< ယောဘ 2 >
1 ၁ တဖန် ဘုရား သခင်၏ သား တို့သည် ထာဝရဘုရား ထံ တော်၌ ခစား ခြင်းငှါ လာ ရသောနေ့ ရက်အချိန် ရောက်လျှင်၊ စာတန် သည်လည်း ထာဝရဘုရား ထံ တော်၌ခစား ခြင်းငှါ သူ တို့နှင့်အတူ လာ ၏။
One day the heavenly beings came to present themselves to the Lord, and Satan came with them to present himself to the Lord.
2 ၂ ထာဝရဘုရား ကလည်း ၊ သင်သည် အဘယ် အရပ်က လာ သနည်းဟု စာတန် ကို မေး တော်မူလျှင်၊ စာတန် က၊ မြေကြီး ပေါ် မှာလှည့်လည် ၍ အရပ်ရပ်သွား လာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက် လေ၏။
The Lord asked Satan, “What have you been doing?” “Traveling around on earth, going here and there,” Satan replied.
3 ၃ ထာဝရဘုရား ကလည်း၊ ငါ့ ကျွန် ယောဘ ကို ဆင်ခြင် မိပြီလော။ မြေကြီး ပေါ် မှာသူ နှင့် တူသောသူ တ ယောက်မျှမရှိ။ စုံလင် ဖြောင့်မတ် ပေ၏။ ဘုရား သခင်ကို ကြောက်ရွံ့ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်၏။ အကြောင်း မရှိဘဲ သူ ကိုပျက်စီး စေခြင်းငှါ သင်သည် ငါ့ ကို တိုက်တွန်း သော်လည်း ၊ သူ သည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန် အား မိန့် တော်မူ၏။
“Have you noticed my servant Job?” asked the Lord. “There's no one like him on earth, a man of integrity who does what is right, who respects God and avoids evil. And he has kept his integrity, even though you wanted me to harm him for no reason.”
4 ၄ စာတန် ကလည်း ၊ အရေ ဘို့ အရေ ဟုဆို သကဲ့သို့၊ လူ သည်မိမိ အသက် ဘို့ မိမိဥစ္စာရှိသမျှ ကိုပေး ပါလိမ့်မည်။
“Skin for skin!” Satan replied. “A man will give up everything to save his life.
5 ၅ ယခု တဖန် လက် တော်ကိုဆန့် ၍ သူ့ အရိုး နှင့် သူ့ အသား ကို ထိခိုက် တော်မူလျှင် ၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော် ကို စွန့်ပယ် ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။
But reach out and hurt his bones and his flesh, and he will definitely curse you to your face.”
6 ၆ ထာဝရဘုရား ကလည်း ၊ သူ သည် သင့် လက် ၌ ရှိ၏။ သူ့ အသက် တခုကိုသာ လွတ် စေဟုမိန့် တော်မူလျှင်၊
So the Lord said to Satan, “Very well, you have the power to do whatever you want to him, but don't kill him.”
7 ၇ စာတန် သည် ထာဝရဘုရား ထံ တော်မှ ထွက်သွား ၍ ယောဘ ၏ ခြေ ဘဝါး မှ သည် ဦးထိပ် တိုင်အောင် ဆိုး သောအနာစိမ်း များ တိုး ပေါက်စေ၏။
Then Satan left the Lord's presence and inflicted Job with horrible skin sores from the bottom of his feet to the top of his head.
8 ၈ ယောဘသည်ကိုယ် ကို ခြစ် စရာ အိုး ခြမ်းကို ကိုင် ယူ၍ မီးဖိုပြာ ထဲ မှာ ထိုင် လေ၏။
Job picked up a piece of broken pottery to scratch himself as he sat in ashes.
9 ၉ ထိုအခါ မယား က၊ သင် သည် ဖြောင့်မတ် သောတရားကို စွဲလမ်း သေးသလော။ ဘုရား သခင်ကို စွန့်ပယ် ၍ သေ လော့ဟုဆို၏။
His wife said to him, “Are you still holding on to your integrity? Curse God and die!”
10 ၁၀ ယောဘကလည်း၊ မိန်းမ မိုက်ပြော တတ်သကဲ့သို့ သင်သည်ပြော ၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင် ၏လက်တော်မှ သုခ ချမ်းသာကို ခံယူ သည်ဖြစ်၍ ၊ ဒုက္ခ ဆင်းရဲကို မ ခံ မယူရာသလောဟုဆို ၏။ ယောဘ သည် ဤ အမှုများနှင့် တွေ့ကြုံသော်လည်းနှုတ် ဖြင့် မျှမ မှားယွင်း။
But he told her, “You're talking just like any foolish woman would! Should we receive only good from God, and not evil?” Despite all this, Job said nothing sinful.
11 ၁၁ ထိုအခါ တေမန် အမျိုးသားဧလိဖတ် ၊ ရှုအာ အမျိုးသားဗိလဒဒ် ၊ နေမတ် အမျိုးသားဇောဖါ တည်း ဟူသောယောဘ ၏အဆွေ ခင်ပွန်းသုံး ယောက်တို့သည်၊ သူ ၌ ရောက် သော ဤ အမှုကြီးအလုံးစုံ တို့ကို သိတင်း ကြား လျှင် ၊ ယောဘ နှင့်အတူ ညည်းတွား ၍ သူ့ ကိုနှစ်သိမ့် စေခြင်းငှါ ၊ စည်းဝေး မည် ချိန်းချက်သည်အတိုင်း၊ အသီးအသီးမိမိတို့နေရာအရပ်မှ ရောက်လာကြ၏။
When three of Job's friends heard of all the trouble that had happened to him, they each left their homes: Eliphaz the Temanite, Bildad the Shuhite, and Zophar the Naamathite. They met together and went to comfort and console him.
12 ၁၂ ထိုသူတို့သည် အဝေး က မျှော် ကြည့်၍ ယောဘ ကို မ သိ လျှင် ၊ အသံ ကိုလွှင့် ၍ ငိုကြွေး ကြ၏။ အသီး အသီးမိမိ တို့ဝတ်လုံ ကိုဆုတ် ၍ မြေမှုန့် ကို ယူပြီးလျှင်မိမိ တို့ ခေါင်း ပေါ် သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင် သို့ ပစ် တင်ကြ၏။
When they saw Job from a distance they hardly recognized him. They broke out into loud wailing, tore their robes, and threw dust into the air over their heads.
13 ၁၃ ခုနစ် ရက် ပတ်လုံးယောဘ နှင့်အတူ မြေ ပေါ် မှာထိုင် ၍ ၊ သူသည်ပြင်းစွာ သောဆင်းရဲ ခံရကြောင်းကို သိမြင် လျှင်၊ အဘယ် သူမျှစကားမပြော မဆိုဘဲနေကြ၏။
They sat down on the ground with him for seven days and seven nights. None of them said anything to him because they saw how badly he was suffering.