< ယောရှု 6 >

1 ထိုအခါ ဣသရေလ အမျိုးသားတို့ကြောင့် ၊ ယေရိခေါ မြို့သည် ကျပ်တည်းစွာ ပိတ် ထားလျက် ရှိ၍ ၊ ထွက် သောသူ၊ ဝင် သောသူ တစုံတယောက်မျှမ ရှိသည်နှင့်အညီ၊
ထိုအခါ ဣသရေလအမျိုးသားတို့ကြောင့်၊ ယေ ရိခေါမြို့သည် ကျပ်တည်းစွာ ပိတ်ထားလျက် ရှိ၍၊ ထွက် သောသူ၊ ဝင်သောသူ တစုံတယောက်မျှမရှိသည်နှင့်အညီ၊
2 ထာဝရဘုရား က၊ ကြည့်ရှု လော့။ ယေရိခေါ မြို့၊ ယေရိခေါ မင်းကြီး နှင့်တကွ ခွန်အားကြီးသော စစ်သူရဲ တို့ ကို သင့် လက် ၌ ငါအပ် လေပြီ။
ထာဝရဘုရားက၊ ကြည့်ရှုလော့။ ယေရိခေါမြို့၊ ယေရိခေါမင်းကြီးနှင့်တကွ ခွန်အားကြီးသော စစ်သူရဲတို့ ကို သင့်လက်၌ ငါအပ်လေပြီ။
3 သို့ဖြစ်၍ မြို့ ကိုလှည့်ပတ် ရကြမည်။ ဣသရေလစစ်သူရဲ အပေါင်း တို့သည် ခြောက် ရက် ပတ်လုံးလှည့်ပတ် ခြင်းအမှုကို ပြု ရကြမည်။
သို့ဖြစ်၍ မြို့ကိုလှည့်ပတ်ရကြမည်။ ဣသရေလ စစ်သူရဲအပေါင်းတို့သည် ခြောက်ရက်ပတ်လုံးလှည့်ပတ် ခြင်းအမှုကို ပြုရကြမည်။
4 ယဇ် ပုရောဟိတ်ခုနစ် ယောက်တို့သည် သေတ္တာ တော်ရှေ့ မှာ ယုဘိလ တံပိုး ခုနစ် လုံးကို ဆောင် ရကြမည်။ သတ္တမ နေ့ ရက်၌ ခုနစ် ကြိမ် တိုင်အောင်မြို့ ကိုလှည့်ပတ် ၍ ယဇ်ပုရောဟိတ် တို့သည် တံပိုးကိုမှုတ် ရကြမည်။
ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည် သေတ္တာ တော်ရှေ့မှာ ယုဘိလတံပိုးခုနစ်လုံးကို ဆောင်ရကြမည်။ သတ္တမနေ့ရက်၌ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ် ၍ ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုမှုတ်ရကြမည်။
5 ယုဘိလ တံပိုး တို့ကို ရှည်သောအသံနှင့် မှုတ် ၍ ၊ တံပိုး သံ ကိုကြား လျှင် လူ အပေါင်း တို့သည် ကျယ် သောအသံနှင့် ကြွေးကြော် ၍ ၊ မြို့ရိုး သည် အကုန်အစင်ပြိုလဲ ရလိမ့်မည်။ ထိုအခါ လူ များတို့သည် တည့်တည့် တက် ရကြမည် ဟု ယောရှု အား မိန့် တော်မူ၏။
ယုဘိလတံပိုးတို့ကို ရှည်သောအသံနှင့် မှုတ်၍၊ တံပိုးသံကိုကြားလျှင် လူအပေါင်းတို့သည် ကျယ်သောအ သံနှင့် ကြွေးကြော်၍၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲရလိမ့် မည်။ ထိုအခါ လူများတို့သည် တည့်တည့်တက်ရကြမည် ဟု ယောရှုအား မိန့်တော်မူ၏။
6 နုန် ၏သား ယောရှု သည် ယဇ်ပုရောဟိတ် တို့ကို ခေါ် ၍ ၊ သင်တို့သည် ပဋိညာဉ် သေတ္တာ တော်ကို ထမ်း သွားသဖြင့်၊ ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ မှာ ခုနစ် ယောက်တို့သည် ယုဘိလ တံပိုး ခုနစ် လုံးကို ဆောင် သွားကြလော့ဟူ၍၎င်း၊
နုန်၏သား ယောရှုသည် ယဇ်ပုရောဟိတ်တို့ကို ခေါ်၍၊ သင်တို့သည် ပဋိညာဉ် သေတ္တာတော်ကို ထမ်း သွားသဖြင့်၊ ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ ခုနစ် ယောက်တို့သည် ယုဘိလတံပိုးခုနစ်လုံးကို ဆောင်သွား ကြလော့ဟူ၍၎င်း၊
7 လူ များတို့အား လည်း ၊ သင်တို့သွား ၍ မြို့ ကိုလှည့်ပတ် ကြလော့။ လက်နက်ကိုင် တို့သည် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ မှာ သွား ကြလော့ဟူ၍၎င်း မှာ ထားလေ ၏။
လူများတို့အားလည်း၊ သင်တို့သွား၍ မြို့ကိုလှည့် ပတ်ကြလော့။ လက်နက်ကိုင်တို့သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ သွားကြလော့ဟူ၍၎င်းမှာထားလေ ၏။
8 ယောရှု သည် လူ များတို့အား မှာ ထားပြီးမှ ၊ ယုဘိလ တံပိုး ခုနစ် လုံးကို ဆောင် သော ယဇ်ပုရောဟိတ် ခုနစ် ယောက်တို့သည် ထာဝရဘုရား ရှေ့ တော်၌ တံပိုး မှုတ် လျက် သွား ကြ၏။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်သည် သူ တို့နောက် သို့ လိုက်လေ၏။
ယောရှုသည် လူများတို့အား မှာထားပြီးမှ၊ ယု ဘိလတံပိုး ခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ်ခု နစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ တံပိုးမှုတ် လျက်သွားကြ၏။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ တော်သည် သူတို့နောက်သို့ လိုက်လေ၏။
9 တံပိုး မှုတ် သော ယဇ်ပုရောဟိတ် တို့ရှေ့ မှာ လက်နက်ကိုင် တို့သည် သွား ၍ ၊ ယဇ်ပုရောဟိတ်များ တံပိုး မှုတ် လျက်သွား ကြစဉ်၊ နောက်တပ်သားတို့သည် သေတ္တာ တော်နောက် သို့ လိုက် ကြ၏။
တံပိုးမှုတ်သော ယဇ်ပုရောဟိတ်တို့ရှေ့မှာ လက် နက်ကိုင်တို့သည် သွား၍၊ ယဇ်ပုရောဟိတ်များ တံပိုးမှုတ် လျက်သွားကြစဉ်၊ နောက်တပ်သားတို့သည် သေတ္တာ တော်နောက်သို့ လိုက်ကြ၏။
10 ၁၀ ယောရှု ကလည်း၊ သင် တို့သည် ကြွေးကြော် စေခြင်းငှါ ငါ မှာ ထားသောနေ့ မ ရောက်မှီတွင် မ ကြွေးကြော် ရ၊ အသံ တစုံတခုကိုမျှ မ ပြုရ၊ စကား တခွန်းကိုမျှ မ ပြော ရ။ ထိုနေ့ရောက်မှ ကြွေးကြော် ရကြမည်ဟု လူ များတို့အား မှာ နှင့်လေပြီ။
၁၀ယောရှုကလည်း၊ သင်တို့သည် ကြွေးကြော်စေ ခြင်းငှါ ငါမှာထားသောနေ့မရောက်မှီတွင် မကြွေးကြော် ရ၊ အသံတစုံတခုကိုမျှ မပြုရ၊ စကားတခွန်းကိုမျှ မပြော ရ။ ထိုနေ့ရောက်မှ ကြွေးကြော်ရကြမည်ဟု လူများတို့အား မှာနှင့်လေပြီ။
11 ၁၁ ထိုသို့ ထာဝရဘုရား ၏ သေတ္တာ တော်သည် မြို့ ကိုတ ကြိမ် လှည့်ပတ် ဝိုင်း သွားပြီးလျှင် ၊ တပ် ထဲသို့ ဝင် ပြန်၍ ညဉ့် ကိုလွန်စေကြ၏။
၁၁ထိုသို့ ထာဝရဘုရား၏ သေတ္တာတော်သည် မြို့ ကိုတကြိမ်လှည့်ပတ်ဝိုင်းသွားပြီးလျှင်၊ တပ်ထဲသို့ ဝင်ပြန်၍ ညဉ့်ကိုလွန်စေကြ၏။
12 ၁၂ နံနက် စောစော ယောရှု သည်ထ၍ ယဇ်ပုရောဟိတ် တို့သည် ထာဝရဘုရား ၏ သေတ္တာ တော်ကို ထမ်း ယူ ကြ၏။
၁၂နံနက်စောစော ယောရှုသည်ထ၍ ယဇ်ပုရော ဟိတ်တို့သည် ထာဝရဘုရား၏ သေတ္တာတော်ကို ထမ်းယူ ကြ၏။
13 ၁၃ ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ မှာ ယုဘိလ တံပိုး ခုနစ် လုံးကို ဆောင် သော ယဇ်ပုရောဟိတ် ခုနှစ် ယောက်တို့သည် သွား မြဲသွား ၍ တံပိုး မှုတ် ကြ၏။ လက်နက်ကိုင် တို့သည် သူ တို့ရှေ့ မှာသွား ၍ ယဇ်ပုရောဟိတ်များ တံပိုး မှုတ် လျက် သွား ကြစဉ်၊ နောက်တပ်သားတို့ သည် ထာဝရဘုရား ၏ သေတ္တာ တော်နောက် သို့ လိုက် ကြ ၏။
၁၃ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ ယုဘိလ တံပိုးခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ် ခုနှစ် ယောက်တို့သည် သွားမြဲသွား၍ တံပိုးမှုတ်ကြ၏။ လက် နက်ကိုင်တို့သည် သူတို့ရှေ့မှာသွား၍ ယဇ်ပုရောဟိတ် များ တံပိုးမှုတ်လျက် သွားကြစဉ်၊ နောက်တပ်သားတို့ သည် ထာဝရဘုရား၏ သေတ္တာတော်နောက်သို့ လိုက်ကြ ၏။
14 ၁၄ ဒုတိယ နေ့ ၌ မြို့ ကိုတ ကြိမ် လှည့်ပတ် ပြီးမှတပ် ထဲသို့ ပြန် လာကြ၏။ ထိုသို့ ခြောက် ရက် ပတ်လုံးပြု ကြ၏။
၁၄ဒုတိယနေ့၌ မြို့ကိုတကြိမ်လှည့်ပတ်ပြီးမှ တပ် ထဲသို့ ပြန်လာကြ၏။ ထိုသို့ ခြောက်ရက်ပတ်လုံး ပြုကြ၏။
15 ၁၅ သတ္တမ နေ့ နံနက် စောစောမိုဃ်းလင်းစက ထ ၍ အရင်နည်းတူ၊ ခုနစ် ကြိမ် တိုင်အောင်မြို့ ကို လှည့်ပတ် ကြ ၏။ ထို နေ့ ၌ သာ ခုနစ် ကြိမ် တိုင်အောင်မြို့ ကို လှည့်ပတ် ရကြ ၏။
၁၅သတ္တမနေ့ နံနက်စောစော မိုဃ်းလင်းစက ထ၍ အရင်နည်းတူ၊ ခုနစ်ကြိမ်တိုင်အောင် မြို့ကို လှည့်ပတ်ကြ ၏။ ထိုနေ့၌သာ ခုနစ်ကြိမ်တိုင်အောင် မြို့ကို လှည့်ပတ်ရ ကြ၏။
16 ၁၆ သတ္တမ အကြိမ် တွင် ယဇ်ပုရောဟိတ် တို့သည် တံပိုး မှုတ် သောအခါ ၊ ယောရှု က၊ ကြွေးကြော် ကြလော့။ ထာဝရဘုရား သည် သင် တို့အား မြို့ ကိုပေး တော်မူမည်။
၁၆သတ္တမအကြိမ်တွင် ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်သောအခါ၊ ယောရှုက၊ ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် သင်တို့အား မြို့ကို ပေးတော်မူမည်။
17 ၁၇ မြို့ နှင့်တကွ မြို့ ၌ ရှိသမျှ တို့ကို ကျိန် ၍ ထာဝရဘုရား ၌ အပ်ရမည်။ သို့ရာတွင်ပြည်တန်ဆာ ရာခပ် သည် ငါတို့စေလွှတ် သော တမန် တို့ကို ဝှက် ထားသောကြောင့် ၊ သူ နှင့်တကွ သူ ၏အိမ် ၌ ရှိသမျှ တို့အား အသက် ချမ်းသာပေးရမည်။
၁၇မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို ကျိန်၍ ထာဝရ ဘုရား၌ အပ်ရမည်။ သို့ရာတွင် ပြည်တန်ဆာရာခပ်သည် ငါတို့စေလွှတ်သော တမန်တို့ကို ဝှက်ထားသောကြောင့်၊ သူနှင့်တကွ သူ၏အိမ်၌ ရှိသမျှတို့အား အသက်ချမ်းသာ ပေးရမည်။
18 ၁၈ သင် တို့သည် ကျိန် အပ်သောအရာကို သတိ နှင့် ရှောင်ကြလော့။ သို့မဟုတ်ထိုအရာကို သိမ်းယူ လျှင် မိမိတို့ ကို၎င်း၊ ဣသရေလ တပ် ကို၎င်းအကျိန် ခံစေ၍ ၊ နှောင့်ရှက် မည်ကို စိုးရိမ်စရာရှိ၏။
၁၈သင်တို့သည် ကျိန်အပ်သောအရာကို သတိနှင့် ရှောင်ကြလော့။ သို့မဟုတ် ထိုအရာကို သိမ်းယူလျှင် မိမိ တို့ကို၎င်း၊ ဣသရေလတပ်ကို၎င်း အကျိန်ခံစေ၍၊ နှောင့် ရှက်မည်ကို စိုးရိမ်စရာရှိ၏။
19 ၁၉ ရွှေ ငွေ ကို၎င်း၊ ကြေးဝါ တန်ဆာ ၊ သံ တန်ဆာရှိသမျှ တို့ကို၎င်း၊ ထာဝရဘုရား အဘို့ သန့်ရှင်း စေ၍၊ ဘဏ္ဍာ တော်ထဲသို့ သွင်း ထားရကြမည်ဟု လူ များတို့အား ယောရှုသည် မှာ ထားလေ၏။
၁၉ရွှေငွေကို၎င်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာရှိ သမျှတို့ကို၎င်း၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေ၍၊ ဘဏ္ဍာတော်ထဲသို့ သွင်းထားရကြမည်ဟု လူများတို့အား ယောရှုသည် မှာထားလေ၏။
20 ၂၀ ထိုသို့ နှင့်အညီတံပိုး ကို မှုတ် ၍ ၊ လူ များတို့သည် ကြွေးကြော် ကြ၏။ တံပိုး သံ ကို ကြား ၍ ကျယ် သောအသံ နှင့် ကြွေးကြော် ကြသောအခါ ၊ မြို့ရိုး သည် အကုန်အစင်ပြိုလဲ ၍၊ လူ များအပေါင်းတို့သည် မြို့ ထဲ သို့ တည့်တည့် ဝင် ပြီးလျှင် သိမ်းယူ ကြ၏။
၂၀ထိုသို့နှင့်အညီ တံပိုးကိုမှုတ်၍၊ လူများတို့သည် ကြွေးကြော်ကြ၏။ တံပိုးသံကို ကြား၍ ကျယ်သောအသံ နှင့် ကြွေးကြော်ကြသောအခါ၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲ၍၊ လူများအပေါင်းတို့သည် မြို့ထဲသို့ တည့်တည့်ဝင် ပြီးလျှင် သိမ်းယူကြ၏။
21 ၂၁ မြို့ ထဲ ၌ရှိသမျှ သော ယောက်ျား ၊ မိန်းမ ၊ အကြီး အငယ် ၊ သိုး ၊ နွား ၊ မြည်း ရှိသမျှတို့ကို ထား နှင့် ရှင်းရှင်းဖျက်ဆီး ကြ၏။
၂၁မြို့ထဲ၌ ရှိသမျှသော ယောက်ျား၊ မိန်းမ၊ အကြီး အငယ်၊ သိုး၊ နွား၊ မြည်းရှိသမျှတို့ကို ထားနှင့် ရှင်းရှင်းဖျက် ဆီးကြ၏။
22 ၂၂ ထိုပြည် ကို စူးစမ်း သော လူ နှစ် ယောက်တို့အား ယောရှု က၊ သင်တို့သည် ကျိန်ဆို သည်အတိုင်း ၊ ပြည်တန်ဆာ မိန်းမ အိမ် သို့ သွား ၍ ၊ သူ နှင့်တကွ သူ ၌ ရှိသမျှ တို့ကို ဆောင် ခဲ့ကြလော့ဟု မှာ လိုက်သည်အတိုင်း၊
၂၂ထိုပြည်ကို စူးစမ်းသော လူနှစ်ယောက်တို့အား ယောရှုက၊ သင်တို့သည် ကျိန်ဆိုသည်အတိုင်း၊ ပြည်တန် ဆာမိန်းမအိမ်သို့ သွား၍၊ သူနှင့်တကွ သူ၌ရှိသမျှတို့ကို ဆောင်ခဲ့ကြလော့ဟု မှာလိုက်သည်အတိုင်း၊
23 ၂၃ တံလျှို လုပ်သောလုလင် တို့သည် ဝင် ၍ ၊ ရာခပ် နှင့် သူ့ မိဘ ၊ သူ့ မောင် များ၊ သူ ၌ ရှိသမျှ တို့ကို၎င်း ၊ သူ့ ပေါက်ဘော် အပေါင်း တို့ကို၎င်းထုတ် ဆောင်ခဲ့၍ ၊ ဣသရေလ တပ် ပြင် မှာထား ပြီးလျှင်၊
၂၃တံလျှိုလုပ်သောလုလင်တို့သည် ဝင်၍၊ ရာခပ် နှင့်သူ့မိဘ၊ သူ့မောင်များ၊ သူ၌ရှိသမျှတို့ကို၎င်း၊ သူ့ပေါက် ဘော်အပေါင်းတို့ကို၎င်း ထုတ်ဆောင်ခဲ့၍၊ ဣသရေလတပ် ပြင်မှာ ထားပြီးလျှင်၊
24 ၂၄ မြို့ နှင့်တကွမြို့ ၌ ရှိသမျှ တို့ကို မီး ရှို့ ကြ၏။ သို့ရာတွင် ရွှေ ငွေ ကို၎င်း၊ ကြေးဝါ တန်ဆာ ၊ သံ တန်ဆာတို့ကို၎င်း၊ ထာဝရဘုရား ၏ ဘဏ္ဍာ တော်ထဲသို့ သွင်း ထားကြ၏။
၂၄မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို မီးရှို့ကြ၏။ သို့ရာ တွင် ရွှေငွေကို၎င်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာတို့ကို၎င်း၊ ထာဝရဘုရား၏ ဘဏ္ဍာတော်ထဲသို့ သွင်းထားကြ၏။
25 ၂၅ ယောရှု သည်လည်း၊ ပြည်တန်ဆာ ရာခပ် နှင့် သူ့ ပေါက်ဘော် ၊ သူ ၌ ရှိသမျှ တို့ကို အသက် ချမ်းသာပေး၍ ၊ သူသည် ဣသရေလ အမျိုးသားတို့တွင် ယနေ့ တိုင်အောင် နေ ရလေ၏။ အကြောင်းမူကား ၊ ယေရိခေါ မြို့ကို စူးစမ်း စေခြင်းငှါ ၊ ယောရှု စေလွှတ် သော တမန် တို့ကို သူသည် ဝှက် ထားသောကြောင့်တည်း။
၂၅ယောရှုသည်လည်း၊ ပြည်တန်ဆာ ရာခပ်နှင့် သူ့ပေါက်ဘော်၊ သူ၌ရှိသမျှတို့ကို အသက်ချမ်းသာပေး၍၊ သူသည် ဣသရေလအမျိုးသားတို့တွင် ယနေ့တိုင်အောင် နေရလေ၏။ အကြောင်းမူကား၊ ယေရိခေါမြို့ကို စူးစမ်း စေခြင်းငှါ၊ ယောရှုစေလွှတ်သော တမန်တို့ကို သူသည် ဝှက်ထားသောကြောင့်တည်း။
26 ၂၆ ထိုအခါ ယောရှု က၊ အကြင်သူ သည် ထ ၍ ယေရိခေါ မြို့ ကို တည် ပြန်၏၊ ထိုသူ သည် ထာဝရဘုရား ရှေ့ တော်၌ ကျိန် အပ်သောသူဖြစ်ပါစေ။ သူ သည် သားဦး လက်ထက်၌ မြို့ရိုးအမြစ်ကိုတည် ၍ သားထွေး လက်ထက်၌ မြို့ တံခါး တို့ကို ထောင် ပါစေဟု ကျိန်ဆို ၏။
၂၆ထိုအခါ ယောရှုက၊ အကြင်သူသည် ထ၍ ယေရိခေါမြို့ကို တည်ပြန်၏။ ထိုသူသည် ထာဝရဘုရား ရှေ့တော်၌ ကျိန်အပ်သောသူဖြစ်ပါစေ။ သူသည် သားဦး လက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍ သားထွေးလက်ထက် ၌ မြို့တံခါးတို့ကို ထောင်ပါစေဟု ကျိန်ဆို၏။
27 ၂၇ ထိုသို့ ထာဝရဘုရား သည် ယောရှု နှင့်အတူ ရှိ တော်မူ၍ ၊ သူ ၏ သိတင်း သည် တပြည် လုံး ၌ နှံ့ပြား ကျော်စော လေ၏။
၂၇ထိုသို့ ထာဝရဘုရားသည် ယောရှုနှင့်အတူ ရှိတော်မူ၍၊ သူ၏ သိတင်းသည် တပြည်လုံး၌ နှံ့ပြားကျော် စောလေ၏။

< ယောရှု 6 >