< ဟေရှာယ 62 >

1 ဇိအုန် မြို့တည်းဟူသောယေရုရှလင် မြို့၏ ဖြောင့်မတ် ခြင်းသည် ရောင်ခြည် ကဲ့သို့ ၎င်း၊ သူ ၏ ကယ်တင် ခြင်းသည် ထွန်းတောက် သော ဆီမီးခွက် ကဲ့သို့ ၎င်း မ ထင်ရှား မှီတိုင်အောင် ထိုမြို့အတွက် ငါသည် တိတ်ဆိတ် ငြိမ်သက်စွာ မ နေရ။
ဇိအုန်မြို့တည်းဟူသော ယေရုရှလင်မြို့၏ ဖြောင့်မတ်ခြင်းသည် ရောင်ခြည်ကဲ့သို့၎င်း၊ သူ၏ ကယ် တင်ခြင်းသည် ထွန်းတောက်သော ဆီမီးခွက်ကဲ့သို့၎င်း မထင်ရှားမှီတိုင်အောင် ထိုမြို့အတွက် ငါသည် တိတ် ဆိတ်ငြိမ်သက်စွာ မနေရ။
2 တပါးအမျိုးသား တို့သည် သင် ၏ဖြောင့်မတ် ခြင်း ကို၎င်း ၊ ရှင်ဘုရင် အပေါင်း တို့သည် သင် ၏ ဘုန်း အသရေကို၎င်း မြင် ရကြလိမ့်မည်။ ထာဝရဘုရား ၏ နှုတ် တော် ထွက်နာမ သစ် ဖြင့် သင့် ကို ခေါ် ကြလိမ့်မည်။
တပါးအမျိုးသားတို့သည် သင်၏ဖြောင့်မတ်ခြင်း ကို၎င်း၊ ရှင်ဘုရင်အပေါင်းတို့သည် သင်၏ ဘုန်းအသရေ ကို၎င်း မြင်ရကြလိမ့်မည်။ ထာဝရဘုရား၏ နှုတ်တော် ထွက်နာမသစ်ဖြင့် သင့်ကို ခေါ်ကြလိမ့်မည်။
3 သင်သည် ထာဝရဘုရား ၏ လက် တော်၌ တင့်တယ် သော ဦးရစ် ၊ သင် ၏ဘုရား သခင်ကိုင် တော်မူသောမင်း မြောက်သရဖူ ဖြစ် လိမ့်မည်။
သင်သည် ထာဝရဘုရား၏ လက်တော်၌ တင့် တယ်သော ဦးရစ်၊ သင်၏ဘုရားသခင်ကိုင်တော်မူသော မင်းမြောက်သရဖူ ဖြစ်လိမ့်မည်။
4 သင့် ကို ၊ စွန့်ပစ် သောသူဟူ၍၎င်း၊ သင် ၏မြေ ကို ၊ လူဆိတ်ညံ သော မြေဟူ၍၎င်း နောက်တဖန် မ ခေါ် ရ။ သင် သည် ငါနှစ်သက် သောသူ၊ သင် ၏ မြေ သည်လက်ထပ် သောမြေဟူသော အမည် ကို ရလိမ့်မည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် သင့် ကို နှစ်သက် တော်မူ၏။ သင် ၏မြေ ကိုလည်း လက်ထပ် ရလိမ့်မည်။
သင့်ကို၊ စွန့်ပစ်သော သူဟူ၍၎င်း၊ သင်၏မြေ ကို၊ လူဆိတ်ညံသော မြေဟူ၍၎င်း နောက်တဖန် မခေါ် ရ။ သင်သည် ငါနှစ်သက်သောသူ၊ သင်၏ မြေသည်လက်ထပ်သောမြေဟူသော အမည်ကို ရလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင့်ကို နှစ်သက် တော်မူ၏။ သင်၏မြေကိုလည်း လက်ထပ်ရလိမ့်မည်။
5 လူပျို သည် အပျို ကညာနှင့် လက်ထပ် သကဲ့သို့ ၊ သင် ၏သား တို့သည် သင် နှင့် လက်ထပ် ကြလိမ့်မည်။ မင်္ဂလာဆောင် လုလင်သည် မင်္ဂလာဆောင်သတို့သမီး ၌ ဝမ်းမြောက် သကဲ့သို့၊ သင် ၏ဘုရား သခင်သည် သင် ၌ ဝမ်းမြောက် တော်မူလိမ့်မည်။
လူပျိုသည် အပျိုကညာနှင့် လက်ထပ်သကဲ့သို့၊ သင်၏သားတို့သည် သင်နှင့် လက်ထပ်ကြလိမ့်မည်။ မင်္ဂလာဆောင်လုလင်သည် မင်္ဂလာဆောင်သတို့သမီး၌ ဝမ်းမြောက်သကဲ့သို့၊ သင်၏ဘုရားသခင်သည် သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်။
6 အိုယေရုရှလင် မြို့၊ နေ့ ညဉ့် မပြတ် တိတ်ဆိတ် စွာ မ နေရသော လူစောင့် တို့ကို သင် ၏မြို့ရိုး ပေါ် မှာ ငါထား ပြီ။ ထာဝရဘုရား ကို အောက်မေ့ စေသောသူတို့၊ တိတ်ဆိတ် စွာ မ နေကြနှင့်။
အိုယေရုရှလင်မြို့၊ နေ့ညဉ့်မပြတ် တိတ်ဆိတ်စွာ မနေရသော လူစောင့်တို့ကို သင်၏မြို့ရိုးပေါ်မှာ ငါထား ပြီ။ ထာဝရဘုရားကို အောက်မေ့စေသော သူတို့၊ တိတ် ဆိတ်စွာ မနေကြနှင့်။
7 ယေရုရှလင် မြို့ကို အမြဲတည်တော်မမူ၊ မြေကြီး ပေါ်မှာ ချီးမွမ်း စရာအကြောင်းဖြစ် စေတော်မမူမှီတိုင်အောင် ၊ ဘုရား သခင်ကို မ ငြိမ် စေကြနှင့်။
ယေရုရှလင်မြို့ကို အမြဲတည်တော်မမူ၊ မြေကြီး ပေါ်မှာ ချီးမွမ်းစရာအကြောင်းဖြစ်စေတော်မမူမှီတိုင် အောင်၊ ဘုရားသခင်ကို မငြိမ်စေကြနှင့်။
8 ထာဝရဘုရား က၊ သင် ၏ ရန်သူ တို့ကို သင် ၏ စပါး နှင့် နောက်တဖန် ငါမ ကျွေး။ သင်သည် ကြိုးစား ၍ လုပ်သော စပျစ်ရည် ကို တပါးအမျိုးသား တို့သည် မ သောက် ရကြ။
ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ စပါးနှင့် နောက်တဖန် ငါမကျွေး။ သင်သည် ကြိုးစား၍ လုပ်သော စပျစ်ရည်ကို တပါးအမျိုးသားတို့သည် မသောက်ရကြ။
9 စပါးကိုရိတ် သောသူတို့သည် ကိုယ်တိုင် စား ၍ ၊ ထာဝရဘုရား ကို ချီးမွမ်း ကြလိမ့်မည်။ စပျစ်သီးကို သိမ်း သောသူတို့ သည် ငါ ၏ သန့်ရှင်း ရာဌာနတန်တိုင်း အတွင်း ၌ စပျစ်ရည်ကို သောက် ကြလိမ့်မည်ဟု တန်ခိုး ကြီးသော လက်ျာ လက်ရုံး တော်ကို တိုင်တည်၍ ကျိန်ဆို တော်မူပြီ။
စပါးကို ရိတ်သောသူတို့သည် ကိုယ်တိုင်စား၍၊ ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။ စပျစ်သီးကို သိမ်း သော သူတို့သည် ငါ၏ သန့်ရှင်းရာဌာနတန်တိုင်းအတွင်း ၌ စပျစ်ရည်ကို သောက်ကြလိမ့်မည်ဟု တန်ခိုးကြီးသော လက်ျာလက်ရုံးတော်ကို တိုင်တည်၍ ကျိန်ဆိုတော်မူပြီ။
10 ၁၀ မြို့တံခါး မှ ထွက် ကြ။ ထွက် ကြ။ လူ များဘို့လမ်း ကို ပြင် ကြ။ မြေဖို့ ကြ။ ဖို့ ကြ။ ကျောက် များကို ပယ်ရှင်း ကြ။ လူ များဘို့ အလံ ကို ထူ ကြ။
၁၀မြို့တံခါးမှ ထွက်ကြ။ ထွက်ကြ။ လူများဘို့လမ်း ကို ပြင်ကြ။ မြေဖို့ကြ။ ဖို့ကြ။ ကျောက်များကို ပယ်ရှင်းကြ။ လူများဘို့အလံကို ထူကြ။
11 ၁၁ မြေကြီး စွန်း တိုင်အောင်ထာဝရဘုရား မိန့် တော်မူ သည်ကား၊ သင့် ကို ကယ်တင် သောသူသည် လာ ၏။ မိမိ ခံထိုက်သော အခ သည် မိမိ ၌ပါ လျက် ၊ ဆုလပ် တော် သည် ရှေ့တော်၌ရှိ၏ဟု ဇိအုန် သတို့သမီး ကို ပြော ကြလော့။
၁၁မြေကြီးစွန်းတိုင်အောင် ထာဝရဘုရားမိန့်တော် မူသည်ကား၊ သင့်ကို ကယ်တင်သော သူသည် လာ၏။ မိမိခံထိုက်သော အခသည် မိမိ၌ပါလျက်၊ ဆုလပ်တော် သည် ရှေ့တော်၌ရှိ၏ဟု ဇိအုန်သတို့သမီးကို ပြောကြ လော့။
12 ၁၂ သူ တို့သည် သန့်ရှင်း သောသူ ၊ ထာဝရဘုရား ရွေးနှုတ် တော်မူသောသူဟူ၍၎င်း ၊ သင် သည် သူတပါး မ စွန့်ပစ် ၊ စည်ပင် သော မြို့ ဟူ၍၎င်း သမုတ် ခြင်းကိုခံရလိမ့်မည်။
၁၂သူတို့သည် သန့်ရှင်းသောသူ၊ ထာဝရဘုရား ရွေးနှုတ်တော်မူသော သူဟူ၍၎င်း၊ သင်သည် သူတပါး မစွန့်ပစ်၊ စည်ပင်သော မြို့ဟူ၍၎င်း သမုတ်ခြင်းကို ခံရလိမ့်မည်။

< ဟေရှာယ 62 >