< မြည်တမ်းစကား 4 >
1 ၁ ရွှေ သည် အလွန် သမ်းညို သည်တကား။ အကောင်း ဆုံးသော ရွှေ သည် အလွန်ဖေါက်ပြန် သည် တကား။ သန့်ရှင်း သော ကျောက် တို့သည် ခပ်သိမ်း သော လမ်း ဝ တို့၌ ဖရိုဖရဲ ကွဲပြားလျက်ရှိကြ၏။
2 ၂ အမြတ် ဆုံးသော ရွှေ နှင့်အမျှ အလွန် အဘိုးထိုက် သော ဇိအုန် မြို့သား တို့ကို၊ အိုးထိန်း သမား လုပ် သောမြေ အိုး ကဲ့သို့ မှတ် တတ်သည်တကား။
3 ၃ မြေခွေး မတို့ပင် မိမိ တို့သား ငယ်တို့အား နို့ သီးကိုပေး ၍နို့ တိုက်တတ်၏။ ငါ ၏လူမျိုး သတို့သမီး မူကား၊ တော ၌ နေသောကုလားအုပ် ငှက်ကဲ့သို့ ကြမ်းကြုတ် သော သဘောရှိ၏။
4 ၄ နို့စို့ ကလေးသည် နို့ငတ် သောကြောင့် ၊ လျှာ သည် အာခေါင် ၌ ကပ် လျက်ရှိ၏။ သူငယ် တို့သည် မုန့် ကို တောင်း ၍ အဘယ် သူမျှမပေး။
5 ၅ ကောင်းမွန် စွာ စား တတ်သောသူတို့ သည် ကိုးကွယ် ရာမရှိ၊ လမ်း ၌ နေကြ၏။ နီမောင်း သော အိပ်ရာပေါ် မှာ ပျော်မွေ့ ဘူးသောသူတို့ သည် နောက်ချေး ပုံကို ဘက် ရကြ၏။
6 ၆ အဘယ်သူမျှအား မ ထုတ်ဘဲချက်ခြင်း ပျက်စီး ခြင်းသို့ ရောက်သော၊ သောဒုံ မြို့ခံရသောအပြစ် ဒဏ် ထက် ၊ ငါ ၏လူမျိုး သတို့သမီး ခံရသောအပြစ် ဒဏ်သည် သာ၍ကြီး ပေ၏။
7 ၇ သူ ၏မှူးမတ် တို့သည် မိုဃ်းပွင့် ထက် သန့်ရှင်း ၍၊ နို့ ရည်ထက် လည်း ဖြူ ကြ၏။ သူတို့အသား သည် ကျောက် နီထက် နီ ၏။ သွေးကြော လည်း နီလာ နှင့်တူ၏။
8 ၈ ယခုမူကား၊ သူ တို့အဆင်း သည်မှောင်မိုက် ထက် မည်း သည်ဖြစ်၍လမ်း ၌ မ ထင်ရှား ။ သူ တို့အရေ သည် အရိုး ၌ ကပ် ၍ ထင်း ကဲ့သို့ သွေ့ခြောက် လေ၏။
9 ၉ ထား ဖြင့်သေ သောသူသည်၊ ငတ်မွတ် ၍ သေ သောသူထက် သာ၍မင်္ဂလာ ရှိ၏။ ငတ်မွတ်၍ သေသောသူ သည် အသီးအနှံ ပြတ် ခြင်းအားဖြင့် ထိုး ဖေါက်၍ ပိန်ကြုံ ရ၏။
10 ၁၀ စိတ် ကြင်နာတတ်သော မိန်းမ တို့သည် မိမိ တို့ သား ကိုပင်ပြုတ် ရကြ၏။ ငါ ၏လူမျိုး သတို့သမီး သည် ပျက်စီး သောကာလ ၌ မိမိ တို့သားကိုပင် စား ရကြ၏။
11 ၁၁ ထာဝရဘုရား သည် အမျက် တော်ကို စုံလင် စေတော်မူပြီ။ ပြင်းစွာ သော အမျက် တော်အရှိန်ကို လွှတ် တော်မူပြီ။ ဇိအုန် မြို့ကို မီးရှို့ ၍ မြို့ရိုး အမြစ် တိုင်အောင်လောင် စေတော်မူပြီ။
12 ၁၂ ရန် ပြုသောသူနှင့် စစ်တိုက် သောသူသည် ယေရုရှလင် မြို့တံခါး အတွင်းသို့ ဝင် နိုင်သည်ဟု၊ လောကီ ရှင်ဘုရင် နှင့် လောကီ သတ္တဝါ တစုံ တယောက်မျှမ ယုံ ကြ။
13 ၁၃ ယေရုရှလင် မြို့အလယ် ၌ ဖြောင့်မတ် သောသူတို့ ကိုသတ် တတ်သောမြို့ သားပရောဖက် တို့၏ ဒုစရိုက် များနှင့်၊ ယဇ်ပုရောဟိတ် တို့၏ အပြစ် များကြောင့် ဤအမှုသည် ရောက် လေပြီ။
14 ၁၄ ထိုသူတို့သည်အရူးကဲ့သို့လမ်း ၌ လှည့်လည် ၍၊ လူအသွေး နှင့် လူး သောကြောင့်၊ သူ တို့အဝတ် ကို အဘယ်သူမျှ မ ထိ ဝံ့ ။
15 ၁၅ သွား ကြ။ မ စင်ကြယ်သောသူတို့၊ သွား ကြ၊ သွား ကြ။ မ ထိ ကြနှင့်ဟု သူတပါးတို့သည်ဟစ် တတ်ကြ၏။ အဝေး သို့ပြေး၍ အရပ်ရပ်သို့လှည့်လည် ရသောအခါ သာသနာပ လူတို့က ၊ သူတို့သည် မ တည်း မနေ ရဟု ဆို တတ်ကြ၏။
16 ၁၆ ထာဝရဘုရား သည် အမျက်တော်ထွက်၍ သူ တို့ ကို ကွဲပြား စေတော်မူပြီ။ သူ တို့အမှု ကို ကြည့်ရှု တော်မ မူ။ သူတပါးတို့သည်လည်း၊ ယဇ် ပုရောဟိတ်တို့ကို မ ရိုသေ ၊ အသက်ကြီး သူတို့ကို အား မ နာဘဲနေကြ၏။
17 ၁၇ ငါ တို့သည်ရှိစဉ်တွင် မစ မည့်သူကို မြော်လင့်၍ မ မြင်ရကြ။ မ ကယ်တင် နိုင်သောလူမျိုး ကို ကင်းစင် ပေါ် မှာ အကျိုး မရှိဘဲ စောင့် ကြပြီ။
18 ၁၈ ငါ တို့သည် လမ်း ၌ မသွား ရမည်အကြောင်း ငါ တို့ခြေရာ ကို လိုက်ရှာ ကြ၏။ ငါ တို့သည် ဆုံး ချိန်နီး ပြီ။ အသက်ရှင်ရသောကာလ စေ့ ပြီ။ ဆုံး ချိန်ရောက် လေပြီ။
19 ၁၉ ငါ တို့ကိုလိုက် ၍ ရှာသောသူတို့သည် မိုဃ်း ကောင်းကင်ရွှေလင်းတ ထက် သာ၍လျင်မြန် ကြ၏။ တောင် ရိုးပေါ် မှာလိုက် ရှာကြ၏။ တော ၌ လည်း ချောင်းမြောင်း ကြ၏။
20 ၂၀ ငါ တို့ထွက်သက် ဝင်သက် တည်းဟူသော၊ ထာဝရဘုရား သည် ပေးတော်မူ၍ ဘိသိတ် ခံသောအရှင်ကို သူ တို့သည် မြေတွင်း ၌ ဘမ်းမိ ကြပြီ။ ထိုအရှင် ၏ ဘုန်းတော်ကိုခိုလှုံ၍ ၊ ငါတို့သည်သာသနာပ လူတို့တွင် အသက် ချမ်းသာရလိမ့်မည်ဟု အထက်ကဆို တတ်ကြ၏။
21 ၂၁ ဥဇ ပြည် ၌ နေ သောဧဒုံ သတို့သမီး ၊ ဝမ်းမြောက် ရွှင်လန်း လော့။ ဖလား တော်သည် သင် ရှိရာသို့ ကူး သွား လိမ့်မည်။ သင်သည်ယစ်မူး ၍ အဝတ် အချည်းစည်းရှိရလိမ့်မည်။
22 ၂၂ အိုဇိအုန် သတို့သမီး ၊ သင် ခံထိုက်သမျှသောအပြစ် ဒဏ်ကုန် ပြီ။ သင် သည် နောက် တဖန် သိမ်း သွား ခြင်းကို မ ခံရ။ အိုဧဒုံ သတို့သမီး ၊ သင် ပြုသောဒုစရိုက် ကို စစ်ကြော ၍သင် ၏အပြစ် ကို ဘော်ပြ တော်မူမည်။