< ဟေရှာယ 3 >
1 ၁ အကြောင်း မူကား၊ ကောင်းကင်ဗိုလ်ခြေ သခင် ၊ အရှင်ထာဝရ ဘုရားသည် မုန့် အထောက် အပင့်နှင့် ရေ အထောက် အပင့် ရှိသမျှ မှစ၍၊ ခပ်သိမ်း သော အထောက် အပင့်တို့ကို ယေရုရှလင် မြို့နှင့် ယုဒ ပြည်မှ ပယ်ရှား တော်မူ၏။
၁အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေသခင်၊ အရှင်ထာဝရဘုရားသည် မုန့်အထောက်အပင့်နှင့် ရေအထောက်အပင့် ရှိသမျှမှစ၍၊ ခပ်သိမ်းသော အထောက်အပင့်တို့ကို ယေရုရှလင်မြို့နှင့် ယုဒပြည်မှ ပယ်ရှားတော်မူ၏။
2 ၂ တန်ခိုး ကြီးသောသူ၊ စစ်တိုက် သောသူ ၊ တရားသူကြီး ၊ ပရောဖက် ၊ ဗေဒင် တတ်၊ အသက်ကြီး သူ၊
၂တန်ခိုးကြီးသောသူ၊ စစ်တိုက်သောသူ၊ တရားသူ ကြီး၊ ပရောဖက်၊ ဗေဒင်တတ်၊ အသက်ကြီးသူ၊
3 ၃ သွေးသောက်ကြီး၊ အရာရှိ၊ တိုင်ပင် မှူးမတ်၊ လက် သတ္တိရှိသောသူ၊ နှုတ် သတ္တိရှိသောသူတို့ကို ပယ်ရှားတော်မူ၏။
၃သွေးသောက်ကြီး၊ အရာရှိ၊ တိုင်ပင်မှူးမတ်၊ လက် သတ္တိရှိသောသူ၊ နှုတ်သတ္တိရှိသောသူတို့ကို ပယ်ရှား တော်မူ၏။
4 ၄ ထိုပြည် တွင် သူငယ် တို့ကို မင်း အရာ၌ ငါခန့် ထား ၍ နို့စို့သူငယ် တို့သည် အုပ်စိုး ကြလိမ့်မည်။
၄ထိုပြည်တွင် သူငယ်တို့ကို မင်းအရာ၌ ငါခန့်ထား ၍ နို့စို့သူငယ်တို့သည် အုပ်စိုးကြလိမ့်မည်။
5 ၅ ပြည်သား တို့သည် တယောက် ကိုတယောက်၊ အိမ်နီးချင်း တယောက်ကိုတယောက်ညှဉ်းဆဲ ကြလိမ့်မည်။ သူငယ် သည် အသက်ကြီး သူကို ၎င်း ၊ လူယုတ် သည် လူမြတ် ကို ၎င်းစော်ကား လိမ့်မည်။
၅ပြည်သားတို့သည် တယောက်ကိုတယောက်၊ အိမ်နီးချင်းတယောက်ကိုတယောက် ညှဉ်းဆဲကြလိမ့်မည်။ သူငယ်သည် အသက်ကြီးသူကို၎င်း၊ လူယုတ်သည် လူမြတ်ကို၎င်း စော်ကားလိမ့်မည်။
6 ၆ ထိုကြောင့် ၊ လူ သည် ပေါက်ဘော် ချင်းညီအစ်ကို ကို ကိုင် ဆွဲ၍၊ သင် ၌ အဝတ် ရှိသေး၏။ လာပါ။ အကျွန်ုပ် တို့အပေါ်၌ မင်း ပြု ပါ။ အကျွန်ုပ် တို့ ပြိုပျက် ရာကိုလည်း ပြုပြင် ပါဟုဆိုလျှင်၊
၆ထိုကြောင့်၊ လူသည် ပေါက်ဘော်ချင်းညီအစ်ကို ကို ကိုင်ဆွဲ၍၊ သင်၌ အဝတ်ရှိသေး၏။ လာပါ။ အကျွန်ုပ် တို့အပေါ်၌ မင်းပြုပါ။ အကျွန်ုပ်တို့ ပြိုပျက်ရာကိုလည်း ပြုပြင်ပါဟုဆိုလျှင်၊
7 ၇ သူကလည်း၊ ငါသည်ပြုပြင် နိုင်သော သူမ ဟုတ်။ ငါ့ အိမ် ၌ မုန့် လည်း မရှိ။ အဝတ် လည်း မရှိ။ငါ့ ကို ပြည်သား တို့ အပေါ်မှာမင်း မ ပြု စေနှင့်ဟု အတည့်အလင်းပြော ဆိုလိမ့်မည်။
၇သူကလည်း၊ ငါသည်ပြုပြင်နိုင်သော သူမဟုတ်။ ငါ့အိမ်၌ မုန့်လည်းမရှိ။ အဝတ်လည်းမရှိ။ ငါ့ကို ပြည် သားတို့ အပေါ်မှာမင်းမပြုစေနှင့်ဟု အတည့်အလင်း ပြောဆိုလိမ့်မည်။
8 ၈ ယေရုရှလင် မြို့ပြိုလဲ လျက်၊ ယုဒပြည် ဆုံးရှုံး လျက် ရှိ၏။ အကြောင်း မူကား၊ သူ တို့စကား နှင့် သူ တို့အကျင့် တို့ သည် ထာဝရဘုရား ၏ အလိုတော်နှင့်မညီ၊ ဘုန်း ကြီးသော မျက်စိ တော်တို့ကို ဆန့်ကျင် ဘက်ပြုကြ၏။
၈ယေရုရှလင်မြို့ပြိုလဲလျက်၊ ယုဒပြည်ဆုံးရှုံးလျက် ရှိ၏။ အကြောင်းမူကား၊ သူတို့စကားနှင့် သူတို့အကျင့်တို့ သည် ထာဝရဘုရား၏ အလိုတော်နှင့်မညီ၊ ဘုန်းကြီး သော မျက်စိတော်တို့ကို ဆန့်ကျင်ဘက်ပြုကြ၏။
9 ၉ သူ တို့မျက်နှာ အနေအထား သည် သူ တို့တဘက် ၌ သက်သေ ခံ၏။ မိမိ ဒုစရိုက် ကိုမ ဝှက် ၊ သောဒုံ မြို့သားကဲ့သို့ ထင်ရှားစွာ ပြု ကြ၏။ သူ တို့ဝိညာဉ် ၌ အမင်္ဂလာ ရှိ၏။ အကြောင်း မူကား၊ မကောင်းကျိုး ကို မိမိ တို့၌ ဆပ်ပေး ကြပြီ။
၉သူတို့မျက်နှာအနေအထားသည် သူတို့တဘက်၌ သက်သေခံ၏။ မိမိဒုစရိုက်ကိုမဝှက်၊ သောဒုံမြို့သားကဲ့သို့ ထင်ရှားစွာ ပြုကြ၏။ သူတို့ဝိညာဉ်၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မကောင်းကျိုးကို မိမိတို့၌ ဆပ်ပေး ကြပြီ။
10 ၁၀ ဖြောင့်မတ် သောသူသည် မင်္ဂလာ ရှိ၏ဟု ထိုသူ အား ပြော လော့။ အကြောင်း မူကား၊ သူ သည် မိမိအကျင့် တို့၏အကျိုး ကို ခံစား ရလိမ့်မည်။
၁၀ဖြောင့်မတ်သောသူသည် မင်္ဂလာရှိ၏ဟု ထိုသူ အား ပြောလော့။ အကြောင်းမူကား၊ သူသည် မိမိအကျင့် တို့၏အကျိုးကို ခံစားရလိမ့်မည်။
11 ၁၁ မတရား သောသူသည်အမင်္ဂလာ ရှိ၏။ မကောင်း သော အမှုနှင့်တွေ့လိမ့်မည်။ အကြောင်း မူကား၊ သူ ကျင့် သောအကျင့် တို့၏အပြစ် ကို သူ ၌ ဆပ် ပေးရလိမ့်မည်။
၁၁မတရားသောသူသည်အမင်္ဂလာရှိ၏။မကောင်း သော အမှုနှင့်တွေ့လိမ့်မည်။ အကြောင်းမူကား၊ သူကျင့် သော အကျင့်တို့၏အပြစ်ကို သူ၌ဆပ်ပေးရလိမ့်မည်။
12 ၁၂ ငါ ၏လူ များကိုကား၊ သူငယ် တို့သည် ညှဉ်းဆဲ ကြ ၏။ မိန်းမ တို့သည်လည်း အုပ်စိုး ကြ၏။ ငါ ၏လူ များတို့၊ သင် တို့အား လမ်းပြ သောသူတို့သည် လမ်းလွဲ စေကြ၏။ သင် တို့သွားသော လမ်း ခရီး ကိုလည်း ဖျက် ကြ၏။
၁၂ငါ၏လူများကိုကား၊ သူငယ်တို့သည် ညှဉ်းဆဲကြ ၏။ မိန်းမတို့သည်လည်း အုပ်စိုးကြ၏။ ငါ၏လူများတို့၊ သင်တို့အား လမ်းပြသောသူတို့သည် လမ်းလွဲစေကြ၏ သင်တို့သွားသော လမ်းခရီးကိုလည်း ဖျက်ကြ၏။
13 ၁၃ ထာဝရဘုရား သည် မိမိအမှုကို စောင့် အံ့သောငှါ ထ တော်မူ၏။ မိမိလူ တို့ကို တရား စီရင်မည်ဟု အားထုတ် တော်မူ၏။
၁၃ထာဝရဘုရားသည် မိမိအမှုကို စောင့်အံ့သော ငှါ ထတော်မူ၏။ မိမိလူတို့ကို တရားစီရင်မည်ဟု အားထုတ်တော်မူ၏။
14 ၁၄ ထာဝရဘုရား သည် မိမိ လူ တို့တွင်၊ အသက်ကြီး သူတို့ကို ၎င်း၊ မင်း တို့ကို၎င်းတရား စီရင်ရာ၌ ဆီး ကြို တော်မူမည်။ သင် တို့သည် ငါ့ဥယျာဉ် တော်ကိုစား ကြပြီ။ ဆင်းရဲ သောသူတို့၏ ဥစ္စာ ကို လုယူ၍၊ မိမိ တို့အိမ် ၌ သိုထားကြပြီ။
၁၄ထာဝရဘုရားသည် မိမိလူတို့တွင်၊ အသက်ကြီး သူတို့ကို၎င်း၊ မင်းတို့ကို၎င်း တရားစီရင်ရာ၌ ဆီးကြိုး တော်မူမည်။ သင်တို့သည် ငါ့ဥယျာဉ်တော်ကိုစားကြပြီ။ ဆင်းရဲသောသူတို့၏ ဥစ္စာကို လုယူ၍၊ မိမိတို့အိမ်၌ သိုထားကြပြီ။
15 ၁၅ ငါ ၏လူ တို့ကို အဘယ်ကြောင့် နှိပ်စက် ကြသနည်း။ ဆင်းရဲ သားတို့၏မျက်နှာ ကို အဘယ်ကြောင့်ကြိတ် ကြသနည်းဟု ကောင်းကင်ဗိုလ်ခြေ သခင် အရှင် ထာဝရ ဘုရား မိန့် တော်မူ၏။
၁၅ငါ၏လူတို့ကို အဘယ်ကြောင့် နှိပ်စက်ကြသ နည်း။ ဆင်းရဲသားတို့၏မျက်နှာကို အဘယ်ကြောင့် ကြိတ်ကြသနည်းဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင် ထာဝရဘုရား မိန့်တော်မူ၏။
16 ၁၆ တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဇိအုန် သတို့သမီး တို့သည် စိတ် မြင့်၍ ၊ မိမိလည်ပင်း ကို ပြ လျက်၊ မျက်စိ လော်လည် လျက်၊ ခြေချင်း တန်ဆာ မြည် လျက်၊ စိတ်စိတ်လှမ်း သွားတတ်သောကြောင့်၊
၁၆တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်သတို့သမီးတို့သည် စိတ်မြင့်၍၊ မိမိလည်ပင်းကို ပြလျက်၊ မျက်စိလော်လည်လျက်၊ ခြေချင်းတန်ဆာမြည် လျက်၊ စိတ်စိတ်လှမ်းသွားတတ်သောကြောင့်၊
17 ၁၇ ဘုရား ရှင်သည် ဇိအုန် သတို့သမီး တို့ကို ခေါင်းတုံးဖြစ်စေတော်မူမည်။ ထာဝရဘုရား သည် သူ တို့မှ အဝတ် ကိုပယ် ၍ အရှက်ခွဲတော်မူမည်။
၁၇ဘုရားရှင်သည် ဇိအုန်သတို့သမီးတို့ကို ခေါင်းတုံး ဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် သူတို့မှ အဝတ် ကိုပယ်၍ အရှက်ခွဲတော်မူမည်။
18 ၁၈ ထို ကာလ ၌ ဘုရား ရှင်သည် သူတို့ခြေချင်း ၊ ဈာဦးထုပ် ၊ လဆန်းရုပ်လည်ဆွဲ၊
၁၈ထိုကာလ၌ ဘုရားရှင်သည် သူတို့ခြေချင်း၊ ဈာဦးထုပ်၊ လဆန်းရုပ်လည်ဆွဲ၊
19 ၁၉ နား သန်သီး၊ လက်ကောက် ၊ မျက်နှာဖုံး၊
၁၉နားသန်သီး၊ လက်ကောက်၊ မျက်နှာဖုံး၊
20 ၂၀ ပေါင်း သရဖူ၊ ရွှေခြေကြိုး ၊ ခါးပန်း၊ နှာခေါင်းဘူး၊
၂၀ပေါင်းသရဖူ၊ ရွှေခြေကြိုး၊ ခါးပန်း၊ နှာခေါင်းဘူး၊
21 ၂၁ လက်ဖွဲ့၊ လက်စွပ် ၊ နှာဆွဲ၊
၂၁လက်ဖွဲ့၊ လက်စွပ်၊ နှာဆွဲ၊
22 ၂၂ ရွှေ ဈာအင်္ကျီ၊ တပက် ၊ ခေါင်း ခြုံ၊ လွယ်အိတ်၊
၂၂ရွှေဈာအင်္ကျီ၊ တပက်၊ ခေါင်းခြုံ၊ လွယ်အိတ်၊
23 ၂၃ လွယ်မှန် ၊ အတွင်းအင်္ကျီ ၊ ဦးရစ် ၊ တင်းထိမ် တို့ကို ပယ်ရှင်း တော်မူမည်။
၂၃လွယ်မှန်၊ အတွင်းအင်္ကျီ၊ ဦးရစ်၊ တင်းတိမ်တို့ကို ပယ်ရှင်းတော်မူမည်။
24 ၂၄ မွှေး သော အနံ့အရာ ၌ ပုပ်စပ် သောအနံ့၊ ခါးစည်း အရာ ၌ ခါးကြိုး ၊ ကျစ်သောဆံပင် အရာ ၌ ခေါင်းထုံး ခြင်း၊ ရင်စည်း တန်ဆာအရာ ၌လျှောတေ ကြိုး၊ လှ သော အဆင်းအရာ၌ သံ ပူထိုးချက်ရာ ဖြစ် ရလိမ့်မည်။
၂၄မွှေးသော အနံ့အရာ၌ ပုပ်စပ်သောအနံ့၊ ခါးစည်းအရာ၌ ခါးကြိုး၊ ကျစ်သောဆံပင်အရာ၌ ခေါင်း ထုံးခြင်း၊ ရင်စည်းတန်ဆာအရာ၌လျှောတေကြိုး၊ လှသော အဆင်းရာ၌ သံပူထိုးချက်ရာ ဖြစ်ရလိမ့်မည်။
25 ၂၅ သင် ၏ လူ တို့သည် ထား လက်နက်ဖြင့် ၎င်း၊ သင် ၏သူရဲ တို့သည် စစ်တိုက် သဖြင့်၎င်း လဲ ၍ ဆုံးရှုံးကြ လိမ့်မည်။
၂၅သင်၏ လူတို့သည် ထားလက်နက်ဖြင့်၎င်း၊ သင်၏သူရဲတို့သည် စစ်တိုက်သဖြင့်၎င်း လဲ၍ ဆုံးရှုံးကြ လိမ့်မည်။
26 ၂၆ သူ ၏တံခါး တို့သည် ငိုကြွေး မြည်တမ်း ၍ ၊ သူသည်လူ ဆိတ်ညံရာ မြေ ပေါ် မှာ ထိုင် ရလိမ့်မည်။
၂၆သူ၏တံခါးတို့သည် ငိုကြွေးမြည်တမ်း၍၊