< မဿဲ 12 >
1 ၁ ထို ကာလ အခါ ယေရှု သည် ဥပုသ်နေ့ ၌ ဂျုံ စပါးလယ်ကွက်တို့ကို ရှောက်ကြွ တော်မူလျှင်၊ တပည့် တော်တို့သည် ဆာမွတ် သောကြောင့် စပါး အသီးအနှံကို ဆွတ် ၍ စား ကြ၏။
About that time Jesus passed on the Sabbath through the wheatfields; and His disciples became hungry, and began to gather ears of wheat and eat them.
2 ၂ ဖာရိရှဲ တို့သည်မြင် လျှင်၊ ကိုယ်တော် ၏ တပည့် တို့သည် ဥပုသ်နေ့ ၌ မ ပြု အပ် သောအမှု ကို ပြု ကြပါသည် တကားဟု လျှောက် ကြသော်၊
But the Pharisees saw it and said to Him, "Look! your disciples are doing what the Law forbids them to do on the Sabbath."
3 ၃ ကိုယ်တော် က ဒါဝိဒ် သည် မိမိ အဘော် တို့နှင့်တကွ မွတ်သိပ် သောအခါ ၊
"Have you never read," He replied, "what David did when he and his men were hungry?
4 ၄ ဘုရားသခင် ၏ အိမ် တော်သို့ ဝင် ၍ မိမိ မ စားအပ်၊ မိမိ အဘော် မ စား အပ်၊ ယဇ်ပုရောဟိတ် တို့သာ စား အပ်သော ရှေ့ တော်မုန့် ကို စား သည်အကြောင်းကို သင်တို့သည် မ ဘတ် ဘူးသလော။
how he entered the House of God and ate the Presented Loaves, which it was not lawful for him or his men to eat, nor for any except the priests?
5 ၅ ယဇ် ပုရောဟိတ်တို့သည်လည်း ဗိမာန် တော်တွင် ဥပုသ်နေ့ ၌ ဥပုသ် ပျက်သော်လည်း ၊ မပြစ် မသင့်သည်ကို ပညတ္တိ ကျမ်း၌ မ ဘတ် ဘူးသလော။
And have you not read in the Law how on the Sabbath the priests in the Temple break the Sabbath without incurring guilt?
6 ၆ ငါဆို သည်ကား၊ ဤ အရပ်၌ ဗိမာန် တော်ထက် သာ၍ကြီးမြတ်သောအရာရှိ ၏။
But I tell you that there is here that which is greater than the Temple.
7 ၇ ယဇ် ပူဇော်ခြင်းအကျင့်ထက် သနား ခြင်းကရုဏာအကျင့်ကို ငါနှစ်သက် ၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည် လျှင် ၊ အပြစ် ကင်းသောသူ တို့ကို အပြစ် မ တင် မစီရင်ကြပြီ။
And if you knew what this means, 'It is mercy I desire, not sacrifice', you would not have condemned those who are without guilt.
8 ၈ လူ သား သည် ဥပုသ်နေ့ ကို အစိုးရ သည် ဟု မိန့်တော်မူ၏။
For the Son of Man is the Lord of the Sabbath."
9 ၉ ထို အရပ်မှ ကြွ ၍ တရားစရပ် သို့ ဝင် တော်မူ၏။ လက် တစ်ဘက်သေ သောသူ တစ်ယောက်ရှိ သည်ဖြစ်၍၊
Departing thence He went to their synagogue,
10 ၁၀ လူအချို့တို့က၊ ဥပုသ်နေ့ ၌ ရောဂါကို ငြိမ်း စေအပ် သလောဟု ကိုယ်တော် ၌အပြစ်တင် ခွင့်ကို ရှာ၍ မေး လျှောက် ကြ၏။
where there was a man with a shrivelled arm. And they questioned Him, "Is it right to cure people on the Sabbath?" Their intention was to bring a charge against Him.
11 ၁၁ ကိုယ်တော် ကလည်း ၊ မိမိ၌ သိုး တစ် ကောင်တည်းရှိ ၍ ထို သိုးသည် ဥပုသ်နေ့ ၌ တွင်း ထဲသို့ ကျ လျှင် ၊ မ ဆွဲ မတင်ဘဲ နေမည့်သူတစ်စုံတစ်ယောက်မျှ သင် တို့တွင် ရှိ သလော။
"Which of you is there," He replied, "who, if he has but a single sheep and it falls into a hole on the Sabbath, will not lay hold of it and lift it out?
12 ၁၂ လူ သည် သိုး ထက်အလွန် မြတ် ပေ၏။ ထို့ကြောင့် ဥပုသ်နေ့ ၌ ကျေးဇူး ပြု အပ် သည် ဟု ပြန်ပြောတော်မူပြီးမှ၊
Is not a man, however, far superior to a sheep? Therefore it is right to do good on the Sabbath."
13 ၁၃ ထို သူအား ၊ သင် ၏လက် ကိုဆန့် လော့ ဟု မိန့် တော်မူ၍ ၊ သူသည် မိမိလက်ကိုဆန့် လျှင် ထိုလက်သည် လက်တစ်ဘက် ကဲ့သို့ ပကတိ ဖြစ်လေ၏။
Then He said to the man, "Stretch out your arm." And he stretched it out, and it was restored quite sound like the other.
14 ၁၄ ထိုအခါ ဖာရိရှဲ တို့သည် ထွက် ၍ ကိုယ်တော် ကို အဘယ်သို့ဖျက်ဆီး ရအံ့နည်းဟု တိုင်ပင် ကြ၏။
But the Pharisees after leaving the synagogue consulted together against Him, how they might destroy Him.
15 ၁၅ ယေရှု သည်သိ တော်မူလျှင် ၊ အခြား သို့ပြောင်း ကြွ၍ များစွာ သောလူ အပေါင်းတို့သည် နောက် တော်သို့ လိုက်ကြသဖြင့် ၊ သူ တို့၏ အနာ ရောဂါရှိသမျှ တို့ကို ငြိမ်းစေတော်မူ၏။
Aware of this, Jesus departed elsewhere; and a great number of people followed Him, all of whom He cured.
16 ၁၆ ထိုသူ တို့သည် သိတင်းတော်ကို မ ဖွင့် ရ မည်အကြောင်း ပညတ် တော်မူ၏။
But He gave them strict injunctions not to blaze abroad His doings,
17 ၁၇ ထိုအကြောင်းအရာကား၊ ပရောဖက် ဟေရှာယ ၏ နှုတ်ထွက် ပြည့်စုံ မည်အကြောင်း တည်း။ နှုတ်ထွက် အချက်ဟူမူကား၊
that those words of the Prophet Isaiah might be fulfilled,
18 ၁၈ ငါရွေးချယ် သော ငါ့ ကျွန် ရင်း၊ ငါ နှစ်သက် မြတ်နိုး သောသူ ကိုကြည့်ရှု လော့။ ထိုသူ ၏အပေါ် ၌ငါ့ ဝိညာဉ် ကို ငါတည် စေမည်။ သူသည် လူ အမျိုးမျိုးတို့ကို တရား ပေး လိမ့်မည်။
"This is My servant whom I have chosen, My dearly loved One in whom My soul takes pleasure. I will put My spirit upon Him, and He will announce justice to the nations.
19 ၁၉ ငြင်းခုံ ခြင်း၊ ဟစ်ကြော် ခြင်းကို မ ပြုမူ၍၊ လမ်း ခရီး၌ သူ ၏အသံ ကို အဘယ်သူ မျှမကြား စေရ။
He will not wrangle or raise His voice, nor will His voice be heard in the broadways.
20 ၂၀ နင်းနယ် လျက်ရှိသော ကျူပင် ကိုမ ချိုး ၊ မီးခိုး များသော မီးစာ ကိုမ သတ် ။ တရား သည် အောင်မြင် ခြင်းသို့ ရောက် မည်အကြောင်း စီရင်လိမ့်မည်။
A crushed reed He will not utterly break, nor will He quench the still smouldering wick, until He has led on Justice to victory.
21 ၂၁ သူ ၏နာမ ကိုလည်း လူ အမျိုးမျိုးတို့သည် ကိုးစား ကြလိမ့်မည်ဟု ဟောထားသတည်း။
And on His name shall the nations rest their hopes."
22 ၂၂ ထိုအခါ နတ်ဆိုးစွဲ သောလူကန်း လူအ တစ်ယောက်ကို အထံ တော်သို့ဆောင်ခဲ့ ကြလျှင်၊ ထိုလူကန်း လူအသည် မျက်စိမြင် ၍ စကားပြော နိုင်အောင်ကယ်မ တော်မူ၏။
At that time a demoniac was brought to Him, blind and dumb; and He cured him, so that the dumb man could speak and see.
23 ၂၃ လူအစုအဝေး အပေါင်း တို့သည်မိန်းမော တွေဝေ၍ ဤသူ သည် ဒါဝိဒ် ၏သား တော်ဖြစ် လိမ့်မည်လော ဟု ပြောဆို ကြ၏။
And the crowds of people were all filled with amazement and said, "Can this be the Son of David?"
24 ၂၄ ဖာရိရှဲ တို့သည်ကြား လျှင် ၊ ဤသူ သည် နတ်ဆိုး မင်း ဗေလဇေဗုလ ကိုအမှီပြု ၍သာ နတ်ဆိုး တို့ကို နှင်ထုတ် သည်ဟုဆို ကြ၏။
The Pharisees heard it and said, "This man only expels demons by the power of Baal-zebul, the Prince of demons."
25 ၂၅ ယေရှုသည် ထိုသူ တို့၏စိတ် ကို သိ တော်မူသည်ဖြစ်၍၊ တိုင်း နိုင်ငံမည်သည်ကား ၊ မိမိ နှင့်မသင့်မတင့် ကွဲပြား လျှင် ပျက်စီး ခြင်းသို့ရောက်လိမ့်မည်။ မြို့ ရွာဖြစ်စေ ၊ အိမ် ဖြစ်စေ၊ မိမိ နှင့်မသင့်မတင့် ကွဲပြား လျှင် မ တည် နိုင်ရာ။
Knowing their thoughts He said to them, "Every kingdom in which civil war has raged suffers desolation; and every city or house in which there is internal strife will be brought low.
26 ၂၆ စာတန် သည်လည်း စာတန် ကိုနှင်ထုတ် သည်မှန်လျှင် ၊ သူသည်မိမိ နှင့်ကွဲပြား ၏။ သူ ၏နိုင်ငံ သည် အဘယ်သို့ တည် နိုင်မည်နည်း။
And if Satan is expelling Satan, he has begun to make war on himself: how therefore shall his kingdom last?
27 ၂၇ ငါ သည် ဗေလဇေဗုလ ကိုအမှီပြု ၍ နတ်ဆိုး တို့ကိုနှင်ထုတ် သည်မှန်လျှင် ၊ သင် တို့၏သား တို့သည် အဘယ်သူ ကိုအမှီပြု ၍နှင်ထုတ် ကြသနည်း။ ထိုကြောင့် သူ တို့သည်သင် တို့အား တရား စီရင်သောသူဖြစ် ကြလိမ့်မည်။
And if it is by Baal-zebul's power that I expel the demons, by whose power do your disciples expel them? They therefore shall be your judges.
28 ၂၈ ငါ သည် ဘုရားသခင် ၏ဝိညာဉ် တော်ကိုအမှီပြု ၍နတ်ဆိုး တို့ကို နှင်ထုတ် သည်မှန်လျှင် ၊ အကယ်စင်စစ် သင် တို့၌ ဘုရားသခင် ၏ နိုင်ငံ တော်တည်ချိန်ရောက် လေပြီ။
But if it is by the power of the Spirit of God that I expel the demons, it is evident that the Kingdom of God has come upon you.
29 ၂၉ သူရဲ ကို ရှေးဦးစွာ မ ချည် မနှောင်လျှင် ၊ အဘယ်သူ သည်သူရဲ အိမ် သို့ ဝင် ၍ သူ ၏ဥစ္စာ ကို လုယူ နိုင် အံ့နည်း။ သူရဲကို ချည်နှောင်ပြီးမှ သူ ၏အိမ် ကို လုယူ နိုင်၏။
Again, how can any one enter the house of a strong man and carry off his goods, unless first of all he masters and secures the strong man: then he will ransack his house.
30 ၃၀ ငါ့ ဘက်၌ မ နေ သောသူ သည် ငါ့ ရန်ဘက် ဖြစ် ၏။ ငါ နှင့်အတူ မ စု မသိမ်းသောသူ သည် ကြဲဖြန့် သောသူ ဖြစ်၏။
"The man who is not with me is against me, and he who is not gathering with me is scattering abroad.
31 ၃၁ ထိုကြောင့် ငါဆို သည်ကား၊ ပြစ်မှားသောအပြစ် ၊ ဘုရားကိုကဲ့ရဲ့ သောအပြစ်အမျိုးမျိုး တို့နှင့် လွတ် စေ ခြင်းအခွင့်ကို လူ တို့သည် ရနိုင်ကြ၏။ ဝိညာဉ် တော်ကို ကဲ့ရဲ့ သောအပြစ်နှင့်လွတ် စေခြင်းအခွင့်ကို လူတို့သည် မ ရနိုင်ကြ။
This is why I tell you that men may find forgiveness for every other sin and impious word, but that for impious speaking against the Holy Spirit they shall find no forgiveness.
32 ၃၂ လူ သား ကို နှုတ် ဖြင့်ပြစ်မှား သောသူ ၏အပြစ်ကိုလည်းလွှတ် နိုင်၏။ သန့်ရှင်း သောဝိညာဉ် တော်ကို နှုတ်ဖြင့် ပြစ်မှား သောသူ ၏အပြစ်ကို ယခု ဘဝ နောင် ဘဝ၌ မ လွှတ် နိုင်။ (aiōn )
And whoever shall speak against the Son of Man may obtain forgiveness; but whoever speaks against the Holy Spirit, neither in this nor in the coming age shall he obtain forgiveness." (aiōn )
33 ၃၃ အသီး အားဖြင့် အပင် ၏သဘောထင်ရှား သည်ဖြစ်၍ ၊ အသီး ကောင်း လျှင် အပင် ကောင်း သည်ဟု ဆို ကြလော့။ အသီး မကောင်း လျှင် အပင် မကောင်း ဟု ဆို ကြလော့။
"Either grant the tree to be wholesome and its fruit wholesome, or the tree poisonous and its fruit poisonous; for the tree is known by its fruit.
34 ၃၄ အချင်းမြွေဆိုး အမျိုး တို့၊ အဆိုး ဖြစ် လျက် ကောင်း သောစကားကို အဘယ်သို့ ပြော နိုင် မည်နည်း။ စိတ် နှလုံးအပြည့် ရှိသည်အတိုင်း နှုတ် မြွက် တတ်၏။
O vipers' brood, how can you speak what is good when you are evil? For it is from the overflow of the heart that the mouth speaks.
35 ၃၅ ကောင်း သောသူ သည် ကောင်း သောစိတ်နှလုံးဘဏ္ဍာတိုက် ထဲက ကောင်း သောအရာတို့ကို ထုတ်ဘော် တတ်၏။ မကောင်း သောသူ သည် မကောင်း သောဘဏ္ဍာတိုက် ထဲက မကောင်း သောအရာတို့ကို ထုတ်ဘော် တတ်၏။
A good man from his good store produces good things, and a bad man from his bad store produces bad things.
36 ၃၆ ငါ ဆိုသည်ကား ၊ လူ တို့သည် အကျိုးမဲ့ သောစကား ကို ပြော သမျှ အတွက် ၊ တရား ဆုံးဖြတ်သောနေ့ ၌ စစ်ကြောခြင်းကို ခံရ ကြလတံ့။ သင့် စကား များအားဖြင့် သင်သည်အပြစ် လွတ်လိမ့်မည်။
But I tell you that for every careless word that men shall speak they will be held accountable on the day of Judgement.
37 ၃၇ သို့မဟုတ် သင့် စကား များအားဖြင့် အပြစ် စီရင်ခြင်းကိုခံရလိမ့်မည် ဟု မိန့်တော်မူ၏။
For each of you by his words shall be justified, or by his words shall be condemned."
38 ၃၈ ထိုအခါ အချို့ သောကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့က၊ အရှင် ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော် ပြတော်မူသော နိမိတ် လက္ခဏာတစ်စုံတစ်ခုကို မြင် ချင် ပါသည်ဟု လျှောက် ကြလျှင်၊
Then He was accosted by some of the Scribes and of the Pharisees who said, "Teacher, we wish to see a sign given by you."
39 ၃၉ ကိုယ်တော်က ဆိုးညစ် ၍ မျောက်မထား သောအမျိုး သည် နိမိတ် လက္ခဏာကို တောင်း သည်မှာ၊ ပရောဖက် ယောန ၏ နိမိတ် လက္ခဏာမှတစ်ပါး အဘယ် လက္ခဏာ ကိုမျှ သူ တို့အားမပြ ရာ။
"Wicked and faithless generation!" He replied, "they clamour for a sign, but none shall be given to them except the sign of the Prophet Jonah.
40 ၄၀ ယောန သည်ငါး ကြီးဝမ်း ထဲမှာ သုံး ရက်နေ ရသကဲ့သို့ ၊ လူ သား သည် မြေကြီး ထဲမှာ သုံး ရက်နေ ရလတံ့။
For just as Jonah was three days in the sea-monster's belly, so will the Son of Man be three days in the heart of the earth.
41 ၄၁ တရား ဆုံးဖြတ်တော်မူသောအခါ ၊ နိနေဝေ မြို့သား တို့သည် ဤ လူမျိုး တစ်ဘက်၌ ထ ၍အရှုံးခံ စေလတံ့။ အကြောင်းမူကား ၊ ထိုမြို့သားတို့သည် ယောန ဟောပြော သောစကားကြောင့် နောင်တရ ကြ၏။ ဤ အရပ်၌ ကား၊ ယောန ထက် သာ၍ကြီးမြတ်သောသူရှိ၏။
There will stand up men of Nineveh at the Judgement together with the present generation, and will condemn it; because they repented at the preaching of Jonah, and mark! there is One greater than Jonah here.
42 ၄၂ တရား ဆုံးဖြတ်တော်မူသောအခါ တောင် ပြည်ကို အစိုးရသောမိဖုရား သည်၊ ဤ လူမျိုး တစ်ဘက်၌ ထ ၍ အရှုံးခံ စေလတံ့။ အကြောင်းမူကား ၊ ထိုမိဖုရားသည် ရှောလမုန် မင်းကြီး၏ပညာ စကားကို နားထောင် ခြင်းငှာမြေကြီး စွန်း မှ လာ ၏။ ဤ အရပ်၌ကား၊ ရှောလမုန် ထက် သာ၍ကြီးမြတ်သောသူရှိ၏။
The Queen of the south will awake at the Judgement together with the present generation, and will condemn it; because she came from the ends of the earth to hear the wisdom of Solomon, and mark! there is One greater than Solomon here.
43 ၄၃ ညစ်ညူး သောနတ် သည် လူ ထဲက ထွက် လျှင် ၊ ခြောက်ကပ် သောအရပ် တို့၌လည် ၍ ငြိမ်ဝပ် ခြင်းကို ရှာ တတ်၏။
"No sooner however has the foul spirit gone out of the man, then he roams about in places where there is no water, seeking rest but finding none.
44 ၄၄ မ တွေ့ လျှင် ငါ သည်ထွက်ခဲ့ သော နေမြဲအိမ် သို့ ပြန် ရဦးမည်ဟုဆို ၍ ၊ ရောက် သောအခါထိုအိမ်သည် လွတ်လပ် ၍ သုတ်သင် ပြင်ဆင်လျက်ရှိသည်ကိုတွေ့ သော်၊
Then he says, 'I will return to my house that I left;' and he comes and finds it unoccupied, swept clean, and in good order.
45 ၄၅ မိမိ ထက်သာ၍ညစ်ညူး သော နတ်ဆိုး ခုနစ် ယောက်ကိုခေါ် ပြီးလျှင် ထို လူထဲသို့ဝင် ၍နေ ကြ၏။ ထို လူ နောက် ဖြစ် ဟန်သည် ရှေ့ ဖြစ်ဟန်ထက် သာ၍ဆိုး ၏။ ဆိုးညစ် သောဤ လူမျိုး ၌ ထိုနည်းတူ ဖြစ် လတံ့ ဟု မိန့် တော်မူ၏။
Then he goes and brings back with him seven other spirits more wicked than himself, and they come in and dwell there; and in the end that man's condition becomes worse than it was at first. So will it be also with the present wicked generation."
46 ၄၆ ထိုသို့ ပရိသတ် တို့အား ဟော တော်မူစဉ် တွင်၊ မယ်တော် နှင့် ညီ တော်တို့သည် နှုတ်ဆက် လို ၍ ပြင် မှာ ရပ် နေကြ၏။
While He was still addressing the people His mother and His brothers were standing on the edge of the crowd desiring to speak to Him.
47 ၄၇ လူ တစ်ယောက်ကလည်း ၊ မယ်တော် နှင့် ညီ တော်တို့သည် ကိုယ်တော် နှင့်နှုတ်ဆက် လို ၍ ပြင် မှာ ရပ် နေ ကြပါ၏ဟုလျှောက် လျှင်၊
So some one told Him, "Your mother and your brothers are standing outside, and desire to speak to you."
48 ၄၈ ကိုယ်တော်က၊ ငါ့ အမိ ၊ ငါ့ ညီ ကား အဘယ်သူ နည်း ဟု မေး တော်မူ၏။
"Who is my mother?" He said to the man; "and who are my brothers?"
49 ၄၉ လက် တော်ကိုလည်းဆန့် ၍ တပည့် တော်တို့ကို ညွှန်လျက်၊ ဤသူတို့သည် ငါ့ အမိ ၊ ငါ့ ညီ ပေတည်း။
And pointing to His disciples He added, "See here are my mother and my brothers.
50 ၅၀ ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ အဘ ၏အလို တော်ကိုဆောင် သောသူ သည် ငါ့ ညီ ၊ ငါ့နှမ ၊ ငါ့အမိ ဖြစ် သတည်း ဟု မိန့် တော်မူ၏။
To obey my Father who is in Heaven--that is to be my brother and my sister and my mother."