< ယောရှု 7 >
1 ၁ သို့ရာတွင် ယုဒ အမျိုး ၊ ဇေရ ၊ ဇာဗဒိ ၊ ကာမိ တို့မှ ဆင်းသက်သော အာခန် သည်၊ ကျိန် အပ်သောအရာကို သိမ်းယူ ၍ ထိုအရာအားဖြင့်ဣသရေလ အမျိုးသားတို့ သည် ပြစ်မှား သောအပြစ် ရှိသောကြောင့်၊ ထာဝရဘုရား သည် သူ တို့၌ အမျက်ထွက် တော်မူ၏။
၁သို့ရာတွင် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သော အာခန်သည်၊ ကျိန်အပ်သောအရာကို သိမ်းယူ၍ ထိုအရာအားဖြင့် ဣသရေလအမျိုးသားတို့ သည် ပြစ်မှားသောအပြစ် ရှိသောကြောင့်၊ ထာဝရဘုရား သည် သူတို့၌ အမျက်ထွက်တော်မူ၏။
2 ၂ ယောရှု သည်လည်း ၊ ယေရိခေါ မြို့မှ လူ တို့ကို စေလွှတ် ၍၊ သင်တို့သည် ဗေသလ မြို့အရှေ့ ၊ ဗေသဝင် မြို့ အနား မှာရှိသော အာဣ မြို့သို့ သွား ၍ ထိုပြည် ကို ကြည့်ရှု ကြလော့ဟု မှာ ထားသည်အတိုင်း သူတို့သည် သွား ၍ ၊ အာဣ မြို့ကို ကြည့်ရှု ပြီးလျှင်၊
၂ယောရှုသည်လည်း၊ ယေရိခေါမြို့မှ လူတို့ကို စေလွှတ်၍၊ သင်တို့သည် ဗေသလမြို့အရှေ့၊ ဗေသဝင်မြို့ အနားမှာရှိသော အာဣမြို့သို့ သွား၍ ထိုပြည်ကို ကြည့်ရှု ကြလော့ဟု မှာထားသည်အတိုင်း သူတို့သည် သွား၍၊ အာဣမြို့ကို ကြည့်ရှုပြီးလျှင်၊
3 ၃ ယောရှု ထံ သို့ ပြန် လာ၍ ၊ ဤလူ တို့ကို အကုန်အစင် မ သွား ပါစေနှင့်။ လူ နှစ် ထောင်သုံး ထောင် လောက် သွား ၍ အာဣ မြို့ကို လုပ်ကြံ ပါစေ။ ထို မြို့သို့ သွားရာတွင် ဤလူ အပေါင်း တို့ကို မ ပင်ပန်း ပါစေနှင့်။ မြို့ သားတို့သည် မများ ပါဟု လျှောက် သည်နှင့်အညီ၊
၃ယောရှုထံသို့ ပြန်လာ၍၊ ဤလူတို့ကို အကုန်အ စင် မသွားပါစေနှင့်။ လူနှစ်ထောင် သုံးထောင်လောက် သွား၍ အာဣမြို့ကို လုပ်ကြံပါစေ။ ထိုမြို့သို့ သွားရာတွင် ဤလူအပေါင်းတို့ကို မပင်ပန်းပါစေနှင့်။ မြို့သားတို့သည် မများပါဟု လျှောက်သည်နှင့်အညီ၊
4 ၄ လူ သုံး ထောင် ခန့် မျှ ချီ သွား၍ အာဣ မြို့သား တို့ ရှေ့ မှာ ပြေး ရကြ၏။
၄လူသုံးထောင်ခန့်မျှ ချီသွား၍ အာဣမြို့သားတို့ ရှေ့မှာ ပြေးရကြ၏။
5 ၅ အာဣ မြို့သား တို့သည် လူ သုံးဆယ် ခြောက် ယောက်တို့ကိုသတ် ကြ၏။ မြို့တံခါး မှ သည် ရှေဗရိမ် အရပ် တိုင်အောင် လိုက် ၍ ၊ ထိုအရပ်၌ ဆင်း ရာတွင် လုပ်ကြံ ကြသောကြောင့်၊ လူ များတို့၏ စိတ်နှလုံး သည် အရည်ကျို ၍ ရေ ကဲ့သို့ ဖြစ် လေ၏။
၅အာဣမြို့သားတို့သည် လူသုံးဆယ်ခြောက် ယောက်တို့ကို သတ်ကြ၏။ မြို့တံခါးမှသည် ရှေဗရိမ်အ ရပ်တိုင်အောင်လိုက်၍၊ ထိုအရပ်၌ ဆင်းရာတွင် လုပ်ကြံ ကြသောကြောင့်၊ လူများတို့၏ စိတ်နှလုံးသည် အရည်ကျို ၍ ရေကဲ့သို့ ဖြစ်လေ၏။
6 ၆ ထိုအခါ ယောရှု သည် မိမိ အဝတ် ကို ဆုတ် ၍ ဣသရေလ အမျိုး အသက်ကြီး သူတို့နှင့်တကွ ၊ မိမိ တို့ခေါင်း ပေါ် ၌ မြေမှုန့် ကိုတင် ၍ ထာဝရဘုရား ၏ သေတ္တာ တော် ရှေ့ မှာ ည ဦးတိုင်အောင် ဝပ် လျက်နေကြ၏။
၆ထိုအခါ ယောရှုသည် မိမိအဝတ်ကို ဆုတ်၍ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်တကွ၊ မိမိတို့ခေါင်း ပေါ်၌ မြေမှုန့်ကိုတင်၍ ထာဝရဘုရား၏ သေတ္တာတော် ရှေ့မှာ ညဦးတိုင်အောင် ဝပ်လျက်နေကြ၏။
7 ၇ ယောရှု ကလည်း ၊ အို အရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ဤ လူ အပေါင်းတို့ကို အာမောရိ လူတို့လက် သို့ အပ် ၍ ဖျက်ဆီး စေခြင်းငှါ ယော်ဒန် မြစ်တဘက် သို့ အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ အကျွန်ုပ်တို့ သည် ရောင့်ရဲသောစိတ်ရှိ၍ ယော်ဒန် မြစ်အရှေ့ ဘက်၌ နေ ကြပါစေသော။
၇ယောရှုကလည်း၊ အိုအရှင် ထာဝရဘုရား၊ ကိုယ် တော်သည် ဤလူအပေါင်းတို့ကို အာမောရိလူတို့လက်သို့ အပ်၍ ဖျက်ဆီးစေခြင်းငှါ ယော်ဒန်မြစ်တဘက်သို့ အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ အကျွန်ုပ်တို့ သည် ရောင့်ရဲသောစိတ်ရှိ၍ ယော်ဒန်မြစ်အရှေ့ဘက်၌ နေကြပါစေသော။
8 ၈ အို ဘုရား ရှင်၊ ဣသရေလ အမျိုးသားတို့သည် ရန်သူ တို့ရှေ့ မှာ ကျော ကိုလှည့် ရကြသည်ဖြစ်၍ အကျွန်ုပ် သည် အဘယ်သို့ ပြော ရပါမည်နည်း။
၈အိုဘုရားရှင်၊ ဣသရေလအမျိုးသားတို့သည် ရန်သူတို့ရှေ့မှာ ကျောကိုလှည့်ရကြသည်ဖြစ်၍ အကျွန်ုပ် သည် အဘယ်သို့ ပြောရပါမည်နည်း။
9 ၉ ခါနနိ လူ အစရှိသော ဤပြည်သူပြည်သား အပေါင်း တို့သည် ထိုသိတင်းကို ကြား လျှင်၊ အကျွန်ုပ် တို့ကို ဝိုင်း ၍ အကျွန်ုပ် တို့၏နာမည် ကို မြေကြီး မှ ပယ်ရှင်း ကြပါ လိမ့်မည်။ ကိုယ်တော် သည် ကြီးမြတ် သောနာမ တော်အဘို့ အလိုငှါ အဘယ်သို့ ပြု တော်မူမည်နည်းဟု လျှောက်ဆို ၏။
၉ခါနနိလူ အစရှိသော ဤပြည်သူပြည်သား အပေါင်းတို့သည် ထိုသိတင်းကို ကြားလျှင်၊ အကျွန်ုပ်တို့ကို ဝိုင်း၍ အကျွန်ုပ်တို့၏နာမည်ကို မြေကြီးမှ ပယ်ရှင်းကြပါ လိမ့်မည်။ ကိုယ်တော်သည် ကြီးမြတ်သောနာမတော်အဘို့ အလိုငှါ အဘယ်သို့ ပြုတော်မူမည်နည်းဟု လျှောက်ဆို၏။
10 ၁၀ ထာဝရဘုရား ကလည်း ၊ ထ လော့။ အဘယ်ကြောင့် ဝပ် ၍နေသနည်း။
၁၀ထာဝရဘုရားကလည်း၊ ထလော့။ အဘယ် ကြောင့် ဝပ်၍နေသနည်း။
11 ၁၁ ဣသရေလ အမျိုးသည် ပြစ်မှား ပြီ။ ငါမှာ ထား သော ပဋိညာဉ် တရားကို ဖျက် လေပြီ။ ကျိန် အပ်သောအရာကို ခိုး ယူ၍ ပရိယာယ် ပြုသဖြင့် မိမိ ဥစ္စာ ထဲ မှာ ထား လေပြီ။
၁၁ဣသရေလအမျိုးသည် ပြစ်မှားပြီ။ ငါမှာထား သော ပဋိညာဉ်တရားကို ဖျက်လေပြီ။ ကျိန်အပ်သောအ ရာကို ခိုးယူ၍ ပရိယာယ်ပြုသဖြင့် မိမိဥစ္စာထဲမှာ ထား လေပြီ။
12 ၁၂ ထိုသို့ ဣသရေလ အမျိုးသားတို့သည် ကျိန် အပ် သောသူဖြစ် သောကြောင့် ၊ ရန်သူ တို့ရှေ့ မှာ မခံ မ ရပ်နိုင် ၊ ကျော ကို လှည့် ရကြ၏။ ကျိန် အပ်သောသူကို သင် တို့အထဲ က မ ပယ် မရှင်းလျှင် သင် တို့နှင့်အတူ ငါမ နေ။
၁၂ထိုသို့ ဣသရေလအမျိုးသားတို့သည် ကျိန်အပ် သောသူဖြစ်သောကြောင့်၊ ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်၊ ကျောကို လှည့်ရကြ၏။ ကျိန်အပ်သောသူကို သင်တို့အထဲ က မပယ်မရှင်းလျှင် သင်တို့နှင့်အတူ ငါမနေ။
13 ၁၃ ထ ၍ လူ များတို့ကို သန့်ရှင်း စေလော့။ နက်ဖြန် နေ့အဘို့ ကိုယ်ကိုကိုယ်သန့်ရှင်း စေကြဟု ဆင့်ဆို လော့။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ သည်ကား၊ အိုဣသရေလ အမျိုး၊ ကျိန် အပ်သောအရာ သည် သင် တို့အထဲ ၌ ရှိ၏။ ထိုအရာကို သင် တို့အထဲ က မပယ် မရှင်းမှီတိုင်အောင် ရန်သူ တို့ရှေ့ မှာ မ ခံ မရပ်နိုင် ကြ။
၁၃ထ၍ လူများတို့ကို သန့်ရှင်းစေလော့။ နက်ဖြန် နေ့အဘို့ ကိုယ်ကိုကိုယ် သန့်ရှင်းစေကြဟု ဆင့်ဆိုလော့။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော် မူသည်ကား၊ အိုဣသရေလအမျိုး၊ ကျိန်အပ်သောအရာ သည် သင်တို့အထဲ၌ ရှိ၏။ ထိုအရာကို သင်တို့အထဲက မပယ်မရှင်းမှီတိုင်အောင် ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်ကြ။
14 ၁၄ နက်ဖြန်နံနက် ၌ သင် တို့သည် အမျိုးအနွယ် အလိုက် ချဉ်းကပ် ရကြမည်။ ထာဝရဘုရား မှတ် တော်မူသော အမျိုး သည်၊ အဆွေအမျိုး အလိုက် ချဉ်းကပ် ရကြမည်။ ထာဝရဘုရား မှတ် တော်မူသောအမျိုး သည်၊ အိမ်ထောင် စုံနှင့် ချဉ်းကပ် ရကြမည်။ ထာဝရဘုရား မှတ် တော်မူသောအိမ်ထောင် သည် လူ အသီးသီးချဉ်းကပ် ရကြမည်။
၁၄နက်ဖြန်နံနက်၌ သင်တို့သည် အမျိုးအနွယ်အ လိုက် ချဉ်းကပ်ရကြမည်။ ထာဝရဘုရား မှတ်တော်မူ သော အမျိုးသည်၊ အဆွေအမျိုးအလိုက် ချဉ်းကပ်ရကြ မည်။ ထာဝရဘုရား မှတ်တော်မူသောအမျိုးသည်၊ အိမ်ထောင်စုံနှင့် ချဉ်းကပ်ရကြမည်။ ထာဝရ ဘုရား မှတ်တော်မူသော အိမ်ထောင်သည် လူအသီးသီး ချဉ်းကပ်ရကြမည်။
15 ၁၅ ကျိန် အပ်သော အရာပါ လျက် မှတ် တော်မူသောသူမှစ၍၊ သူ ၌ ရှိသမျှ တို့ကို မီး ရှို့ရကြမည်။ အကြောင်းမူကား ၊ သူသည် ထာဝရဘုရား ၏ ပဋိညာဉ် တရားကို ဖျက် ၍ ဣသရေလ အမျိုး၌ အဓမ္မ အမှုကို ပြု လေပြီဟု ယောရှု အား မိန့် တော်မူ၏။
၁၅ကျိန်အပ်သော အရာပါလျက် မှတ်တော်မူသော သူမှစ၍၊ သူ၌ရှိသမျှတို့ကို မီးရှို့ရကြမည်။ အကြောင်းမူ ကား၊ သူသည် ထာဝရဘုရား၏ ပဋိညာဉ်တရားကို ဖျက် ၍ ဣသရေလအမျိုး၌ အဓမ္မအမှုကို ပြုလေပြီဟု ယောရှု အား မိန့်တော်မူ၏။
16 ၁၆ နံနက် စောစောယောရှု သည် ထ ၍ ဣသရေလ လူတို့ကို အမျိုးအနွယ် အလိုက် ဆောင် ခဲ့သဖြင့် ယုဒ အမျိုး ကို မှတ် တော်မူ၏။
၁၆နံနက်စောစော ယောရှုသည် ထ၍ ဣသရေလ လူတို့ကို အမျိုးအနွယ်အလိုက် ဆောင်ခဲ့သဖြင့် ယုဒအမျိုး ကို မှတ်တော်မူ၏။
17 ၁၇ ယုဒ အမျိုး ကို ဆောင် ခဲ့သဖြင့် ၊ ဇေရိ အဆွေအမျိုး ကို မှတ် တော်မူ၏။ ဇေရိ အဆွေအမျိုး အိမ်ထောင် စုံ အသီးအသီးတို့ကို ဆောင် ခဲ့သဖြင့် ဇာဗဒိ အိမ်ထောင်ကို မှတ် တော်မူ၏။
၁၇ယုဒအမျိုးကို ဆောင်ခဲ့သဖြင့်၊ ဇေရိအဆွေအ မျိုးကို မှတ်တော်မူ၏။ ဇေရိအဆွေအမျိုး အိမ်ထောင်စုံ အသီးအသီးတို့ကို ဆောင်ခဲ့သဖြင့် ဇာဗဒိအိမ်ထောင်ကို မှတ်တော်မူ၏။
18 ၁၈ ထိုအိမ်ထောင် လူ အသီးအသီးတို့ကို ဆောင် ခဲ့သဖြင့် ယုဒ အမျိုး ၊ ဇေရ ၊ ဇာဗဒိ ၊ ကာမိ တို့မှ ဆင်းသက်သော အာခန် ကို မှတ် တော်မူ၏။
၁၈ထိုအိမ်ထောင် လူအသီးအသီးတို့ကို ဆောင်ခဲ့သ ဖြင့် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သော အာခန်ကို မှတ်တော်မူ၏။
19 ၁၉ ယောရှု ကလည်း၊ ငါ့ သား ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ကို ချီးမွမ်း ၍ ရှေ့တော်၌ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ပါလော့။ သင်ပြု မိသောအမှု ကိုငါ့ အား ပြော ပါလော့။ ဝှက် ၍မ ထား ပါနှင့်ဟု အာခန် အား ဆို လျှင်၊
၁၉ယောရှုကလည်း၊ ငါ့သား၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ချီးမွမ်း၍ ရှေ့တော်၌ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ပါလော့။ သင်ပြုသောအမှုကို ငါ့အားပြောပါလော့။ ဝှက်၍မထား ပါနှင့်ဟု အာခန်အားဆိုလျှင်၊
20 ၂၀ အာခန် က၊ ဟုတ် ပါ၏။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ကို ကျွန်တော် ပြစ်မှား ပါပြီ။ ကျွန်တော်ပြု မိသောအမှု ဟူမူကား၊
၂၀အာခန်က၊ ဟုတ်ပါ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ကျွန်တော်ပြစ်မှားပါပြီ။ ကျွန်တော်ပြုမိသောအမှု ဟူမူကား၊
21 ၂၁ လုယူ သော ဥစ္စာတို့တွင် မြတ် သောဗာဗုလုန် ဝတ်လုံ ၊ ငွေ နှစ် ပိဿာ၊ ရွှေ တုံးအကျပ် ငါးဆယ် ကို ကျွန်တော် မြင် သဖြင့် ၊ တပ်မက် ၍ သိမ်းယူ မိပါပြီ။ ကျွန်တော် တဲ အတွင်း မြေ ၌ မြှုပ် လျက် ငွေ သည် အောက် ဆုံးရှိပါ သည်ဟု ယောရှု အား ပြန် လျှောက်လေ၏။
၂၁လုယူသော ဥစ္စာတို့တွင် မြတ်သောဗာဗုလုန် ဝတ်လုံ၊ ငွေနှစ်ပိဿာ၊ ရွှေတုံးအကျပ်ငါးဆယ်ကို ကျွန် တော်မြင်သဖြင့်၊ တပ်မက်၍ သိမ်းယူမိပါပြီ။ ကျွန်တော် တဲအတွင်း မြေ၌မြှုပ်လျက် ငွေသည် အောက်ဆုံးရှိပါ သည်ဟု ယောရှုအား ပြန်လျှောက်လေ၏။
22 ၂၂ ထိုအခါ ယောရှု စေလွှတ် သောသူ တို့သည် တဲ သို့ ပြေး ၍ ထိုဥစ္စာသည် တဲ အတွင်း မြေ၌မြှုပ် လျက်၊ ငွေ သည် အောက် ဆုံးရှိသည်ကို တွေ့ သော်၊
၂၂ထိုအခါ ယောရှုစေလွှတ်သောသူတို့သည် တဲသို့ ပြေး၍ ထိုဥစ္စာသည် တဲအတွင်း မြေ၌မြှုပ်လျက်၊ ငွေသည် အောက်ဆုံးရှိသည်ကို တွေ့သော်၊
23 ၂၃ တဲ ထဲ က ထုတ် ၍ ယောရှု ထံ ဣသရေလ အမျိုးသားများရှေ့ သို့ ဆောင် သွားသဖြင့် ၊ ထာဝရဘုရား ရှေ့ တော်၌ ထား ကြ၏။
၂၃တဲထဲကထုတ်၍ ယောရှုထံ ဣသရေလအမျိုး သားများရှေ့သို့ ဆောင်သွားသဖြင့်၊ ထာဝရဘုရားရှေ့ တော်၌ ထားကြ၏။
24 ၂၄ ယောရှု နှင့် ဣသရေလ အမျိုးသားအပေါင်း တို့ သည်၊ ဇေရ သား အာခန် မှစ၍ ထိုငွေ ၊ ဝတ်လုံ ၊ ရွှေ တုံး၊ သားသမီး ၊ သိုး နွား မြည်း ၊ တဲ နှင့်တကွ သူ ၌ ရှိသမျှ တို့ကို အာခေါ် ချိုင့် သို့ ဆောင် သွားပြီးမှ၊
၂၄ယောရှုနှင့် ဣသရေလအမျိုးသားအပေါင်းတို့ သည်၊ ဇေရသာအာခန်မှစ၍ ထိုငွေ၊ ဝတ်လုံ၊ ရွှေတုံး၊ သားသမီး၊ သိုးနွားမြည်း၊ တဲနှင့်တကွ သူ၌ရှိသမျှတို့ကို အာခေါ်ချိုင့်သို့ ဆောင်သွားပြီးမှ၊
25 ၂၅ ယောရှု က၊ ငါ တို့ကို အဘယ်ကြောင့် နှောင့်ရှက် သနည်း။ ယနေ့ ထာဝရဘုရား သည် သင့် ကို နှောင့်ရှက် တော်မူမည်ဟု ဆို သဖြင့် ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ကျောက်ခဲ နှင့် ပစ်ကြ၏။ ကျောက်ခဲ နှင့် ပစ်ကြ ပြီးမှ ၊ မီး ရှို့ကြ၏။
၂၅ယောရှုက၊ ငါတို့ကို အဘယ်ကြောင့် နှောင့်ရှက် သနည်း။ ယနေ့ ထာဝရဘုရားသည် သင့်ကို နှောင့်ရှက် တော်မူမည်ဟု ဆိုသဖြင့်၊ ဣသရေလအမျိုးသား အပေါင်း တို့သည် ကျောက်ခဲနှင့် ပစ်ကြ၏။ ကျောက်ခဲနှင့် ပစ်ကြ ပြီးမှ၊ မီးရှို့ကြ၏။
26 ၂၆ သူ့ အပေါ် ၌ များစွာ သော ကျောက် တို့ကို ပုံ ထား ကြ၍ ယနေ့ တိုင်အောင် ရှိ၏။ ထာဝရဘုရား သည်လည်း အမျက် တော်အရှိန် ကို ငြိမ်း စေတော်မူ၏။ ထို အမှုကို အစွဲပြု ၍ ထို ချိုင့် ကို ယနေ့ တိုင်အောင် အာခေါ် ချိုင့် ဟု ခေါ်ဝေါ် ကြသတည်း။
၂၆သူ့အပေါ်၌ များစွာသော ကျောက်တို့ကို ပုံထား ကြ၍ ယနေ့တိုင်အောင်ရှိ၏။ ထာဝရဘုရားသည်လည်း အမျက်တော်အရှိန်ကို ငြိမ်းစေတော်မူ၏။ ထိုအမှုကို အစွဲ ပြု၍ ထိုချိုင့်ကို ယနေ့တိုင်အောင် အာခေါ်ချိုင့်ဟု ခေါ် ဝေါ်ကြသတည်း။