Preface
Read
+
Publisher
Nainoia, Inc.
PO Box 462, Bellefonte, PA 16823
(814) 470-8028
Nainoia Inc, Publisher
LinkedIn/NAINOIA-INC
Third Party Publisher Resources
Request Custom Formatted Verses
Please contact us below
Submit your proposed corrections
I understand that the Aionian Bible republishes public domain and Creative Commons Bible texts and that volunteers may be needed to present the original text accurately. I also understand that apocryphal text is removed and most variant verse numbering is mapped to the English standard. I have entered my corrections under the verse(s) below. Proposed corrections to the Myanmar Burmese Judson Text, Lamentations Chapter 4 https://www.AionianBible.org/Bibles/Myanmar---Burmese-Judson/Lamentations/4 1 ၁) ရွှေ သည် အလွန် သမ်းညို သည်တကား။ အကောင်း ဆုံးသော ရွှေ သည် အလွန်ဖေါက်ပြန် သည် တကား။ သန့်ရှင်း သော ကျောက် တို့သည် ခပ်သိမ်း သော လမ်း ဝ တို့၌ ဖရိုဖရဲ ကွဲပြားလျက်ရှိကြ၏။ 2 ၂) အမြတ် ဆုံးသော ရွှေ နှင့်အမျှ အလွန် အဘိုးထိုက် သော ဇိအုန် မြို့သား တို့ကို၊ အိုးထိန်း သမား လုပ် သောမြေ အိုး ကဲ့သို့ မှတ် တတ်သည်တကား။ 3 ၃) မြေခွေး မတို့ပင် မိမိ တို့သား ငယ်တို့အား နို့ သီးကိုပေး ၍နို့ တိုက်တတ်၏။ ငါ ၏လူမျိုး သတို့သမီး မူကား၊ တော ၌ နေသောကုလားအုပ် ငှက်ကဲ့သို့ ကြမ်းကြုတ် သော သဘောရှိ၏။ 4 ၄) နို့စို့ ကလေးသည် နို့ငတ် သောကြောင့် ၊ လျှာ သည် အာခေါင် ၌ ကပ် လျက်ရှိ၏။ သူငယ် တို့သည် မုန့် ကို တောင်း ၍ အဘယ် သူမျှမပေး။ 5 ၅) ကောင်းမွန် စွာ စား တတ်သောသူတို့ သည် ကိုးကွယ် ရာမရှိ၊ လမ်း ၌ နေကြ၏။ နီမောင်း သော အိပ်ရာပေါ် မှာ ပျော်မွေ့ ဘူးသောသူတို့ သည် နောက်ချေး ပုံကို ဘက် ရကြ၏။ 6 ၆) အဘယ်သူမျှအား မ ထုတ်ဘဲချက်ခြင်း ပျက်စီး ခြင်းသို့ ရောက်သော၊ သောဒုံ မြို့ခံရသောအပြစ် ဒဏ် ထက် ၊ ငါ ၏လူမျိုး သတို့သမီး ခံရသောအပြစ် ဒဏ်သည် သာ၍ကြီး ပေ၏။ 7 ၇) သူ ၏မှူးမတ် တို့သည် မိုဃ်းပွင့် ထက် သန့်ရှင်း ၍၊ နို့ ရည်ထက် လည်း ဖြူ ကြ၏။ သူတို့အသား သည် ကျောက် နီထက် နီ ၏။ သွေးကြော လည်း နီလာ နှင့်တူ၏။ 8 ၈) ယခုမူကား၊ သူ တို့အဆင်း သည်မှောင်မိုက် ထက် မည်း သည်ဖြစ်၍လမ်း ၌ မ ထင်ရှား ။ သူ တို့အရေ သည် အရိုး ၌ ကပ် ၍ ထင်း ကဲ့သို့ သွေ့ခြောက် လေ၏။ 9 ၉) ထား ဖြင့်သေ သောသူသည်၊ ငတ်မွတ် ၍ သေ သောသူထက် သာ၍မင်္ဂလာ ရှိ၏။ ငတ်မွတ်၍ သေသောသူ သည် အသီးအနှံ ပြတ် ခြင်းအားဖြင့် ထိုး ဖေါက်၍ ပိန်ကြုံ ရ၏။ 10 ၁၀) စိတ် ကြင်နာတတ်သော မိန်းမ တို့သည် မိမိ တို့ သား ကိုပင်ပြုတ် ရကြ၏။ ငါ ၏လူမျိုး သတို့သမီး သည် ပျက်စီး သောကာလ ၌ မိမိ တို့သားကိုပင် စား ရကြ၏။ 11 ၁၁) ထာဝရဘုရား သည် အမျက် တော်ကို စုံလင် စေတော်မူပြီ။ ပြင်းစွာ သော အမျက် တော်အရှိန်ကို လွှတ် တော်မူပြီ။ ဇိအုန် မြို့ကို မီးရှို့ ၍ မြို့ရိုး အမြစ် တိုင်အောင်လောင် စေတော်မူပြီ။ 12 ၁၂) ရန် ပြုသောသူနှင့် စစ်တိုက် သောသူသည် ယေရုရှလင် မြို့တံခါး အတွင်းသို့ ဝင် နိုင်သည်ဟု၊ လောကီ ရှင်ဘုရင် နှင့် လောကီ သတ္တဝါ တစုံ တယောက်မျှမ ယုံ ကြ။ 13 ၁၃) ယေရုရှလင် မြို့အလယ် ၌ ဖြောင့်မတ် သောသူတို့ ကိုသတ် တတ်သောမြို့ သားပရောဖက် တို့၏ ဒုစရိုက် များနှင့်၊ ယဇ်ပုရောဟိတ် တို့၏ အပြစ် များကြောင့် ဤအမှုသည် ရောက် လေပြီ။ 14 ၁၄) ထိုသူတို့သည်အရူးကဲ့သို့လမ်း ၌ လှည့်လည် ၍၊ လူအသွေး နှင့် လူး သောကြောင့်၊ သူ တို့အဝတ် ကို အဘယ်သူမျှ မ ထိ ဝံ့ ။ 15 ၁၅) သွား ကြ။ မ စင်ကြယ်သောသူတို့၊ သွား ကြ၊ သွား ကြ။ မ ထိ ကြနှင့်ဟု သူတပါးတို့သည်ဟစ် တတ်ကြ၏။ အဝေး သို့ပြေး၍ အရပ်ရပ်သို့လှည့်လည် ရသောအခါ သာသနာပ လူတို့က ၊ သူတို့သည် မ တည်း မနေ ရဟု ဆို တတ်ကြ၏။ 16 ၁၆) ထာဝရဘုရား သည် အမျက်တော်ထွက်၍ သူ တို့ ကို ကွဲပြား စေတော်မူပြီ။ သူ တို့အမှု ကို ကြည့်ရှု တော်မ မူ။ သူတပါးတို့သည်လည်း၊ ယဇ် ပုရောဟိတ်တို့ကို မ ရိုသေ ၊ အသက်ကြီး သူတို့ကို အား မ နာဘဲနေကြ၏။ 17 ၁၇) ငါ တို့သည်ရှိစဉ်တွင် မစ မည့်သူကို မြော်လင့်၍ မ မြင်ရကြ။ မ ကယ်တင် နိုင်သောလူမျိုး ကို ကင်းစင် ပေါ် မှာ အကျိုး မရှိဘဲ စောင့် ကြပြီ။ 18 ၁၈) ငါ တို့သည် လမ်း ၌ မသွား ရမည်အကြောင်း ငါ တို့ခြေရာ ကို လိုက်ရှာ ကြ၏။ ငါ တို့သည် ဆုံး ချိန်နီး ပြီ။ အသက်ရှင်ရသောကာလ စေ့ ပြီ။ ဆုံး ချိန်ရောက် လေပြီ။ 19 ၁၉) ငါ တို့ကိုလိုက် ၍ ရှာသောသူတို့သည် မိုဃ်း ကောင်းကင်ရွှေလင်းတ ထက် သာ၍လျင်မြန် ကြ၏။ တောင် ရိုးပေါ် မှာလိုက် ရှာကြ၏။ တော ၌ လည်း ချောင်းမြောင်း ကြ၏။ 20 ၂၀) ငါ တို့ထွက်သက် ဝင်သက် တည်းဟူသော၊ ထာဝရဘုရား သည် ပေးတော်မူ၍ ဘိသိတ် ခံသောအရှင်ကို သူ တို့သည် မြေတွင်း ၌ ဘမ်းမိ ကြပြီ။ ထိုအရှင် ၏ ဘုန်းတော်ကိုခိုလှုံ၍ ၊ ငါတို့သည်သာသနာပ လူတို့တွင် အသက် ချမ်းသာရလိမ့်မည်ဟု အထက်ကဆို တတ်ကြ၏။ 21 ၂၁) ဥဇ ပြည် ၌ နေ သောဧဒုံ သတို့သမီး ၊ ဝမ်းမြောက် ရွှင်လန်း လော့။ ဖလား တော်သည် သင် ရှိရာသို့ ကူး သွား လိမ့်မည်။ သင်သည်ယစ်မူး ၍ အဝတ် အချည်းစည်းရှိရလိမ့်မည်။ 22 ၂၂) အိုဇိအုန် သတို့သမီး ၊ သင် ခံထိုက်သမျှသောအပြစ် ဒဏ်ကုန် ပြီ။ သင် သည် နောက် တဖန် သိမ်း သွား ခြင်းကို မ ခံရ။ အိုဧဒုံ သတို့သမီး ၊ သင် ပြုသောဒုစရိုက် ကို စစ်ကြော ၍သင် ၏အပြစ် ကို ဘော်ပြ တော်မူမည်။ Additional comments?
Refresh Captcha
The world's first Holy Bible un-translation!