< ယေရမိ 8 >
1 ၁ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ အခါ ယုဒ ရှင်ဘုရင် တို့၏ အရိုး ၊ မှူးမတ် တို့၏အရိုး ၊ ယဇ်ပုရောဟိတ် တို့၏အရိုး ၊ ပရောဖက် တို့၏အရိုး ၊ ယေရုရှလင် မြို့သား တို့၏ အရိုး များကို သင်္ချိုင်း တွင်းများ အထဲ ကထုတ် ပစ်၍ ၊
၁``ထိုအချိန်ကာလ၌လူတို့သည် ယုဒ ဘုရင်များနှင့်မှူးမတ်များ၊ ယဇ်ပုရောဟိတ် များ၊ ပရောဖက်များနှင့်အခြားယေရုရှလင် မြို့သားများ၏အရိုးတို့ကို သက်ဆိုင်ရာ သင်္ချိုင်းတွင်းများမှတူးဖော်ကြလိမ့်မည်။-
2 ၂ ထိုသူ တို့သည် ကြည်ညို ရာ၊ အမှုဆောင် ရာ၊ လိုက် သွားရာ၊ ရှာဖွေ ရာ၊ ကိုးကွယ် ရာဖြစ်သော နေ ၊ လ ၊ ကောင်းကင် တန်ဆာ ရှေ့ မှာ လှန် ထားကြလိမ့်မည်။ ထို အရိုးတို့ကို မ စု မပုံ၊ မ သင်္ဂြိုဟ် ရ။ မြေ ပေါ် မှာ မစင် ကဲ့သို့ ဖြစ် ရကြလိမ့်မည်။
၂သူတို့သည်မိမိတို့နှစ်သက်ကြည်ညို၊ ဝတ် ပြုရှိခိုး၊ နှီးနှောတိုင်ပင်ခဲ့ကြသည့်နေ၊ လ၊ ကြယ်များအောက်တွင်ထိုအရိုးတို့ကိုဖြန့် ကြဲထားလိမ့်မည်။ ယင်းတို့ကိုစုသိမ်းသင်္ဂြိုဟ် မည့်အစားမြေသြဇာသဖွယ်မြေပေါ်မှာ ခင်းကြလိမ့်မည်။-
3 ၃ ငါနှင် လိုက်ရာအရပ်ရပ် ၌ ကျန် ကြွင်း၍၊ ဆိုးယုတ် သော ဤ အမျိုးသား တို့သည် အသက် ကို အလိုမရှိ။ သေ ခြင်းကို အလိုရှိ၍ ရွေးချယ် ရကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၃ငါကွဲလွင့်စေရာအရပ်များတွင်အသက် မသေဘဲကျန်ရှိသူ၊ ဤဆိုးညစ်သည့်ခေတ် မှလူတို့သည် မိမိတို့ဆက်လက်အသက်ရှင် ရန်ထက်သေရန်ပိုမိုလိုလားတောင့်တကြ လိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု မိန့်တော်မူ၏။
4 ၄ တဖန် သင်သည် သူတို့အား ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ လဲ သောသူသည် နောက်တဖန် မ ထ ရသလော။ လွဲသွား သောသူသည် နောက် တဖန်ပြန်၍ မ လာ ရသလော။
၄လူတို့အားဆင့်ဆိုရန် ထာဝရဘုရားမိန့် တော်မူသည်မှာ``အဘယ်သူသည်လဲကျပြီး နောက်ပြန်မထဘဲနေသနည်း။ အဘယ်သူ သည်လမ်းမှားသွားပြီးနောက်ပြန်မလှည့် ဘဲနေသနည်း။-
5 ၅ ဤလူမျိုးတည်းဟူသောယေရုရှလင် မြို့သား တို့သည် ထာဝရဖောက်ပြန် ခြင်းအားဖြင့်အဘယ်ကြောင့် ဖောက်ပြန် ကြသနည်း။ မုသာ ကို စွဲလမ်း ကြ၏။ ငါတို့သည် ပြန် ၍မလာဟု ခိုင်မာစွာ ဆို ကြ၏။
၅ယေရုရှလင်မြို့၊ သင်တို့သည်အဘယ်ကြောင့် ငါ့ထံမှထွက်ခွာသွား၍ အဘယ်ကြောင့်ပြန် လှည့်မလာကြသနည်း။ သင်တို့သည်လှည့် ဖြားမှုများကိုစွဲလန်းလျက်နေသဖြင့် ငါ့ ထံသို့ပြန်လာရန်ငြင်းဆန်ကြသည်။-
6 ၆ ငါ စေ့စေ့ နားထောင် သောအခါ ၊ သူတို့သည် ဖြောင့်မတ် စွာ မ ပြော ကြ။ ငါသည် အဘယ်သို့ ပြု မိ သနည်းဟု ကိုယ် အပြစ် ကို မြင်၍ အဘယ်သူ မျှနောင်တ မရ။ စစ်တိုက် ခြင်းငှာ မြင်း ပြေး သကဲ့သို့ ၊ ထိုသူ အပေါင်း တို့သည် လမ်းလွှဲ၍ တဟုန်တည်းပြေး တတ်ကြ၏။
၆ငါသည်စေ့စေ့နားထောင်သော်လည်းသင်တို့ သည်သစ္စာစကားကိုမပြောကြ။ သင်တို့တွင် အဘယ်သူမျှမိမိတို့ယုတ်မာမှုများအတွက် ဝမ်းမနည်းကြ။ `ငါသည်အဘယ်မကောင်းမှု ကိုပြုမိပါသနည်း' ဟုအဘယ်သူမျှမမေး ကြ။ တိုက်ပွဲသို့အပြင်းပြေးသည့်မြင်းကဲ့ သို့လူတိုင်းမိမိတို့ပြုလိုရာကို ပြုလျက် နေကြ၏။-
7 ၇ မိုဃ်းကောင်းကင် ၌ ကျင်လည်သော တောငန်း သော်လည်း ၊ မိမိ အချိန် ကို သိ တတ်၏။ ဥချိုး ၊ တီတီတွတ် ၊ ဇရက်သော်လည်း၊ မိမိ ပြန်လာ ချိန် ကို မှတ် တတ်၏။ ငါ ၏လူ မူကား ၊ ထာဝရဘုရား စီရင် တော်မူခြင်း ကို နား မ လည်တတ်။
၇မိုးကောင်းကင်၌ပျံဝဲလျက်ရှိသောငှက် ကျားပင်လျှင် မိမိပြန်ရမည့်အချိန်သိ၏။ ချိုး၊ ပျံလွှားနှင့်ကြိုးကြာတို့သည်လည်း မိမိ တို့ကျက်စားရာအရပ်၊ ပြောင်းရွှေ့ချိန်ကိုသိ ကြ၏။ သို့ရာတွင်ငါ၏လူမျိုးတော်၊ သင် တို့သည်မိမိတို့အတွက်ထာဝရဘုရား ပြဋ္ဌာန်းထားသည့်တရားတော်ကိုမသိ ကြ။-
8 ၈ ငါ တို့သည် ပညာရှိ ဖြစ်၏။ ထာဝရဘုရား ၏ တရား သည် ငါ တို့၌ ရှိ၏ဟု သင်တို့သည် အဘယ်သို့ ဆို ရလိမ့်မည်နည်း။ အကယ်စင်စစ်စာရေး တို့၏ မုသာ မှင်တံ သည် မုသာ တရားကို လုပ် လေပြီ။
၈ငါ၏တရားတော်ကိုသိရှိ၍သင်တို့သည် ပညာရှိကြ၏ဟုအဘယ်သို့လျှင်သင် တို့ဆိုနိုင်ကြမည်နည်း။ ကြည့်ရှုကြလော့၊ မရိုးမဖြောင့်သည့်ကျမ်းကူးဆရာတို့က တရားတော်ကိုပြောင်းလဲစေကြလေပြီ။-
9 ၉ ပညာရှိ တို့သည် အရှက် ကွဲကြ၏။ ထိတ်လန့် ၍ ကျော့ကွင်း ထဲသို့ ဝင်ကြပြီ။ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ပယ် ကြပြီ။ သူ တို့၌ ပညာ မည် မျှရှိသနည်း။
၉သင်တို့၏ပညာရှိများသည်အရှက်ကွဲ ကြ၏။ သူတို့သည်စိတ်ရှုပ်ထွေးလျက်ထောင် ချောက်တွင်မိကြလေပြီ။ သူတို့သည်ငါ၏ နှုတ်ကပတ်တော်ကိုပစ်ပယ်လိုက်ကြပြီ ဖြစ်၍ယခုအခါ၌သူတို့တွင်အဘယ် သို့သောပညာဉာဏ်ရှိတော့မည်နည်း။-
10 ၁၀ ထိုအကြောင်းကြောင့်၊ သူ တို့မယား များကို သူတပါး တို့၌ ငါအပ် မည်။ သူ တို့လယ်ယာ များကို သူတပါးတို့အား အပိုင် ပေးမည်။ အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သောသူ အပေါင်း တို့သည် မတရားသော စီးပွား ကို ရှာကြ၏။ ပရောဖက် မှ စ၍ ယဇ် ပုရောဟိတ်ရှိသမျှ တို့သည် မုသာ ကို သုံး ကြ၏။
၁၀သို့ဖြစ်၍သူတို့လယ်ယာများကိုပိုင်ရှင် သစ်များသို့လည်းကောင်း၊ သူတို့ဇနီးများ ကိုအခြားသူတို့ထံသို့လည်းကောင်းငါ ပေးအပ်မည်။ ကြီးငယ်မဟူလူအပေါင်း တို့သည်မတရားစီးပွားရှာကြ၏။ ပရော ဖက်များနှင့်ယဇ်ပုရောဟိတ်များပင်လျှင် လူတို့ကိုလိမ်လည်ကြ၏။-
11 ၁၁ ချမ်းသာ မရှိ သောအခါ ချမ်းသာ ၊ ချမ်းသာ ဟု ပြော ဆိုလျက်၊ ငါ ၏လူမျိုး သတို့သမီး အနာ ကို ပေါ့လျော့ စွာကုကြ၏။
၁၁သူတို့သည်ငါ့လူမျိုးတော်၏အနာများ ကိုပေါ့ပေါ့တန်တန်သဘောထား၍ကုသ ကြ၏။ `အစစအရာရာအဆင်မပြေ ချိန်၌အစစအရာရာအဆင်ပြေပါ သည်' ဟုဆိုကြ၏။-
12 ၁၂ သူတို့သည် ရွံရှာဘွယ် သောအမှုကို ပြု ပြီးမှရှက် ကြ သလော။ အလျှင်းမ ရှက် ကြ။ မျက်နှာ မပျက်တတ်ကြ။ ထိုကြောင့်၊ တယောက်နောက် တယောက်လဲ ကြလိမ့်မည်။ ငါစစ်ကြော သောအခါ နှိမ့်ချ ခြင်းကိုခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၂ငါ၏လူမျိုးတော်သည်ငါစက်ဆုတ်သည့် အမှုအရာတို့ကိုပြုကျင့်သည့်အတွက်ရှက် ကြောက်ကြသလော။ သင်တို့အလျှင်းမရှက် မကြောက်ကြ။ သင်တို့သည်ရှက်သွေးပင်မသန်း တတ်ကြ။ သို့ဖြစ်၍သင်တို့သည်အခြားသူ များနည်းတူပြိုလဲရကြလိမ့်မည်။ ငါအပြစ် ဒဏ်ခတ်သောအခါသင်တို့နာလန်ထူနိုင် ကြတော့မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
13 ၁၃ သူ တို့ကို ငါရှင်းရှင်းဖျက်ဆီး မည်။ စပျစ်နွယ် ပင် ၌ စပျစ်သီး မ ရှိရ။ သင်္ဘော သဖန်းပင်၌ သင်္ဘောသဖန်းသီး မ ရှိရ။ အရွက် လည်း ညှိုးနွမ်း ရမည်အကြောင်း၊ လွှမ်းမိုး သောသူ တို့ကို ငါစေလွှတ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၃``လူသည်မိမိသီးနှံကိုရိတ်သိမ်းသကဲ့သို့ ငါထာဝရဘုရားသည်မိမိလူမျိုးတော် အားရိတ်သိမ်းလိုသည်။ သို့သော်သူတို့သည် အရွက်များပင်ညှိုးနွမ်းလျက် အသီးမရှိ သည့်စပျစ်ပင်များ၊ အသီးမသီးသောသင်္ဘော သဖန်းပင်များနှင့်တူကြ၏။ ထိုကြောင့်ငါ ပေးသောပြည်တော်ကိုတစ်ပါးသူတို့၏ လက်ထဲသို့ရောက်စေတော်မူလေပြီ။
14 ၁၄ ငါ တို့သည် အဘယ် ကြောင့် ထိုင် လျက်နေကြ သနည်း။ စုဝေး ကြကုန်အံ့၊ ခိုင်ခံ့ သော မြို့ များအထဲ သို့ ဝင် ၍ တိတ်ဆိတ် စွာ နေကြကုန်အံ့။ ငါတို့သည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ ငါ တို့၏ ဘုရား သခင်ထာဝရဘုရား သည် ငါ တို့ကို တိတ်ဆိတ် စွာနေစေ၍ ၊ ဆေးခါး နှင့် ရောသော ရေ ကိုတိုက် တော်မူ၏။
၁၄ဘုရားသခင်၏လူမျိုးတော်က``ငါတို့သည် အဘယ်ကြောင့်မလှုပ်မယှက်ထိုင်နေကြပါ သနည်း။ လာကြ၊ ခံတပ်မြို့များသို့ပြေး၍ ငါတို့သေကြကုန်အံ့။ ငါတို့ဘုရားသခင် ထာဝရဘုရားသည် ငါတို့အားသေဒဏ် စီရင်တော်မူပြီ။ ငါတို့သည်ကိုယ်တော်ကို ပြစ်မှားသည်ဖြစ်၍ ကိုယ်တော်သည်ငါတို့ သောက်ရန်အဆိပ်ပါသောရေကိုတိုက်တော် မူပြီ။-
15 ၁၅ ငါတို့သည် ချမ်းသာ ကို မြော်လင့် သော်လည်း ၊ ကောင်း သောအရာ မ ပေါ်လာ။ သက်သာ ချိန် ကို မြော်လင့်သော်လည်း ၊ ဘေး သက်သက်ဖြစ်၏။
၁၅ငါတို့သည်ငြိမ်းချမ်းမှုကိုမျှော်လင့်ကြ သော်လည်းအချည်းနှီးပင်ဖြစ်၏။ ကျန်းမာ မှုကိုမျှော်လင့်သော်လည်းကြောက်လန့်မှု သာလျှင်ရရှိကြ၏။-
16 ၁၆ သူ့ မြင်း နှာခေါင်းရှုသံ ကို ဒန် ပြည်က ကြား ရ၏။ သူ့ မြင်းရဲ ဟီ သံ ကိုကြား၍ တပြည် လုံး တုန်လှုပ် လေ၏။ သူတို့သည် ရောက် လာ၍ ၊ ပြည် နှင့် တကွပြည် ၌ရှိသမျှ ကို၎င်း ၊ မြို့ နှင့် တကွမြို့ သား တို့ကို၎င်းစား ၍မျိုကြ၏။
၁၆ရန်သူများသည်မြောက်ဘက်ရှိဒန်မြို့သို့ တိုင်အောင်ရောက်ရှိလာကြရာ သူတို့၏မြင်း များနှာမှုတ်သံကိုငါတို့ကြားရကြ၏။ သူတို့၏မြင်းများဟီလိုက်သောအခါ၌ တစ်တိုင်းတစ်ပြည်လုံးတုန်လှုပ်၍သွား၏။ သူတို့သည်ငါတို့ပြည်နှင့်တကွ ငါတို့ ပြည်တွင်ရှိသမျှသောအရာများ၊ ငါတို့ မြို့နှင့်မြို့သူမြို့သားများအားသုတ်သင် ဖျက်ဆီးရန်လာရောက်ကြလေပြီ'' ဟုဆို ကြ၏။
17 ၁၇ ကြည့်ရှု လော့။ မန်း မှုတ်၍ မ နိုင်သော မြွေ ၊ ဆိုးသောမြွေ များကို သင် တို့ရှိ ရာသို့ ငါ စေလွှတ် သဖြင့် ၊ သင် တို့ကို ကိုက် ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။
၁၇ထာဝရဘုရားက``သတိဝိရိယနှင့်နေ ကြလော့။ ငါသည်သင်တို့အထဲသို့မြွေများ၊ အလမ္ပာယ်ဆရာမနိုင်သည့်မြွေဆိုးများကို စေလွှတ်မည်။ ထိုမြွေတို့သည်သင်တို့ကို ကိုက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
18 ၁၈ ငါ ဝမ်းနည်း ခြင်း ပျောက်မည်အကြောင်းအဘယ်သို့နည်း။ ငါ သည် စိတ် ပျက် လျက်နေရ၏။
၁၈ငါ၏ဝမ်းနည်းမှုကိုကုစား၍မရနိုင်။ ငါ၏စိတ်နှလုံးသည်ပူဆွေးလျက်ရှိ၏။
19 ၁၉ ငါ၏ လူမျိုးသတို့သမီး အော်ဟစ် သံ ကို ဝေး သော ပြည်က ကြားရ၏။ ထာဝရဘုရား သည် ဇိအုန် မြို့၌ ရှိတော်မ မူသလော ။ မိမိ ရှင် ဘုရင်သည် မြို့ ထဲ၌ရှိတော်မ မူသလော။ တကျွန်းတနိုင်ငံ နှင့်ဆိုင်သောအချည်းနှီးအရာ ၊ ရုပ်တုဆင်းတု အားဖြင့် သူတို့သည် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှာ အဘယ်ကြောင့် ပြုကြသနည်း။
၁၉နားထောင်ကြလော့။ အလွန်ဝေးသော တစ်တိုင်းတစ်ပြည်တွင်ငါ၏အမျိုးသား များ ဟစ်အော်နေသံကိုငါကြားရ၏။ ``ထာဝရဘုရားသည်ဇိအုန်မြို့တွင် ရှိတော်မမူတော့ပြီလော။ ဇိအုန်မြို့၏ဘုရင်သည်ထိုမြို့တွင်မရှိတော့ ပြီလော'' သူတို့၏ဘုရင်ထာဝရဘုရားက``သင်တို့သည် အဘယ်ကြောင့်ရုပ်တုများနှင့်၊ ငါ၏အမျက်တော်ကိုလှုံ့ဆော်ပေးကြသနည်း'' ဟုမိန့်တော်မူ၏။
20 ၂၀ အသီးအနှံသိမ်း ရာကာလလွန် ပြီ။ နွေ ကာလ ကုန် ပြီ။ ငါ တို့သည် ကယ်တင် ခြင်းသို့ မ ရောက်ကြ။
၂၀လူတို့ကလည်း``နွေရာသီကုန်ဆုံး၍အသီး အနှံ ရိတ်သိမ်းချိန်ကုန်လွန်ပြီဖြစ်သော်လည်း၊ ငါတို့သည်ကယ်တင်ခြင်းမခံရကြသေးပါ'' ဟုဟစ်အော်ကြ၏။
21 ၂၁ ငါ ၏လူမျိုး သတို့သမီး သည် နာ သောကြောင့် ၊ ငါ လည်းနာ ရ၏။ ကြမ်းတမ်း သော အဝတ်ကို ဝတ်လျက်၊ မိန်းမောတွေဝေလျက်နေရ၏။
၂၁ငါ၏အမျိုးသားတို့သည်အချေမှုန်းခံရ ကြသဖြင့် ငါ၏စိတ်နှလုံးသည်ကြေမွလျက်ရှိ၏။ ငါသည်ငိုကြွေးမြည်တမ်းလျက်၊အလွန့်အလွန် တုန်လှုပ်ချောက်ချားလျက်ရှိ၏။
22 ၂၂ ဂိလဒ် ပြည်၌ ဗာလဇံ ပင် အစေးမ ရှိသလော။ ထို ပြည်၌ ဆေးသမား မ ရှိသလော။ ရှိလျက်ပင် ငါ ၏လူမျိုး သတို့သမီး သည် အဘယ်ကြောင့် အနာမှမ ထမြောက် သနည်း။
၂၂ဂိလဒ်ပြည် ၌ဆေးဝါးမရှိတော့ပြီလော။ ဆေးသမားလည်းမရှိတော့ပြီလော။ အဘယ်ကြောင့်ငါ့အမျိုးသားများ၏ အနာရောဂါကို ပျောက်ကင်းအောင်မကုသကြပါသနည်း။