< ယောရှု 1 >

1 ထာဝရဘုရား ၏ ကျွန် မောရှေ သည် အနိစ္စ ရောက်သောနောက် ၊ မောရှေ လက်ထောက် ၊ နုန် ၏သား ယောရှု အား ထာဝရဘုရား က၊
ထာဝရဘုရား၏ ကျွန်မောရှေသည် အနိစ္စ ရောက်သောနောက်၊ မောရှေလက်ထောက်၊ နုန်၏သား ယောရှုအား ထာဝရဘုရားက၊
2 ငါ ၏ကျွန် မောရှေ သည် အနိစ္စ ရောက်လေပြီ။ သို့ဖြစ်၍ ၊ သင် နှင့် သင်၌ပါသောဤ လူ အပေါင်း တို့သည် ယခု ထ ၍ ယော်ဒန် မြစ်တဘက်သို့ ကူး ကြလော့။ ဣသရေလ အမျိုးသား တို့အား ငါ ပေး သောပြည် ကို ဝင်စားကြလော့။
ငါ၏ကျွန်မောရှေသည် အနိစ္စရောက်လေပြီ။ သို့ဖြစ်၍၊ သင်နှင့် သင်၌ပါသော ဤလူအပေါင်းတို့သည် ယခုထ၍ ယော်ဒန်မြစ်တဘက်သို့ ကူးကြလော့။ ဣသရေ လအမျိုးသားတို့အား ငါပေးသောပြည်ကို ဝင်စားကြလော့။
3 မောရှေ အား ငါဂတိ ရှိသည်အတိုင်း သင် တို့နင်း သမျှ သောမြေ ကို သင်တို့ အား ငါပေး မည်။
မောရှေအား ငါဂတိရှိသည်အတိုင်း သင်တို့နင်း သမျှသောမြေကို သင်တို့အား ငါပေးမည်။
4 တော ကြီးမှစ၍ လေဗနုန် တောင်တိုင်အောင် ၎င်း၊ ဥဖရတ် မြစ် ကြီး မှစ၍ဟိတ္တိ ပြည် တရှောက်လုံး ပါလျက်၊ နေဝင် ရာဘက် ပင်လယ် ကြီး တိုင်အောင် ၎င်း၊ သင် တို့နယ် အပိုင်းအခြားဖြစ် ရမည်။
တောကြီးမှစ၍ လေဗနုန်တောင်တိုင်အောင် ၎င်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ဟိတ္တိပြည်တရှောက်လုံး ပါလျက်၊ နေဝင်ရာဘက် ပင်လယ်ကြီးတိုင်အောင်၎င်း၊ သင်တို့နယ် အပိုင်းအခြားဖြစ်ရမည်။
5 သင့် အသက် တည်သည် ကာလ ပတ်လုံး သင့် ရှေ့ မှာ အဘယ်သူမျှမ ခံ မရပ်နိုင်ရာ။ မောရှေ နှင့်အတူ ငါရှိ သကဲ့သို့ သင် နှင့်အတူ ငါရှိ လိမ့်မည်။ ငါသည် သင့် ကို မ စွန့် ၊ သင့် ကိုပစ် ၍မ ထား။
သင့်အသက်တည်သည် ကာလပတ်လုံး သင့်ရှေ့ မှာ အဘယ်သူမျှမခံမရပ်နိုင်ရာ။ မောရှေနှင့်အတူ ငါရှိ သကဲ့သို့ သင်နှင့်အတူ ငါရှိလိမ့်မည်။ ငါသည် သင့်ကို မစွန့်၊ သင့်ကိုပစ်၍မထား။
6 အား ယူ၍ ရဲရင့် ခြင်းရှိလော့။ ဘိုးဘေး တို့အား ပေး မည်ဟု ငါကျိန်ဆို သောပြည် ကို သင်သည် ဤ လူ တို့ အားဝေ၍ အမွေ ပေးရမည်။
အားယူ၍ ရဲရင့်ခြင်းရှိလော့။ ဘိုးဘေးတို့အား ပေးမည်ဟု ငါကျိန်ဆိုသောပြည်ကို သင်သည် ဤလူတို့ အားဝေ၍ အမွေပေးရမည်။
7 သို့ဖြစ်၍ငါ ၏ကျွန် မောရှေ မှာ ထားသော တရား အတိုင်း ကျင့် မည်ဟု စောင့်ရှောက် ခြင်းငှါ အား ယူ ၍ အလွန် ရဲရင့် ခြင်းရှိလော့။ ကြံစည်လေသမျှ တို့၌ အောင် မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ နှင့်။
သို့ဖြစ်၍ ငါ၏ကျွန်မောရှေ မှာထားသော တရားအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းငှါ အားယူ ၍ အလွန်ရဲရင့်ခြင်းရှိလော့။ ကြံစည်လေသမျှတို့၌ အောင်မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲနှင့်။
8 ထိုပညတ္တိ ကျမ်းစာ ၌ ရေး ထားသမျှ အတိုင်း ကျင့် မည်ဟု စောင့်ရှောက် ခြင်းအလိုငှါ ကျမ်းစာကို မဘတ် မရွတ်ဘဲမနေ၊ နေ့ ညဉ့် မပြတ် ကြည့်ရှုဘတ်ရွတ် ရမည်။ သို့ပြုလျှင်သင်သည် အကြံထမြောက်၍ အောင်မြင် လိမ့်မည်။
ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့် မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာကို မဘတ် မရွတ်ဘဲမနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဘတ်ရွတ်ရမည်။သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့် မည်။
9 သင့် ကို ငါမှာ ထားသည်မ ဟုတ်လော။ အား ယူ၍ ရဲရင့် ခြင်းရှိလော့။ မ ကြောက် နှင့်၊ စိတ် မ ပျက်နှင့်။ သွား လေရာရာ၌ သင် ၏ဘုရား သခင်ထာဝရဘုရား ရှိသည်ဟု မိန့်တော်မူ၏။
သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွား လေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏။
10 ၁၀ ထိုအခါ ယောရှု သည် ဗိုလ် မင်းများတို့ကို ခေါ်၍၊
၁၀ထိုအခါ ယောရှုသည် ဗိုလ်မင်းများတို့ကို ခေါ်၍၊
11 ၁၁ တပ် တရှောက် လုံးသို့ သွား ကြလော့။ သင် တို့၏ ဘုရား သခင်ထာဝရဘုရား အပိုင်ပေးတော်မူသောပြည် ကို ဝင်စားခြင်းငှါ၊ သုံး ရက် အတွင်းတွင် ဤယော်ဒန် မြစ် တဘက်သို့ ကူးရသောကြောင့်ရိက္ခါ ကို ပြင်ဆင် ရကြမည် အကြောင်း၊ လူ များတို့အား ဆင့်ဆို ကြလော့ဟု မှာ ထား လေ၏။
၁၁တပ်တရှောက်လုံးသို့ သွားကြလော့။ သင်တို့၏ ဘုရားသခင် ထာဝရဘုရား အပိုင်ပေးတော်မူသောပြည် ကို ဝင်စားခြင်းငှါ၊ သုံးရက်အတွင်းတွင် ဤယော်ဒန်မြစ် တဘက်သို့ ကူးရသောကြောင့် ရိက္ခာကို ပြင်ဆင်ရကြမည် အကြောင်း၊ လူများတို့အား ဆင့်ဆိုကြလော့ဟု မှာထား လေ၏။
12 ၁၂ တဖန် ယောရှု သည် ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသား၊ မနာရှေ အမျိုးသားတဝက် တို့ကို ခေါ်၍၊
၁၂တဖန် ယောရှုသည် ရုဗင်အမျိုးသား၊ ဂဒ်အမျိုး သား၊ မနာရှေအမျိုးသားတဝက်တို့ကို ခေါ်၍၊
13 ၁၃ ထာဝရဘုရား ၏ ကျွန် မောရှေ သည်၊ သင် တို့အား မှာ ထားသော စကားဟူမူကား ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့ကို ဤ ပြည် ၌ နေရာ ချတော်မူပြီ။
၁၃ထာဝရဘုရား၏ ကျွန်မောရှေသည်၊ သင်တို့ အား မှာထားသော စကားဟူမူကား၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို ဤပြည်၌ နေရာချတော်မူပြီ။
14 ၁၄ သင် တို့သား မယား ၊ သူငယ်များနှင့် တိရစ္ဆာန် များတို့သည် ယော်ဒန် မြစ်အရှေ့ ဘက် မောရှေ ပေး သော ပြည် ၌ နေရစ် ရကြမည်။
၁၄သင်တို့သားမယား၊ သူငယ်များနှင့် တိရစ္ဆာန် များတို့သည် ယော်ဒန်မြစ်အရှေ့ဘက် မောရှေပေးသော ပြည်၌ နေရစ်ရကြမည်။
15 ၁၅ ထာဝရဘုရားသည် သင်တို့အား နေရာချသည် အတိုင်း၊ ညီအစ်ကို တို့အား နေရာချတော်မမူမှီ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသောပြည် ကို သူတို့သည် မသိမ်းမယူမှီတိုင်အောင် ၊ သင်တို့တွင် ခွန်အားကြီး သော စစ်သူရဲ အပေါင်း တို့သည် လက်နက် ကိုင်လျက်၊ သင်တို့ညီအစ်ကို များရှေ့ မှာ ကူး၍ မစရကြမည်ဟူသောစကားကို အောက်မေ့ကြလော့။ ထိုနောက်မှထာဝရဘုရား ၏ကျွန် မောရှေ သည် ယော်ဒန် မြစ် နေ ထွက်ရာ ဘက်၌ပေး ၍၊ သင် တို့ပိုင် သောပြည် သို့ ပြန် ၍ ဝင်စားရကြမည် ဟု ပြောဆို၏။
၁၅ထာဝရဘုရားသည် သင်တို့အား နေရာချသည် အတိုင်း၊ ညီအစ်ကိုတို့အား နေရာချတော်မမူမှီ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သူတို့သည် မသိမ်းမယူမှီတိုင်အောင်၊ သင်တို့တွင် ခွန်အား ကြီးသော စစ်သူရဲအပေါင်းတို့သည် လက်နက်ကိုင်လျက်၊ သင်တို့ညီအစ်ကိုများရှေ့မှာ ကူး၍ မစရကြမည်ဟူသော စကားကို အောက်မေ့ကြလော့။ ထိုနောက်မှ ထာဝရ ဘုရား၏ကျွန် မောရှေသည် ယော်ဒန်မြစ် နေထွက်ရာ ဘက်၌ပေး၍၊ သင်တို့ပိုင်သောပြည်သို့ ပြန်၍ ဝင်စားရကြ မည်ဟု ပြောဆို၏။
16 ၁၆ ထိုသူတို့ကလည်း၊ ကိုယ်တော်မှာ ထားတော်မူသမျှ ကို ကျွန်တော်တို့ပြု ပါမည်။ စေလွှတ် တော်မူသမျှ သော အရပ်သို့ သွား ပါမည်။
၁၆ထိုသူတို့ကလည်း၊ ကိုယ်တော်မှာထားတော်မူ သမျှကို ကျွန်တော်တို့ပြုပါမည်။ စေလွှတ်တော်မူသမျှ သော အရပ်သို့ သွားပါမည်။
17 ၁၇ အရာရာ တို့၌ မောရှေ ၏စကားကို နားထောင် သည်နည်းတူ ကိုယ်တော် စကားကိုလည်း နားထောင် ပါမည်။ သို့ဖြစ်၍ကိုယ်တော်၏ ဘုရား သခင်ထာဝရဘုရား သည် မောရှေ နှင့်အတူ ရှိ သကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။
၁၇အရာရာတို့၌ မောရှေ၏စကားကို နားထောင် သည်နည်းတူ ကိုယ်တော်စကားကိုလည်း နားထောင်ပါ မည်။ သို့ဖြစ်၍ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား သည် မောရှေနှင့်အတူ ရှိသကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။
18 ၁၈ အာဏာ တော်ကို ဆန် ၍၊ မှာထားတော်မူသမျှ သောစကား ကို နား မ ထောင်သောသူ မည်သည်ကား၊ အသေ သတ်ခြင်းကိုခံ စေရမည်။ သို့ဖြစ်၍အား ယူတော်မူ ပါ။ ရဲရင့် ခြင်းရှိတော်မူပါဟု ယေရှုအား ပြန်လျှောက် ကြ၏။
၁၈အာဏာတော်ကို ဆန်၍၊ မှာထားတော်မူသမျှ သောစကားကို နားမထောင်သောသူ မည်သည်ကား၊ အသေသတ်ခြင်းကို ခံစေရမည်။ သို့ဖြစ်၍ အားယူတော် မူပါ။ ရဲရင့်ခြင်းရှိတော်မူပါဟု ယေရှုအား ပြန်လျှောက် ကြ၏။

< ယောရှု 1 >