< ယောရှု 23 >

1 ထာဝရဘုရား သည် ပတ်ဝန်းကျင် နေသောရန်သူ အပေါင်း တို့လက်မှ ဣသရေလ အမျိုးကို ကယ်လွှတ်၍၊ ငြိမ်သက် ခြင်းအခွင့်ကို ကြာမြင့် စွာသော ကာလ ပတ်လုံးပေးတော်မူပြီးမှ ၊ ယောရှု သည် အသက် ကြီး၍ အိုမင်းသောအခါ၊
ထာဝရဘုရားသည် ပတ်ဝန်းကျင်နေသော ရန်သူအပေါင်းတို့လက်မှ ဣသရေလအမျိုးကို ကယ်လွှတ် ၍၊ ငြိမ်သက်ခြင်းအခွင့်ကို ကြာမြင့်စွာသော ကာလပတ် လုံး ပေးတော်မူပြီးမှ၊ ယောရှုသည် အသက်ကြီး၍ အိုမင်း သောအခါ၊
2 ဣသရေလ အမျိုး အသက် ကြီးသူ၊ အကဲ အမှူး၊ တရား သူကြီး၊ အရာရှိ သောသူများနှင့်တကွ အမျိုးသားအပေါင်း တို့ကို ခေါ် ပြီးလျှင် ၊ ငါ သည် အသက် ကြီးရင့်၍ အိုမင်း ပြီ။
ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသောသူများနှင့်တကွ အမျိုးသား အပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါသည် အသက်ကြီးရင့်၍ အိုမင်းပြီ။
3 သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့အတွက် ဤ လူမျိုး အပေါင်း တို့၌ ပြု တော်မူသမျှ ကို သင် တို့သည် သိ မြင်ကြပြီ။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့ဘက် ၌ စစ်တိုက် တော်မူပြီ။
သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင် တို့အတွက် ဤလူမျိုးအပေါင်းတို့၌ ပြုတော်မူသမျှကို သင် တို့သည် သိမြင်ကြပြီ။ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့ဘက်၌ စစ်တိုက်တော်မူပြီ။
4 ယော်ဒန် မြစ်မှစ၍အနောက် ပင်လယ်ကြီး တိုင်အောင်၊ ငါပယ်ရှင်း သမျှ သော လူမျိုး တို့နှင့်တကွ ကြွင်း သေးသော ဤ လူမျိုး နေသောပြည်ကို သင် တို့အမျိုး များ အမွေ ခံစရာဘို့ စာရေးတံ ချ၍ ငါဝေဖန် ပြီ။
ယော်ဒန်မြစ်မှစ၍ အနောက်ပင်လယ်ကြီးတိုင် အောင်၊ ငါပယ်ရှင်းသမျှသော လူမျိုးတို့နှင့်တကွ ကြွင်း သေးသော ဤလူမျိုးနေသောပြည်ကို သင်တို့အမျိုးများ အမွေခံစရာဘို့ စာရေးတံချ၍ ငါဝေဖန်ပြီ။
5 သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဂတိ တော် ရှိသည်အတိုင်း ၊ ဤလူမျိုးတို့ကို နှင်ထုတ် ၍ သင် တို့မမြင်ရအောင် သုတ်သင် ပယ်ရှင်းတော်မူသဖြင့်၊ သူ တို့၏ မြေ ကို သင်တို့သည် အပိုင် ရကြလိမ့်မည်။
သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း၊ ဤလူမျိုးတို့ကို နှင်ထုတ်၍ သင်တို့ မမြင်ရအောင် သုတ်သင်ပယ်ရှင်းတော်မူသဖြင့်၊ သူတို့၏ မြေကို သင်တို့သည် အပိုင်ရကြလိမ့်မည်။
6 သို့ဖြစ်၍ သင်တို့သည် မောရှေ ၏ပညတ္တိ ကျမ်းစာ လမ်းမှ လက်ျာ ဘက် လက်ဝဲ ဘက်သို့ မ လွှဲ ဘဲ၊ ပါသမျှအတိုင်း ကျင့် စောင့်ခြင်းငှါ ၎င်း၊
သို့ဖြစ်၍ သင်တို့သည် မောရှေ၏ပညတ္တိကျမ်း စာလမ်းမှ လက်ျာဘက် ဘက်ဝဲဘက်သို့ မလွှဲဘဲ၊ ပါသမျှ အတိုင်း ကျင့်စောင့်ခြင်းငှါ၎င်း၊
7 သင် တို့တွင် ကြွင်း သေးသော ဤ လူမျိုး နှင့် မ ပေါင်းဘော် ၊ သူ တို့ဘုရား ၏နာမ ကို မြွက် ၍ မ ကျိန် ဆို၊ ဝတ် မ ပြု ဦး မ ညွှတ်ဘဲ၊
သင်တို့တွင် ကြွင်းသေးသော ဤလူမျိုးနှင့် မပေါင်းဘော်၊ သူတို့ဘုရား၏နာမကို မြွက်၍ မကျိန်ဆို၊ ဝတ်မပြု ဦးမညွှတ်ဘဲ၊
8 ယနေ့ တိုင်အောင် ကျင့် သကဲ့သို့ ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား ၌ ဆည်းကပ် မှီဝဲခြင်းငှါ၎င်း၊ အလွန် ရဲရင့် သောစိတ် ရှိကြလော့။
ယနေ့တိုင်အောင် ကျင့်သကဲ့သို့၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၌ ဆည်းကပ်မှီဝဲခြင်းငှါ၎င်း၊ အလွန်ရဲရင့်သောစိတ် ရှိကြလော့။
9 အကြောင်းမူကား၊ ကြီးမား ၍ ခွန်အား နှင့်ပြည့်စုံသော လူမျိုး တို့ကို ထာဝရဘုရား သည် သင် တို့ရှေ့ မှ နှင်ထုတ် တော်မူသဖြင့် ၊ ယနေ့ တိုင်အောင် သင် တို့ရှေ့ ၌ အဘယ်သူ မျှမ ရပ် နိုင်။
အကြောင်းမူကား၊ ကြီးမား၍ ခွန်အားနှင့်ပြည့်စုံ သော လူမျိုးတို့ကို ထာဝရဘုရားသည် သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့်၊ ယနေ့တိုင်အောင် သင်တို့ရှေ့၌ အဘယ်သူမျှ မရပ်နိုင်။
10 ၁၀ သင် တို့တယောက် သော်လည်းအခြားသောသူ တထောင် ကို ပြေး စေလိမ့်မည်။ အကြောင်း မူကား၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် ဂတိ တော်ရှိသည်အတိုင်း သင် တို့ဘက် ၌ စစ်တိုက် တော်မူ၏။
၁၀သင်တို့တယောက်သော်လည်း အခြားသော သူ တထောင်ကို ပြေးစေလိမ့်မည်။ အကြောင်းမူကား၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ဂတိတော်ရှိသည် အတိုင်း သင်တို့ဘက်၌ စစ်တိုက်တော်မူ၏။
11 ၁၁ သို့ဖြစ်၍ သင် တို့၏ဘုရား သခင်ထာဝရဘုရား ကို ချစ် ခြင်းငှါ ကိုယ် စိတ် နှလုံးကို သတိ ပြုကြလော့။
၁၁သို့ဖြစ်၍ သင်တို့၏ဘုရားသခင် ထာဝရဘုရား ကို ချစ်ခြင်းငှါ ကိုယ်စိတ်နှလုံးကို သတိပြုကြလော့။
12 ၁၂ သို့မဟုတ် သင်တို့သည် ရွေ့ လျော့၍ ၊ သင် တို့တွင် ကျန် ကြွင်းသေးသော ဤ လူမျိုး တို့၌ မှီဝဲ လျက် ၊ ထိမ်းမြား ပေးစား၍ ပေါင်းဘော် ဆက်ဆံခြင်းရှိလျှင်၊
၁၂သို့မဟုတ် သင်တို့သည် ရွေ့လျော့၍၊ သင်တို့တွင် ကျန်ကြွင်းသေးသော ဤလူမျိုးတို့၌ မှီဝဲလျက်၊ ထိမ်းမြား ပေးစား၍ ပေါင်းဘော်ဆက်ဆံခြင်းရှိလျှင်၊
13 ၁၃ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် နောက်တဖန် ဤ လူမျိုး တို့ကို သင် တို့ရှေ့ မှ နှင်ထုတ် တော်မ မူ။ သင် တို့၏ဘုရား သခင်ထာဝရဘုရား ပေး တော်မူ၍ ကောင်းမွန် သော ဤပြည် ၌ သင် တို့သည် မပျောက် မပျက်မှီတိုင်အောင် သူတို့သည် သင် တို့၌ ကျော့ကွင်း ၊ ထောင်ချောက် ၊ သင်တို့နံစောင် ၌ နှင်တံ ၊ သင် တို့မျက်စိ ၌ ဆူး ဖြစ် ကြလိမ့်မည်အကြောင်း ကို ဧကန် အမှန် သိမှတ် ကြလော့။
၁၃သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် နောက်တဖန် ဤလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော် မမူ။ သင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ၍ ကောင်းမွန်သော ဤပြည်၌ သင်တို့သည် မပျောက်မပျက် မှီတိုင်အောင် သူတို့သည် သင်တို့၌ ကျော့ကွင်း၊ ထောင် ချောက်၊ သင်တို့ နံစောင်၌ နှင်တံ၊ သင်တို့မျက်စိ၌ ဆူး ဖြစ်ကြလိမ့်မည် အကြောင်းကို ဧကန်အမှန် သိမှတ်ကြ လော့။
14 ၁၄ ငါ သော်ကား၊ မြေ သားအပေါင်း တို့သွားရာလမ်း သို့ ယနေ့ သွား လုပြီ။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့အဘို့ မိန့် တော်မူသော ကောင်းကျိုး တစုံတပါးမျှ မ ယုတ်မလျော့ ၊ အကုန်အစင်ပြည့်စုံကြောင်းကို သင် တို့သည် စိတ် နှလုံးထဲ မှာ သိ ကြ၏။
၁၄ငါသော်ကား၊ မြေသားအပေါင်းတို့သွားရာလမ်း သို့ ယနေ့သွားလုပြီ။ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့အဘို့ မိန့်တော်မူသော ကောင်းကျိုး တစုံတပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်း ကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ၏။
15 ၁၅ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဂတိ တော် ရှိသည်အတိုင်း ၊ ကောင်းကျိုး အပေါင်း တို့သည် သင် တို့အပေါ် ၌ ရောက် သကဲ့သို့ ၊ ထိုအတူ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသော ဤ ကောင်းမွန် သောပြည် မှ သင် တို့ကို သုတ်သင် ပယ်ရှင်းတော်မမူမှီ တိုင်အောင် ၊ ထာဝရဘုရား သည် သင် တို့အပေါ် ၌ ဘေး ဥပဒ် အပေါင်း တို့ကို ရောက် စေတော်မူမည်။
၁၅သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း၊ ကောင်းကျိုးအပေါင်းတို့သည် သင်တို့အပေါ်၌ ရောက်သကဲ့သို့၊ ထိုအတူ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ဤကောင်း မွန်သောပြည်မှ သင်တို့ကို သုတ်သင်ပယ်ရှင်းတော်မမူမှီ တိုင်အောင်၊ ထာဝရဘုရားသည် သင်တို့အပေါ်၌ ဘေး ဥပဒ်အပေါင်းတို့ကို ရောက်စေတော်မူမည်။
16 ၁၆ သင် တို့သည် သင် တို့၏ဘုရား သခင်ထာဝရဘုရား ထား တော်မူသော ပဋိညာဉ် တရားကို ပြစ်မှားလျက်၊ အခြား တပါးသော ဘုရား တို့ထံသို့သွား ၍ ဦးညွှတ် ဝတ်ပြု လျှင် ၊ ထာဝရဘုရား သည် အမျက် ထွက် ၍ ၊ အရင်ပေး တော်မူသော ဤကောင်းမွန် သောပြည် ၌ သင်တို့သည် အလျင် အမြန်ပျောက် ပျက်ကြလိမ့်မည်ဟု ဟောပြော၏။
၁၆သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရ ဘုရားထားတော်မူသော ပဋိညာဉ်တရားကို ပြစ်မှားလျက်၊ အခြားတပါးသော ဘုရားတို့ထံသို့သွား၍ ဦးညွှတ်ဝတ်ပြု လျှင်၊ ထာဝရဘုရားသည် အမျက်ထွက်၍၊ အရင်ပေး တော်မူသော ဤကောင်းမွန်သောပြည်၌ သင်တို့သည် အလျင်အမြန်ပျောက်ပျက်ကြလိမ့်မည်ဟု ဟောပြော၏။

< ယောရှု 23 >