< တရားသူကြီးမှတ်စာ 1 >

1 ယောရှု အနိစ္စ ရောက်သောနောက် ၊ ဣသရေလ အမျိုးသားတို့က၊ အကျွန်ုပ် တို့တွင် အဘယ်သူ သည် ခါနနိ လူတို့ရှိရာသို့ ရှေ့ဦးစွာ ချီ သွားရပါမည်နည်းဟု ထာဝရဘုရား အား မေး လျှောက်ကြလျှင်၊
ယောရှု အနိစ္စရောက်သောနောက်၊ ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ခါနနိလူတို့ရှိရာသို့ ရှေ့ဦးစွာ ချီသွားရပါမည်နည်းဟု ထာဝရဘုရားအား မေးလျှောက်ကြလျှင်၊
2 ထာဝရဘုရား က၊ ယုဒ သည် ချီ သွားရမည်။ ထိုပြည် ကို သူ ၏လက် ၌ ငါအပ် မည်ဟု မိန့် တော်မူ၏။
ထာဝရဘုရားက၊ ယုဒသည် ချီသွားရမည်။ ထိုပြည်ကို သူ၏လက်၌ ငါအပ်မည်ဟု မိန့်တော်မူ၏။
3 ယုဒ သည် မိမိ အစ်ကို ရှိမောင် အား ၊ ခါနနိ လူတို့ကို တိုက် ခြင်းငှါ ငါ့ အမွေမြေ သို့ ငါ နှင့်အတူ လိုက် ပါ။ သင့် အမွေမြေ သို့ လည်း သင် နှင့်အတူ ငါ လိုက် သွားမည်ဟုဆို သည်အတိုင်း ရှိမောင် သည် လိုက် သွားလေ၏။
ယုဒသည် မိမိအစ်ကိုရှိမောင်အား၊ ခါနနိလူတို့ကို တိုက်ခြင်းငှါ ငါ့အမွေမြေသို့ ငါနှင့်အတူ လိုက်ပါ။ သင့်အမွေမြေသို့လည်း သင်နှင့်အတူ ငါလိုက်သွားမည်ဟုဆိုသည်အတိုင်း ရှိမောင်သည် လိုက်သွား လေ၏။
4 ယုဒ ချီ သွား၍ ထာဝရဘုရား သည် ခါနနိ လူ၊ ဖေရဇိ လူတို့ကို အပ် တော်မူသဖြင့် ၊ ဗေဇက် မြို့၌ လူ တထောင် ကိုသတ် လေ၏။
ယုဒ ချီသွား၍ ထာဝရဘုရားသည် ခါနနိလူ၊ ဖေရဇိလူတို့ကို အပ်တော်မူသဖြင့်၊ ဗေဇက်မြို့၌ လူတထောင်ကို သတ်လေ၏။
5 အဒေါနိဗေဇက် မင်းကို ဗေဇက် မြို့၌ တွေ့ ၍ ၊ ခါနနိ လူ၊ ဖေရဇိ လူတို့ကိုသတ် သောအခါ၊
အဒေါနိဗေဇက်မင်းကို ဗေဇက်မြို့၌ တွေ့၍၊ ခါနနိလူ၊ ဖေရဇိလူတို့ကို သတ်သောအခါ၊
6 အဒေါနိဗေဇက် သည် ပြေး လေ၏။ ယုဒလူတို့သည် လိုက် ၍ ဘမ်း မိပြီးလျှင် လက်မ ၊ ခြေမတို့ကို ဖြတ် ကြ၏။
အဒေါနိဗေဇက်သည် ပြေးလေ၏။ ယုဒလူတို့သည် လိုက်၍ ဘမ်းမိပြီးလျှင် လက်မ၊ ခြေမတို့ကို ဖြတ်ကြ၏။
7 အဒေါနိဗေဇက် ကလည်း ၊ လက်မ နှင့် ခြေမဖြတ် သော မင်းကြီး ခုနစ်ဆယ် တို့သည်၊ အထက်က ငါ့ စားပွဲ အောက် ၌ စားနုပ်စားပေါက်ကို ကောက် ၍ စားရကြ၏။ ငါပြု ဘူးသည်အတိုင်း ၊ ဘုရား သခင်သည် ငါ ၌ အပြစ် ပေးတော်မူပြီဟု ဆို ၏။ ထိုမင်း ကို ယေရုရှလင် မြို့သို့ ပို့ ၍ သူသည် ထို မြို့မှာ သေ လေ၏။
အဒေါနိဗေဇက်ကလည်း၊ လက်မနှင့် ခြေမဖြတ်သော မင်းကြီးခုနစ်ဆယ်တို့သည်၊ အထက်က ငါ့စားပွဲအောက်၌ စားနုပ်စားပေါက်ကို ကောက်၍ စားရကြ၏။ ငါ ပြုဘူးသည်အတိုင်း၊ ဘုရားသခင် သည် ငါ၌ အပြစ်ပေးတော်မူပြီဟု ဆို၏။ထိုမင်းကို ယေရုရှလင်မြို့သို့ ပို့၍ သူသည် ထိုမြို့မှာ သေလေ၏။
8 ယုဒ အမျိုးသားတို့သည် ယေရုရှလင် မြို့ကို တိုက် ယူ ၍ ထား နှင့် လုပ်ကြံ ပြီးမှ မီး ရှို့ ကြ၏။
ယုဒအမျိုးသားတို့သည် ယေရုရှလင်မြို့ကို တိုက်ယူ၍ ထားနှင့် လုပ်ကြံပြီးမှ မီးရှို့ကြ၏။
9 ထိုနောက် တောင် ပေါ်၌၎င်း ၊ တောင် မျက်နှာ၌၎င်း ၊ ချိုင့် ထဲ၌၎င်း နေ သောခါနနိ လူတို့ကို အတိုက် သွား ကြ၏။
ထိုနောက် တောင်ပေါ်၌၎င်း၊ တောင်မျက်နှာ၌၎င်း၊ ချိုင့်ထဲ၌၎င်းနေသော ခါနနိလူတို့ကို အတိုက်သွား ကြ၏။
10 ၁၀ တဖန် ယုဒ အမျိုးသည်၊ ကိရယသာဘ အမည် ဟောင်း ရှိသောဟေဗြုန် မြို့၌ နေ သောခါနနိ လူတို့ ရှိရာသို့ ချီ သွား၍၊ ရှေရှဲ ၊ အဟိမန် ၊ တာလမဲ တို့ကို လုပ်ကြံ ကြ၏။
၁၀တဖန် ယုဒအမျိုးသည်၊ ကိရယသာဘအမည်ဟောင်းရှိသော ဟေဗြုန်မြို့၌နေသော ခါနနိလူတို့ ရှိရာသို့ ချီသွား၍၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို လုပ်ကြံကြ၏။
11 ၁၁ တဖန် ကိရယဿေဖာ အမည်ဟောင်း ရှိ သောဒေဗိရ မြို့သားတို့ရှိရာသို့ ချီ ပြန်၍၊
၁၁တဖန် ကိရယဿေဖါအမည်ဟောင်းရှိသော ဒေဗိရမြို့သားတို့ရှိရာသို့ ချီပြန်၍၊
12 ၁၂ ကာလက် က၊ ကိရယဿောဖာ မြို့ကို တိုက်ယူ လုပ်ကြံ သောသူ အား ၊ ငါ သည် သမီး အာခသ ကို ပေးစား မည်ဟု ဆို လျှင်၊
၁၂ကာလက်က၊ ကိရယဿေဖာမြို့ကို တိုက်ယူလုပ်ကြံသောသူအား၊ ငါသည် သမီးအာခသကို ပေးစားမည်ဟု ဆိုလျှင်၊
13 ၁၃ ကာလက် ညီ ကေနတ် ၏ သား ဩသံယေလ သည် ထိုမြို့ ကို တိုက် ယူ၍၊ ကာလက်သည် သမီး အာခသ ကို သူ့ အား ပေးစား လေ၏။
၁၃ကာလက်ညီကေနတ်၏ သားဩသံယေလသည် ထိုမြို့ကို တိုက်ယူ၍၊ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။
14 ၁၄ ထိုမိန်းမ သည် ခရီးသွား စဉ် အခါ၊ လယ် တကွက်ကို အဘ ၌ တောင်း ခြင်းငှါ လင် နှင့် တိုင်ပင် ပြီးမှ မြည်း ပေါ် က ဆင်း လေ၏။ အဘကာလက် က၊ အဘယ် အလိုရှိသနည်းဟုမေး လျှင်၊
၁၄ထိုမိန်းမသည် ခရီးသွားစဉ်အခါ၊ လယ်တကွက်ကို အဘ၌ တောင်းခြင်းငှါ လင်နှင့် တိုင်ပင်ပြီးမှ မြည်းပေါ်က ဆင်းလေ၏။ အဘကာလက်က၊ အဘယ်အလိုရှိသနည်းဟုမေးလျှင်၊
15 ၁၅ သမီးက၊ ကောင်းကြီး ပေး စေချင်ပါ၏။ ကိုယ်တော်သည် တောင် မျက်နှာအရပ် ကိုပေး ပါပြီ။ စမ်း ရေတွင်း တို့ကိုလည်း ပေး တော်မူပါဦးဟု တောင်း သည်အတိုင်း အဘသည် အထက် စမ်း ရေတွင်း၊ အောက် စမ်း ရေတွင်းတို့ကိုပေး လေ၏။
၁၅သမီးက၊ ကောင်းကြီးပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေတွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အတိုင်း အဘသည် အထက်စမ်းရေတွင်း၊ အောက်စမ်းရေတွင်းတို့ကို ပေးလေ၏။
16 ၁၆ မောရှေ ယောက္ခမ ၏သား မြေးဖြစ်သော ကေနိ အမျိုးသားတို့သည်၊ ယုဒ အမျိုးသားတို့နှင့်အတူ စွန်ပလွံ မြို့မှ အာရဒ် မြို့ တောင် ဘက်၊ ယုဒ တော သို့ လိုက် သွား၍ နေရာကျ ကြ၏။
၁၆မောရှေယောက္ခမ၏သားမြေးဖြစ်သော ကေနိအမျိုးသားတို့သည်၊ ယုဒအမျိုးသားတို့နှင့်အတူ စွန်ပလွံ မြို့မှ အာရဒ်မြို့ တောင်ဘက်၊ ယုဒတောသို့ လိုက်သွား၍ နေရာကျကြ၏။
17 ၁၇ တဖန် ယုဒ သည် အစ်ကို ရှိမောင် နှင့်အတူ သွား ၍ ဇေဖတ် မြို့၌နေ သောခါနနိ လူတို့ကို လုပ်ကြံ ၍ မြို့ ကို ရှင်းရှင်းဖျက်ဆီး ပြီးလျှင် ၊ ထိုမြို့ ကို ဟော်မာ အမည် ဖြင့် သမုတ် ကြ၏။
၁၇တဖန် ယုဒသည် အစ်ကိုရှိမောင်နှင့်အတူ သွား၍ ဇေဖတ်မြို့၌နေသော ခါနနိလူတို့ကို လုပ်ကြံ၍ မြို့ကို ရှင်းရှင်းဖျက်ဆီးပြီးလျှင်၊ ထိုမြို့ကို ဟော်မာအမည်ဖြင့် သမုတ်ကြ၏။
18 ၁၈ ယုဒ သည် ဂါဇ မြို့နှင့် မြို့နယ် ၊ အာရှကေလုန် မြို့နှင့် မြို့နယ် ၊ ဧကြုန် မြို့နှင့် မြို့နယ် တို့ကိုလည်း တိုက် ယူလေ၏။
၁၈ယုဒသည် ဂါဇမြို့နှင့် မြို့နယ်၊ အာရှကေလုန်မြို့နှင့် မြို့နယ်၊ ဧကြုန်မြို့နှင့် မြို့နယ်တို့ကိုလည်း တိုက်ယူလေ၏။
19 ၁၉ ထာဝရဘုရား သည် ယုဒ နှင့်အတူ ရှိ တော်မူ၍ ၊ သူသည် တောင် ပေါ်မှာ နေသောသူတို့ ကို နှင်ထုတ် လေ၏။ ချိုင့် သားတို့ကို မ နှင်ထုတ် နိုင်။ အကြောင်းမူကား ၊ သူ တို့သည် သံ ရထား ရှိကြ၏။
၁၉ထာဝရဘုရားသည် ယုဒနှင့်အတူရှိတော်မူ၍၊ သူသည် တောင်ပေါ်မှာနေသော သူတို့ကို နှင်ထုတ်လေ၏။ ချိုင့်သားတို့ကို မနှင်ထုတ်နိုင်။ အကြောင်းမူကား၊ သူတို့သည် သံရထား ရှိကြ၏။
20 ၂၀ မောရှေ မှာ ထားသည်အတိုင်း ဟေဗြုန် မြို့ကို ကာလက် အား ပေး ကြ၍ ၊ သူသည် အာနက သား သုံး ယောက်တို့ကို ထို မြို့မှ နှင်ထုတ် လေ၏။
၂၀မောရှေမှာထားသည်အတိုင်း ဟေဗြုန်မြို့ကို ကာလက်အား ပေးကြ၍၊ သူသည် အာနက သားသုံးယောက်တို့ကို ထိုမြို့မှ နှင်ထုတ်လေ၏။
21 ၂၁ ဗင်္ယာမိန် အမျိုးသားတို့သည်၊ ယေရုရှလင် မြို့၌နေ သောယေဗုသိ လူတို့ကို မ နှင်ထုတ် ဘဲ၊ သူ တို့သည် ယနေ့ တိုင်အောင် ဗင်္ယာမိန် အမျိုးသားတို့နှင့်အတူ ယေရုရှလင် မြို့၌ နေ ကြသတည်း။
၂၁ဗင်္ယာမိန်အမျိုးသားတို့သည်၊ ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကို မနှင်ထုတ်ဘဲ၊ သူတို့သည် ယနေ့တိုင်အောင် ဗင်္ယာမိန်အမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။
22 ၂၂ ယောသပ် အမျိုးသားတို့သည်လည်း ၊ ဗေသလ မြို့သို့ ချီ သွား၍ ၊ ထာဝရဘုရား သည် သူ တို့နှင့်အတူ ရှိတော်မူ၏။
၂၂ယောသပ်အမျိုးသားတို့သည်လည်း၊ ဗေသလမြို့သို့ ချီသွား၍၊ ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူ၏။
23 ၂၃ လုဇ အမည် ဟောင်း ရှိသောထိုမြို့ ကို စူးစမ်းစေခြင်းငှါ စေလွှတ် သော သူလျှိုတို့သည်၊
၂၃လုဇအမည်ဟောင်းရှိသော ထိုမြို့ကို စူးစမ်းစေခြင်းငှါ စေလွှတ်သော သူလျှိုတို့သည်၊
24 ၂၄ မြို့ ထဲက ထွက် လာသောလူ တယောက်ကို တွေ့မြင် ၍၊ မြို့ ထဲသို့ ဝင် သောလမ်းကို ပြ ပါတော့။ သို့ပြလျှင် သင့် ကို ချမ်းသာ ပေးမည်ဟု ဆို သော်၊
၂၄မြို့ထဲက ထွက်လာသောလူတယောက်ကို တွေ့မြင်၍၊ မြို့ထဲသို့ ဝင်သောလမ်းကို ပြပါတော့။ သို့ပြလျှင် သင့်ကို ချမ်းသာပေးမည်ဟု ဆိုသော်၊
25 ၂၅ ထိုသူသည် မြို့ ထဲသို့ ဝင် သောလမ်းကို ပြ သဖြင့် ၊ သူတို့သည် မြို့ သားတို့ကို ထား နှင့် လုပ်ကြံ ၍ ၊ ထိုလူ နှင့် သူ ၏အိမ်သား အပေါင်း တို့ကို လွှတ် ကြ၏။
၂၅ထိုသူသည် မြို့ထဲသို့ ဝင်သောလမ်းကို ပြသဖြင့်၊ သူတို့သည် မြို့သားတို့ကို ထားနှင့် လုပ်ကြံ၍၊ ထိုလူနှင့် သူ၏အိမ်သားအပေါင်းတို့ကို လွှတ်ကြ၏။
26 ၂၆ ထိုသူ သည် ဟိတ္တိ ပြည် သို့ သွား ပြီးလျှင် ၊ မြို့ ကို တည်ထောင် ၍ လုဇ အမည် ဖြင့် သမုတ် လေ၏။ ယနေ့ တိုင်အောင် ထိုသို့ ခေါ်ဝေါ်ကြသတည်း။
၂၆ထိုသူသည် ဟိတ္တိပြည်သို့ သွားပြီးလျှင်၊ မြို့ကို တည်ထောင်၍ လုဇအမည်ဖြင့် သမုတ်လေ၏။ ယနေ့ တိုင်အောင် ထိုသို့ ခေါ်ဝေါ်ကြသတည်း။
27 ၂၇ မနာရှေအမျိုးသည်၊ ဗက်ရှန် မြို့ ရွာများ၊ တာနက် မြို့ ရွာများ၊ ဒေါရ မြို့ ရွာများ၊ ဣဗလံ မြို့ ရွာများ၊ မေဂိဒ္ဒေါ မြို့ ရွာများ၌ နေ သောသူတို့ကို မ နှင်ထုတ် ဘဲ၊ ခါနနိ လူတို့သည် အနိုင်နေ ကြ၏။
၂၇မနာရှေအမျိုးသည်၊ ဗက်ရှန်မြို့ရွာများ၊ တာနက်မြို့ရွာများ၊ ဒေါရမြို့ရွာများ၊ ဣဗလံမြို့ရွာများ၊ မေဂိဒ္ဒေါမြို့ရွာများ၌ နေသောသူတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့သည် အနိုင်နေကြ၏။
28 ၂၈ တဖန် ဣသရေလ အမျိုးသားတို့သည် အား ကြီးသောအခါ ၊ ခါနနိ လူတို့ကို မ နှင်ထုတ် သော်လည်း အခွန် ကို ဆက်သွင်းစေကြ၏။
၂၈တဖန် ဣသရေလအမျိုးသားတို့သည် အားကြီးသောအခါ၊ ခါနနိလူတို့ကို မနှင်ထုတ်သော်လည်း အခွန်ကို ဆက်သွင်းစေကြ၏။
29 ၂၉ ထိုအတူ ဧဖရိမ် အမျိုးသည် ဂေဇာ မြို့၌ နေ သောခါနနိ လူတို့ကို မ နှင်ထုတ် ဘဲ သူတို့သည် ဂေဇာ မြို့၌ ရောနှောလျက် နေ ကြ၏။
၂၉ထိုအတူ ဧဖရိမ်အမျိုးသည် ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ဂေဇာမြို့၌ ရောနှောလျက် နေကြ၏။
30 ၃၀ ထိုအတူ ဇာဗုလုန် အမျိုးသည် ကိတရုန် မြို့ သား၊ နဟာလောလ မြို့ သားတို့ကို မ နှင်ထုတ် ဘဲ၊ ခါနနိ လူတို့ သည် ရောနှော လျက်နေ ၍ ၊ အခွန် ပေးကြ၏။
၃၀ထိုအတူ ဇာဗုလုန်အမျိုးသည် ကိတရုန်မြို့သား၊ နဟာလောလမြို့သားတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့ သည် ရောနှောလျက်နေ၍၊ အခွန်ပေးကြ၏။
31 ၃၁ ထိုအတူ အာရှာ အမျိုးသည် အက္ခော မြို့ သား၊ ဇိဒုန် မြို့ သား၊ အာလပ် မြို့သား၊ အာခဇိပ် မြို့သား၊ ဟေလဗ မြို့သား၊ အာဖိတ် မြို့သား၊ ရဟောဘ မြို့သားတို့ကို မ နှင်ထုတ် ဘဲ၊
၃၁ထိုအတူ အာရှာအမျိုးသည် အက္ခောမြို့သား၊ ဇိဒုန်မြို့သား၊ အာလပ်မြို့သား၊ အာခဇိပ်မြို့သား၊ ဟေလဗမြို့သား၊ အာဖိတ်မြို့သား၊ ရဟောဘမြို့သားတို့ကို မနှင်ထုတ်ဘဲ၊
32 ၃၂ အာရှာ အမျိုးသားတို့သည် ပြည် သားခါနနိ လူတို့နှင့် ရောနှော ၍ နေ ကြ၏။
၃၂အာရှာအမျိုးသားတို့သည် ပြည်သား ခါနနိလူတို့နှင့် ရောနှော၍ နေကြ၏။
33 ၃၃ ထိုအတူ နဿလိ အမျိုးသည် ဗက်ရှေမက် မြို့ သား၊ ဗေသနတ် မြို့ သားတို့ကို မ နှင်ထုတ် ဘဲ၊ ပြည် သားခါနနိ လူတို့နှင့် ရောနှော ၍ နေ ကြ၏။ သို့ရာတွင် ဗက်ရှေမက် မြို့ သား၊ ဗေသနတ် မြို့သားတို့ သည် အခွန် ပေးလျက် နေကြ၏။
၃၃ထိုအတူ နဿလိအမျိုးသည် ဗက်ရှေမက်မြို့သား၊ ဗေသနတ်မြို့သားတို့ကို မနှင်ထုတ်ဘဲ၊ ပြည်သားခါနနိလူတို့နှင့် ရောနှော၍ နေကြ၏။ သို့ရာတွင် ဗက်ရှေမက်မြို့သား၊ ဗေသနတ်မြို့သားတို့ သည် အခွန်ပေးလျက် နေကြ၏။
34 ၃၄ အာမောရိ လူတို့သည်လည်း ဒန် အမျိုးသားတို့ကို တောင် ပေါ်သို့ နှင် သဖြင့်၊ ချိုင့် ထဲမှာ နေ ရသောအခွင့် ကို မ ပေးကြ။
၃၄အာမောရိလူတို့သည်လည်း ဒန်အမျိုးသားတို့ကို တောင်ပေါ်သို့ နှင်သဖြင့်၊ ချိုင့်ထဲမှာ နေရသောအခွင့်ကို မပေးကြ။
35 ၃၅ အာမောရိ လူတို့သည် ဟေရက် တောင် ပေါ်မြို့၊ အာဇလုန် မြို့၊ ရှာလဗိမ် မြို့၌ အနိုင်နေ ကြ၏။ သို့ရာတွင် ယောသပ် အမျိုးသားတို့သည် အား ကြီး သဖြင့် အာမောရိလူတို့သည် အခွန် ပေးရကြ၏။
၃၅အာမောရိလူတို့သည် ဟေရက်တောင်ပေါ်မြို့၊ အာဇလုန်မြို့၊ ရှာလဗိမ်မြို့၌ အနိုင်နေကြ၏။ သို့ရာတွင် ယောသပ်အမျိုးသားတို့သည် အားကြီးသဖြင့် အာမောရိလူတို့သည် အခွန်ပေးရကြ၏။
36 ၃၆ အာမောရိ လူနေရသောအရပ် သည် အကရဗ္ဗိမ် ကုန်း နား၊ သေလ မြို့မှစ၍ အထက် အရပ်ပေတည်း။
၃၆အာမောရိလူနေရသောအရပ်သည် အကရဗ္ဗိမ်ကုန်းနား၊ သေလမြို့မှစ၍ အထက်အရပ်ပေတည်း။

< တရားသူကြီးမှတ်စာ 1 >