< ကောလောသဲ 1 >

1 ဘုရားသခင် ၏ အလို တော်အားဖြင့် ယေရှု ခရစ် ၏ တမန်တော် ဖြစ်သောငါ ပေါလုနှင့် ငါညီ တိမောသေ သည်၊
ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​ခ​ရစ် တော်​ယေ​ရှု​၏​တ​မန်​တော်​ဖြစ်​သူ ငါ​ပေါ​လု နှင့်​ငါ​တို့​၏​ညီ​တိ​မော​သေ​ထံ​မှ၊-
2 ကောလောသဲ မြို့၌ နေသော သန့်ရှင်း သူတည်းဟူသော၊ ခရစ်တော် ကို ယုံကြည် သောညီအစ်ကို တို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင် အထံတော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။
ကော​လော​သဲ​မြို့​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဝင်​များ​ဖြစ်​သူ၊ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​လျက်​ခ​ရစ်​တော်​ကို​သစ္စာ​ရှိ​သူ​ညီ အစ်​ကို​များ​ထံ​သို့​စာ​ရေး​လိုက်​ပါ​သည်။ သင် တို့​သည်​ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​ထံ​တော် မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ခံ​စား ကြ​ရ​ပါ​စေ​သော။
3 သင် တို့သည် ယေရှု ခရစ် ကို ယုံကြည် ၍၊
ငါ​တို့​သည်​သင်​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ ပြု​သည့်​အ​ခါ​တိုင်း​ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​၏။-
4 သမ္မာ တရား တည်းဟူသောဧဝံဂေလိ တရားကို သင်တို့သည်အထက်က ကြားသိ ကြသည်အတိုင်း၊ သင်တို့ အဘို့ကောင်းကင် ဘုံ၌ သိုထား သော မြော်လင့် ရာကို ထောက် သဖြင့်၎င်း၊ သင် တို့အဘို့ အစဉ်မပြတ် ဆုတောင်း ၍၊
အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​ခ​ရစ်​တော် ယေ​ရှု​ကို​ယုံ​ကြည်​၍ ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဝင်​အ​ပေါင်း​တို့​အား​ချစ်​ကြ​သည်​ကို​ငါ​တို့ ကြား​သိ​ရ​သော​ကြောင့်​ဖြစ်​ပေ​သည်။-
5 ငါ တို့သခင် ယေရှု ခရစ် ၏ ခမည်းတော် တည်းဟူသောဘုရားသခင် ၏ ကျေးဇူး တော်ကို ချီးမွမ်းကြ၏။
သမ္မာ​တ​ရား​တည်း​ဟူ​သော​သ​တင်း​ကောင်း​ကို သင်​တို့​ပ​ထ​မ​ဆုံး​အကြိမ်​ကြား​နာ​ရ​သော အ​ခါ မျှော်​လင့်​ရာ​အ​ကြောင်း​ကို​သင်​တို့​ကြား သိ​ရ​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​၏​ယုံကြည်​ခြင်း နှင့်​ချစ်​ခြင်း​သည်​ကောင်း​ကင်​ဘုံ​၌ သင်​တို့​အ​ဖို့ လုံ​ခြုံ​စွာ​လျာ​ထား​သည့်​မျှော်​လင့်​ရာ​အ​ပေါ် တွင်​မူ​တည်​လျက်​နေ​၏။-
6 ထိုတရားသည် လောကီ နိုင်ငံတရှောက် လုံးကို နှံ့ပြားသည်နှင့်အညီ ၊ သင်တို့ရှိရာသို့ ရောက်ခဲ့ပြီ။ သင် တို့၌ အသီး သီးခြင်း၊ တိုးပွား ခြင်းကို ပြုသည်နည်းတူ အရပ်ရပ်၌ပင် ပြုတတ်၏။
သင်​တို့​သည်​ဘု​ရား​သခင်​၏​ကျေး​ဇူး​တော် အ​ကြောင်း​ကို​ကြား​ရ​ပြီး​သည့်​နေ့​မှ​စ​၍ ထို ကျေး​ဇူး​တော်​ကို​အ​မှန်​သိ​မြင်​ခံ​စား​ရ​ကြ သည်​နှင့်​အ​မျှ​သ​တင်း​ကောင်း​သည် သင်​တို့ ထံ​သို့​ပျံ့​နှံ့​၍​လာ​ပေ​သည်။ ထို​နည်း​တူ​စွာ သ​တင်း​ကောင်း​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​သို့ ပျံ့​နှံ့​၍ ကောင်း​ချီး​မင်္ဂလာ​များ​ခံ​စား​စေ လျက်​ရှိ​ပေ​သည်။-
7 သင် တို့အမှုကို စောင့်၍၊ ခရစ်တော် ထံ၌သစ္စာရှိ သော ဆရာ တည်းဟူသောငါ တို့ချစ် သော ကျွန်ချင်း ဧပဖြ သည် သင်တို့ကို သွန်သင် သည်အတိုင်း သင်တို့သည် ကြား ၍ ၊ ဘုရားသခင် ၏ ကျေးဇူး တော်ကို မှန်ကန် စွာ ဝန်ခံ သောနေ့ မှစ၍ ထိုသို့သောအကျိုးရှိ၏။
ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​အ​ကြောင်း ကို​သင်​တို့​အား​သင်​ကြား​ပေး​သူ​မှာ ငါ​တို့ နှင့်​အ​တူ​ခ​ရစ်​တော်​၏​အမှု​တော်​ကို​ထမ်း ဆောင်​သူ၊ ငါ​တို့​ချစ်​မြတ်​နိုး​သူ​ဧပဖြ​ဖြစ်​၏။ သူ​သည်​ငါ​တို့​၏​ကိုယ်​စား​သစ္စာ​ရှိ​စွာ​ခ​ရစ် တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သူ​ဖြစ် ပေ​သည်။-
8 သင် တို့၌ ရှိသော ဝိညာဉ် ပကတိမေတ္တာ ကို ဧပဖြ သည် ငါ တို့အားပြ ခဲ့ပြီ။
ဝိ​ညာဉ်​တော်​မှ​ရ​ရှိ​သော​သင်​တို့​၏​မေတ္တာ အ​ကြောင်း​ကို​ငါ​တို့​အား​သူ​ပြော​ပြ​၏။
9 ထို့ကြောင့် ၊ ငါ တို့သည် ကြား ရသည်နေ့ မှစ၍ ၊ သင် တို့အဘို့ အလိုငှာ အစဉ်မပြတ် ဆုတောင်း ပဌနာပြုလျက် နေကြ၏။။
သို့​ဖြစ်​ခြင်း​ကြောင့်​သင်​တို့​၏​သ​တင်း​ကို​ကြား ရ​သည့်​နေ့​မှ​စ​၍ ငါ​တို့​သည်​သင်​တို့​အ​တွက် အ​စဉ်​မ​ပြတ်​ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​နေ​၏။ သင်​တို့​သည်​ဝိ​ညာဉ်​တော်​ချ​ပေး​တော်​မူ​သော ဉာဏ်​ပ​ညာ​နှင့်​ပြည့်​စုံ​သ​ဖြင့် ဘု​ရား​သ​ခင် ၏​အ​လို​တော်​ကို​ကောင်း​စွာ​သိ​ရှိ​ကြ​စေ​ရန် ဘု​ရား​သ​ခင်​အား​ငါ​တို့​ဆု​တောင်း​ကြ ပါ​၏။-
10 ၁၀ ဆုတောင်းသောအချက်ဟူမူကား၊ သင်တို့သည် ကောင်း သော အကျင့် အမျိုးမျိုး တည်းဟူသောအသီးကိုသီး ခြင်း၊ ဘုရားသခင် ကိုသိသော ဉာဏ် တိုးပွား ခြင်း ရှိသဖြင့် ၎င်း၊ ဝမ်းမြောက် သောစိတ်နှင့် အရာရာ ၌ သည်းခံ ခြင်း၊ စိတ်ရှည် ခြင်းအလိုငှာ၊ ဘုန်းကြီး သော တန်ခိုး တော်အတိုင်း ခွန်အား နှင့် ပြည့်စုံ သဖြင့်၎င်း၊
၁၀သို့​မှ​သာ​အ​စဉ်​အ​မြဲ​သ​ခင်​ဘု​ရား​နှစ်​သက် တော်​မူ​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​ထွန်း​တောက်​စေ​ရန်​လည်း​ကောင်း သင်​တို့​ပြု​မူ​ကျင့်​ကြံ​နိုင်​ကြ​လိမ့်​မည်။ ယင်း သို့​ပြု​မူ​ကျင့်​ကြံ​သ​ဖြင့် ကောင်း​မြတ်​သည့် အ​ကျင့်​အ​မျိုး​မျိုး​တည်း​ဟူ​သော​အ​သီး အ​ပွင့်​များ​ကို​ဖြစ်​ထွန်း​စေ​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကို​လည်း​တိုး​၍​သိ​ကျွမ်း လာ​ကြ​လိမ့်​မည်။-
11 ၁၁ ခမည်းတော် ဘုရား၏ ကျေးဇူး တော်ကို ချီးမွမ်းလျက်၊ သခင် ဘုရားနှင့် ထိုက်လျောက် စွာ ကျင့် ၍ အရာရာ ၌ နှစ်သက် တော်မူစေခြင်းငှာ၊ ပညာ အမျိုးမျိုး ၊ ဓမ္မဉာဏ် အမျိုးမျိုးအားဖြင့်အလို တော်ကို အကုန်အစင်နားလည် ပါမည်အကြောင်း ဆုတောင်း ပဌနာပြု၏။။
၁၁သင်​တို့​သည်​အ​ရာ​ခပ်​သိမ်း​ကို​စိတ်​ရှည်​စွာ ခံ​နိုင်​ရည်​ရှိ​စေ​ရန် ဘု​ရား​သ​ခင်​၏​ဘုန်း ကြီး​သော​တန်​ခိုး​တော်​မှ​ရ​ရှိ​သည့်​စွမ်း​ရည် အ​မျိုး​မျိုး​ဖြင့်​ရပ်​တည်​နိုင်​ကြ​ပါ​စေ​သော။ ထို​မှ​တစ်​ပါး​လည်း​အ​လင်း​နိုင်​ငံ​တော်​တွင် ကိုယ်​တော်​၏​လူ​စု​တော်​အ​တွက်​လျာ​ထား သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို သင်​တို့ အား​ခံ​စား​ထိုက်​သူ​များ​ဖြစ်​စေ​တော်​မူ သော အ​ဖ​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ဝမ်း​မြောက်​စွာ​ချီး​မွမ်း​နိုင်​ကြ​ပါ​စေ သော။-
12 ၁၂ အလင်း ၌ နေသောသန့်ရှင်း သူတို့၏ အမွေကို ငါတို့သည် ဆက်ဆံ ဝင်စားထိုက် မည်အကြောင်း ကျေးဇူးပြုတော်မူ၏။။
၁၂
13 ၁၃ မှောင်မိုက် တန်ခိုး မှ လည်းငါ တို့ကိုနှုတ် ၍၊ ချစ် တော်မူသောသား တော်၏ နိုင်ငံ ထဲသို့ သွင်း တော်မူ၏။။
၁၃ကိုယ်​တော်​သည်​ငါ​တို့​အား​မှောင်​မိုက်​၏ တန်​ခိုး​မှ​ကယ်​နုတ်​တော်​မူ​၍ မိ​မိ​ချစ်​မြတ် နိုး​တော်​မူ​သော​သား​တော်​၏​နိုင်​ငံ​တော်​ထဲ သို့​ခေါ်​သွင်း​တော်​မူ​၏။-
14 ၁၄ ထိုသား တော်၏ အသွေးအားဖြင့် အပြစ် လွှတ် တော်မူခြင်းတည်းဟူသောရွေးနှုတ် တော်မူခြင်း ကျေးဇူးကို ငါတို့သည် ခံရ ကြ၏။။
၁၄ဘု​ရား​သ​ခင်​သည်​ထို​သား​တော်​အား​ဖြင့်​ငါ တို့​ကို​လွတ်​မြောက်​စေ​တော်​မူ​ပြီ။ တစ်​နည်း အား​ဖြင့်​ငါ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ပြီ။
15 ၁၅ ထိုသား တော်သည် မျက်မြင် မရသော ဘုရားသခင် ၏ ပုံ သဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျ သတ္တဝါ အပေါင်း တို့တွင်လည်း သားဦး ဖြစ် တော်မူ၏။။
၁၅ခ​ရစ်​တော်​သည်​မျက်​စိ​ဖြင့်​မ​မြင်​နိုင်​သော ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​သား​ဦး​ဖြစ်​သ​ဖြင့်​အ​ဖန် ဆင်း​ခံ​အ​ရာ​အ​ပေါင်း​တို့​ထက်​ကြီး​မြတ် တော်​မူ​ပေ​သည်။-
16 ၁၆ အကြောင်းမူကား ၊ ထိုသား တော်သည် ကောင်းကင် ပေါ် ၊ မြေကြီး ပေါ်မှာ ရှိသမျှသောရူပ အရာ၊ အရူပ အရာ၊ ရာဇပလ္လင် ဖြစ်စေ ၊ အစိုးရ ခြင်းတန်ခိုးဖြစ်စေ ၊ အထွဋ်အမြတ် ဖြစ်စေ ၊ အာဏာစက် ဖြစ်စေ ၊ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း တော်မူ၏။ ထိုသခင် အားဖြင့် ၎င်း ၊ ထိုသခင် အဘို့ အလိုငှာ၎င်း၊ ခပ်သိမ်း သောအရာတို့ သည် ဖန်ဆင်း လျက်ဖြစ်ကြ၏။။
၁၆အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သား​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​လော​က​ရှိ​တန် ခိုး​ရှင်​များ​နှင့် အာ​ဏာ​ပိုင်​များ​အ​ပါ​အ​ဝင် ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ပေါ်​ရှိ​မျက်​စိ​ဖြင့် မြင်​နိုင်​သော​အ​ရာ၊ မ​မြင်​နိုင်​သော​အ​ရာ ဟူ​သ​မျှ​ကို​ဖန်​ဆင်း​တော်​မူ​သော​ကြောင့် တည်း။ ဘု​ရား​သ​ခင်​သည်​ထို​သ​ခင်​၏ အ​ဖို့​အ​လို့​ငှါ​ထို​သ​ခင်​အား​ဖြင့်​စ​ကြ ဝ​ဠာ​တစ်​ခု​လုံး​ကို​ဖန်​ဆင်း​တော်​မူ​၏။-
17 ၁၇ သား တော်သည်လည်း ခပ်သိမ်း သောအရာ မ ဖြစ်မှီ ဖြစ် တော်မူ၍ ခပ်သိမ်း သောအရာတို့သည် တန်ခိုး တော်အားဖြင့် သာ တည် ကြ၏။။
၁၇ခ​ရစ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​မ​ပေါ် ပေါက်​မီ​က​ပင်​ရှိ​နေ​တော်​မူ​၏။ ခပ်​သိမ်း​သော အ​ရာ​တို့​သည်​ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သော​အား​ဖြင့်​စ​နစ်​တ​ကျ​တည် လျက်​ရှိ​၏။-
18 ၁၈ အသင်းတော် တည်းဟူသောကိုယ် ၏ ဦးခေါင်း ဖြစ် တော်မူ၏။ အရာရာ ၌ ထူးမြတ် ခြင်းငှာ မူလ အရင်း ဖြစ် ၍၊ သေ သောသူတို့တွင် သားဦး ဖြစ်တော်မူ၏။။
၁၈ကိုယ်​တော်​သည်​အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်​ခန္ဓာ​တော်​၏​ဦး​ခေါင်း​ဖြစ်​တော်​မူ​၏။ ကိုယ် တော်​ထံ​မှ​ကိုယ်​ခန္ဓာ​တော်​အ​သက်​ကို​ရ​ရှိ​၏။ ထို​အ​ရှင်​သည်​သား​ဦး​ဖြစ်​၍​သေ​ခြင်း​မှ ဦး​စွာ​ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​တော်​မူ သ​ဖြင့် အ​ရာ​ခပ်​သိမ်း​တို့​၏​အ​ထွတ်​အ​ထိပ် အ​ဖြစ်​ကို​ခံ​ယူ​တော်​မူ​ပေ​သည်။-
19 ၁၉ အကြောင်းမူကား ၊ ခပ်သိမ်း သောပြည့်စုံ ခြင်းကို သား တော်၌ ကျိန်းဝပ် စေခြင်းငှာ၎င်း ၊
၁၉ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ၊ သား​တော် သည်​ဘု​ရား​ဇာ​တိ​ကို​အ​ပြည့်​အ​ဝ​ခံ​ယူ တော်​မူ​၏။-
20 ၂၀ လက်ဝါးကပ်တိုင် မှာ သွန်းသောအသွေး တော်အားဖြင့် ရန် ကိုငြိမ်းစေ၍၊ ကောင်းကင် အရာ ဖြစ်စေ ၊ မြေကြီး အရာ ဖြစ်စေ ၊ ခပ်သိမ်း သောအရာတို့ကို သား တော်အားဖြင့် ဘုရားသခင်နှင့် မိသ္သဟာယဖွဲ့စေခြင်းငှာ၎င်း အလိုရှိတော်မူ၏။။
၂၀သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သား​တော်​အား ဖြင့်​စ​ကြ​ဝ​ဠာ​တစ်​ခု​လုံး​ကို မိ​မိ​ထံ​ပြန် လာ​စေ​ရန်​ဆုံး​ဖြတ်​တော်​မူ​၏။ သား​တော်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​အ​သေ​ခံ​စေ​တော် မူ​ခြင်း​အား​ဖြင့်​ရန်​ကို​ငြိမ်း​စေ​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ကမ္ဘာ​မြေ​ကြီး​နှင့်​ကောင်း ကင်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​အား​မိ​မိ ထံ​ပြန်​လာ​စေ​တော်​မူ​၏။
21 ၂၁ အထက် က ဘုရားသခင်နှင့် ကွာရှင်း ၍၊ ဆိုးညစ် သောအကျင့် ကို ကျင့်သဖြင့် စိတ် နှလုံး၌ ရန်သူ ဖြစ်သောသင် တို့ကို၊ ကိုယ် ခန္ဓာ တော်၌ အသေခံ တော်မူသော အားဖြင့် ၊ ယခု မိဿဟာယ ဖွဲ့စေတော်မူ၏။။
၂၁အ​ခါ​တစ်​ပါး​က​သင်​တို့​သည်​ဘု​ရား​သ​ခင် နှင့်​ဝေး​ကွာ​လျက်​နေ​ခဲ့​ကြ​၏။ သင်​တို့​သည် မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​အ​ကျင့်​အ​ကြံ​များ ကြောင့်​ကိုယ်​တော်​နှင့်​ရန်​ဘက်​ဖြစ်​ခဲ့​ကြ​ပေ​သည်။-
22 ၂၂ အကြောင်းမူကား၊ ကောင်းကင် အောက် ၌ ရှိသမျှ သော ဝေနေယျ သတ္တဝါတို့အား ဟောပြော သဖြင့်၊ သင်တို့သည် ကိုယ်တိုင်ကြား ရပြီးသော ဧဝံဂေလိ တရား၏ မြော်လင့် ခြင်းမှ မ ရွေ့လျော့ ဘဲ၊
၂၂သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​သည် လူ့​ဇာ​တိ​ကို​ခံ​ယူ​သော​သား​တော်​အား​အ​သေ ခံ​စေ​တော်​မူ​သော​အား​ဖြင့် သင်​တို့​အား​မိ​မိ​နှင့် မိတ်​ဆွေ​ဖြစ်​ခွင့်​ကို​ပေး​တော်​မူ​လေ​ပြီ။ ယင်း​သို့ ပြု​တော်​မူ​ခြင်း​မှာ​သင်​တို့​သည်​ဖြူ​စင်​သန့်​ရှင်း မြင့်​မြတ်​လျက် အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ဘဲ​ရှေ့​တော် မှောက်​သို့​ဝင်​ရောက်​နိုင်​ကြ​ရန်​ပင်​ဖြစ်​သည်။-
23 ၂၃ တိုက်မြစ် ကျခြင်း၊ တည်ကြည် ခြင်းနှင့်တကွမြဲမြံ စွာယုံကြည် ကြလျှင် ၊ သန့်ရှင်း စင်ကြယ်လျက် အပြစ်တင် ခွင့်နှင့် ကင်းလွတ်လျက် ရှိသော သင် တို့ကို ရှေ့ တော်၌ ဆက်သ မည်အကြောင်းတည်း။။
၂၃သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့​၏​ယုံ​ကြည် ခြင်း​ကို အုတ်​မြစ်​ကဲ့​သို့​ခိုင်​မာ​စေ​ရန်​ဆက် လက်​ထိန်း​သိမ်း​ရ​ကြ​မည်။ သင်​တို့​သည်​သ​တင်း ကောင်း​ကို​ကြား​သိ​ရ​စဉ်​အ​ခါ​က​ရ​ရှိ​ခဲ့ သော​မျှော်​လင့်​ခြင်း​မှ​မ​ယိမ်း​မ​ယိုင်​စေ​နှင့်။ ကမ္ဘာ​အ​နှံ့​အ​ပြား​သို့​ရောက်​ရှိ​ပြီး​ဖြစ်​သော ထို​သ​တင်း​ကောင်း​အ​တွက်​အ​စေ​ခံ​ကား ငါ​ပေါ​လု​ပင်​ဖြစ်​သည်။
24 ၂၄ ငါ ပေါလု သည်ထိုတရား ကို ဟောသောဆရာ ဖြစ်သည်နှင့် သင် တို့အဘို့ အလိုငှာ ဆင်းရဲ ခံခြင်း၌ ယခု ဝမ်းမြောက် ၍၊ ခရစ်တော် ၏ ဆင်းရဲ ဒုက္ခအကြွင်း အကျန်ကို အသင်းတော် တည်းဟူသောကိုယ်တော် အဘို့ အလိုငှာ ငါ့ ကိုယ်ခန္ဓာ ၌ ပြည့်စုံ စေ၏။။
၂၄ငါ​သည်​သင်​တို့​အ​တွက်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​၍​ဝမ်း မြောက်​ပါ​၏။ ခ​ရစ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ တည်း​ဟူ​သော​အ​သင်း​တော်​အ​တွက်​ခံ​ရန်​ကျန် ရှိ​နေ​သည့်​ဆင်း​ရဲ​ဒုက္ခ​များ​ကို​ငါ​ကူ​ညီ​၍ ဖြည့်​စွက်​ပေး​၏။-
25 ၂၅ ရှေး ကပ်ကာလပတ်လုံးဝှက်ထား လျက်ရှိသော်လည်း ၊ ယခု တွင် သန့်ရှင်း သူတို့အား ဘော်ပြ သော နက်နဲ ရာတည်းဟူသောဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို အကုန်အစင် ဟောပြောစေခြင်းငှာ၊ (aiōn g165)
၂၅သင်​တို့​၏​အ​ကျိုး​ငှာ​ဘု​ရား​သ​ခင်​သည်​ငါ့ အား​အ​သင်း​တော်​၏​အ​မှု​တော်​ဆောင်​အ​ဖြစ် ခန့်​ထား​တော်​မူ​ပေ​သည်။ ငါ့​အား​ပေး​အပ်​တော် မူ​သော​အလုပ်​တာ​ဝန်​မှာ​နှုတ်​က​ပတ်​တ​ရား တော်​ကို​အ​ကုန်​အ​စင်​ကြေ​ညာ​ရန်​ပင်​ဖြစ်​၏။-
26 ၂၆ သင်တို့အကျိုးကို ထောက်၍၊ ငါ အား အပ်ပေး တော်မူသော ဘုရားသခင် ၏ သာသနာ တော်နှင့်အညီ ၊ ငါ သည် အသင်းတော်၌ ဓမ္မဆရာ ၏ အဖြစ်သို့ရောက်ရပြီ။။
၂၆ကိုယ်​တော်​သည်​ထို​နက်​နဲ​ရာ​ကို​ကမ္ဘာ​မြေ​ပေါ် ရှိ​လူ​သား​အ​ပေါင်း​တို့​အား လွန်​ခဲ့​သော​ခေတ် ကာ​လ​များ​တွင်​သိ​ခွင့်​ပေး​တော်​မ​မူ​ခဲ့​သော် လည်း ယ​ခု​အ​ခါ​မိ​မိ​၏​လူ​စု​တော်​အား ဖော်​ပြ​တော်​မူ​လေ​ပြီ။- (aiōn g165)
27 ၂၇ တပါး အမျိုးသားတို့တွင် ဤ နက်နဲ သောအရာနှင့်ဆိုင်သောမဟာ စည်းစိမ်ကား၊ အဘယ်မျှလောက်ကြီး သည်ကို သန့်ရှင်း သူတို့သည် သိ စေခြင်းငှာ၊ ဘုရားသခင် အလိုရှိ တော်မူ၏။ ထို စည်းစိမ်ကား၊ ဘုန်း အသရေကို မြော်လင့် ခြင်းအကြောင်းတည်းဟူသောသင် တို့အထဲ ၌ တည် တော်မူသော ခရစ်တော် ပေတည်း။။
၂၇ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည်​တော်​မှာ​လူ​မျိုး တ​ကာ​တို့​အ​တွက်​ကြွယ်​ဝ​၍ ဘုန်း​အ​သ​ရေ​နှင့် ပြည့်​စုံ​သော​နက်​နဲ​သည့်​အ​ရာ​အ​ကြောင်း​ကို မိ​မိ လူ​စု​တော်​အား​သိ​စေ​ရန်​ပင်​ဖြစ်​၏။ ဤ​နက်​နဲ သော​အ​ရာ​ကား​ခ​ရစ်​တော်​သည်​သင်​တို့​စိတ် အ​တွင်း​၌​ကျိန်း​ဝပ်​တော်​မူ​ကြောင်း​ပင်​ဖြစ်​၏။ တစ်​နည်း​အား​ဖြင့်​ဆို​သော်​သင်​တို့​သည်​ဘုရား သ​ခင်​နှင့်​အ​တူ​ဘုန်း​အ​သ​ရေ​တော်​ကို ခံ​စား​ရ​မည်​ဖြစ်​ကြောင်း​တည်း။-
28 ၂၈ ခရစ်တော် အားဖြင့် လူ တိုင်း စုံလင် ခြင်းသို့ ရောက် ၍ လူ ခပ်သိမ်း တို့ကို ဆက်သအံ့သောငှာ၊ ငါ တို့သည် လူ ခပ်သိမ်း တို့ကို သတိပေး ၍ ပညာ အမျိုးမျိုး နှင့် ဆုံးမ သွန်သင်လျက် ခရစ်တော်၏တရားကို ဟောပြော ကြ၏။။
၂၈သို့​ဖြစ်​၍​ငါ​တို့​သည်​လူ​အ​ပေါင်း​တို့​အား ခ​ရစ်​တော်​၏​အ​ကြောင်း​တော်​ကို​ဟော​ပြော ကြ​၏။ လူ​တိုင်း​အား​ရင့်​ကျက်​သူ​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့​ရောက်​ရှိ ရန်​ပို့​ဆောင်​နိုင်​အံ့​သော​ငှာ ငါ​တို့​သည်​ဉာဏ် ပ​ညာ​ရှိ​သ​မျှ​ဖြင့်​လူ​တိုင်း​ကို​သ​တိ​ပေး သွန်​သင်​ကြ​၏။-
29 ၂၉ ထိုသို့ အလိုငှာ ငါသည် အမှုဆောင်ရွက် ၍၊ ငါ ၌ တန်ခိုး တော် ပြုပြင်အားထုတ် တော်မူသည်အတိုင်း ကြိုးစား အားထုတ်လေ့ရှိ၏။
၂၉ဤ​တာ​ဝန်​လုပ်​ငန်း​ကို​ငါ​ကြိုး​ပမ်း​လုပ်​ဆောင် လျက်​ရှိ​စဉ်​ခ​ရစ်​တော်​သည် ငါ့​အား​ကြီး​မား သော​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​တော်​မူ​သည်။ ထို တန်​ခိုး​စွမ်း​ရည်​သည်​ငါ​၏​အ​ထဲ​၌​လုပ် ဆောင်​လျက်​ရှိ​၏။

< ကောလောသဲ 1 >