< ဟောရှေ 8 >
1 ၁ တံပိုး မှုတ် လော့။ ရန်သူသည် ရွှေလင်းတ ကဲ့သို့ ထာဝရဘုရား ၏အိမ် တော်သို့ လာလိမ့်မည်။ အကြောင်း မူကား၊ သူတို့သည် ငါ့ ပဋိညာဉ် ကို ဖျက် ၍ ငါ့ တရား ကို လွန်ကျူး ကြပြီ။
၁ထာဝရဘုရားက``တံပိုးခရာမှုတ်၍ သတိပေးလော့၊ ရန်သူများသည်သိမ်းငှက် သဖွယ် ငါ၏နိုင်ငံတော်ကိုထိုးသုတ်လျက် ရှိကြပြီ။ ငါ၏လူမျိုးတော်သည်ငါနှင့် ပြုလုပ်သောပဋိညာဉ်ကိုချိုးဖောက်၍ ငါ၏လူမျိုးတော်သည်ငါနှင့်ပညတ်ကို ပစ်ပယ်ကြပြီ။-
2 ၂ သို့ရာတွင်၊ သူတို့က၊ အကျွန်ုပ် တို့၏ ဘုရား သခင်၊ အကျွန်ုပ်တို့သည် ဣသရေလ အမျိုးဖြစ်၍ကိုယ်တော် ကို သိ ကြပါ၏ဟု ငါ့ အား ကြွေးကြော် ကြသည်တကား။
၂ငါ့အားသူတို့၏ဘုရားသခင်ဟူ၍လည်း ကောင်း၊ သူတို့သည်ငါ၏လူမျိုးတော်ဟူ၍ လည်းကောင်း၊ သူတို့သည်ငါ့ကိုသိသည် ဟူ၍လည်းကောင်းဆိုကြသော်လည်း၊-
3 ၃ ဣသရေလ အမျိုးသည် ကောင်း သောအရာကို စွန့်ပစ် သောကြောင့်၊ ရန်သူ ညှဉ်းဆဲ ခြင်းကိုခံရလိမ့်မည်။
၃သူတို့သည်မွန်မြတ်သောအရာကိုစွန့်ပစ် ကြပြီဖြစ်၍ ရန်သူများသည်သူတို့ကို လိုက်လံတိုက်ခိုက်ကြလိမ့်မည်။
4 ၄ သူ တို့သည် ငါ ၏အခွင့်မ ရှိဘဲ ကိုယ်အလို အလျောက်ရှင်ဘုရင်တို့ကို ချီးမြှောက် ကြပြီ။ ငါမ သိရ ဘဲ မင်းတို့ကို ခန့်ထား ကြပြီ။ ကိုယ်အကျိုးနည်း စေခြင်းငှါ ၊ ကိုယ် ရွှေ ငွေ နှင့် ကိုယ် အဘို့ ရုပ်တု များကိုလုပ် ကြပြီ။
၄` ``ငါ၏လူမျိုးတော်သည်မိမိတို့၏ဆန္ဒ အလျောက်ရှင်ဘုရင်များကိုရွေးချယ်တင် မြှောက်ခဲ့ကြ၏။ ငါ၏သဘောတူညီချက် မရဘဲခေါင်းဆောင်များကိုခန့်ထားကြ၏။ မိမိတို့၏ရွှေငွေနှင့်ရုပ်တုများကိုသွန်း လုပ်သဖြင့် မိမိတို့၏ပျက်စီးရာပျက်စီး ကြောင်းကိုသာဖန်တီးကြ၏။-
5 ၅ အိုရှမာရိ ၊ သင် ၏ နွားသငယ် ကို စွန့်ပစ် လော့။ ကိုးကွယ်သော သူများကို ငါ အမျက် ထွက် ၏။ သူတို့သည် အဘယ်မျှ ကာလ ပတ်လုံးသန့်ရှင်း ခြင်းတရားကို မ မှီနိုင် ဘဲ နေရကြလိမ့်မည်နည်း။
၅ရှမာရိမြို့သားတို့ကိုးကွယ်သောရွှေနွား ရုပ်ကိုငါစက်ဆုတ်ရွံရှာတော်မူ၏။ သူတို့ အားငါအမျက်ထွက်တော်မူ၏။ သူတို့ သည်မည်သည့်အခါမှရုပ်တုကိုးကွယ်မှု ကိုစွန့်ကြမည်နည်း။-
6 ၆ ထိုနွားသငယ်သည် ဣသရေလ အမျိုး ကြံစည်၍ ဖြစ်၏။ ဆရာသမား လုပ် သောကြောင့် ဘုရား မ ဟုတ်။ အကယ် စင်စစ်ရှမာရိ နွားသငယ် သည် အပိုင်းပိုင်း ကျိုးပဲ့ရလိမ့်မည်။
၆ဣသရေလအမျိုးသားလက်မှုပညာ သည်သွန်းလုပ်သောရုပ်တုသည်ဘုရား မဟုတ်။ ရှမာရိမြို့သားတို့ကိုးကွယ်သော ရွှေနွားရုပ်သည်အစိတ်စိတ်အမြွှာမြွှာ ဖြစ်ရလိမ့်မည်။-
7 ၇ လေ မျိုးစေ့ကို ကြဲ ၍ လေဘွေ စပါး ကိုရိတ် ရကြ လိမ့်မည်။ စပါးပင် မ ရှိရ။ အနှံ ထဲက မုန့်ညက် မ ထွက် ရ။ ထွက် သော်လည်း တကျွန်း တနိုင်ငံသားတို့သည် စား ကြ လိမ့်မည်။
၇သူတို့သည်လေကိုကြဲသဖြင့်မုန်တိုင်းကို ရိတ်သိမ်းရလိမ့်မည်။ လယ်စပါးမရင့်မှည့် လျှင်ဆန်စပါးကိုမရနိုင်။ ထိုလယ်မှဆန် စပါးထွက်သည့်တိုင်အောင်အခြားနိုင်ငံ သားတို့စားသုံးကြလိမ့်မည်။-
8 ၈ ဣသရေလ အမျိုးသည် တိမ်မြုပ် လေပြီ။ အဘယ် သူမျှ မနှစ်သက် သော တန်ဆာ ကဲ့သို့ တပါးအမျိုးသား တို့ တွင် ရှိ ရလိမ့်မည်။
၈ဣသရေလနိုင်ငံသည်အခြားနိုင်ငံများ နှင့်မထူးခြားပေ။ အသုံးမကျသော အိုးကွဲနှင့်တူ၏။-
9 ၉ အာရှုရိ ပြည်သို့ အလိုလိုသွား လေပြီတကား။ ဧဖရိမ် သည် ကိုယ် အဘို့ တကောင် တည်းနေသောမြည်းရိုင်း ကဲ့သို့ဖြစ်၍၊ ရည်းစား တို့အား ဆုချ လေပြီ။
၉ဣသရေလပြည်သူတို့သည်ထိန်းချုပ်၍ မရသောမြည်းရိုင်းကဲ့သို့စိတ်ထင်ရာပြု လုပ်တတ်၏။ သူတို့သည်အာရှုရိပြည်သို့ သွား၍အကူအညီတောင်းခံကြ၏။ အခ ကြေးငွေပေး၍အခြားနိုင်ငံ၏ကာကွယ် ပေးမှုကိုခံယူကြ၏။-
10 ၁၀ တပါးအမျိုးသား တို့အား ဆုချ သော်လည်း ၊ ချက်ခြင်း လူ များကို ငါစုဝေး စေမည်။ မကြာမမြင့်မှီ ရှင်ဘုရင် နှင့် မင်း များတင်သော ဝန် ကို ပင်ပန်း စွာ ထမ်းရကြ လိမ့်မည်။
၁၀သို့ရာတွင်ငါသည်ယခုသူတို့အားစုရုံး စေ၍အပြစ်ဒဏ်စီရင်မည်။ မကြာမီသူ တို့သည်အာရှုရိဧကရာဇ်၏ နှိပ်စက်ညှင်း ပန်းခြင်းဒဏ်ကိုအလူးအလဲခံရကြ လိမ့်မည်။
11 ၁၁ ဧဖရိမ် သည် များစွာသော ယဇ် ပလ္လင်တို့ကို အပြစ်အဘို့ လုပ် သောကြောင့် ၊ ယဇ် ပလ္လင်တို့ကို သူ ၏ အပြစ် ဟူ၍ မှတ် ရလိမ့်မည်။
၁၁``အပြစ်ဖြေရန်အတွက်ဣသရေလပြည် သားတို့ယဇ်ပလ္လင်များများတည်ဆောက် လေလေ အပြစ်ပြုရာနေရာများလေလေ ဖြစ်လာလေပြီ။-
12 ၁၂ ငါ့ တရား ၏ ထူးဆန်း သောအရာတို့ကို သူ့ အဘို့ ငါရေး ထားပြီ။ သို့သော်လည်း၊ ရိုင်း သော အရာဟူ၍ သူသည် မှတ် လေပြီတကား။
၁၂ငါသည်သူတို့အတွက်များစွာသောပညတ် များကိုရေးချပေးသော်လည်းသူတို့က ထိုပညတ်များသည်သူတို့နှင့်မဆိုင်၊ ထူး ဆန်းသည်ဟူ၍ပစ်ပယ်ကြ၏။-
13 ၁၃ ငါ နှင့်ဆိုင်သော ပူဇော်သက္ကာတို့ကို ယဇ်ပူဇော်သောသူတို့ သည် ပူဇော်၍ ကိုယ်တိုင်စား ကြ၏။ ထာဝရဘုရား သည် သူ တို့ကို လက်ခံ တော်မ မူ။ သူ တို့အပြစ် များ ကို ချက်ခြင်း အောက်မေ့ ၍ စစ်ကြော တော်မူသော အားဖြင့် ၊ သူ တို့သည် အဲဂုတ္တု ပြည်သို့ ပြန် သွားရကြ လိမ့်မည်။
၁၃သူတို့သည်ငါ့အားယဇ်ပူဇော်၍ယဇ်ကောင် ၏အသားကိုစားကြ၏။ သို့ရာတွင်ငါ ထာဝရဘုရားသည်သူတို့၏အပြုအစု ကိုနှစ်သက်တော်မမူ၊ ယခုငါသည်သူတို့ ၏အပြစ်ကိုသတိရ၍အပြစ်အတွက် ဒဏ်စီရင်မည်။ သူတို့ကိုအီဂျစ်ပြည်သို့ ပြန်ပို့မည်။
14 ၁၄ ဣသရေလ သည် သူ့ ကို ဖန်ဆင်း တော်မူသောသခင်ကိုမေ့လျော့ ၍ ဘုံ ဗိမာန်များကို တည်ဆောက် တတ် ၏။ ယုဒ သည်လည်း ခိုင်ခံ့ သော မြို့ တို့ကို များပြား စေ တတ်၏။ သို့ရာတွင် ၊ ငါသည် ထို မြို့ များတို့ကို မီး ရှို့၍ ဘုံ ဗိမာန်များတို့ကို မီးလောင် ရလိမ့်မည်။
၁၄``ဣသရေလပြည်သားတို့သည်နန်းတော် များကိုတည်ဆောက်ကြသော်လည်းသူတို့ ကိုဖန်ဆင်းသောအရှင်အားမေ့လျော့လျက် ရှိကြ၏။ ယုဒပြည်သားတို့သည်ခိုင်ခံ့ သောမြို့များကိုတည်ကြ၏။ သို့ရာတွင် ငါသည်သူတို့၏နန်းတော်များနှင့်မြို့ များပေါ်သို့လောင်မီးကျစေမည်။