရား​သ​ခင်​သည်​အ​ပြစ်​ကူး​သူ​ကောင်း​ကင် တ​မန်​များ​ကို​ချမ်း​သာ​ပေး​တော်​မ​မူ​ဘဲ မှောင် မိုက်​သော​င​ရဲ​ထဲ​သို့​ချ​ထား​တော်​မူ​၏။ ထို နေ​ရာ​တွင်​သူ​တို့​ကို​သံ​ကြိုး​များ​ဖြင့်​ချည် နှောင်​ကာ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ကို စောင့်​မျှော်​စေ​တော်​မူ​၏။- (Tartaroō g5020)
ကျေးဇူး တော်၌ ၎င်း ၊ ငါ တို့ကို ကယ်တင် တော်မူသော အရှင် သခင် ယေရှု ခရစ် ကို သိကျွမ်း ခြင်း၌ ၎င်း ကြီးပွား ကြလော့။ ထိုသခင် သည် ယခု မှစ၍ ထာဝရ နေ့ရက် ကာလပတ်လုံးဘုန်း အသရေရှိ တော်မူစေ သတည်း။ အာမင် ။ (aiōn g165)
သင်​တို့​သည်​ငါ​တို့​၏​အရှင်​သ​ခင်​နှင့်​ကယ်​တင် ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ်​၌​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​သိ​ကျွမ်း​ခြင်း ၌​လည်း​ကောင်း​ကြီး​ပွား​ကြ​လော့။ ထို​အ​ရှင် သည်​ယ​ခု​မှ​စ​၍​ထာ​ဝ​ရ​ကာ​လ​ပတ်​လုံး ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။ ရှင်​ပေ​တ​ရု​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး​၏။ (aiōn g165)
ထိုအသက် သည်ထင်ရှား ခဲ့ပြီ။ ငါတို့လည်း မြင်ရ ကြပြီ။ ခမည်းတော် နှင့်အတူ ရှိ ဘူး၍၊ ငါတို့အား ထင်ရှား ခဲ့ပြီးသော ထိုထာဝရ အသက် ကို၊ ငါ တို့သည် သင် တို့အား သက်သေခံ ၍ ပြသ ကြ၏။ (aiōnios g166)
ထို​အ​သက်​တော်​ပေါ်​လွင်​ထင်​ရှား​ခဲ့​စဉ်​က ငါ​တို့​မြင်​ရ​ကြ​၏။ သို့​ဖြစ်​၍​ယင်း​၏​အ​ကြောင်း ကို​ငါ​တို့​ဟော​ပြော​ကြ​၏။ ခ​မည်း​တော်​နှင့် အ​တူ​ရှိ​တော်​မူ​ခဲ့​သည့်​အ​သက်​တော်​သည် ငါ​တို့​တွင်​ပေါ်​လွင်​ထင်​ရှား​ခဲ့​သ​ဖြင့် ငါ​တို့ သည်​ထို​အ​သက်​တော်​အ​ကြောင်း​ကို​သင်​တို့ အား​ဖော်​ပြ​ကြေ​ညာ​ကြ​၏။- (aiōnios g166)
လောက နှင့် လောကီတပ်မက် ခြင်းသည် ရွေ့သွားကွယ်ပျောက် တတ်၏။ ဘုရားသခင် ၏ အလို တော်နှင့်အညီကျင့် သောသူ မူကား ၊ နိစ္စ ထာဝရတည် ၏။ (aiōn g165)
လော​က​နှင့်​တ​ကွ​လူ​တို့​တပ်​မက်​သော​အ​ရာ များ​သည်​ရွေ့​လျား​ကွယ်​ပျောက်​လျက်​နေ​လေ​ပြီ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အ​လို​တော်​ကို​ဆောင် ရွက်​သူ​မူ​ကား ကာ​လ​အ​စဉ်​အ​မြဲ​တည်​လိမ့် မည်။ (aiōn g165)
ငါ တို့အား ပေးတော်မူသောဂတိ တော်မူကား ၊ ထာဝရ အသက် ကို ဝန်ခံတော်မူသောဂတိ တော်ပေတည်း။ (aiōnios g166)
ဤ​ကား​ငါ​တို့​အား​ခ​ရစ်​တော်​ကိုယ်​တော်​တိုင် က​တိ​ထား​တော်​မူ​သော​ထာ​ဝ​ရ​အသက် ပေ​တည်း။ (aiōnios g166)
မိမိ ညီအစ်ကို ကိုမုန်း သောသူ မည်သည်ကား၊ လူ အသက်ကို သတ်သောသူဖြစ် ၏။ လူ အသက်ကို သတ်သောသူ တစ်စုံတစ်ယောက်၌ မျှ ထာဝရ အသက် မတည် သည်ကို သင်တို့သိ ကြ၏။ (aiōnios g166)
မိ​မိ​၏​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည်​သူ သတ်​သ​မား​ဖြစ်​၏။ သူ​သတ်​သ​မား​သည် ထာ​ဝ​ရ​အ​သက်​ကို​မ​ရ​ကြောင်း​သင်​တို့ သိ​ကြ​၏။- (aiōnios g166)
သက်သေခံ တော်မူချက်ဟူမူကား၊ ဘုရားသခင် သည် ငါ တို့အား ထာဝရ အသက် ကိုပေး တော်မူ၍ ၊ ထို အသက် သည်လည်း သား တော်၌ ပါ၏ ။ (aiōnios g166)
ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား ထာ​ဝ​ရ​အ​သက် ကို​ပေး​သ​နား​တော်​မူ​ကြောင်း၊ ထို​အ​သက်​ကို သား​တော်​အား​ဖြင့်​ရ​ရှိ​ကြောင်း​ဘု​ရား​သ​ခင် သက်​သေ​ခံ​တော်​မူ​၏။- (aiōnios g166)
ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသင်တို့သည် ထာဝရ အသက် ကိုကိုယ်တိုင်ရ သည်ဟု သိ စေခြင်းငှာ ၊ ဤအရာ များကို သင် တို့အား ငါရေး ၍ပေးလိုက်၏။ (aiōnios g166)
ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ယုံ​ကြည်​သူ​သင် တို့​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​ကြောင်း​သိ ကြ​စေ​ရန် ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ငါ ရေး​လိုက်​၏။- (aiōnios g166)
ဘုရားသခင် ၏သား တော်သည်ကြွလာ ၍ ၊ မှန် သောဘုရားသခင်ကို သိသောဉာဏ် ကို ငါ တို့အား ပေး တော်မူသည်ကိုလည်း ငါတို့သိ ကြ၏။ မှန် သောဘုရားသခင်၌ ၎င်း ၊ သား တော်ယေရှု ခရစ် ၌ ၎င်းငါတို့သည် တည်လျက်ရှိ ကြ၏။ ထိုသူ သည်မှန် သော ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရ အသက် လည်း ဖြစ် တော်မူ၏။ (aiōnios g166)
ဘု​ရား​သ​ခင်​၏​သား​တော်​သည်​လော​က​သို့​ကြွ လာ​တော်​မူ​၍ ငါ​တို့​အား​ဘု​ရား​စစ်​ဘု​ရား​မှန် ကို​သိ​ရှိ​နိုင်​သည့်​ဉာဏ်​ကို​ပေး​တော်​မူ​ကြောင်း ငါ​တို့​သိ​ကြ​၏။ ငါ​တို့​သည်​ကိုယ်​တော်​၏​သား​တော် ယေ​ရှု​ခ​ရစ်​နှင့်​လည်း​ကောင်း၊ ဘု​ရား​စစ်​ဘု​ရား​မှန် ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​နှင့်​လည်း​ကောင်း တစ်​လုံး​တစ်​ဝ​တည်း​ရှိ​ကြ​၏။ ကိုယ်​တော်​သည် ဘု​ရား​စစ်​ဘု​ရား​မှန်​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ အ​သက်​လည်း​ဖြစ်​တော်​မူ​၏။ (aiōnios g166)
အသက်ကြီး သူ သည် မြတ်သော သခင်မ ကို၎င်း ၊ သားသမီး တို့ကို ၎င်း ကြား လိုက်ပါ ၏။ ငါ တို့၌ တည် ၍ ငါ တို့တွင် အစဉ်မပြတ် ရှိ လတံ့သော သမ္မာတရား ကြောင့် ၊ (aiōn g165)
(parallel missing)
2 John 1:2 (၂ ယောဟန် ၁:၂)
(parallel missing)
အ​ဘယ်​ကြောင့်​ဆို​သော်​သမ္မာ​တ​ရား​သည် ငါ တို့​စိတ်​နှ​လုံး​တွင်​တည်​နေ​လျက် ငါ​တို့​နှင့် အ​တူ​အ​စဉ်​မ​ပြတ်​ရှိ​မည်​ဖြစ်​သော​ကြောင့် တည်း။ (aiōn g165)
ထိုမှတပါး၊ မိမိ တို့အခွင့် အရာကိုမ စောင့် ၊ မိမိ တို့ နေရာ အရပ်ကို စွန့်ပစ် သော ကောင်းကင်တမန် တို့ကို၊ ကြီးစွာ သောနေ့ ၌ စစ်ကြော စီရင်ခြင်းအလိုငှာ ၊ ထာဝရ ချည်နှောင် ခြင်းအားဖြင့် မှောင်မိုက် ထဲမှာချုပ် ထားတော်မူ၏။ (aïdios g126)
မိ​မိ​တို့​ရ​ရှိ​ထား​သော​အာ​ဏာ​နှင့်​မ​ရောင့် ရဲ​ဘဲ နေ​ရင်း​ဌာ​န​ကို​စွန့်​ခွာ​သွား​ကြ​သည့် ကောင်း​ကင်​တ​မန်​များ​အ​ကြောင်း​ကို​လည်း သ​တိ​ရ​ကြ​လော့။ ဘု​ရား​သ​ခင်​သည်​မိ​မိ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ကြီး​၌ သူ​တို့ အား​အ​ပြစ်​ဒဏ်​ပေး​ရန်​မှောင်​မိုက်​ရာ အောက်​အ​ရပ်​တွင်​ထာ​ဝ​ရ​သံ​ကြိုး​များ ဖြင့်​ချည်​နှောင်​၍​ထား​တော်​မူ​၏။- (aïdios g126)
ထိုနည်းတူ ၊ သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစ၍ ပတ်ဝန်းကျင် ၌ ရှိသောမြို့ တို့သည်၊ အထက်က ဆိုခဲ့ပြီး သော လူဆိုးကဲ့သို့ မတရား သော မေထုန်ကိုအလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့်မှားယွင်းခြင်းအမှု၌ ကျင်လည် သောကြောင့်၊ ထာဝရ မီး နှင့်ကျွမ်းလောင် ခြင်း ဒဏ်ကိုခံရ ၍ ပုံ သက်သေထင်ရှား လျက်ရှိကြ၏။ (aiōnios g166)
သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​လည်း ကောင်း၊ ထို​မြို့​များ​၏​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ ကို​လည်း​ကောင်း​သ​တိ​ရ​ကြ​လော့။ ထို​မြို့ တို့​မှ​မြို့​သူ​မြို့​သား​တို့​သည်​အ​ဆို​ပါ ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့ ကာ​မ​ဂုဏ် လိုက်​စား​၍​သ​ဘာ​ဝ​နှင့်​ဆန့်​ကျင်​သည့် အ​ပျော်​အ​ပါး​ကို​လိုက်​စား​ခဲ့​ကြ​၏။ လူ အ​ပေါင်း​တို့​အား​ရှင်း​လင်း​ပြတ်​သား​စွာ သ​တိ​ပေး​သည့်​အ​နေ​ဖြင့် သူ​တို့​သည် ထာ​ဝ​ရ​တောက်​လောင်​သော​မီး​တွင်​အ​ပြစ် ဒဏ်​ကို​ခံ​ရ​ကြ​သည်။ (aiōnios g166)
မိမိ ရှက် ခြင်းအကြောင်းကို ပွက် စေတတ်သော လှိုင်း တံပိုးရိုင်း ကဲ့သို့၎င်း၊ ကြယ် ပျံ ကဲ့သို့၎င်းဖြစ်ကြ၏။ ထို ကြယ်ပျံတို့အဘို့တခဲနက် သော ထာဝရ မှောင်မိုက် ကို သိုထား လျက်ရှိ၏။ (aiōn g165)
ပြင်း​ထန်​လှ​သည့်​ပင်​လယ်​လှိုင်း​တံ​ပိုး​နှင့် လည်း​တူ​ကြ​၏။ ပင်​လယ်​လှိုင်း​တံ​ပိုး​များ​မှ ရေ​မြှုပ်​များ​ကဲ့​သို့ သူ​တို့​၏​ရှက်​ဖွယ်​ကောင်း သည့်​အ​ကျင့်​များ​သည်​ပေါ်​လွင်​လျက်​ရှိ​၏။ သူ​တို့​သည်​လမ်း​ကြောင်း​အ​တည်​တ​ကျ မ​ရှိ​သည့်​ကြယ်​ပျံ​နှင့်​လည်း​တူ​ကြ​၏။ သူ တို့​အ​တွက်​ဘု​ရား​သ​ခင်​သည်​အ​မှောင် မိုက်​ဆုံး​ဖြစ်​သည့်​အောက်​အ​ရပ်​တွင် ထာ​ဝ​စဉ် နေ​ရာ​သတ်​မှတ်​၍​ထား​တော်​မူ​သ​တည်း။ (aiōn g165)
ဘုရားသခင် ကို ချစ် ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ် စောင့်ရှောက် ၍ ထာဝရ အသက် အလိုငှာ ၊ ငါ တို့သခင် ယေရှု ခရစ် ၏ ကရုဏာ တော်ကို မြော်လင့် ၍ နေကြလော့။ (aiōnios g166)
ဘု​ရား​သ​ခင်​၏​မေတ္တာ​တော်​တွင်​ခို​လှုံ​ကြ လော့။ အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​သည်​မိ​မိ​၏ က​ရု​ဏာ​တော်​ကို​ထောက်​၍ သင်​တို့​အား ထာ​ဝ​ရ​အ​သက်​ကို​ပေး​တော်​မူ​မည့်​နေ့​ရက် ကို​စောင့်​မျှော်​၍​နေ​ကြ​လော့။ (aiōnios g166)
ငါ တို့ကို ကယ်တင် တော်မူသောအရှင်၊ တဆူတည်း သောဘုရားသခင် သည်၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ၊ ယခု မှစ၍ကမ္ဘာ အဆက်ဆက်ဘုန်း တန်ခိုး အာနုဘော် နှင့် အစွမ်းသတ္တိအာဏာစက် ရှိတော်မူစေသတည်း အာမင် (aiōn g165)
အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့ အား​ကယ်​တင်​တော်​မူ​သော၊ တစ်​ဆူ​တည်း သော​ဘု​ရား​သ​ခင်​သည် ရှေး​ကပ်​ကာ​လ​မှ စ​၍​ယ​ခု​ကာ​လ​နှင့်​နောက်​ကမ္ဘာ​အ​ဆက် ဆက်​ဘုန်း​အ​သ​ရေ၊ တန်​ခိုး​အာနု​ဘော် တော်၊ အ​စွမ်း​သတ္တိ​အာ​ဏာ​စက်​ရှိ​တော် မူ​စေ​သ​တည်း။ အာ​မင်။ ရှင်​ယု​ဒ​သြ​ဝါ​ဒ​စာ​ပြီး​၏။ (aiōn g165)
မိမိ ခမည်းတော် ဘုရားသခင့် ရှေ့ ၌ ငါ တို့ကို ရှင်ဘုရင် အရာ၌၎င်း၊ ယဇ် ပုရောဟိတ်အရာ၌ ခန့်ထား တော်မူသောသူသည်၊ ကမ္ဘာ အဆက်ဆက်ဘုန်း အသရေ၊ အစွမ်း သတ္တိရှိ တော်မူစေသတည်း။ အာမင် ။ (aiōn g165)
မိ​မိ​၏​ခ​မည်း​တော်​ဘု​ရား​သခင်​၏​အ​မှု​တော် ကို​ဆောင်​ရွက်​နိုင်​စေ​ရန် ငါ​တို့​အား​ရှင်​ဘု​ရင် အ​ရာ​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​သော​ယေ​ရှု ခ​ရစ်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ၊ တန်​ခိုး​အာ​နု​ဘော်​တော်​ရှိ​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။ (aiōn g165)
အသက် ရှင်သောသူ လည်း ဖြစ် ၏။ ငါ သည် အရင်သေ သည် ဖြစ်၍ ၊ ကမ္ဘာ အဆက်ဆက်အသက် နှင့် ပြည့်စုံ၏။ မရဏာ နှင့် မရဏာ နိုင်ငံ ကိုလည်း ငါအစိုးရ ၏။ (aiōn g165, Hadēs g86)
ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော​သူ​ဖြစ်​၏။ ငါ သည်​သေ​ခဲ့​၏။ ယ​ခု​မှာ​မူ​ကမ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​လျက်​ရှိ​၏။ ငါ​သည်​သေ​ခြင်း​တ​ရား နှင့်​မ​ရ​ဏာ​နိုင်​ငံ​ကို​အ​စိုး​ရ​၏။- (aiōn g165, Hadēs g86)
ပလ္လင် တော်ပေါ်မှာ ထိုင် ၍ ကမ္ဘာ အဆက်ဆက် အသက် ရှင်တော်မူသောသူ ၏ ဘုန်း အသရေ ၊ ဂုဏ် ကျေးဇူးတော်ကို ထို သတ္တဝါ တို့သည်ချီးမွမ်း ကြသောအခါ ၊ (aiōn g165)
ပလ္လင်​ပေါ်​တွင်​စံ​တော်​မူ​၍​ကမ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​၏​ကျေး​ဇူး​တော်၊ ဂုဏ်​တော်၊ ဘုန်း​အ​သ​ရေ​တော်​တို့​ကို​ထို​သတ္တဝါ တို့​ချီး​ကူး​ကြ​သည့်​အ​ခါ​တိုင်း၊- (aiōn g165)
အသက်ကြီး သူနှစ်ဆယ် လေး ပါးတို့သည် ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသောသူ ရှေ့ ၌ ပြပ်ဝပ် လျက် ၊ ကမ္ဘာ အဆက်ဆက် အသက် ရှင် တော်မူသော သူ ကို ကိုးကွယ် လျက် ၊ (aiōn g165)
အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​တို့​သည်​ပလ္လင် ပေါ်​တွင်​စံ​တော်​မူ​၍ ကမ္ဘာ​အ​ဆက်​ဆက်​အ​သက် ရှင်​တော်​မူ​သော​အ​ရှင်​၏​ရှေ့​တော်​၌​ပျပ်​ဝပ်​လျက် ရှိ​ခိုး​ကြ​ကုန်​၏။ သူ​တို့​သည်​ပလ္လင်​တော်​ရှေ့​တွင် မိ​မိ​တို့​၏​သ​ရ​ဖူ​များ​ကို​ချ​လျက် (aiōn g165)
ကောင်းကင် ၊ မြေကြီး ၊ မြေကြီး အောက် ၊ သမုဒ္ဒရာ အထဲ ၊ အရပ်ရပ်တို့၌ ရှိရှိသမျှ သော ဝေနေယျ သတ္တဝါ အပေါင်း တို့က၊ ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသောသူ နှင့် သိုးသူငယ် သည် ကမ္ဘာ အဆက်ဆက်ကောင်းကြီး မင်္ဂလာ၊ ဂုဏ် အသရေ၊ ဘုန်း အာနုဘော်၊ အစွမ်း သတ္တိရှိတော်မူစေသတည်းဟု ပြောဆို ကြသည်ကို ငါကြား လေ၏။ (aiōn g165)
ထို့​ပြင်​ကောင်း​ကင်၊ ကမ္ဘာ​မြေ​ကြီး၊ မြေ​ကြီး အောက်​ပင်​လယ်​အ​ရပ်​ရပ်​၌​ရှိ​သ​မျှ​သော သတ္တဝါ​အ​ပေါင်း​တို့​က၊ ပလ္လင်​ပေါ်​တွင်​ထိုင်​နေ​တော်​မူ​သော​အ​ရှင်​နှင့် သိုး​သူ​ငယ်​တော်​သည် ကမ္ဘာ​အ​ဆက်​ဆက်​ချီး​မွမ်း​ခြင်း​ကို ခံ​ရ​ပါ​စေ​သ​တည်း။ ဂုဏ်​အ​သ​ရေ၊ဘုန်း​အာ​နု​ဘော်၊တန်​ခိုး​တို့​ဖြင့် ပြည့်​စုံ​တော်​မူ​ပါ​စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ​သည်​ကို​ငါ​ကြား​ရ​၏။- (aiōn g165)
ထိုအခါ ငါကြည့် လျှင် ၊ မြင်း မွဲ တစ်စီးရှိ ၏။ မြင်း စီး သောသူ သည် မရဏာ ဟူသောအမည် ရှိ ၏။ မရဏာ နိုင်ငံသည် ထိုသူ နောက် သို့ လိုက်လေ၏။ သူသည် မြေကြီး လေး စိတ်တစ်စိတ်ကို အစိုးရ ၍ ဓါး ဘေး၊ မွတ်သိပ် ခြင်းဘေး၊ နာ ၍သေဘေး၊ မြေ သားရဲ ဘေးအားဖြင့် သတ် ပိုင် သော အခွင့်ကိုရ ၏။ (Hadēs g86)
ငါ​ကြည့်​လိုက်​သော​အ​ခါ​မြင်း​မွဲ​တစ်​ကောင်​ကို တွေ့​ရ​၏။ မြင်း​စီး​သူ​ရဲ​၏​နာ​မည်​မှာ​သေ​မင်း ဖြစ်​၏။ သူ​၏​နောက်​မှ​မ​ရ​ဏာ​နိုင်​ငံ​လိုက်​ပါ လာ​၏။ သူ​တို့​သည်​ကမ္ဘာ​မြေ​ကြီး​၏​လေး​ပုံ​တစ် ပုံ​တွင်​ရှိ​သော​လူ​တို့​အား​ဋ္ဌား​ဘေး၊ ငတ်​မွတ် ခေါင်း​ပါး​ခြင်း​ဘေး၊ ကပ်​ရော​ဂါ​ဘေး၊ သား​ရဲ တိ​ရစ္ဆာန်​များ​၏​ဘေး​တို့​ဖြင့်​သေ​စေ​နိုင်​သည့် အ​ခွင့်​အာ​ဏာ​ကို​ရ​ရှိ​ထား​ကြ​၏။ (Hadēs g86)
အာမင် ။ ငါ တို့၏ ဘုရားသခင် သည် ကမ္ဘာ အဆက်ဆက်ကောင်းကြီး မင်္ဂလာ၊ ဘုန်း ၊ ပညာ နှင့်တကွ ကျေးဇူး ချီးမွမ်းခြင်း၊ ဂုဏ် အသရေ၊ တန်ခိုး သတ္တိ ရှိတော်မူစေသတည်း။ အာမင် ဟုပြောဆို ကြ၏။ (aiōn g165)
သူ​တို့​က``အာ​မင်။ ငါ​တို့​ဘု​ရား​သခင်​ကို ကမ္ဘာ​အ​ဆက်​ဆက်​ချီး​မွမ်း​ထော​မ​နာ​ပြု ကြ​စေ​သ​တည်း။ ကိုယ်​တော်​သည်​ဘုန်း​တန်​ခိုး၊ ဉာဏ်​ပ​ညာ၊ ဂုဏ်​အ​သ​ရေ​တို့​နှင့်​ပြည့်​စုံ တော်​မူ​ပါ​စေ​သ​တည်း။ ကိုယ်​တော်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ပါ​စေ သ​တည်း။ ``အာ​မင်'' ဟု​မြွက်​ဆို​ကြ​၏။ (aiōn g165)
ပဉ္စမ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ ကြယ် တစ်လုံးသည် ကောင်းကင် က မြေကြီး ပေါ်သို့ ကျ သည်ကို ငါမြင် ၏။ သူ ၌အနက်ဆုံး သော တွင်း ၏ သော့ ကို အပ်ပေး သည်ဖြစ်၍ ၊ (Abyssos g12)
ထို​နောက်​ပဉ္စမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ ကောင်း​ကင်​မှ​ကမ္ဘာ​မြေ ပေါ်​သို့​ကြယ်​တစ်​လုံး​ကြွေ​ကျ​လာ​သည်​ကို ငါ​မြင်​ရ​၏။ ထို​ကြယ်​အား​တွင်း​နက်​ကြီး​၏ တံ​ခါး​သော့​ကို​ပေး​အပ်​ထား​၏။- (Abyssos g12)
သူသည်အနက်ဆုံး သော တွင်း ကိုဖွင့် လျှင် ၊ ကြီးစွာ သော မီးဖို ၏ အခိုး ကဲ့သို့သော အခိုး သည် တွင်း ထဲက တက် လေ၏။ ထိုတွင်း ၏ မီးခိုး ကြောင့် ၊ နေ နှင့် အာကာသ ကောင်းကင်သည် မှောင်မိုက် လေ၏။ (Abyssos g12)
သူ​သည်​တွင်း​နက်​ကြီး​ကို​ဖွင့်​လိုက်​သော​အ​ခါ မီး​ခိုး​သည်​မီး​ဖို​ကြီး​မှ​ထွက်​သည့်​အ​လား ထွက်​လာ​လေ​သည်။ ထို​မီး​ခိုး​ကြောင့်​နေ​နှင့် အာ​ကာ​သ​ကောင်း​ကင်​သည်​မှောင်​မဲ​၍​သွား​၏။- (Abyssos g12)
သူ တို့၏ ရှင်ဘုရင် မူကား ၊ ဟေဗြဲ ဘာသာအားဖြင့်အဗဒ္ဒုန် ဟူ၍၎င်း၊ ဟေလသ ဘာသာအားဖြင့် အပေါလျုန် ဟူ၍၎င်း ခေါ်ဝေါ် သော အနက်ဆုံး သောတွင်း တမန် ဖြစ် ၏။ (Abyssos g12)
သူ​တို့​၏​ဘု​ရင်​ကား​တွင်း​နက်​ကြီး​၏​ကောင်း​ကင် တ​မန်​ဖြစ်​၏။ သူ​၏​နာ​မည်​မှာ​ဟေ​ဗြဲ​ဘာ​သာ စ​ကား​အား​ဖြင့် အ​ဗ​န္ဒုန်​ဟူ​၍​လည်း​ကောင်း၊ ဂ​ရိ​ဘာ​သာ​အား​ဖြင့်​အ​ပေါ​လျုန်​ဟူ​၍​လည်း ကောင်း​ဖြစ်​၏။ (အ​ပေါ​လျုန်​၏​အ​နက်​မှာ``ဖျက် ဆီး​သူ'' ဟူ​၍​ဖြစ်​သ​တည်း။) (Abyssos g12)
ဘုရားသခင် ၏ ကျွန် တော်မျိုးပရောဖက် တို့အား ဝမ်းမြောက် စရာသိတင်းကို ဗျာဒိတ်ထားတော်မူသည် နှင့်စပ်ဆိုင်သော ဘုရားသခင် ၏ နက်နဲ သောအရာ သည်၊ ကာလ မ နှေး ဘဲ သတ္တမ ကောင်းကင်တမန် တံပိုး မှုတ်ခြင်း အသံ မြည်သော နေ့ရက် ကာလ၌ ပြည့်စုံ ခြင်းသို့ ရောက်မည်ဟုကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ ကို၎င်း ၊ အရပ်ရပ်၌ရှိရှိသမျှတို့ကို၎င်း၊ (aiōn g165)
ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​တော်​မူ​၍​မိုး၊ မြေ၊ ပင်​လယ်​မှ​စ​၍​အ​ရာ​ခပ်​သိမ်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​နာ​မ တော်​ကို​တိုင်​တည်​လျက်``နောက်​ထပ်​နှောင့်​နှေး ကြန့်​ကြာ​မှု​ရှိ​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင် သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​တို့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​ခဲ့​သည်​နှင့်​အ​ညီ၊- (aiōn g165)
သူ တို့သည် သက်သေခံ ပြီး သောအခါ ၊ အနက်ဆုံး သောတွင်းထဲက တက် သော သားရဲ သည်သူ တို့ကို စစ်တိုက် ၍ အောင် လိမ့်မည်။ အသက်ကိုသတ် ပြီးမှ ၊ (Abyssos g12)
သို့​ရာ​တွင်​သူ​တို့​ဟော​ပြော​ကြေ​ညာ​သည့် အ​လုပ်​ပြီး​စီး​သော​အ​ခါ​၌ တွင်း​နက်​ကြီး ထဲ​မှ​သား​ရဲ​သည်​တက်​လာ​၍​သူ​တို့​အား တိုက်​ခိုက်​အောင်​မြင်​သတ်​ဖြတ်​ပစ်​လိမ့်​မည်။- (Abyssos g12)
သတ္တမ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ ကောင်းကင် ဘုံ၌ ကြီး သော အသံ တို့ကား ၊ လောကီ နိုင်ငံ သည် ငါ တို့အရှင် ၏ နိုင်ငံဖြစ် လေပြီ။ ထိုအရှင် ၏ ခရစ်တော် နိုင်ငံဖြစ် လေပြီ။ သူသည်လည်း ကမ္ဘာ အဆက်ဆက်စိုးစံ တော်မူမည်ဟု ပြောဆို ကြ၏။ (aiōn g165)
ထို​နောက်​သတ္တမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ``ကမ္ဘာ​လော​က​ကို​အုပ်​စိုး သော​အာ​ဏာ​သည် ငါ​တို့​အ​ရှင်​နှင့်​ကိုယ်​တော် ၏​မေ​ရှိ​ယ​လက်​ထဲ​သို့​ရောက်​လာ​လေ​ပြီ။ ကိုယ်​တော်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​စိုး​စံ​တော် မူ​လိမ့်​မည်'' ဟု​ကောင်း​ကင်​မှ​ကျယ်​စွာ​ပြော သော​အ​သံ​များ​ကို​ကြား​ရ​၏။- (aiōn g165)
မြေကြီး ပေါ်မှာ နေ သော သူ တည်းဟူသော အသီးအသီးဘာသာ စကားကိုပြောသော လူ အမျိုး အနွယ် ခပ်သိမ်း တို့အား ထာဝရ ဧဝံဂေလိ တရားကို ဟော ရသော ကောင်းကင်တမန် တစ်ပါး က၊ (aiōnios g166)
ထို​နောက်​ကောင်း​ကင်​အ​လယ်​တွင် ကောင်း​ကင် တ​မန်​တစ်​ပါး​ပျံ​ဝဲ​လျက်​နေ​သည်​ကို​ငါ မြင်​ရ​၏။ သူ​သည်​တိုင်း​နိုင်​ငံ​အ​သီး​သီး​ရှိ ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ကို​ပြော​ဆို​သူ လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့​အား ကြေ​ညာ ရန်​ထာ​ဝ​ရ​သ​တင်း​ကောင်း​ကို​ယူ​ဆောင် လာ​၏။- (aiōnios g166)
ထိုညှဉ်းဆဲ ခြင်း၏ မီးခိုး သည် ကမ္ဘာ အဆက်ဆက်တက် လျက်ရှိ၏။ သားရဲ နှင့် သူ ၏ရုပ်တု ကို ကိုးကွယ် ၍၊ သူ ၏နာမ တံဆိပ် လက်မှတ်ကို ခံ သောသူ တို့သည် နေ့ ညဉ့် မပြတ် သက်သာ မ ရ ကြဟု၊ လိုက်၍ကြီးသော အသံနှင့် ပြောဆို၏။ (aiōn g165)
ထို​မီး​လျှံ​မှ​မီး​ခိုး​သည် ထာ​ဝ​စဉ်​အ​ထက် သို့​တက်​လျက်​နေ​၏။ သား​ရဲ​နှင့်​သူ​၏​ရုပ်​တု​ကို ရှိ​ခိုး​၍ သား​ရဲ​၏​နာ​မည်​တံ​ဆိပ်​နှိပ်​ခြင်း​ခံ​ရ သူ​အ​ပေါင်း​တို့​သည် နေ့​ရော​ညဥ့်​ပါ​သက်​သာ ရာ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​အ​သံ​ကျယ်​စွာ ကြွေး​ကြော်​လေ​၏။ (aiōn g165)
သတ္တဝါ လေး ပါးတွင် တစ်ပါး သည် ကမ္ဘာ အဆက်ဆက် အသက် ရှင်တော်မူသော ဘုရားသခင် ၏ အမျက် တော်နှင့် ပြည့် သောရွှေ ဖလား ခုနစ် လုံးကို ကောင်းကင်တမန် ခုနစ် ပါးတို့အား ပေး ၏။ (aiōn g165)
သက်​ရှိ​သတ္တဝါ​လေး​ပါး​အ​နက်​တစ်​ပါး​သည် ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ပြည့်​လျက်​ရှိ သည့် ရွှေ​ဖ​လား​ခု​နစ်​လုံး​ကို​ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တို့​အား​ပေး​အပ်​၏။- (aiōn g165)
ယခုမြင် သော သားရဲ သည် ဖြစ် ဘူးပြီ၊ ဖြစ် ဆဲမ ရှိ၊ အနက်ဆုံး သော တွင်းထဲက တက် ၍ ဖျက်ဆီး ခြင်းသို့ ရောက် လိမ့်မည်။ ကမ္ဘာ ဦး ကပင် အသက် စာစောင် ၌ စာရင်း မ ဝင် သော မြေကြီး သား တို့သည် ဖြစ် ဘူး၍ ၊ ဖြစ် ဆဲမ ရှိ၊ ဖြစ် လတံ့သောသားရဲ ကို မြင် ရသောအခါ၊ အံ့ဩ ကြလိမ့်မည်။ (Abyssos g12)
သင်​မြင်​ရ​သည့်​သား​ရဲ​သည်​အ​ခါ​တစ်​ပါး​က အ​သက်​ရှင်​ခဲ့​သော်​လည်း ယ​ခု​အ​သက်​မ​ရှင် တော့​ပေ။ သူ​သည်​တွင်း​နက်​ကြီး​ထဲ​မှ​တက်​လာ ပြီး​လျှင် ဖျက်​ဆီး​ခြင်း​ခံ​ရ​ပေ​တော့​မည်။ ကမ္ဘာ လော​က​ကို​ဖန်​ဆင်း​တော်​မ​မူ​မီ​က​ပင်​လျှင် အ​သက်​စာ​စောင်​စာ​ရင်း​တွင်​မ​ပါ​ဝင်​သူ ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည် ထို​သား​ရဲ​ကို မြင်​သော​အ​ခါ​အံ့​သြ​ကြ​လိမ့်​မည်။ သူ​သည် အ​ခါ​တစ်​ပါး​က​အ​သက်​ရှင်​ခဲ့​၏။ ယ​ခု အ​သက်​မ​ရှင်​တော့​သော်​လည်း​နောက်​တစ်​ဖန် အ​သက်​ရှင်​၍​လာ​ဦး​မည်။ (Abyssos g12)
တဖန်တုံ ၊ ဟာလေလုယ ဟူ၍၎င်း ၊ သူ ၏ မီးခိုး သည် ကမ္ဘာ အဆက်ဆက်တက် သည်ဟူ၍၎င်း ပြောဆို ကြ၏။ (aiōn g165)
တစ်​ဖန်​ထို​သူ​တို့​၏``ဘု​ရား​သ​ခင်​၏​ဂုဏ်​တော် ကို​ချီး​မွမ်း​ကြ​လော့'' ထို​မြို့​မှ​မီး​ခိုး​တို့​သည် ထာ​ဝ​စဉ်​လွင့်​တက်​လျက်​ရှိ​၏'' ဟု​ကြွေး​ကြော် ကြ​ပြန်​၏။- (aiōn g165)
သားရဲ ၏တံဆိပ် လက်မှတ်ကိုခံ ၍၊ သူ ၏ရုပ်တု ကိုကိုးကွယ် သောသူ တို့ကို လှည့်ဖြား ၍ သားရဲ ရှေ့ ၌ နိမိတ် များကို ပြ တတ်သော မိစ္ဆာ ပရောဖက်ကိုလည်း ဘမ်းမိကြ၏။ အသက် ရှင် လျက်ရှိသောထိုသူနှစ်ဦးကို ကန့် နှင့် လောင် သော မီး အိုင် ထဲသို့ ပစ်ချ ကြ၏။ (Limnē Pyr g3041 g4442)
သား​ရဲ​နှင့်​တ​ကွ​သူ​၏​ရှေ့​တွင်​နိ​မိတ်​လက္ခ​ဏာ များ​ကို​ပြ​သော​မိစ္ဆာ​ပ​ရော​ဖက်​သည်​အ​ဖမ်း​ခံ ရ​၏။ (ထို​မိစ္ဆာ​ပ​ရော​ဖက်​ကား​သား​ရဲ​၏​အ​မှတ် တံ​ဆိပ်​ကို​ခံ​ယူ​၍ သူ​၏​ရုပ်​တု​ကို​ရှိ​ခိုး​သူ​များ အား​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​ခြင်း​အား​ဖြင့် မှောက်​မှား​လမ်း​လွဲ​စေ​သူ​ဖြစ်​သ​တည်း။) ထို​သူ နှစ်​ဦး​စ​လုံး​ပင်​လျှင်​တောက်​လောင်​နေ​သော​ကန့် မီး​အိုင်​ထဲ​သို့​အ​ရှင်​လတ်​လတ်​ပစ်​ချ​ခြင်း​ကို ခံ​ရ​ကြ​၏။- (Limnē Pyr g3041 g4442)
တဖန် ကောင်းကင်တမန် သည် အနက်ဆုံး သောတွင်း၏ သော့ နှင့် သံကြိုး ကြီး ကိုကိုင် လျက် ကောင်းကင် က ဆင်းသက် သည်ကို ငါမြင် ၏။ (Abyssos g12)
ထို​နောက်​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည်​တွင်း နက်​ကြီး​၏​သော့​ကို​လည်း​ကောင်း၊ သံ​ကြိုး​ကြီး ကို​လည်း​ကောင်း ကိုင်​လျက်​ကောင်း​ကင်​မှ​ဆင်း လာ​သည်​ကို​ငါ​မြင်​ရ​၏။- (Abyssos g12)
အနှစ် တစ်ထောင် မ ကုန် မှီ တိုင်အောင် ၊ လူ အမျိုးမျိုးတို့ကို မလှည့်ဖြား ရမည်အကြောင်း ၊ အနက်ဆုံး သော တွင်းထဲသို့ ပစ်ချ လှောင် ထား၍ တံဆိပ် ခတ်လေ၏။ အနှစ်တစ်ထောင်ကုန်ပြီးမှတစ်ဖန် ခဏ လွှတ် ရဦးမည်။ (Abyssos g12)
ကောင်း​ကင်​တ​မန်​သည်​န​ဂါး​ကို​တွင်း​နက်​ကြီး ထဲ​သို့​ပစ်​ချ​ကာ​တွင်း​ကို​ပိတ်​ပြီး​နောက် အ​နှစ် တစ်​ထောင်​ကုန်​ဆုံး​သည့်​တိုင်​အောင်​လူ​မျိုး​တ​ကာ တို့​အား​မှောက်​မှား​လမ်း​လွဲ​မှု​မ​ပြု​နိုင်​စေ​ရန် တံ​ဆိပ်​ခတ်​နှိပ်​၍​ထား​၏။ အ​နှစ်​တစ်​ထောင် ကုန်​ဆုံး​ချိန်​၌​သူ့​အား​ခေတ္တ​လွှတ်​ပေး​ရ​မည်။ (Abyssos g12)
သူ တို့ကိုလှည့်ဖြား သောမာရ်နတ် ကိုလည်း ၊ သားရဲ နှင့် မိစ္ဆာ ပရောဖက်ရှိရာ ၊ ကန့် နှင့် ရောနှောသော မီး အိုင် ထဲသို့ ချပစ် လျှင်၊ သူတို့သည် နေ့ ညဉ့် မပြတ် ကမ္ဘာ အဆက်ဆက်ပြင်းစွာ သောဝေဒနာကို ခံရကြ လတံ့။ (aiōn g165, Limnē Pyr g3041 g4442)
သူ​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ​သူ​စာ​တန် သည်​လည်း ကန့်​မီး​အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို ခံ​ရ​လေ​၏။ ထို​အိုင်​ထဲ​သို့​သား​ရဲ​နှင့်​မိစ္ဆာ​ပ​ရော ဖက်​တို့​ပစ်​ချ​ခြင်း​ခံ​ရ​ပြီး​ဖြစ်​သည်။ သူ​တို့ သည်​ကမ္ဘာ​အ​ဆက်​ဆက်​နေ့​ရော​ညဥ့်​ပါ ညှဉ်း​ပန်း​နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​လတ္တံ့။ (aiōn g165, Limnē Pyr g3041 g4442)
သမုဒ္ဒရာ သည် မိမိ ၌ ရှိသော လူသေ တို့ကို အပ်ပေး ၏။ မရဏာ နှင့် မရဏာ နိုင်ငံသည်လည်း မိမိ တို့၌ ရှိသော လူသေ တို့ကို အပ်ပေး ကြ၏။ လူအသီးအသီး တို့သည် မိမိ တို့အကျင့် အတိုင်း တရား စီရင်ခြင်းကို ခံရကြ၏။ (Hadēs g86)
သ​မုဒ္ဒ​ရာ​သည်​မိ​မိ​၌​ရှိ​သော​သေ​သူ​တို့​ကို ပေး​အပ်​ကြ​၏။ သေ​မင်း​နှင့်​မ​ရ​ဏာ​နိုင်​ငံ သည်​လည်း မိ​မိ​တို့​၌​ရှိ​သော​သေ​သူ​တို့​ကို ပေး​အပ်​ကြ​၏။ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့ အ​ကျင့်​အ​လျောက်​တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​၏။- (Hadēs g86)
ထိုအခါ မရဏာ နှင့် မရဏာ နိုင်ငံကို မီး အိုင် ထဲသို့ ချပစ် လေ၏။ ထို သေခြင်းကားဒုတိယ သေ ခြင်း ဖြစ် သတည်း။ (Hadēs g86, Limnē Pyr g3041 g4442)
ထို​နောက်​သေ​မင်း​နှင့်​မ​ရ​ဏာ​နိုင်​ငံ​သည် မီး အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။- (Hadēs g86, Limnē Pyr g3041 g4442)
အသက် စာစောင် ၌ စာရင်းမ ဝင်သောသူ ရှိသမျှ တို့ကိုလည်း မီး အိုင် ထဲသို့ ချပစ် လေ၏။ (Limnē Pyr g3041 g4442)
(ထို​မီး​အိုင်​ကား​ဒု​တိ​ယ​သေ​ခြင်း​တည်း။) အ​သက် စာ​စောင်​တွင်​စာ​ရင်း​မ​ဝင်​သူ​ရှိ​သ​မျှ​တို့​သည် မီး​အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။ (Limnē Pyr g3041 g4442)
ကြောက် တတ်သောသူ၊ မယုံကြည် သောသူ၊ စက်ဆုပ် ရွံ့ရှာဘွယ်သောသူ၊ လူ အသက်ကိုသတ်သောသူ၊ မတရား သောမေထုန်၌မှီဝဲသောသူ၊ ပြုစား တတ်သောသူ၊ ရုပ်တု ကိုးကွယ်သောသူ၊ သစ္စာ ပျက်သောသူ အပေါင်း တို့မူကား၊ ဒုတိယ သေ ခြင်းတည်းဟူသောကန့် နှင့်လောင် သောမီး အိုင် ထဲ၌ မိမိ တို့အဘို့ကို ရကြလိမ့်မည်ဟူ၍၎င်း ငါ့ အား မိန့် တော်မူ၏။ (Limnē Pyr g3041 g4442)
သို့​ရာ​တွင်​သူ​ရဲ​ဘော​နည်း​သူ၊ သစ္စာ​ဖောက်​သူ၊ စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သူ၊ လူ​သတ်​သူ၊ အ​ကျင့်​ပျက် သူ၊ စုန်း​အ​တတ်​ဖြင့်​ပြု​စား​သူ၊ ရုပ်​တု​ကိုး​ကွယ်​သူ၊ လိမ်​လည်​ပြော​ဆို​သူ​တို့​သည်​ကန့်​မီး​အိုင်​ထဲ​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ဒု​တိ​ယ​သေ​ခြင်း ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ (Limnē Pyr g3041 g4442)
ထိုမြို့၌ညဉ့် မ ရှိ ရ၊ ဆီမီး ကိုအလို မ ရှိ ။ နေ ၏ အရောင် ကိုလည်း အလိုမရှိ။ အကြောင်းမူကား ၊ ထာဝရ အရှင်ဘုရားသခင် သည် သူ တို့၌ ရောင်ခြည် တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာ အဆက်ဆက်စိုးစံ ရ ကြလတံ့။ (aiōn g165)
ထို​မြို့​တွင်​ည​ရှိ​တော့​မည်​မ​ဟုတ်။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​လင်း​ကို​ပေး​တော် မူ​မည်​ဖြစ်​၍၊ သူ​တို့​သည်​ဆီ​မီး​၏​အ​ရောင်၊ နေ​၏ အ​လင်း​ရောင်​ကို​လို​ကြ​တော့​မည်​မ​ဟုတ်။ သူ​တို့ သည်​ဘု​ရင်​အ​ဖြစ်​ဖြင့်​ထာ​ဝ​စဉ်​စိုး​စံ​ရ​ကြ လတ္တံ့။ (aiōn g165)
Questioned verse translations do not contain Aionian Glossary words, but may wrongly imply eternal or Hell
ထိုသူ တို့သည် ရေ မရှိသော ရေတွင်း ကဲ့သို့၎င်း ၊ လေ တိုက်၍ လွင့် သောမိုဃ်းတိမ် ကဲ့သို့၎င်း ဖြစ် ကြ၏။ သူ တို့အဘို့ တခဲနက် သော ထာဝရမှောင်မိုက် ကို သိုထား ချက်ရှိ၏။ (questioned)

MYJ > Aionian Verses: 264, Questioned: 1
MYC > Aionian Verses: 264