Preface
Read
+
Publisher
Nainoia, Inc.
PO Box 462, Bellefonte, PA 16823
(814) 470-8028
Nainoia Inc, Publisher
LinkedIn/NAINOIA-INC
Third Party Publisher Resources
Request Custom Formatted Verses
Please contact us below
Submit your proposed corrections
I understand that the Aionian Bible republishes public domain and Creative Commons Bible texts and that volunteers may be needed to present the original text accurately. I also understand that apocryphal text is removed and most variant verse numbering is mapped to the English standard. I have entered my corrections under the verse(s) below. Proposed corrections to the Myanmar Burmese Judson Text, Job Chapter 2 https://www.AionianBible.org/Bibles/Myanmar---Burmese-Judson/Job/2 1 ၁) တဖန် ဘုရား သခင်၏ သား တို့သည် ထာဝရဘုရား ထံ တော်၌ ခစား ခြင်းငှါ လာ ရသောနေ့ ရက်အချိန် ရောက်လျှင်၊ စာတန် သည်လည်း ထာဝရဘုရား ထံ တော်၌ခစား ခြင်းငှါ သူ တို့နှင့်အတူ လာ ၏။ 2 ၂) ထာဝရဘုရား ကလည်း ၊ သင်သည် အဘယ် အရပ်က လာ သနည်းဟု စာတန် ကို မေး တော်မူလျှင်၊ စာတန် က၊ မြေကြီး ပေါ် မှာလှည့်လည် ၍ အရပ်ရပ်သွား လာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက် လေ၏။ 3 ၃) ထာဝရဘုရား ကလည်း၊ ငါ့ ကျွန် ယောဘ ကို ဆင်ခြင် မိပြီလော။ မြေကြီး ပေါ် မှာသူ နှင့် တူသောသူ တ ယောက်မျှမရှိ။ စုံလင် ဖြောင့်မတ် ပေ၏။ ဘုရား သခင်ကို ကြောက်ရွံ့ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်၏။ အကြောင်း မရှိဘဲ သူ ကိုပျက်စီး စေခြင်းငှါ သင်သည် ငါ့ ကို တိုက်တွန်း သော်လည်း ၊ သူ သည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန် အား မိန့် တော်မူ၏။ 4 ၄) စာတန် ကလည်း ၊ အရေ ဘို့ အရေ ဟုဆို သကဲ့သို့၊ လူ သည်မိမိ အသက် ဘို့ မိမိဥစ္စာရှိသမျှ ကိုပေး ပါလိမ့်မည်။ 5 ၅) ယခု တဖန် လက် တော်ကိုဆန့် ၍ သူ့ အရိုး နှင့် သူ့ အသား ကို ထိခိုက် တော်မူလျှင် ၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော် ကို စွန့်ပယ် ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။ 6 ၆) ထာဝရဘုရား ကလည်း ၊ သူ သည် သင့် လက် ၌ ရှိ၏။ သူ့ အသက် တခုကိုသာ လွတ် စေဟုမိန့် တော်မူလျှင်၊ 7 ၇) စာတန် သည် ထာဝရဘုရား ထံ တော်မှ ထွက်သွား ၍ ယောဘ ၏ ခြေ ဘဝါး မှ သည် ဦးထိပ် တိုင်အောင် ဆိုး သောအနာစိမ်း များ တိုး ပေါက်စေ၏။ 8 ၈) ယောဘသည်ကိုယ် ကို ခြစ် စရာ အိုး ခြမ်းကို ကိုင် ယူ၍ မီးဖိုပြာ ထဲ မှာ ထိုင် လေ၏။ 9 ၉) ထိုအခါ မယား က၊ သင် သည် ဖြောင့်မတ် သောတရားကို စွဲလမ်း သေးသလော။ ဘုရား သခင်ကို စွန့်ပယ် ၍ သေ လော့ဟုဆို၏။ 10 ၁၀) ယောဘကလည်း၊ မိန်းမ မိုက်ပြော တတ်သကဲ့သို့ သင်သည်ပြော ၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင် ၏လက်တော်မှ သုခ ချမ်းသာကို ခံယူ သည်ဖြစ်၍ ၊ ဒုက္ခ ဆင်းရဲကို မ ခံ မယူရာသလောဟုဆို ၏။ ယောဘ သည် ဤ အမှုများနှင့် တွေ့ကြုံသော်လည်းနှုတ် ဖြင့် မျှမ မှားယွင်း။ 11 ၁၁) ထိုအခါ တေမန် အမျိုးသားဧလိဖတ် ၊ ရှုအာ အမျိုးသားဗိလဒဒ် ၊ နေမတ် အမျိုးသားဇောဖါ တည်း ဟူသောယောဘ ၏အဆွေ ခင်ပွန်းသုံး ယောက်တို့သည်၊ သူ ၌ ရောက် သော ဤ အမှုကြီးအလုံးစုံ တို့ကို သိတင်း ကြား လျှင် ၊ ယောဘ နှင့်အတူ ညည်းတွား ၍ သူ့ ကိုနှစ်သိမ့် စေခြင်းငှါ ၊ စည်းဝေး မည် ချိန်းချက်သည်အတိုင်း၊ အသီးအသီးမိမိတို့နေရာအရပ်မှ ရောက်လာကြ၏။ 12 ၁၂) ထိုသူတို့သည် အဝေး က မျှော် ကြည့်၍ ယောဘ ကို မ သိ လျှင် ၊ အသံ ကိုလွှင့် ၍ ငိုကြွေး ကြ၏။ အသီး အသီးမိမိ တို့ဝတ်လုံ ကိုဆုတ် ၍ မြေမှုန့် ကို ယူပြီးလျှင်မိမိ တို့ ခေါင်း ပေါ် သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင် သို့ ပစ် တင်ကြ၏။ 13 ၁၃) ခုနစ် ရက် ပတ်လုံးယောဘ နှင့်အတူ မြေ ပေါ် မှာထိုင် ၍ ၊ သူသည်ပြင်းစွာ သောဆင်းရဲ ခံရကြောင်းကို သိမြင် လျှင်၊ အဘယ် သူမျှစကားမပြော မဆိုဘဲနေကြ၏။ Additional comments?
Refresh Captcha
The world's first Holy Bible un-translation!