< ယောရှု 2 >

1 နုန် ၏သား ယောရှု သည် သူလျှို နှစ် ယောက်ကို ရှိတ္တိမ် မြို့မှ တိတ်ဆိတ် စွာစေလွှတ် လျက်၊ ခါနာန်ပြည် ယေရိခေါ မြို့ကို သွား ၍ ကြည့်ရှု ကြလော့ဟု မှာထားလိုက် သည်အတိုင်း၊ သူတို့သည် သွားပြီးလျှင်ရာခပ် အမည် ရှိသော ပြည်တန်ဆာ မိန်းမ အိမ် သို့ ဝင် ၍ နေ လေ၏။
နုန်၏သားယောရှုသည် သူလျှိုနှစ်ယောက်ကို ရှိတ္တိမ်မြို့မှ တိတ်ဆိတ်စွာစေလွှတ်လျက်၊ ခါနာန်ပြည် ယေရိခေါမြို့ကို သွား၍ ကြည့်ရှုကြလော့ဟု မှာထားလိုက် သည်အတိုင်း၊ သူတို့သည် သွားပြီးလျှင် ရာခပ်အမည်ရှိ သော ပြည်တန်ဆာမိန်းမအိမ်သို့ ဝင်၍နေလေ၏။
2 ပြည်သားအချို့တို့ကလည်း၊ ဤပြည် ကို စူးစမ်း ခြင်းငှါ ဣသရေလ အမျိုးသား အချို့တို့သည် ယနေ့ည မှာ မြို့တွင်းသို့ ဝင်ပါပြီဟု ယေရိခေါ မင်းကြီး အား လျှောက် ကြားကြသည် ရှိသော်၊
ပြည်သားအချို့တို့ကလည်း၊ ဤပြည်ကို စူးစမ်း ခြင်းငှါ ဣသရေလအမျိုးသားအချို့တို့သည် ယနေ့ည မှာ မြို့တွင်းသို့ ဝင်ပါပြီဟု ယေရိခေါမင်းကြီးအား လျှောက်ကြားကြသည် ရှိသော်၊
3 ယေရိခေါ မင်းကြီး သည် ရာခပ် အား သင့် ဆီ သို့ ရောက် လာ၍၊ သင့် အိမ် သို့ ဝင် သောသူ တို့ကို အပ် လော့။ သူတို့သည် တပြည်လုံး ကို စူးစမ်း ခြင်းငှါ ရောက် လာပြီဟု အမိန့်တော်နှင့် စေလွှတ် လေ၏။
ယေရိခေါမင်းကြီးသည် ရာခပ်အား သင့်ဆီသို့ ရောက်လာ၍၊ သင့်အိမ်သို့ဝင်သောသူတို့ကို အပ်လော့။ သူတို့သည် တပြည်လုံးကို စူးစမ်းခြင်းငှါ ရောက်လာပြီဟု အမိန့်တော်နှင့် စေလွှတ်လေ၏။
4 ရာခပ်သည် ထိုသူ နှစ် ယောက်တို့ကို ဝှက် ထားနှင့်ပြီးမှ ကျွန်မ ဆီ သို့ လူ ရောက် သည် မှန် ပါ၏။ သို့ရာတွင် အဘယ် အရပ်က လာသည်ကို မ သိ ပါ။
ရာခပ်သည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထား နှင့်ပြီးမှ ကျွန်မဆီသို့ လူရောက်သည် မှန်ပါ၏။ သို့ရာ တွင် အဘယ်အရပ်ကလာသည်ကို မသိပါ။
5 မိုဃ်းချုပ် ၍ တံခါး ပိတ် ချိန်ရှိ သောအခါ ၊ သူ တို့ သည် ထွက် သွားကြပါ၏။ အဘယ် အရပ်သို့ ထွက် သွားသည်ကို မ သိ ပါ။ အလျင်အမြန် လိုက် ကြလော့။ မှီ ကောင်း မှီပါလိမ့်မည်ဟု ပြန် ပြော၏။
မိုဃ်းချုပ်၍ တံခါးပိတ်ချိန်ရှိသောအခါ၊ သူတို့ သည် ထွက်သွားကြပါ၏။ အဘယ်အရပ်သို့ ထွက်သွား သည်ကို မသိပါ။ အလျင်အမြန်လိုက်ကြလော့။ မှီကောင်း မှီပါလိမ့်မည်ဟု ပြန်ပြော၏။
6 သို့ဆိုသော်လည်း ထိုသူ တို့ကို အိမ် အပေါ် သို့ တက်စေ၍ ၊ အမိုး ပေါ် မှာဖြန့် ထားသော ပိုက်ဆန် ရိုး ထဲ ၌ဝှက် ထားနှင့်ပြီ။
သို့ဆိုသော်လည်း ထိုသူတို့ကို အိမ်အပေါ်သို့ တက်စေ၍၊ အမိုးပေါ်မှာဖြန့်ထားသော ပိုက်ဆန်ရိုးထဲ၌ ဝှက်ထားနှင့်ပြီ။
7 မင်းလုလင် တို့သည် ယော်ဒန် မြစ်ကူး ရာလမ်း သို့ လိုက် ကြ၏။ မြို့ပြင် သို့ရောက်ကြပြီးမှ မြို့တံခါး များကို ပိတ် ကြ၏။
မင်းလုလင်တို့သည် ယော်ဒန်မြစ်ကူးရာလမ်းသို့ လိုက်ကြ၏။ မြို့ပြင်သို့ရောက်ကြပြီးမှ မြို့တံခါးများကို ပိတ်ကြ၏။
8 သူလျှို တို့သည် မ အိပ် မှီ မိန်းမ သည် သူ တို့ရှိရာ အိမ်မိုး ပေါ် သို့ တက် ၍၊
သူလျှိုတို့သည် မအိပ်မှီ မိန်းမသည် သူတို့ရှိရာ အိမ်မိုးပေါ်သို့တက်၍၊
9 ထာဝရဘုရား သည် သင် တို့အား ဤပြည် ကိုပေး တော်မူကြောင်း ကို၎င်း ၊ သင် တို့ကို ငါ တို့ကြောက်လန့် အားကြီး၍ သင် တို့ကြောင့် ပြည်သူ ပြည်သားအပေါင်း တို့သည် စိတ်ပျက် ကြောင်း ကို၎င်းကျွန်မသိ ပါ၏။
ထာဝရဘုရားသည် သင်တို့အား ဤပြည်ကို ပေး တော်မူကြောင်းကို၎င်း၊ သင်တို့ကို ငါတို့ကြောက်လန့်အား ကြီး၍ သင်တို့ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက်ကြောင်းကို၎င်း ကျွန်မသိပါ၏။
10 ၁၀ သင် တို့သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအခါ ၊ ဧဒုံ ပင်လယ်ရေ ကို ထာဝရဘုရား ခန်းခြောက် စေတော်မူကြောင်းကို၎င်း၊ ယော်ဒန် မြစ်တဘက် ၌နေ၍ သင်တို့ရှင်းရှင်းဖျက်ဆီး သော အာမောရိ ရှင်ဘုရင် ရှိဟုန် နှင့် ဩဃ တို့၌ သင်တို့ပြု သောအမှု ကို၎င်း၊ အကျွန်ုပ်တို့ကြား ရကြပြီ။
၁၀သင်တို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ၊ ဧဒုံပင်လယ်ရေကို ထာဝရဘုရား ခန်းခြောက်စေတော်မူ ကြောင်းကို၎င်း၊ ယော်ဒန်မြစ်တဘက်၌နေ၍ သင်တို့ ရှင်းရှင်းဖျက်ဆီးသော အာမောရိရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့၌ သင်တို့ပြုသောအမှုကို၎င်း၊ အကျွန်ုပ်တို့ကြား ရကြပြီ။
11 ၁၁ ထိုသိတင်းကိုကြား သောအခါ ၊ အကျွန်ုပ် တို့သည် စိတ်ပျက် ၍ သင် တို့ကြောင့် တစုံတယောက် သောသူ၌ မျှ ရဲရင့်ခြင်းသတ္တိ အလျှင်း မ ကျန် ကြွင်းပါ။ အကြောင်းမူကား ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် အထက် ကောင်းကင် ဘုံ၌ ၎င်း၊ အောက် အရပ်မြေကြီး ၌ ၎င်း၊ အစိုးရသောဘုရား သခင်ဖြစ်တော်မူ၏။
၁၁ထိုသိတင်းကိုကြားသောအခါ၊ အကျွန်ုပ်တို့သည် စိတ်ပျက်၍ သင်တို့ကြောင့် တစုံတယောက်သောသူ၌မျှ ရဲရင့်ခြင်းသတ္တိ အလျှင်းမကျန်ကြွင်းပါ။ အကြောင်းမူ ကား၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် အထက် ကောင်းကင်ဘုံ၌၎င်း၊ အောက်အရပ်မြေကြီး၌၎င်း၊ အစိုး ရသော ဘုရားသခင်ဖြစ်တော်မူ၏။
12 ၁၂ သို့ဖြစ်၍ သင် တို့၌ ကျွန်မသည် ကျေးဇူး ပြု သောကြောင့် သင်တို့သည် ကျွန်မ ပေါက်ဘော် တို့၌ ကျေးဇူး ပြု ၍၊
၁၂သို့ဖြစ်၍ သင်တို့၌ ကျွန်မသည် ကျေးဇူးပြုသော ကြောင့် သင်တို့သည် ကျွန်မပေါက်ဘော်တို့၌ ကျေးဇူးပြု ၍၊
13 ၁၃ ကျွန်မ မိဘ ၊ ညီအစ်မ ၊ မောင် အစရှိသောသူ တို့ နှင့်ဆိုင်သမျှ သောသူ တို့ ကို မသတ်ဘဲ အသက် ချမ်းသာပေးမည်ဟု ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို ကြပါ။ မှန် သောလက္ခဏာ သက်သေကိုလည်း ပေး ခဲ့ကြပါဟုဆို လျှင်၊
၁၃ကျွန်မမိဘ၊ ညီအစ်မ၊ မောင်အစရှိသော သူတို့ နှင့်ဆိုင်သမျှသော သူတို့ကို မသတ်ဘဲ အသက်ချမ်းသာ ပေးမည်ဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုကြပါ။ မှန်သောလက္ခဏာသက်သေကိုလည်း ပေးခဲ့ကြပါဟုဆို လျှင်၊
14 ၁၄ ထိုသူတို့က၊ သင်သည် ငါ တို့အမှု ကို မ ဘော် မပြ လျှင် သင့် အသက်အတွက် ငါ တို့အသက် သည် အာမခံ ဖြစ်စေတော့။ ဤပြည် ကို ထာဝရဘုရား ပေး တော်မူသောအခါ ၊ သင် ၌ သစ္စာ စောင့်၍ ကျေးဇူး ပြု မည်ဟု ဝန်ခံ ကြ၏။
၁၄ထိုသူတို့က၊ သင်သည် ငါတို့အမှုကို မဘော်မပြ လျှင် သင့်အသက်အတွက် ငါတို့အသက်သည် အာမခံ ဖြစ်စေတော့။ ဤပြည်ကို ထာဝရဘုရားပေးတော်မူသော အခါ၊ သင်၌ သစ္စာစောင့်၍ ကျေးဇူးပြုမည်ဟု ဝန်ခံကြ၏။
15 ၁၅ ထိုမိန်းမ နေ ရာ အိမ် သည် မြို့ရိုး နားမှာရှိသောကြောင့် ၊ ထိုသူ တို့ကို ပြတင်းပေါက် က ကြိုး နှင့် လျှော့ချ လျက်၊
၁၅ထိုမိန်းမနေရာ အိမ်သည် မြို့ရိုးနားမှာရှိသော ကြောင့်၊ ထိုသူတို့ကို ပြတင်းပေါက်ကကြိုးနှင့် လျှော့ချ လျက်၊
16 ၁၆ သင် တို့သည် လိုက် ၍ရှာသောသူတို့နှင့် လွတ် မည်အကြောင်းတောင် ပေါ်သို့ ပြေး ၍ သုံး ရက် ပုန်း နေကြ ပါ။ ရှာ သောသူတို့သည် ပြန် သောနောက် မှသွား ကြပါဟု ဆို လျှင်၊
၁၆သင်တို့သည် လိုက်၍ရှာသောသူတို့နှင့် လွတ် မည်အကြောင်း တောင်ပေါ်သို့ပြေး၍ သုံးရက်ပုန်းနေကြ ပါ။ ရှာသောသူတို့သည် ပြန်သောနောက်မှ သွားကြပါဟု ဆိုလျှင်၊
17 ၁၇ ထိုသူတို့က၊ သင်သည် ကျိန်ဆို စေသောအကျိန် ကြောင့် ၊ ငါ တို့၌ အပြစ် မရောက်ပါစေနှင့်။
၁၇ထိုသူတို့က၊ သင်သည် ကျိန်ဆိုစေသောအကျိန် ကြောင့်၊ ငါတို့၌ အပြစ်မရောက်ပါစေနှင့်။
18 ၁၈ ဤပြည် သို့ ငါ တို့ရောက် လာသောအခါ ၊ ယခု လျှော့ချ သော ပြတင်းပေါက် ၌ ဤ ကြိုး နီကို ချည် ထား၍ ၊ သင့် မိဘ ၊ သင့် မောင် များနှင့် ပေါက်ဘော် များအပေါင်း တို့ ကို သင့် အိမ် ၌ ခေါ် ထားရမည်။
၁၈ဤပြည်သို့ ငါတို့ရောက်လာသောအခါ၊ ယခု လျှော့ချသော ပြတင်းပေါက်၌ ဤကြိုးနီကို ချည်ထား၍၊ သင့်မိဘ၊ သင့်မောင်များနှင့် ပေါက်ဘော်များအပေါင်းတို့ ကို သင့်အိမ်၌ ခေါ်ထားရမည်။
19 ၁၉ ထိုအခါ သင့် အိမ် ထဲက လမ်း သို့ ထွက်သွား သော သူ မည်သည်ကား၊ သေလျှင်သေ ပြစ်ကို ကိုယ်တိုင် ခံ စေ၊ ငါ တို့သည် အပြစ် လွတ်စေ။ သင့် အိမ် ၌ ရှိ သောသူ မည်သည်ကို အသေ သတ်လျှင် သေ ပြစ်ကို ငါ တို့သည် ခံ စေ။
၁၉ထိုအခါ သင့်အိမ်ထဲက လမ်းသို့ထွက်သွားသော သူမည်သည်ကား၊ သေလျှင်သေပြစ်ကို ကိုယ်တိုင်ခံစေ၊ ငါတို့သည် အပြစ်လွတ်စေ။ သင့်အိမ်၌ ရှိသောသူမည် သည်ကို အသေသတ်လျှင် သေပြစ်ကို ငါတို့သည် ခံစေ။
20 ၂၀ ငါ တို့အမှု ကိုလည်း သင်သည် ဘော်ပြ လျှင် ၊ သင် ယခုကျိန်ဆို စေသော အကျိန် နှင့် ငါ တို့သည် လွတ် စေ ဟုဆိုလျှင်၊
၂၀ငါတို့အမှုကိုလည်း သင်သည် ဘော်ပြလျှင်၊ သင်ယခုကျိန်ဆိုစေသော အကျိန်နှင့် ငါတို့သည် လွတ်စေ ဟုဆိုလျှင်၊
21 ၂၁ မိန်းမက၊ သင် တို့စကား ရှိသည်အတိုင်း ဖြစ်ပါစေတော့ဟု ဝန်ခံ လျက် လွှတ် လိုက်၍ သူတို့သည် သွား ကြ ၏။ မိန်းမသည်လည်း ထိုကြိုး နီကို ပြတင်းပေါက် ၌ ချည် ထားလေ၏။
၂၁မိန်းမက၊ သင်တို့စကားရှိသည်အတိုင်း ဖြစ်ပါ စေတော့ဟု ဝန်ခံလျက် လွှတ်လိုက်၍ သူတို့သည် သွားကြ ၏။ မိန်းမသည်လည်း ထိုကြေးနီကို ပြတင်းပေါက်၌ ချည်ထားလေ၏။
22 ၂၂ ထို သူတို့သည် တောင် ပေါ်သို့ ရောက် အောင် သွား ၍ လိုက် ရှာ သောသူတို့ မပြန် မှီတိုင်အောင် သုံး ရက် နေ ကြ၏။ ရှာ သောသူတို့သည်လည်း လမ်း တရှောက်လုံး ရှာ ၍ မ တွေ့ကြ။
၂၂ထိုသူတို့သည် တောင်ပေါ်သို့ရောက်အောင် သွား၍ လိုက်ရှာသောသူတို့ မပြန်မှီတိုင်အောင် သုံးရက် နေကြ၏။ ရှာသောသူတို့သည်လည်း လမ်းတရှောက်လုံး ရှာ၍ မတွေ့ကြ။
23 ၂၃ ထို လူ နှစ် ယောက်တို့သည် လှည့် ၍ တောင် ပေါ် က ဆင်း ပြီးမှ မြစ်ကို ကူး သဖြင့် ၊ နုန် ၏သား ယောရှု ထံ သို့ ရောက် ၍ ၊ မိမိ တို့၌ ဖြစ် သမျှတို့ကို ပြန်ကြား လျက်၊
၂၃ထိုလူနှစ်ယောက်တို့သည် လှည့်၍ တောင်ပေါ် က ဆင်းပြီးမှ မြစ်ကို ကူးသဖြင့်၊ နုန်၏သား ယောရှုထံသို့ ရောက်၍၊ မိမိတို့၌ ဖြစ်သမျှတို့ကို ပြန်ကြားလျက်၊
24 ၂၄ အကယ်စင်စစ် ထာဝရဘုရား သည် ထိုပြည် တရှောက်လုံး ကို ငါတို့လက်သို့ အပ် တော်မူပြီ။ ငါ တို့ ကြောင့် ပြည်သူ ပြည်သားအပေါင်း တို့သည် စိတ်ပျက် လျက် ရှိကြပါ၏ဟု ယောရှု အား လျှောက် ဆို၏။
၂၄အကယ်စင်စစ် ထာဝရဘုရားသည် ထိုပြည် တရှောက်လုံးကို ငါတို့လက်သို့ အပ်တော်မူပြီ။ ငါတို့ ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက် လျက် ရှိကြပါ၏ဟု ယောရှုအား လျှောက်ဆို၏။

< ယောရှု 2 >