< ယေရမိ 8 >

1 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ အခါ ယုဒ ရှင်ဘုရင် တို့၏ အရိုး ၊ မှူးမတ် တို့၏အရိုး ၊ ယဇ်ပုရောဟိတ် တို့၏အရိုး ၊ ပရောဖက် တို့၏အရိုး ၊ ယေရုရှလင် မြို့သား တို့၏ အရိုး များကို သင်္ချိုင်း တွင်းများ အထဲ ကထုတ် ပစ်၍ ၊
``ထို​အ​ချိန်​ကာ​လ​၌​လူ​တို့​သည် ယု​ဒ ဘု​ရင်​များ​နှင့်​မှူး​မတ်​များ၊ ယဇ်​ပု​ရော​ဟိတ် များ၊ ပ​ရော​ဖက်​များ​နှင့်​အ​ခြား​ယေ​ရု​ရှ​လင် မြို့​သား​များ​၏​အ​ရိုး​တို့​ကို သက်​ဆိုင်​ရာ သင်္ချိုင်း​တွင်း​များ​မှ​တူး​ဖော်​ကြ​လိမ့်​မည်။-
2 ထိုသူ တို့သည် ကြည်ညို ရာ၊ အမှုဆောင် ရာ၊ လိုက် သွားရာ၊ ရှာဖွေ ရာ၊ ကိုးကွယ် ရာဖြစ်သော နေ ၊ လ ၊ ကောင်းကင် တန်ဆာ ရှေ့ မှာ လှန် ထားကြလိမ့်မည်။ ထို အရိုးတို့ကို မ စု မပုံ၊ မ သင်္ဂြိုဟ် ရ။ မြေ ပေါ် မှာ မစင် ကဲ့သို့ ဖြစ် ရကြလိမ့်မည်။
သူ​တို့​သည်​မိ​မိ​တို့​နှစ်​သက်​ကြည်​ညို၊ ဝတ် ပြု​ရှိ​ခိုး၊ နှီး​နှော​တိုင်​ပင်​ခဲ့​ကြ​သည့်​နေ၊ လ၊ ကြယ်​များ​အောက်​တွင်​ထို​အ​ရိုး​တို့​ကို​ဖြန့် ကြဲ​ထား​လိမ့်​မည်။ ယင်း​တို့​ကို​စု​သိမ်း​သင်္ဂြိုဟ် မည့်​အ​စား​မြေ​သြ​ဇာ​သ​ဖွယ်​မြေ​ပေါ်​မှာ ခင်း​ကြ​လိမ့်​မည်။-
3 ငါနှင် လိုက်ရာအရပ်ရပ် ၌ ကျန် ကြွင်း၍၊ ဆိုးယုတ် သော ဤ အမျိုးသား တို့သည် အသက် ကို အလိုမရှိ။ သေ ခြင်းကို အလိုရှိ၍ ရွေးချယ် ရကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
ငါ​ကွဲ​လွင့်​စေ​ရာ​အ​ရပ်​များ​တွင်​အ​သက် မ​သေ​ဘဲ​ကျန်​ရှိ​သူ၊ ဤ​ဆိုး​ညစ်​သည့်​ခေတ် မှ​လူ​တို့​သည် မိ​မိ​တို့​ဆက်​လက်​အ​သက်​ရှင် ရန်​ထက်​သေ​ရန်​ပို​မို​လို​လား​တောင့်​တ​ကြ လိမ့်​မည်။ ဤ​ကား​အ​နန္တ​တန်ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။
4 တဖန် သင်သည် သူတို့အား ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ လဲ သောသူသည် နောက်တဖန် မ ထ ရသလော။ လွဲသွား သောသူသည် နောက် တဖန်ပြန်၍ မ လာ ရသလော။
လူ​တို့​အား​ဆင့်​ဆို​ရန် ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​မှာ``အ​ဘယ်​သူ​သည်​လဲ​ကျ​ပြီး နောက်​ပြန်​မ​ထ​ဘဲ​နေ​သ​နည်း။ အ​ဘယ်​သူ သည်​လမ်း​မှား​သွား​ပြီး​နောက်​ပြန်​မ​လှည့် ဘဲ​နေ​သ​နည်း။-
5 ဤလူမျိုးတည်းဟူသောယေရုရှလင် မြို့သား တို့သည် ထာဝရဖောက်ပြန် ခြင်းအားဖြင့်အဘယ်ကြောင့် ဖောက်ပြန် ကြသနည်း။ မုသာ ကို စွဲလမ်း ကြ၏။ ငါတို့သည် ပြန် ၍မလာဟု ခိုင်မာစွာ ဆို ကြ၏။
ယေ​ရု​ရှ​လင်​မြို့၊ သင်​တို့​သည်​အ​ဘယ်​ကြောင့် ငါ့​ထံ​မှ​ထွက်​ခွာ​သွား​၍ အ​ဘယ်​ကြောင့်​ပြန် လှည့်​မ​လာ​ကြ​သ​နည်း။ သင်​တို့​သည်​လှည့် ဖြား​မှု​များ​ကို​စွဲ​လန်း​လျက်​နေ​သ​ဖြင့် ငါ့ ထံ​သို့​ပြန်​လာ​ရန်​ငြင်း​ဆန်​ကြ​သည်။-
6 ငါ စေ့စေ့ နားထောင် သောအခါ ၊ သူတို့သည် ဖြောင့်မတ် စွာ မ ပြော ကြ။ ငါသည် အဘယ်သို့ ပြု မိ သနည်းဟု ကိုယ် အပြစ် ကို မြင်၍ အဘယ်သူ မျှနောင်တ မရ။ စစ်တိုက် ခြင်းငှာ မြင်း ပြေး သကဲ့သို့ ၊ ထိုသူ အပေါင်း တို့သည် လမ်းလွှဲ၍ တဟုန်တည်းပြေး တတ်ကြ၏။
ငါ​သည်​စေ့​စေ့​နား​ထောင်​သော်​လည်း​သင်​တို့ သည်​သစ္စာ​စ​ကား​ကို​မ​ပြော​ကြ။ သင်​တို့​တွင် အ​ဘယ်​သူ​မျှ​မိ​မိ​တို့​ယုတ်​မာ​မှု​များ​အ​တွက် ဝမ်း​မ​နည်း​ကြ။ `ငါ​သည်​အ​ဘယ်​မ​ကောင်း​မှု ကို​ပြု​မိ​ပါ​သ​နည်း' ဟု​အ​ဘယ်​သူ​မျှ​မ​မေး ကြ။ တိုက်​ပွဲ​သို့​အ​ပြင်း​ပြေး​သည့်​မြင်း​ကဲ့ သို့​လူ​တိုင်း​မိ​မိ​တို့​ပြု​လို​ရာ​ကို ပြု​လျက် နေ​ကြ​၏။-
7 မိုဃ်းကောင်းကင် ၌ ကျင်လည်သော တောငန်း သော်လည်း ၊ မိမိ အချိန် ကို သိ တတ်၏။ ဥချိုး ၊ တီတီတွတ် ၊ ဇရက်သော်လည်း၊ မိမိ ပြန်လာ ချိန် ကို မှတ် တတ်၏။ ငါ ၏လူ မူကား ၊ ထာဝရဘုရား စီရင် တော်မူခြင်း ကို နား မ လည်တတ်။
မိုး​ကောင်း​ကင်​၌​ပျံ​ဝဲ​လျက်​ရှိ​သော​ငှက် ကျား​ပင်​လျှင် မိ​မိ​ပြန်​ရ​မည့်​အ​ချိန်​သိ​၏။ ချိုး၊ ပျံ​လွှား​နှင့်​ကြိုး​ကြာ​တို့​သည်​လည်း မိ​မိ တို့​ကျက်​စား​ရာ​အ​ရပ်၊ ပြောင်း​ရွှေ့​ချိန်​ကို​သိ ကြ​၏။ သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်၊ သင် တို့​သည်​မိ​မိ​တို့​အ​တွက်​ထာ​ဝ​ရ​ဘု​ရား ပြ​ဋ္ဌာန်း​ထား​သည့်​တ​ရား​တော်​ကို​မ​သိ ကြ။-
8 ငါ တို့သည် ပညာရှိ ဖြစ်၏။ ထာဝရဘုရား ၏ တရား သည် ငါ တို့၌ ရှိ၏ဟု သင်တို့သည် အဘယ်သို့ ဆို ရလိမ့်မည်နည်း။ အကယ်စင်စစ်စာရေး တို့၏ မုသာ မှင်တံ သည် မုသာ တရားကို လုပ် လေပြီ။
ငါ​၏​တ​ရား​တော်​ကို​သိ​ရှိ​၍​သင်​တို့​သည် ပ​ညာ​ရှိ​ကြ​၏​ဟု​အ​ဘယ်​သို့​လျှင်​သင် တို့​ဆို​နိုင်​ကြ​မည်​နည်း။ ကြည့်​ရှု​ကြ​လော့၊ မ​ရိုး​မ​ဖြောင့်​သည့်​ကျမ်း​ကူး​ဆ​ရာ​တို့​က တ​ရား​တော်​ကို​ပြောင်း​လဲ​စေ​ကြ​လေ​ပြီ။-
9 ပညာရှိ တို့သည် အရှက် ကွဲကြ၏။ ထိတ်လန့် ၍ ကျော့ကွင်း ထဲသို့ ဝင်ကြပြီ။ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ပယ် ကြပြီ။ သူ တို့၌ ပညာ မည် မျှရှိသနည်း။
သင်​တို့​၏​ပ​ညာ​ရှိ​များ​သည်​အ​ရှက်​ကွဲ ကြ​၏။ သူ​တို့​သည်​စိတ်​ရှုပ်​ထွေး​လျက်​ထောင် ချောက်​တွင်​မိ​ကြ​လေ​ပြီ။ သူ​တို့​သည်​ငါ​၏ နှုတ်​က​ပတ်​တော်​ကို​ပစ်​ပယ်​လိုက်​ကြ​ပြီ ဖြစ်​၍​ယ​ခု​အ​ခါ​၌​သူ​တို့​တွင်​အ​ဘယ် သို့​သော​ပ​ညာ​ဉာဏ်​ရှိ​တော့​မည်​နည်း။-
10 ၁၀ ထိုအကြောင်းကြောင့်၊ သူ တို့မယား များကို သူတပါး တို့၌ ငါအပ် မည်။ သူ တို့လယ်ယာ များကို သူတပါးတို့အား အပိုင် ပေးမည်။ အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သောသူ အပေါင်း တို့သည် မတရားသော စီးပွား ကို ရှာကြ၏။ ပရောဖက် မှ စ၍ ယဇ် ပုရောဟိတ်ရှိသမျှ တို့သည် မုသာ ကို သုံး ကြ၏။
၁၀သို့​ဖြစ်​၍​သူ​တို့​လယ်​ယာ​များ​ကို​ပိုင်​ရှင် သစ်​များ​သို့​လည်း​ကောင်း၊ သူ​တို့​ဇ​နီး​များ ကို​အ​ခြား​သူ​တို့​ထံ​သို့​လည်း​ကောင်း​ငါ ပေး​အပ်​မည်။ ကြီး​ငယ်​မ​ဟူ​လူ​အ​ပေါင်း တို့​သည်​မ​တ​ရား​စီး​ပွား​ရှာ​ကြ​၏။ ပ​ရော ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​ပင်​လျှင် လူ​တို့​ကို​လိမ်​လည်​ကြ​၏။-
11 ၁၁ ချမ်းသာ မရှိ သောအခါ ချမ်းသာ ၊ ချမ်းသာ ဟု ပြော ဆိုလျက်၊ ငါ ၏လူမျိုး သတို့သမီး အနာ ကို ပေါ့လျော့ စွာကုကြ၏။
၁၁သူ​တို့​သည်​ငါ့​လူ​မျိုး​တော်​၏​အ​နာ​များ ကို​ပေါ့​ပေါ့​တန်​တန်​သ​ဘော​ထား​၍​ကုသ ကြ​၏။ `အ​စ​စ​အ​ရာ​ရာ​အ​ဆင်​မ​ပြေ ချိန်​၌​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ သည်' ဟု​ဆို​ကြ​၏။-
12 ၁၂ သူတို့သည် ရွံရှာဘွယ် သောအမှုကို ပြု ပြီးမှရှက် ကြ သလော။ အလျှင်းမ ရှက် ကြ။ မျက်နှာ မပျက်တတ်ကြ။ ထိုကြောင့်၊ တယောက်နောက် တယောက်လဲ ကြလိမ့်မည်။ ငါစစ်ကြော သောအခါ နှိမ့်ချ ခြင်းကိုခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၂ငါ​၏​လူ​မျိုး​တော်​သည်​ငါ​စက်​ဆုတ်​သည့် အ​မှု​အ​ရာ​တို့​ကို​ပြု​ကျင့်​သည့်​အ​တွက်​ရှက် ကြောက်​ကြ​သ​လော။ သင်​တို့​အ​လျှင်း​မ​ရှက် မ​ကြောက်​ကြ။ သင်​တို့​သည်​ရှက်​သွေး​ပင်​မ​သန်း တတ်​ကြ။ သို့​ဖြစ်​၍​သင်​တို့​သည်​အ​ခြား​သူ များ​နည်း​တူ​ပြို​လဲ​ရ​ကြ​လိမ့်​မည်။ ငါ​အ​ပြစ် ဒဏ်​ခတ်​သော​အ​ခါ​သင်​တို့​နာ​လန်​ထူ​နိုင် ကြ​တော့​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘုရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။
13 ၁၃ သူ တို့ကို ငါရှင်းရှင်းဖျက်ဆီး မည်။ စပျစ်နွယ် ပင် ၌ စပျစ်သီး မ ရှိရ။ သင်္ဘော သဖန်းပင်၌ သင်္ဘောသဖန်းသီး မ ရှိရ။ အရွက် လည်း ညှိုးနွမ်း ရမည်အကြောင်း၊ လွှမ်းမိုး သောသူ တို့ကို ငါစေလွှတ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၃``လူ​သည်​မိ​မိ​သီး​နှံ​ကို​ရိတ်​သိမ်း​သ​ကဲ့​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော် အား​ရိတ်​သိမ်း​လို​သည်။ သို့​သော်​သူ​တို့​သည် အ​ရွက်​များ​ပင်​ညှိုး​နွမ်း​လျက် အ​သီး​မ​ရှိ သည့်​စ​ပျစ်​ပင်​များ၊ အ​သီး​မ​သီး​သော​သင်္ဘော သ​ဖန်း​ပင်​များ​နှင့်​တူ​ကြ​၏။ ထို​ကြောင့်​ငါ ပေး​သော​ပြည်​တော်​ကို​တစ်​ပါး​သူ​တို့​၏ လက်​ထဲ​သို့​ရောက်​စေ​တော်​မူ​လေ​ပြီ။
14 ၁၄ ငါ တို့သည် အဘယ် ကြောင့် ထိုင် လျက်နေကြ သနည်း။ စုဝေး ကြကုန်အံ့၊ ခိုင်ခံ့ သော မြို့ များအထဲ သို့ ဝင် ၍ တိတ်ဆိတ် စွာ နေကြကုန်အံ့။ ငါတို့သည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ ငါ တို့၏ ဘုရား သခင်ထာဝရဘုရား သည် ငါ တို့ကို တိတ်ဆိတ် စွာနေစေ၍ ၊ ဆေးခါး နှင့် ရောသော ရေ ကိုတိုက် တော်မူ၏။
၁၄ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​က``ငါ​တို့​သည် အ​ဘယ်​ကြောင့်​မ​လှုပ်​မ​ယှက်​ထိုင်​နေ​ကြ​ပါ သ​နည်း။ လာ​ကြ၊ ခံ​တပ်​မြို့​များ​သို့​ပြေး​၍ ငါ​တို့​သေ​ကြ​ကုန်​အံ့။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အား​သေ​ဒဏ် စီ​ရင်​တော်​မူ​ပြီ။ ငါ​တို့​သည်​ကိုယ်​တော်​ကို ပြစ်​မှား​သည်​ဖြစ်​၍ ကိုယ်​တော်​သည်​ငါ​တို့ သောက်​ရန်​အ​ဆိပ်​ပါ​သော​ရေ​ကို​တိုက်​တော် မူ​ပြီ။-
15 ၁၅ ငါတို့သည် ချမ်းသာ ကို မြော်လင့် သော်လည်း ၊ ကောင်း သောအရာ မ ပေါ်လာ။ သက်သာ ချိန် ကို မြော်လင့်သော်လည်း ၊ ဘေး သက်သက်ဖြစ်၏။
၁၅ငါ​တို့​သည်​ငြိမ်း​ချမ်း​မှု​ကို​မျှော်​လင့်​ကြ သော်​လည်း​အ​ချည်း​နှီး​ပင်​ဖြစ်​၏။ ကျန်း​မာ မှု​ကို​မျှော်​လင့်​သော်​လည်း​ကြောက်​လန့်​မှု သာ​လျှင်​ရ​ရှိ​ကြ​၏။-
16 ၁၆ သူ့ မြင်း နှာခေါင်းရှုသံ ကို ဒန် ပြည်က ကြား ရ၏။ သူ့ မြင်းရဲ ဟီ သံ ကိုကြား၍ တပြည် လုံး တုန်လှုပ် လေ၏။ သူတို့သည် ရောက် လာ၍ ၊ ပြည် နှင့် တကွပြည် ၌ရှိသမျှ ကို၎င်း ၊ မြို့ နှင့် တကွမြို့ သား တို့ကို၎င်းစား ၍မျိုကြ၏။
၁၆ရန်​သူ​များ​သည်​မြောက်​ဘက်​ရှိ​ဒန်​မြို့​သို့ တိုင်​အောင်​ရောက်​ရှိ​လာ​ကြ​ရာ သူ​တို့​၏​မြင်း များ​နှာ​မှုတ်​သံ​ကို​ငါ​တို့​ကြား​ရ​ကြ​၏။ သူ​တို့​၏​မြင်း​များ​ဟီ​လိုက်​သော​အ​ခါ​၌ တစ်​တိုင်း​တစ်​ပြည်​လုံး​တုန်​လှုပ်​၍​သွား​၏။ သူ​တို့​သည်​ငါ​တို့​ပြည်​နှင့်​တ​ကွ ငါ​တို့ ပြည်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​များ၊ ငါ​တို့ မြို့​နှင့်​မြို့​သူ​မြို့​သား​များ​အား​သုတ်​သင် ဖျက်​ဆီး​ရန်​လာ​ရောက်​ကြ​လေ​ပြီ'' ဟု​ဆို ကြ​၏။
17 ၁၇ ကြည့်ရှု လော့။ မန်း မှုတ်၍ မ နိုင်သော မြွေ ၊ ဆိုးသောမြွေ များကို သင် တို့ရှိ ရာသို့ ငါ စေလွှတ် သဖြင့် ၊ သင် တို့ကို ကိုက် ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။
၁၇ထာ​ဝ​ရ​ဘု​ရား​က``သ​တိ​ဝိ​ရိ​ယ​နှင့်​နေ ကြ​လော့။ ငါ​သည်​သင်​တို့​အ​ထဲ​သို့​မြွေ​များ၊ အ​လမ္ပာယ်​ဆရာ​မ​နိုင်​သည့်​မြွေ​ဆိုး​များ​ကို စေ​လွှတ်​မည်။ ထို​မြွေ​တို့​သည်​သင်​တို့​ကို ကိုက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
18 ၁၈ ငါ ဝမ်းနည်း ခြင်း ပျောက်မည်အကြောင်းအဘယ်သို့နည်း။ ငါ သည် စိတ် ပျက် လျက်နေရ၏။
၁၈ငါ​၏​ဝမ်း​နည်း​မှု​ကို​ကု​စား​၍​မ​ရ​နိုင်။ ငါ​၏​စိတ်​နှ​လုံး​သည်​ပူ​ဆွေး​လျက်​ရှိ​၏။
19 ၁၉ ငါ၏ လူမျိုးသတို့သမီး အော်ဟစ် သံ ကို ဝေး သော ပြည်က ကြားရ၏။ ထာဝရဘုရား သည် ဇိအုန် မြို့၌ ရှိတော်မ မူသလော ။ မိမိ ရှင် ဘုရင်သည် မြို့ ထဲ၌ရှိတော်မ မူသလော။ တကျွန်းတနိုင်ငံ နှင့်ဆိုင်သောအချည်းနှီးအရာ ၊ ရုပ်တုဆင်းတု အားဖြင့် သူတို့သည် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှာ အဘယ်ကြောင့် ပြုကြသနည်း။
၁၉နား​ထောင်​ကြ​လော့။ အ​လွန်​ဝေး​သော တစ်​တိုင်း​တစ်​ပြည်​တွင်​ငါ​၏​အ​မျိုး​သား များ ဟစ်​အော်​နေ​သံ​ကို​ငါ​ကြား​ရ​၏။ ``ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့​တွင် ရှိ​တော်​မ​မူ​တော့​ပြီ​လော။ ဇိ​အုန်​မြို့​၏​ဘု​ရင်​သည်​ထို​မြို့​တွင်​မ​ရှိ​တော့ ပြီ​လော'' သူ​တို့​၏​ဘု​ရင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည် အ​ဘယ်​ကြောင့်​ရုပ်​တု​များ​နှင့်၊ ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​ကြ​သနည်း'' ဟု​မိန့်​တော်​မူ​၏။
20 ၂၀ အသီးအနှံသိမ်း ရာကာလလွန် ပြီ။ နွေ ကာလ ကုန် ပြီ။ ငါ တို့သည် ကယ်တင် ခြင်းသို့ မ ရောက်ကြ။
၂၀လူ​တို့​က​လည်း``နွေ​ရာ​သီ​ကုန်​ဆုံး​၍​အ​သီး အ​နှံ ရိတ်​သိမ်း​ချိန်​ကုန်​လွန်​ပြီ​ဖြစ်​သော်​လည်း၊ ငါ​တို့​သည်​ကယ်​တင်​ခြင်း​မ​ခံ​ရ​ကြ​သေး​ပါ'' ဟု​ဟစ်​အော်​ကြ​၏။
21 ၂၁ ငါ ၏လူမျိုး သတို့သမီး သည် နာ သောကြောင့် ၊ ငါ လည်းနာ ရ၏။ ကြမ်းတမ်း သော အဝတ်ကို ဝတ်လျက်၊ မိန်းမောတွေဝေလျက်နေရ၏။
၂၁ငါ​၏​အ​မျိုး​သား​တို့​သည်​အ​ချေ​မှုန်း​ခံ​ရ ကြ​သ​ဖြင့် ငါ​၏​စိတ်​နှ​လုံး​သည်​ကြေ​မွ​လျက်​ရှိ​၏။ ငါ​သည်​ငို​ကြွေး​မြည်​တမ်း​လျက်၊အ​လွန့်​အ​လွန် တုန်​လှုပ်​ချောက်​ချား​လျက်​ရှိ​၏။
22 ၂၂ ဂိလဒ် ပြည်၌ ဗာလဇံ ပင် အစေးမ ရှိသလော။ ထို ပြည်၌ ဆေးသမား မ ရှိသလော။ ရှိလျက်ပင် ငါ ၏လူမျိုး သတို့သမီး သည် အဘယ်ကြောင့် အနာမှမ ထမြောက် သနည်း။
၂၂ဂိ​လဒ်​ပြည် ၌​ဆေး​ဝါး​မ​ရှိ​တော့​ပြီ​လော။ ဆေး​သ​မား​လည်း​မ​ရှိ​တော့​ပြီ​လော။ အ​ဘယ်​ကြောင့်​ငါ့​အ​မျိုး​သား​များ​၏ အ​နာ​ရော​ဂါ​ကို ပျောက်​ကင်း​အောင်​မ​ကု​သ​ကြ​ပါ​သ​နည်း။

< ယေရမိ 8 >