< ၁ သက်သာလောနိတ် 1 >

1 ပေါလု ၊ သိလွာနု ၊ တိမောသေ တို့သည် ခမည်းတော် ဘုရား နှင့် သခင် ယေရှု ခရစ် ၌ တည်ရှိသော သက်သာလောနိတ် မြို့သား အသင်းတော် ကို ကြား လိုက်ပါ ၏။ သခင် ယေရှု ခရစ် နှင့် ငါတို့ အဘ တည်း ဟူသော ဘုရား သခင့် အထံ တော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါ စေ သော။
ပေါ​လု၊ သိ​လွာ​နု​နှင့်​တိ​မော​သေ​တို့​ထံ​မှ ခ​မည်း​တော် ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​လူ​စု​တော်​ဖြစ်​သည့် သက်​သာ​လော နိတ်​အ​သင်း​တော်​ဝင်​တို့​ထံ​သို့​စာ​ရေး​လိုက် ပါ​သည်။ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို သင်​တို့ ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။
2 ငါ တို့အဘ တည်းဟူသောဘုရားသခင့် ရှေ့ တော်၌၊ သင် တို့သည် ယုံကြည် သောစိတ်နှင့် အကျင့် ကို ကျင့် ခြင်း၊ ချစ် သော စိတ်နှင့် ကြိုးစား အားထုတ်ခြင်း၊
ငါ​တို့​သည်​အ​ဖ​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု တောင်း​ပတ္ထ​နာ​ပြု​သည့်​အ​ခါ​တိုင်း သင်​တို့​သည် မိ​မိ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​လက်​တွေ့​အ​ဘယ် သို့​ကျင့်​သုံး​ကြ​သည်​ကို​လည်း​ကောင်း၊ သင်​တို့ ၏​ချစ်​ခြင်း​ကြောင့်​သင်​တို့​အ​ဘယ်​သို့​ကြိုး​စား လုပ်​ဆောင်​ကြ​သည်​ကို​လည်း​ကောင်း၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​အ​ဘယ်​သို့​မျှော်​လင့် ၍​တည်​ကြည်​ကြ​သည်​ကို​လည်း​ကောင်း သ​တိ​ရ ၍​အ​စဉ်​ပင်​ကျေးဇူး​တော်​ကို​ချီး​မွမ်း​ကြ​၏။-
3 ငါ တို့သခင် ယေရှု ခရစ် ကို မြော်လင့် သော စိတ် နှင့် တည်ကြည် ခြင်းတို့ကို ငါ တို့သည် အစဉ်မပြတ် အောက်မေ့ လျက်၊ ဘုရား သခင် ချစ် တော်မူသော ညီအစ်ကို တို့၊ သင် တို့ခံရသော ရွေးကောက် တော်မူခြင်းကို သိ လျက်၊ သင် တို့အပေါင်း ကို အကြောင်း ပြုသဖြင့်၊
4 ဘုရားသခင် ၏ ကျေးဇူး တော်ကို ကာလအစဉ် ချီးမွမ်း၍၊ သင်တို့အဘို့ အလိုငှာ ဆုတောင်း ပဌနာပြု လျက် နေကြ၏။
ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည်​သင်​တို့ ကို​ချစ်​တော်​မူ​၍​ရွေး​ကောက်​တော်​မူ​ကြောင်း ကို​ငါ​တို့​သိ​၏။-
5 ငါတို့သည် သင် တို့နှင့်အတူ နေသောအခါ သင် တို့အတွက် အဘယ်သို့ သော သူဖြစ် သည်ကို သင်တို့သိ ကြသည်နှင့်အညီ ၊ ငါ တို့ဟောပြောသော ဧဝံဂေလိ တရားသည်၊ သင် တို့၌ စကား သက်သက် ဖြစ်သည် မ ဟုတ်။ တန်ခိုး နှင့်၎င်း ၊ သန့်ရှင်း သောဝိညာဉ် တော်နှင့် ၎င်း၊ ဝိစိကိစ္ဆာ မရှိဘဲ အမှန်သိခြင်းနှင့်၎င်း ပြည့်စုံ သော တရားဖြစ်၏။
အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​သ​တင်း ကောင်း​ကို စ​ကား​သက်​သက်​ဖြင့်​သာ​မ​ဟုတ် ဘဲ​တန်​ခိုး​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ထို​သ​တင်း ကောင်း​မှန်​ကန်​ကြောင်း​ကို​လုံး​ဝ​စိတ်​ချ ယုံ​ကြည်​သော​စိတ်​နှင့်​လည်း​ကောင်း သင်​တို့ အား​ဟော​ပြော​သော​ကြောင့်​ဖြစ်​၏။ ငါ​တို့ သည်​သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က သင်​တို့​၏​အ​ကျိုး​ငှာ ငါ​တို့​အ​ဘယ်​သို့​ပြု မူ​နေ​ထိုင်​ခဲ့​ကြ​သည်​ကို​သင်​တို့​အ​သိ ပင်​ဖြစ်​၏။-
6 သင် တို့သည် ကြီးစွာ သောဆင်းရဲ ခြင်းကို ခံရသော်လည်း၊ သန့်ရှင်း သော ဝိညာဉ် တော်နှင့်ဆိုင်သော ဝမ်းမြောက် ခြင်းနှင့်တကွ နှုတ်ကပတ် တရားတော်ကို ခံယူ ၍၊ ငါ တို့ကဲ့သို့သောသူ၊ သခင် ဘုရား ကဲ့သို့ သော သူဖြစ် ကြ၏။
သင်​တို့​သည်​ငါ​တို့​၏​ပုံ​စံ​နှင့်​သခင်​ဘု​ရား ၏​ပုံ​စံ​တော်​အ​တိုင်း​လိုက်​လျှောက်​ခဲ့​ကြ​၏။ သင်​တို့​သည်​များ​စွာ​ဆင်း​ရဲ​ဒုက္ခ​ရောက်​ရ ကြ​သော်​လည်း သန့်​ရှင်း​သော​ဝိညာဉ်​တော်​မှ ရ​သော​ဝမ်း​မြောက်​ခြင်း​ဖြင့်​တ​ရား​တော် ကို​ခံ​ယူ​ကြ​၏။-
7 သို့ဖြစ်၍ ၊ မာကေဒေါနိ ပြည်၊ အခါယ ပြည်၌ ယုံကြည် သော သူ အပေါင်း တို့အား သင် တို့သည် ပုံ သက်သေပေးသောသူ ဖြစ် ကြ၏။
သို့​ဖြစ်​၍​သင်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည်​နှင့် အ​ခါ​ယ​ပြည်​ရှိ ယုံ​ကြည်​သူ​အ​ပေါင်း​တို့ အ​တွက်​စံ​န​မူ​နာ​ဖြစ်​လေ​သည်။-
8 အဘယ်သို့ နည်းဟူမူကား၊ သင် တို့ထံက ၊ သခင် ဘုရား၏ နှုတ်ကပတ် တရားတော်အသံ သည်၊ မာကေဒေါနိ ပြည်၊ အခါယ ပြည်၌ ကျော်စောသည်သာမက ၊ ဘုရားသခင် ကို သင် တို့ ယုံကြည် ခြင်း၏ သိတင်းသည် အရပ်ရပ် တို့၌ နှံ့ပြား လေ၏။ သို့ဖြစ်၍ ငါ တို့သည် တစ်စုံတစ်ခု ကိုမျှ ပြော စရာအကြောင်း မ ရှိ ။
အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ပြု​မူ​ကျင့် ကြံ​မှု​ကြောင့်​သ​ခင်​ဘု​ရား​၏​တ​ရား​တော်​သည် မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​တို့​တွင် ပျံ့​နှံ့​သွား​သည်​သာ​မ​က ဘု​ရား​သ​ခင်​အား သင်​တို့​ယုံ​ကြည်​ခြင်း​သ​တင်း​သည်​အ​ရပ် တ​ကာ​သို့​ရောက်​ရှိ​သွား​ပေ​သည်။ သို့​ဖြစ်​၍ ငါ​တို့​ပြော​ဆို​ရန်​မ​လို​တော့​ချေ။-
9 ငါ တို့သည် သင် တို့အထဲ သို့ အဘယ်သို့ ဝင် ကြသည် အကြောင်း အရာကို သူတို့သည် ကိုယ်တိုင် ကြားပြော ကြ၏။ အသက် နှင့် ပြည့်စုံလျက် မှန် တော်မူသော ဘုရားသခင် ၏ အမှု တော်ကို သင်တို့သည် ဆောင်ခြင်းငှာ၎င်း ၊
သင်​တို့​ထံ​ငါ​တို့​လာ​ရောက်​စဉ်​အ​ခါ​က သင်​တို့​အ​ဘယ်​သို့​ဧည့်​ခံ​ကြို​ဆို​ကြ​ကြောင်း ကို​လည်း​ကောင်း၊ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား စစ်​ဘု​ရား​မှန်​ကို​ကိုး​ကွယ်​နိုင်​ရန်​နှင့် ကောင်း​ကင် ဘုံ​မှ​ကိုယ်​တော်​၏​သား​တော်​ကြွ​လာ​တော်​မူ မည်​ကို​စောင့်​မျှော်​နိုင်​ရန် ရုပ်​တု​များ​ကို​စွန့်​၍ ဘု​ရား​သခင်​ထံ​တော်​သို့​သင်​တို့​အ​ဘယ်​သို့ ချဉ်း​ကပ်​လာ​ကြ​ကြောင်း​ကို​လည်း​ကောင်း ထို သူ​အ​ပေါင်း​တို့​ပြော​ဆို​၏။ ထို​သား​တော် ယေ​ရှု​ကား​သေ​ခြင်း​မှ​ဘု​ရား​သ​ခင် ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သော၊ သက် ရောက်​မည့်​အ​မျက်​တော်​မှ​ငါ​တို့​အား ကယ်​ဆယ်​တော်​မူ​သော​အ​ရှင်​ဖြစ်​သ​တည်း။
10 ၁၀ ရောက် လတံ့သော ဘေးဒဏ် မှ ငါ တို့ကို ကယ်နှုတ် သော သခင်ယေရှု တည်းဟူသောသေ ခြင်းမှ ဘုရားသခင်ထမြောက် စေတော်မူသောသား တော်သည် ကောင်းကင် ဘုံမှ ကြွလာတော်မူမည် အရာကို ငံ့လင့် ခြင်းငှာ၎င်း၊ ရုပ်တု ဆင်းတုတို့ကို ပစ်ပယ်၍၊ ဘုရားသခင့် အထံ တော်သို့ ပြောင်းလဲ ကြသည် အကြောင်းအရာ ကိုလည်း ကြားပြောကြ၏။
၁၀

< ၁ သက်သာလောနိတ် 1 >