< ဟေရှာယ 34 >
1 ၁ အိုလူမျိုး တို့၊ သင်တို့သည် ကြား ရ အံ့သောငှါ ချဉ်းကပ် ကြလော့။ အို လူစု တို့၊ နားထောင် ကြလော့။ မြေကြီး နှင့် မြေကြီး ၌ ပါသမျှ သော အရာ၊ လောက ဓါတ် နှင့် လောက ဓါတ် တန်ဆာ ခပ်သိမ်း တို့သည် ကြား ကြ ပါစေ။
Come near, ye Gentiles, and hear, and hearken, ye people: let the earth hear, and all that is therein, the world, and every thing that cometh forth of it.
2 ၂ ထာဝရဘုရား ၏ အမျက် တော်သည် လူမျိုး အပေါင်း တို့၌ ထွက်၍ ၊ ပြင်းစွာသောအမျက် တော်သည် သူ တို့ အလုံး အရင်းအပေါ် မှာ သင့်ရောက်လေ၏။ သူ တို့ကို ရှင်းရှင်းဖျက်ဆီး ၍၊ အသေ သတ်ခြင်း၌ အပ် လိုက်တော်မူ ၏။
For the indignation of the Lord if upon all nations, and his fury upon all their armies: he hath killed them, and delivered them to slaughter.
3 ၃ သူ တို့တွင် အသေခံရသောသူတို့ ကို ပြင်သို့ ပစ် လိုက်သဖြင့် ၊ အသေ ကောင်တို့သည် နံစော် ၍ ၊ သူ တို့၏ အသွေး ဖြင့် တောင် တို့သည် အရည် ဖြစ်ကြလိမ့်မည်။
Their slain shall be cast forth, and out of their carcasses shall rise a slink: the mountains shall be melted with their blood.
4 ၄ ခပ်သိမ်း သော ကောင်းကင် တန်ဆာ တို့သည် ပြုတ် ၍ ၊ မိုဃ်းကောင်းကင် သည်စာလိပ် ကဲ့သို့ လိပ် လျက် ရှိလိမ့်မည်။ စပျစ် နွယ်ပင်မှ အရွက် ကျ သကဲ့သို့ ၎င်း၊ သင်္ဘော သဖန်းပင်မှ အသီးကျ သကဲ့သို့ ၎င်း၊ ခပ်သိမ်း သော ကောင်းကင်တန်ဆာ တို့သည် ကျ ကြလိမ့်မည်။
And all the host of the heavens shall pine away, and the heavens shall be folded together as a book: and all their host shall fall down as the leaf falleth from the vine, and from the fig tree.
5 ၅ အကြောင်း မူကား၊ ငါ့ ထား သည် မိုဃ်းကောင်းကင် ၌ ရောင့်ရဲ ပြီးမှ၊ တဖန် ဧဒုံ ပြည် အပေါ်မှာ၎င်း၊ ငါ ကျိန် သောလူ များတို့အပေါ် မှာ၎င်း၊ ဒဏ် ပေးခြင်းငှါရောက်လိမ့်မည်။
For my sword is inebriated in heaven: behold it shall come down upon Idumea, and upon the people of my slaughter unto judgment.
6 ၆ ထာဝရဘုရား ၏ ထား တော်သည် အသွေး နှင့် ဝ ပြီ။ ဆီဥ နှင့် ဆူ ပြီ။ သိုးသငယ် နှင့် ဆိတ် တို့၏ အသွေး ၊ သိုး ထီးတို့၏ ကျောက်ကပ် ဆီဥ နှင့် ဆူဝပြီ။ ထာဝရဘုရား သည် ဗောဇရ မြို့၌ ယဇ် ပွဲကို၎င်း၊ ဧဒုံ ပြည် ၌ ကြီး စွာသော သတ် ခြင်းပွဲကို၎င်း ခံတော်မူ၏။
The sword of the Lord is filled with blood, it is made thick with the blood of lambs and buck goats, with the blood of rams full of marrow: for there is a victim of the Lord in Bosra and a great slaughter in the land of Edom.
7 ၇ ကြံ့ များနှင့် နွားလား ဥသဘများတို့သည် လဲ ကြ သဖြင့်၊ သူ တို့နေရာမြေ သည် သူတို့အသွေး နှင့် ယစ်မူး ၍၊ မြေမှုန့် သည်လည်း ဆီဥ နှင့် ဆူဝ လိမ့်မည်။
And the unicorns shall go down with them, and the bulls with the mighty: their land shall be soaked with blood, and their ground with the fat of fat ones.
8 ၈ ထာဝရဘုရား ဒဏ် ပေးတော်မူရာနေ့ ၊ ဇိအုန် မြို့ ၏ အမှု ကိုစောင့်၍ အပြစ် ပေးတော်မူရာ နှစ် ရောက်လေပြီ။
For it is the day of the vengeance of the Lord, the year of recompenses of the judgment of Sion.
9 ၉ ထိုပြည် ၏မြစ် ရေသည် ထင်းရူး စေး၊ မြေမှုန့် လည်း ကန့် ၊ တပြည် လုံးလည်း မီး လောင်သော အစေး ဖြစ် လိမ့်မည်။
And the streams thereof shall be turned into pitch, and the ground thereof into brimstone: and the land thereof shall become burning pitch.
10 ၁၀ နေ့ ညဉ့် မပြတ် မီးမ ငြိမ်း ရ။ မီးခိုး လည်း အစဉ် တက် လိမ့်မည်။ ထိုပြည်သည် လူမျိုး အစဉ်အဆက် ဆိတ်ညံ ၍၊ ကာလအစဉ် အမြဲ အဘယ်သူမျှမ ရှောက် မသွားရ။
Night and day it shall not be quenched, the smoke thereof shall go up for ever: from generation to generation it shall lie waste, none shall pass through it for ever and ever.
11 ၁၁ ဝံပို ငှက် နှင့် ဖြူ ကောင်တို့သည် ထိုပြည် ကို အမွေ ခံ၍ ၊ ဣဗိတ် ငှက် နှင့် ကျီးအ တို့သည်လည်း နေ ကြလိမ့်မည်။ ထိုမြေ အပေါ် မှာ လွတ်လပ် ခြင်း မျဉ်း ကြိုးကို တန်း ၍ ၊ လဟာ မှန် ထုပ်ကို စီရင်တော်မူလိမ့်မည်။
The bittern and ericius shall possess it: and the ibis and the raven shall dwell in it: and a line shall be stretched out upon it, to bring it to nothing, and a plummet, unto desolation.
12 ၁၂ မင်းအရာ၌ ချီးမြှောက်ရသောမှူး တော်မတ် တော် မ ရှိရ။ မင်း ရိုးပြတ် ရလိမ့်မည်။
The nobles thereof shall not be there: they shall call rather upon the king, and all the princes thereof shall be nothing.
13 ၁၃ ဘုံ ဗိမာန်တို့၌၎င်း၊ ရဲတိုက် တို့၌ ၎င်း၊ ဆူး ပင်အမျိုးမျိုးပေါက်ကြလိမ့်မည်။ မြေခွေး ခို ရာ၊ ကုလားအုတ် ငှက် နေရာ ဖြစ် ရလိမ့်မည်။
And thorns and nettles shall grow up in its houses, and the thistle in the fortresses thereof: and it shall be the habitation of dragons, and the pasture of ostriches.
14 ၁၄ ထိုအရပ်၌ တောသားရဲ တို့သည် တောခွေး တို့ နှင့် တွေ့ကြုံ ကြလိမ့်မည်။ မျောက် တို့သည် အချင်းချင်း တကောင်ကို တကောင် မြည် ကြလိမ့်မည်။ ထို အရပ်၌ လိလိတ် ငှက်သည်လည်း နား ၍ခိုလှုံရာကို တွေ့ လိမ့်မည်။
And demons and monsters shall meet, and the hairy ones shall cry out one to another, there hath the lamia lain down, and found rest for herself.
15 ၁၅ ခုန်တတ်သော မြွေသည်လည်း၊ ထို အရပ်၌ အသိုက် လုပ်၍ ဥ လိမ့်မည်။ အဥပေါက် ပြီးမှ မြွေသငယ်တို့ကို စုသိမ်း၍ ကွယ်ကာ လိမ့်မည်။ လင်းတ တို့သည်လည်း ထို အရပ် ၌ စုဝေး ၍၊ အထီး အမများ ပေါင်းကြလိမ့်မည်။
There hath the ericius had its hole, and brought up its young ones, and hath dug round about, and cherished them in the shadow thereof: thither are the kites gathered together one to another.
16 ၁၆ ထာဝရဘုရား ၏ ကျမ်းစာ ကို ကြည့်ရှု ၍ ဘတ် ကြလော့။ ထို တိရစ္ဆာန်တကောင်မျှ မ ပေါ် ဘဲမနေရ။ အမ တကောင်မျှ မိမိအဘော် ကို မ လို ရ။ ထာဝရဘုရား ၏ နှုတ် တော်ထွက် အမိန့် တော်ရှိ၏။ ဝိညာဉ် တော်သည်လည်း သူ တို့ ကို စုဝေး စေတော်မူ၏။
Search ye diligently in the book of the Lord, and read: not one of them was wanting, one hath not sought for the other: for that which proceedeth out of my mouth, he hath commanded, and his spirit it hath gathered them.
17 ၁၇ သူ တို့ကို စာရေးတံ ပြုလျက် ၊ လက် တော်နှင့် မျဉ်းကြိုး ကို တန်းလျက် ၊ သူ တို့နေရာကို ခွဲဝေ တော်မူ၏။ သူတို့ သည် ထိုပြည် ကို အမြဲ အမွေခံ ၍၊ အမျိုးအနွယ် အစဉ် အဆက်နေ ရကြလိမ့်မည်။
And he hath cast the lot for them, and his hand hath divided it to them by line: they shall possess it for ever, from generation to generation they shall dwell therein.