< ယေရမိ 1 >

1 ယုဒ ရှင်ဘုရင် အာမုန် သား ယောရှိ မင်းနန်းစံ ဆယ်သုံး နှစ် တွင် ၎င်း၊ ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် လက်ထက် ၌ ၎င်း ၊
ယုဒရှင်ဘုရင် အာမုန်သားယောရှိမင်းနန်းစံ ဆယ်သုံးနှစ်တွင်၎င်း၊ ယုဒရှင်ဘုရင်ယောရှိသား ယောယ ကိမ်လက်ထက်၌၎င်း၊
2 ယုဒ ရှင်ဘုရင် ယောရှိ သား ဇေဒကိ မင်းနန်းစံဆယ်တ နှစ် စေ့ ၍ ပဉ္စမ လ တွင် ၊ ယေရုရှလင် မြို့သားတို့ကိုသိမ်းသွား ချုပ်ထားသည်တိုင်အောင်၊
ယုဒရှင်ဘုရင်ယောရှိသား ဇေဒကိ မင်းနန်းစံ ဆယ်တနှစ်စေ့၍ ပဥ္စပလတွင်၊ ယေရုရှလင် မြို့သားတို့ကို သိမ်းသွားချုပ်ထားသည်တိုင်အောင်၊
3 ထာဝရဘုရား ၏ဗျာဒိတ် တော်ကိုခံရ သော ဗင်္ယာမိန် ပြည် ၊ အာနသုတ် မြို့နေဟိလခိ သား ယဇ်ပုရောဟိတ် ယေရမိ စကား မှာ၊
ထာဝရဘုရား၏ ဗျာဒိတ်တော်ကိုခံသော ဗင်္လာမိန်ပြည်၊ အာနသုတ်မြို့နေ ဟိလခိသားယဇ်ပုရောဟိတ် ယေရမိ စကားမှာ၊
4 ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် ၍ မိန့် တော်မူသည်ကား၊
ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီ သို့ ရောက်၍ မိန့်တော်မူသည်ကား၊
5 သင့်ကိုအမိဝမ်း ထဲ ၌ငါမဖန်ဆင်း မှီ သင့် ကို ငါသိ ပြီ။ မ ဘွား မှီကပင် သင့် ကို ငါသန့်ရှင်း စေ၍၊ လူ အမျိုးမျိုးတို့အဘို့ ၊ ပရောဖက် အရာ၌ ခန့် ထားပြီဟု မိန့်တော်မူ၏။
သင့်ကိုအမိဝမ်းထဲ၌ ငါမဖန်ဆင်းမှီသင့်ကို ငါသိပြီ။ မဘွားမှီကပင် သင့်ကို ငါသန့်ရှင်းစေ၍၊ လူ အမျိုးမျိုးတို့အဘို့၊ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မူ၏။
6 ငါကလည်း၊ အို အရှင် ထာဝရဘုရား ၊ အကျွန်ုပ် သည် မ ဟော မပြောတတ်ပါ။ သူငယ် ဖြစ်ပါ၏ဟု လျှောက် လျှင် ၊
ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ် သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ်ပါ၏ဟု လျှောက်လျှင်၊
7 ထာဝရဘုရား ကလည်း ၊ အကျွန်ုပ် သည် သူငယ် ဖြစ်ပါ၏ဟု မ ပြော နှင့်။ အကြင် သူရှိရာသို့ သင့် ကို ငါ စေလွှတ် ၏၊ ထိုသူရှိရာသို့ သင်သွား ရမည်။ အကြင် စကားကို ငါမှာ ထား၏၊ ထို စကားကို သင် ဆင့်ဆို ရမည်။
ထာဝရဘုရားကလည်း၊ အကျွန်ုပ်သည် သူငယ် ဖြစ်ပါ၏ဟု မပြောနှင့်။ အကြင်သူရှိရာသို့ သင်ကို ငါ စေလွှတ်၏။ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင် စကားကို ငါမှာထား၏။ ထိုစကားကို သင်ဆင့်ဆိုရမည်။
8 သူ တို့ကိုမ ကြောက် နှင့်။ သင့် ကို ကယ်နှုတ် ခြင်းငှါ သင် နှင့် အတူငါ ရှိသည်ဟု မိန့် တော်မူပြီးမှ၊
သူတို့ကိုမကြောက်နှင့်။ သင့်ကို ကယ်နှုတ်ခြင်းငှါ သင်နှင့်အတူ ငါရှိသည်ဟု မိန့်တော်မူပြီးမှ၊
9 လက် တော်ကိုဆန့် ၍ ငါ့ နှုတ် ကိုတို့ တော်မူလျက် ၊ သင် ၏နှုတ် ၌ ငါ့ စကား ကို ငါသွင်း ထားပြီ။
လက်တော်ကိုဆန့်၍ ငါ့နှုတ်ကိုတို့တော်မူလျက်၊ သင်၏နှုတ်၌ ငါ့စကားကို ငါသွင်းထားပြီ။
10 ၁၀ ကြည့်ရှု လော့။ သင်သည်နှုတ်ပယ်ဖြိုချ ဖျက်ဆီး မှောက် လှဲရသောအခွင့်၊ တည် ဆောက်စိုက်ပျိုး ရသောအခွင့်နှင့် သင့်ကို လူ အမျိုးမျိုးတို့၏ တိုင်း နိုင်ငံများ အပေါ် မှာ ယနေ့ ငါခန့် ထားပြီဟု မိန့် တော်မူ၏။
၁၀ကြည့်ရှုလော့။ သင်သည်နှုတ်ပယ်ဖြိုချ ဖျက်ဆီး မှောက်လှဲရသောအခွင့်၊ တည်ဆောက်စိုက်ပျိုးရသော အခွင့်နှင့် သင့်ကို လူအမျိုးမျိုးတို့၏ တိုင်းနိုင်ငံများ အပေါ်မှာ ယနေ့ငါခန့်ထားပြီဟု မိန့်တော်မူ၏။
11 ၁၁ တဖန် ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် ၍၊ ယေရမိ ၊ သင် သည်အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ငါ က၊ အကျွန်ုပ်သည် ဗာတံ ကိုင်း ကို မြင် ပါ၏ဟု လျှောက် သော် ၊
၁၁တဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍၊ ယေရမိ၊ သင်သည်အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင် ငါက၊ အကျွန်ုပ်သည် ဗာတံတိုင်းကို မြင်ပါ၏ဟု လျှောက်သော်၊
12 ၁၂ ထာဝရဘုရား က၊ သင်သည်မှန်ကန် စွာမြင်ပြီ။ အကြောင်းမူကား၊ ငါ့ စကား ကို ပြည့်စုံ စေခြင်းငှါ ၊ ငါ စောင့် နေမည်ဟု မိန့် တော်မူ၏။
၁၂ထာဝရဘုရားက၊ သင်သည်မှန်ကန်စွာမြင်ပြီ။ အကြောင်းမူကား၊ ငါ့စကားကို ပြည့်စုံစေခြင်းငှါ၊ ငါစောင့် နေမည်ဟု မိန့်တော်မူ၏။
13 ၁၃ တဖန်ထာဝရ ဘုရား၏ နှုတ်ကပတ် တော်သည် ဒုတိယ အကြိမ် ငါ့ ဆီသို့ ရောက် ၍ ၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ငါက၊ အကျွန်ုပ် သည် ဆူပွက် သော အိုး ကင်းကို မြင် ပါ၏။ မြောက် ဘက်သို့ မျက်နှာ ပြုလျက်ရှိပါ၏ဟု လျှောက် လျှင်၊
၁၃တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ဆီသို့ရောက်၍၊ သင်သည် အဘယ် အရာကို မြင်သနည်းဟု မေးတော်မူလျှင် ငါက၊ အကျွန်ုပ် သည် ဆူပွက်သော အိုးကင်းကို မြင်ပါ၏။ မြောက် ဘက်သို့မျက်နှာပြုလျက်ရှိပါ၏ဟု လျှောက်လျှင်၊
14 ၁၄ ထာဝရဘုရား က၊ မြောက် မျက်နှာဘက်က ဘေးဥပဒ် သည်၊ ဤပြည် သား တို့အပေါ် သို့ ထွက်လာလိမ့်မည်။
၁၄ထာဝရဘုရားက၊ မြောက်မျက်နှာဘက်ကဘေးဥပဒ်သည်၊ ဤပြည်သားတို့အပေါ်သို့ ထွက်လာလိမ့်မည်။
15 ၁၅ အကြောင်း မူကား၊ မြောက် တိုင်း နိုင်ငံသား အမျိုးမျိုး အပေါင်းတို့ကို ငါ ခေါ် ၍၊ သူတို့သည် လာ ပြီးလျှင် ၊ ယေရုရှလင် မြို့တံခါး ဝ များတို့၌၎င်း ၊ မြို့ရိုး ပတ်ဝန်းကျင် အရပ်ရပ် တို့၌၎င်း ၊ ယုဒ မြို့ ရွာအလုံးစုံ တို့၌ ၎င်း မိမိ တို့ ရာဇပလ္လင် များကို အသီးအသီး တည် ထားကြလိမ့်မည်။
၁၅အကြောင်းမူကား၊ မြောက်တိုင်းနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို ငါခေါ်၍၊ သူတို့သည် လာပြီးလျှင်၊ ယေရုရှလင်မြို့တံခါးဝများတို့၌၎င်း၊ မြို့ရိုးပတ်ဝန်းကျင် အရပ်ရပ်တို့၌၎င်း၊ ယုဒမြို့ရွာအလုံးစုံတို့၌၎င်း မိမိတို့ ရာဇပလ္လင်များကို အသီးအသီး တည်ထားကြလိမ့်မည်။
16 ၁၆ ပြည်သူပြည်သားတို့သည် ငါ့ ကိုစွန့် သောအပြစ်၊ အခြားသော ဘုရား တို့အား နံ့သာပေါင်းကို မီးရှို့ သော အပြစ်၊ မိမိ တို့လက် ဖြင့် လုပ် သော အရာကို ကိုးကွယ် သောအပြစ် ရှိသမျှ တို့ကြောင့် ၊ သူ တို့ကို ငါ စစ်ကြော ၍၊ အပြစ်နှင့်အလျောက်စီရင် မည်။
၁၆ပြည်သူပြည်သားတို့သည် ငါ့ကိုစွန့်သောအပြစ်၊ အခြားသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့သော အပြစ်၊ မိမိတို့လက်ဖြင့် လုပ်သော အရာကို ကိုးကွယ် သောအပြစ်ရှိသမျှတို့ကြောင့်၊ သူတို့ကို ငါစစ်ကြော၍၊ အပြစ်နှင့်အလျောက် စီရင်မည်။
17 ၁၇ သို့ဖြစ်၍သင် သည် ခါးပန်း ကို စည်း ၍ ထ လော့။ ငါ မှာ ထားသမျှ ကို သူ တို့အား ဟော ပြောလော့။ သူ တို့ ရှေ့ မှာ သင့် ကို ငါအရှက်မခွဲရမည်အကြောင်းသူ တို့ကို မ ကြောက် နှင့်။
၁၇သို့ဖြစ်၍ သင်သည် ခါးပန်းကို စည်း၍ထလော့။ ငါမှာထားသမျှကို သူတို့အား ဟောပြောလော့။ သူတို့ ရှေ့မှာ သင့်ကို ငါအရှက်မခွဲရမည်အကြောင်း သူတို့ကို မကြောက်နှင့်။
18 ၁၈ ကြည့်ရှု လော့။ ယုဒ ရှင်ဘုရင် ၊ မင်းသား ၊ ယဇ်ပုရောဟိတ် ၊ ပြည်သူ ပြည်သားတည်းဟူသောတနိုင်ငံ လုံး တစ်ဘက် ၌၊ ခိုင်ခံ့ သော မြို့ ၊ သံ တိုင် ၊ ကြေးဝါ ထရံ အရာ၌ သင့် ကို ယနေ့ ငါခန့် ထား၏။
၁၈ကြည့်ရှုလော့။ ယုဒရှင်ဘုရင်၊ မင်းသား၊ ယဇ် ပုရောဟိတ်၊ ပြည်သူပြည်သားတည်းဟူသော တနိုင်ငံလုံး တဘက်၌၊ ခိုင်ခံ့သော မြို့၊ သံတိုင်၊ ကြေးဝါထရံအရာ၌ သင့်ကို ယနေ့ ငါခန့်ထား၏။
19 ၁၉ သူတို့သည် သင့် ကို စစ်တိုက် ၍ မ နိုင် ရကြ။ သင့် ကို ကယ်နှုတ် ခြင်းငှါ ၊ သင် နှင့် အတူငါ ရှိသည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၉သူတို့ဥည် သင့်ကိုစစ်တိုက်၍ မနိုင်ရကြ။ သင့်ကို ကယ်နှုန်ခြင်းငှါ၊ သင်နှင့်အတူ ငါရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

< ယေရမိ 1 >