< ဟေရှာယ 33 >
1 ၁ သူတပါး လုယူ ခြင်းကို မ ခံဘဲလျက်၊ လုယူ တတ် သောသူ၊ သူတပါးဖျက်ဆီး ခြင်းကို မ ခံဘဲလျက်၊ ဖျက်ဆီး တတ်သောသူ၊ သင် သည်အမင်္ဂလာ ရှိ၏။ သင် သည် မလု မယူဘဲ နေသောအခါ လုယူ ခြင်းကိုခံ ရမည်။ ဖျက်ဆီး၍ မော သောအခါ ပျက်စီး ခြင်းသို့ရောက်လိမ့်မည်။
Woe to thee that spoilest, shalt not thou thyself also be spoiled? and thou that despisest, shalt not thyself also be despised? when thou shalt have made an end of spoiling, thou shalt be spoiled: when being wearied thou shalt cease to despise, thou shalt be despised.
2 ၂ အိုထာဝရဘုရား ၊ အကျွန်ုပ် တို့ကို သနား တော်မူ ပါ။ အကျွန်ုပ်တို့သည် ကိုယ်တော် ကို မြော်လင့် ကြပါ၏။ နံနက် တိုင်း အကျွန်ုပ်တို့၌ ခွန်အား ကိုပေး တော်မူပါ။ အမှု ရောက်သောအခါ ၊ အကျွန်ုပ် တို့ကို ကယ်တင် တော်မူ ပါ။
O Lord, have mercy on us: for we have waited for thee: be thou our arm in the morning, and our salvation in the time of trouble.
3 ၃ အလုံး အရင်း၏ အသံ ကြောင့် ၊ လူစု တို့သည် ပြေး ကြ၏။ ထ တော်မူသောအခါ ၊ လူမျိုး တို့သည် အရပ်ရပ် ကွဲပြား ကြ၏။
At the voice of the angel the people fled, and at the lifting up thyself the nations are scattered.
4 ၄ သူတပါးတို့သည် သင် တို့၏ ဥစ္စာ ကို ကျိုင်းကောင် သိမ်း ယူသကဲ့သို့ သိမ်း ယူကြလိမ့်မည်။ ကျိုင်းကောင် တို့သည် လူး လာပြေး သကဲ့သို့၊ သင်တို့၏ ဥစ္စာ ပေါ် မှာ လူးလာပြေးကြလိမ့်မည်။
And your spoils shall be gathered together as the locusts are gathered, as when the ditches are full of them.
5 ၅ ထာဝရဘုရား သည် ချီးမြှောက် ခြင်းရှိတော်မူ၏။ မြင့် သောအရပ်၌ နေ တော်မူ၏။ ဇိအုန် မြို့ကို တရား သဖြင့် ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်းနှင့် ပြည့် စေ တော်မူ၏။
The Lord is magnified, for he hath dwelt on high: he hath filled Sion with judgment and justice.
6 ၆ ဉာဏ် နှင့် ပညာ သည် သင် ၏လက်ထက် ၌ တည်ကြည် ခြင်း၊ မြဲမြံ စွာ ကယ်တင် ခြင်းကို ဖြစ် စေလိမ့်မည်။ ထာဝရဘုရား ကို ကြောက်ရွံ့ခြင်းသဘော သည် လည်း သင် ၏ဘဏ္ဍာ ဖြစ် လိမ့်မည်။
And there shall be faith in thy times: riches of salvation, wisdom and knowledge: the fear of the Lord is his treasure.
7 ၇ သူရဲ တို့သည် ပြင် ၌ အော်ဟစ် ကြ၏။ မိဿဟာယ စကားကို ပြောသော တမန် တော်တို့သည် ပြင်း စွာငိုကြွေး ကြ၏။
Behold they that see shall cry without, the angels of peace shall weep bitterly.
8 ၈ လမ်း မတို့သည် ဆိတ်ညံ ကြ၏။ လမ်း ခရီး၌ သွား လာသောသူမရှိ။ ထိုမင်းသည် သစ္စာ ပျက် လေပြီ။ မြို့ များကိုလည်း ပယ် လေပြီ။ အဘယ်သူ၏ မျက်နှာကို မ မှတ် တတ်။
The ways are made desolate, no one passeth by the road, the covenant is made void, he hath rejected the cities, he hath not regarded the men.
9 ၉ ပြည် တော်သည် ငြိုငြင် ၍ အားလျော့ ၏။ လေဗနုန် တောသည် ရှက် ကြောက်၍ နွမ်းရိ ၏။ ရှာရုန် အရပ် သည် တော ကဲ့သို့ ဖြစ် ၏။ ဗာရှန် တောင်နှင့် ကရမေလ တောင်သည် လှုပ်ရှား ၏။
The land hath mourned, and languished: Libanus is confounded and become foul, and Saron is become as a desert: and Basan and Carmel are shaken.
10 ၁၀ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယခု ငါထ မည်။ ယခု ချီးမြှောက် ခြင်းသို့ ရောက်မည်။ ကိုယ်ကို ကိုယ်ချီးမြှောက် မည်။
Now will I rise up, saith the Lord: now will I be exalted, now will I lift up myself.
11 ၁၁ သင်တို့သည်ဖွဲ ကို ကိုယ်ဝန် ဆောင်၍၊ အမှိုက် ကို ဘွားမြင် ရလိမ့်မည်။ သင် တို့ စိတ် သဘောသည် မီး ဖြစ်၍၊ သင် တို့ကို ဖျက်ဆီး လိမ့်မည်။
You shall conceive heat, you shall bring forth stubble: your breath as fire shall devour you.
12 ၁၂ လူ များတို့သည် ထုံး ကျောက်ကို ဖုတ် သကဲ့သို့၎င်း၊ ဆူး ပင်များကို ခုတ် ၍ မီး ရှို့ သကဲ့သို့၎င်း ဖြစ် ကြလိမ့်မည်။
And the people shall be as ashes after a fire, as a bundle of thorns they shall be burnt with fire.
13 ၁၃ ဝေး သောသူတို့၊ ငါပြု သော အမှုကို မှတ် ကြလော့။ နီး သောသူတို့၊ ငါ့ တန်ခိုး ကို ဝန်ခံ ကြလော့။
Hear, you that are far off, what I have done, and you that are near know my strength.
14 ၁၄ အပြစ် ရှိသောဇိအုန် မြို့သားတို့သည် ကြောက် ကြ၏။ အဓမ္မ ပြုသောသူတို့သည် ထိတ်လန့် ကြ၏။ ငါ တို့ တွင် အဘယ် သူသည် လောင် သောမီး ထဲမှာ နေ ရမည်နည်း။ ငါ တို့တွင် အဘယ် သူသည် ထာဝရ မီး လောင်ခြင်း ကိုခံ လျက်နေ ရမည်နည်း။
The sinners in Sion are afraid, trembling hath seized upon the hypocrites. Which of you can dwell with devouring fire? which of you shall dwell with everlasting burnings?
15 ၁၅ တရား သဖြင့်ကျင့် ၍ ဖြောင့်မတ် စွာ ပြော ထ သော၊ ညှဉ်းဆဲ ခြင်းအားဖြင့်ရသောငွေ ကို ရွံ၍၊ တံစိုး ကိုလည်း ငြင်းပယ် ထသော၊ လူအသက်သတ် ခြင်းအမှုကို နား မ ခံ၊ အဓမ္မ အမှုများကို မ ကြည့်မရှုသောသူသည် မြင့် သောအရပ်၌ နေ လိမ့်မည်။
He that walketh in justices, and speaketh truth, that casteth away avarice by oppression, and shaketh his hands from all bribes, that stoppeth his ears lest he hear blood, and shutteth his eyes that he may see no evil.
16 ၁၆ ခိုင်ခံ့ သော ကျောက် မြို့၌ ခိုလှုံ လိမ့်မည်။ ထိုသူ အား အစာ ကို အစဉ်ပေး ရလိမ့်မည်။ သောက်ရေ လည်း မပြတ် ရ။
He shall dwell on high, the fortifications of rocks shall be his highness: bread is given him, his waters are sure.
17 ၁၇ သင်သည် ရှင် ဘုရင်၏ တင့်တယ်ခြင်း အသရေ တော်ကို ကိုယ် မျက်စိ နှင့် မြင် ရ၍၊ ဝေး လှသောပြည် ကိုလည်း ကြည့် မြင်ရလိမ့်မည်။
His eyes shall see the king in his beauty, they shall see the land far off.
18 ၁၈ သင်သည် ကြောက်လန့် ဘွယ်သော အခြင်းအရာကို အောက်မေ့ သောအခါ၊ စာရင်း ယူသောသူသည် အဘယ်မှာ ရှိသနည်း။ အခွန်ခံ သောသူသည် အဘယ်မှာ ရှိသနည်း။ ပြအိုး တို့ကို ရေတွက် သောသူသည် အဘယ် မှာရှိသနည်း။
Thy heart shall meditate fear: where is the learned? where is he that pondereth the words of the law? where is the teacher of little ones?
19 ၁၉ ကြမ်းတမ်း သောလူမျိုး ၊ နား မ ဝင်နိုင်အောင် နက်နဲ သောစကား ၊ နားမလည်နိုင်အောင် ခက်ခဲ သောစကား ကို ပြောသော လူမျိုး ကို သင်သည်မ တွေ့ မမြင်ရ။
The shameless people thou shalt not see, the people of profound speech: so that thou canst not understand the eloquence of his tongue, in whom there is no wisdom.
20 ၂၀ ငါ တို့ပွဲခံ ရာမြို့ ၊ ဇိအုန် မြို့ကို ကြည့်ရှု လော့။ တိုင် တခုမျှမ ရွှေ့ ၊ ကြိုး တခုမျှ မ ပြတ် ၊ အလျှင်း မ ပျက် ရသောတဲ တည်းဟူသော၊ ငြိမ်ဝပ် သောနေရာ ယေရုရှလင် မြို့ကို ကိုယ် မျက်စိ နှင့် မြင် ရလိမ့်မည်။
Look upon Sion the city of our solemnity: thy eyes shall see Jerusalem, a rich habitation, a tabernacle that cannot be removed: neither shall the nails thereof be taken away for ever, neither shall any of the cords thereof be broken:
21 ၂၁ ထို မြို့တွင် ဘုန်းကြီး သော ထာဝရဘုရား သည် ငါ တို့၌ ကျယ် သောမြစ် များ ဆုံးရာအရပ် ဖြစ်တော်မူလိမ့်မည်။ ထိုအရပ် ၌ တက် သောရဲ လှေ ၊ အားကြီး သော သင်္ဘော တစင်းမျှ မ ရှောက် မသွားရ။
Because only there our Lord is magnificent: it place of rivers, very broad and spacious streams: no ship with oars shall pass by it, neither shall the great galley pass through it.
22 ၂၂ အကြောင်း မူကား၊ ထာဝရဘုရား သည် ငါ တို့၏ တရားသူကြီး ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ငါ တို့၏ ပညတ် တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ငါ တို့၏ ရှင် ဘုရင်ဖြစ်၍၊ ငါ တို့ကို ကယ်တင် တော်မူလိမ့်မည်။
For the Lord is our judge, the Lord is our lawgiver, the Lord is our king: he will save us.
23 ၂၃ သင် ၏ သင်္ဘောရွက်ကြိုး များ ပြုတ် လျက်ရှိ၏။ ရွက်တိုင် ကို ခိုင်ခံ့ စွာမ ချည် ၊ ရွက် ကိုလည်း မ ဖြန့် နိုင်။ သို့ ဖြစ်၍၊ များစွာ သောဥစ္စာ ကို လုယူ ဝေငှ ရ၏။ ခြေဆွံ့ သောသူပင် လုယူရာ ဥစ္စာ ကို လုယူ ရ၏။
Thy tacklings are loosed, and they shall be of no strength: thy mast shall be in such condition, that thou shalt not be able to spread the flag. Then shall the spoils of much prey be divided: the lame shall take the spoil.
24 ၂၄ မြို့သားကလည်း၊ ငါနာ သည်ဟုမ ဆို ရ။ ထိုမြို့ ၌ နေ သောသူ တို့သည် အပြစ် ပြေရှင်း ခြင်းသို့ ရောက်ရကြ လိမ့်မည်။
Neither shall he that is near, say: I am feeble. The people that dwell therein, shall have their iniquity taken away from them.