< မြည်တမ်းစကား 4 >

1 ရွှေ သည် အလွန် သမ်းညို သည်တကား။ အကောင်း ဆုံးသော ရွှေ သည် အလွန်ဖေါက်ပြန် သည် တကား။ သန့်ရှင်း သော ကျောက် တို့သည် ခပ်သိမ်း သော လမ်း ဝ တို့၌ ဖရိုဖရဲ ကွဲပြားလျက်ရှိကြ၏။
How the gold has become dim. How the most pure gold has changed. The stones of the sanctuary are poured out at the head of every street.
2 အမြတ် ဆုံးသော ရွှေ နှင့်အမျှ အလွန် အဘိုးထိုက် သော ဇိအုန် မြို့သား တို့ကို၊ အိုးထိန်း သမား လုပ် သောမြေ အိုး ကဲ့သို့ မှတ် တတ်သည်တကား။
The precious sons of Zion, comparable to fine gold, How they are regarded as clay jars, the work of the hands of the potter.
3 မြေခွေး မတို့ပင် မိမိ တို့သား ငယ်တို့အား နို့ သီးကိုပေး ၍နို့ တိုက်တတ်၏။ ငါ ၏လူမျိုး သတို့သမီး မူကား၊ တော ၌ နေသောကုလားအုပ် ငှက်ကဲ့သို့ ကြမ်းကြုတ် သော သဘောရှိ၏။
Even the jackals offer the breast, they nurse their young ones, but the daughter of my people has become cruel, like the ostriches in the wilderness.
4 နို့စို့ ကလေးသည် နို့ငတ် သောကြောင့် ၊ လျှာ သည် အာခေါင် ၌ ကပ် လျက်ရှိ၏။ သူငယ် တို့သည် မုန့် ကို တောင်း ၍ အဘယ် သူမျှမပေး။
The nursing infant's tongue sticks to the roof of his mouth for thirst. The young children ask for bread, but no one gives to them.
5 ကောင်းမွန် စွာ စား တတ်သောသူတို့ သည် ကိုးကွယ် ရာမရှိ၊ လမ်း ၌ နေကြ၏။ နီမောင်း သော အိပ်ရာပေါ် မှာ ပျော်မွေ့ ဘူးသောသူတို့ သည် နောက်ချေး ပုံကို ဘက် ရကြ၏။
Those who ate delicacies are destitute in the streets. Those who were brought up in purple embrace ash heaps.
6 အဘယ်သူမျှအား မ ထုတ်ဘဲချက်ခြင်း ပျက်စီး ခြင်းသို့ ရောက်သော၊ သောဒုံ မြို့ခံရသောအပြစ် ဒဏ် ထက် ၊ ငါ ၏လူမျိုး သတို့သမီး ခံရသောအပြစ် ဒဏ်သည် သာ၍ကြီး ပေ၏။
For the iniquity of the daughter of my people is greater than the sin of Sodom, which was overthrown in an instant, and no hands were laid on her.
7 သူ ၏မှူးမတ် တို့သည် မိုဃ်းပွင့် ထက် သန့်ရှင်း ၍၊ နို့ ရည်ထက် လည်း ဖြူ ကြ၏။ သူတို့အသား သည် ကျောက် နီထက် နီ ၏။ သွေးကြော လည်း နီလာ နှင့်တူ၏။
Her consecrated ones were purer than snow, whiter than milk; their bodies more ruddy than rubies, their appearance was like lapis lazuli.
8 ယခုမူကား၊ သူ တို့အဆင်း သည်မှောင်မိုက် ထက် မည်း သည်ဖြစ်၍လမ်း ၌ မ ထင်ရှား ။ သူ တို့အရေ သည် အရိုး ၌ ကပ် ၍ ထင်း ကဲ့သို့ သွေ့ခြောက် လေ၏။
They appear darker than soot; they are not known in the streets. Their skin cleaves to their bones; it is withered and has become as dry as a stick.
9 ထား ဖြင့်သေ သောသူသည်၊ ငတ်မွတ် ၍ သေ သောသူထက် သာ၍မင်္ဂလာ ရှိ၏။ ငတ်မွတ်၍ သေသောသူ သည် အသီးအနှံ ပြတ် ခြင်းအားဖြင့် ထိုး ဖေါက်၍ ပိန်ကြုံ ရ၏။
Those who are killed with the sword are better than those who are killed with hunger; those who waste away, pierced through, for lack of the fruits of the field.
10 ၁၀ စိတ် ကြင်နာတတ်သော မိန်းမ တို့သည် မိမိ တို့ သား ကိုပင်ပြုတ် ရကြ၏။ ငါ ၏လူမျိုး သတို့သမီး သည် ပျက်စီး သောကာလ ၌ မိမိ တို့သားကိုပင် စား ရကြ၏။
The hands of the compassionate women have cooked their own children; they were their food in the destruction of the daughter of my people.
11 ၁၁ ထာဝရဘုရား သည် အမျက် တော်ကို စုံလင် စေတော်မူပြီ။ ပြင်းစွာ သော အမျက် တော်အရှိန်ကို လွှတ် တော်မူပြီ။ ဇိအုန် မြို့ကို မီးရှို့ ၍ မြို့ရိုး အမြစ် တိုင်အောင်လောင် စေတော်မူပြီ။
YHWH has accomplished his wrath, he has poured out his fierce anger; he has kindled a fire in Zion, which has devoured its foundations.
12 ၁၂ ရန် ပြုသောသူနှင့် စစ်တိုက် သောသူသည် ယေရုရှလင် မြို့တံခါး အတွင်းသို့ ဝင် နိုင်သည်ဟု၊ လောကီ ရှင်ဘုရင် နှင့် လောကီ သတ္တဝါ တစုံ တယောက်မျှမ ယုံ ကြ။
The kings of the earth did not believe, neither all the inhabitants of the world, that the adversary or the enemy would enter into the gates of Jerusalem.
13 ၁၃ ယေရုရှလင် မြို့အလယ် ၌ ဖြောင့်မတ် သောသူတို့ ကိုသတ် တတ်သောမြို့ သားပရောဖက် တို့၏ ဒုစရိုက် များနှင့်၊ ယဇ်ပုရောဟိတ် တို့၏ အပြစ် များကြောင့် ဤအမှုသည် ရောက် လေပြီ။
It is because of the sins of her prophets, and the iniquities of her priests, that have shed the blood of the just in the midst of her.
14 ၁၄ ထိုသူတို့သည်အရူးကဲ့သို့လမ်း ၌ လှည့်လည် ၍၊ လူအသွေး နှင့် လူး သောကြောင့်၊ သူ တို့အဝတ် ကို အဘယ်သူမျှ မ ထိ ဝံ့ ။
They wander as blind men in the streets, they are polluted with blood, so that men can't touch their garments.
15 ၁၅ သွား ကြ။ မ စင်ကြယ်သောသူတို့၊ သွား ကြ၊ သွား ကြ။ မ ထိ ကြနှင့်ဟု သူတပါးတို့သည်ဟစ် တတ်ကြ၏။ အဝေး သို့ပြေး၍ အရပ်ရပ်သို့လှည့်လည် ရသောအခါ သာသနာပ လူတို့က ၊ သူတို့သည် မ တည်း မနေ ရဟု ဆို တတ်ကြ၏။
"Go away." they cried to them, "Unclean. Away, away. Do not touch." When they fled away and wandered, men said among the nations, "They shall not live here anymore."
16 ၁၆ ထာဝရဘုရား သည် အမျက်တော်ထွက်၍ သူ တို့ ကို ကွဲပြား စေတော်မူပြီ။ သူ တို့အမှု ကို ကြည့်ရှု တော်မ မူ။ သူတပါးတို့သည်လည်း၊ ယဇ် ပုရောဟိတ်တို့ကို မ ရိုသေ ၊ အသက်ကြီး သူတို့ကို အား မ နာဘဲနေကြ၏။
YHWH himself has scattered them; he will no more regard them. They did not respect the priests, they did not favor the elders.
17 ၁၇ ငါ တို့သည်ရှိစဉ်တွင် မစ မည့်သူကို မြော်လင့်၍ မ မြင်ရကြ။ မ ကယ်တင် နိုင်သောလူမျိုး ကို ကင်းစင် ပေါ် မှာ အကျိုး မရှိဘဲ စောင့် ကြပြီ။
Our eyes still fail, looking in vain for our help. In our watching we have watched for a nation that could not save.
18 ၁၈ ငါ တို့သည် လမ်း ၌ မသွား ရမည်အကြောင်း ငါ တို့ခြေရာ ကို လိုက်ရှာ ကြ၏။ ငါ တို့သည် ဆုံး ချိန်နီး ပြီ။ အသက်ရှင်ရသောကာလ စေ့ ပြီ။ ဆုံး ချိန်ရောက် လေပြီ။
They hunt our steps, so that we can't go in our streets. Our end is near, our days are fulfilled; for our end has come.
19 ၁၉ ငါ တို့ကိုလိုက် ၍ ရှာသောသူတို့သည် မိုဃ်း ကောင်းကင်ရွှေလင်းတ ထက် သာ၍လျင်မြန် ကြ၏။ တောင် ရိုးပေါ် မှာလိုက် ရှာကြ၏။ တော ၌ လည်း ချောင်းမြောင်း ကြ၏။
Our pursuers were swifter than the eagles of the sky. They chased us on the mountains, they lay in wait for us in the wilderness.
20 ၂၀ ငါ တို့ထွက်သက် ဝင်သက် တည်းဟူသော၊ ထာဝရဘုရား သည် ပေးတော်မူ၍ ဘိသိတ် ခံသောအရှင်ကို သူ တို့သည် မြေတွင်း ၌ ဘမ်းမိ ကြပြီ။ ထိုအရှင် ၏ ဘုန်းတော်ကိုခိုလှုံ၍ ၊ ငါတို့သည်သာသနာပ လူတို့တွင် အသက် ချမ်းသာရလိမ့်မည်ဟု အထက်ကဆို တတ်ကြ၏။
The breath of our nostrils, the anointed of YHWH, was taken in their pits; of whom we said, "Under his shadow we can live among the nations."
21 ၂၁ ဥဇ ပြည် ၌ နေ သောဧဒုံ သတို့သမီး ၊ ဝမ်းမြောက် ရွှင်လန်း လော့။ ဖလား တော်သည် သင် ရှိရာသို့ ကူး သွား လိမ့်မည်။ သင်သည်ယစ်မူး ၍ အဝတ် အချည်းစည်းရှိရလိမ့်မည်။
Rejoice and be glad, daughter of Edom, that dwell in the land of Uz. The cup shall pass through to you also; you will get drunk, and shall make yourself naked.
22 ၂၂ အိုဇိအုန် သတို့သမီး ၊ သင် ခံထိုက်သမျှသောအပြစ် ဒဏ်ကုန် ပြီ။ သင် သည် နောက် တဖန် သိမ်း သွား ခြင်းကို မ ခံရ။ အိုဧဒုံ သတို့သမီး ၊ သင် ပြုသောဒုစရိုက် ကို စစ်ကြော ၍သင် ၏အပြစ် ကို ဘော်ပြ တော်မူမည်။
The punishment of your iniquity is accomplished, daughter of Zion; he will no more carry you away into captivity. He will visit your iniquity, daughter of Edom; he will uncover your sins.

< မြည်တမ်းစကား 4 >