< ဟောရှေ 7 >
1 ၁ ဣသရေလ ၏ အနာ ကို ပျောက်စေခြင်းငှါ ငါ ပြု သောအခါ ၊ ဧဖရိမ် ၏အပြစ် နှင့် ရှမာရိ ပြုသော အဓမ္မ အမှုသည် ထင်ရှား ပြန်၏။ သူတို့သည် သစ္စာ ပျက်ကြပြီ။ အထဲသို့ သူခိုး ဝင် တတ်၏။ ပြင် ၌ လည်း ထားပြ အလုံးအရင်းတို့သည် တိုက် တတ်ကြ၏။
၁ငါ၏လူတို့အားတစ်ဖန်ကြီးပွားလာစေ၍ ``ဣသရေလပြည်သားတို့၏ရောဂါကိုပျောက် ကင်းစေလိုသည့်အခါတိုင်း ငါသည်သူတို့၏ ဆိုးယုတ်မှုနှင့်အပြစ်ဒုစရိုက်ကိုသာတွေ့ နေရ၏။ သူတို့သည်အချင်းချင်းလိမ်လည် လှည့်ဖြားကြ၏။ အိမ်များထဲသို့ဖောက်ထွင်း ဝင်ရောက်၍ဥစ္စာပစ္စည်းများကိုခိုးယူကြ၏။ လမ်းသွားလမ်းလာများကိုလုယက်ကြ၏။-
2 ၂ သူ တို့ပြုသမျှ သော အဓမ္မ အမှုကို ငါမှတ်မိ သည် ဟု မိမိ တို့ စိတ်နှလုံး ထဲမှာ မ အောက်မေ့ ကြ။ ယခုပင် ထို အမှု တို့သည် သူ တို့ကို ဝိုင်း ကြပြီ။ ငါ့ မျက်မှောက် တွင် ရှိ ကြ၏။
၂ငါသည်သူတို့ပြုသောဒုစရိုက်များကို မှတ်သားထားကြောင်းသူတို့မရိပ်မိကြ။ သူတို့၏အပြစ်များသည်သူတို့ကိုဝိုင်း ရံလျက်ရှိသည်ဖြစ်၍ ငါ့ရှေ့မှောက်တွင် ထိုအပြစ်များသည်ပေါ်လွင်ထင်ရှား လျက်ရှိ၏'' ဟုမိန့်တော်မူ၏။
3 ၃ ဆိုးညစ် သော အမှုအားဖြင့် ရှင် ဘုရင်ကို၎င်း၊ မုသာ စကားအားဖြင့် မင်း များကို၎င်းဝမ်းမြောက် စေကြ ၏။
၃ထာဝရဘုရားက``လူတို့သည်မိမိတို့ ၏မကောင်းသောကြံစည်မှုများအားဖြင့် ဘုရင်နှင့်မင်းမှုထမ်းတို့အားလှည့်စား ကြ၏။-
4 ၄ ထိုသူ အပေါင်း တို့သည် မ တရားသောမေထုန် ဖြင့် မှားယွင်းသောသူဖြစ်၍၊ မီး ထည့်သော မုန့်သည် ၏ မီးဖို နှင့် တူကြ၏။ မုန့်စိမ်း ကိုနယ် ပြီးမှ မ ဖေါင်းကြွ မှီတိုင်အောင်၊ မီး ကိုမဆော် ဘဲ ငြိမ်ဝပ် စွာ နေရ၏။
၄သူတို့အားလုံးသည်သစ္စာဖောက်များဖြစ် ကြ၏။ မုန့်ဖုတ်သူသည်မုန့်ညက်စိမ်းအဆင် သင့်မဖြစ်မီမီးကိုမဆွသကဲ့သို့ ထိုသူ တို့၏မုန်းတီးစိတ်သည်မုန့်ဖိုထဲရှိထိုမီး ကဲ့သို့တစ်အုံနွေးနွေးဖြစ်၏။-
5 ၅ ငါ တို့ရှင်ဘုရင် ၏ နှစ်စဉ်ပွဲနေ့ ၌ မင်း တို့သည် စပျစ်ရည် အရှိန် နှင့် ယစ်မူး ၍ ရှင်ဘုရင်သည် မထီမဲ့မြင် ပြုသောသူတို့ ကို လက်ခံ တတ်၏။
၅ဘုရင်ပွဲခံသောနေ့တွင်ဘုရင်နှင့်မင်းမှု ထမ်းတို့ကိုစပျစ်ရည်တိုက်၍ယစ်မူး၍ ရူးသွပ်စေကြ၏။-
6 ၆ အကယ် စင်စစ်သူ တို့သည် ချောင်း ၍ ကြည့် လျက် နေကြစဉ် မိမိ တို့နှလုံး ကိုမီးဖို ကဲ့သို့ ပြင်ဆင် ကြပြီ။ သူ တို့မုန့်သည် တညဉ့်လုံး အိပ် သော်လည်း၊ နံနက် အချိန်၌ တောက် သော မီး ကဲ့သို့ လောင် လျက်ရှိ၏။
၆သူတို့သည်မုန့်ဖိုမီးကဲ့သို့ပုန်ကန်လိုသော စိတ်၊ တောက်လောင်လျက်ရှိကြ၏။ တစ်ညလုံး သူတို့၏အမျက်ဒေါသစိတ်သည်တငွေ့ ငွေ့လောင်လျက်ရှိ၏။ နံနက်သို့ရောက်လျှင် မီးထတောက်လေ၏။
7 ၇ ထိုသူ အပေါင်း တို့သည် မီးဖို ကဲ့သို့ ပူ ကြ၏။ မိမိ တို့ တရားသူကြီး များကို လောင် ကြပြီ။ သူ တို့ရှင် ဘုရင်အပေါင်း တို့သည် လဲ ကြပြီ။ ငါ့ ကို ဟစ်ခေါ် သော သူတယောက် မျှမရှိ။
၇``သူတို့သည်ပူပြင်းသောဒေါသစိတ်မွှန်၍ အုပ်ချုပ်သူများကိုသတ်ကြ၏။ သူတို့သည် ဘုရင်များကိုတစ်ပါးပြီးတစ်ပါးလုပ်ကြံ သတ်ဖြတ်ကြ၏။ သို့ရာတွင်မည်သူကမျှ ငါ့ထံသို့ကူမရန်ဆုတောင်းပတ္ထနာမ ပြုကြ'' ဟုမိန့်တော်မူ၏။
8 ၈ ဧဖရိမ် သည်တပါး အမျိုးသားတို့နှင့် ပေါင်းဘော်ရောနှော လျက်ရှိ၏။ တမျက်နှာသာဖုတ်၍ မ လှန် သော မုန့်ပြား ဖြစ် ၏။
၈ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်တစ်ဝက်သာကျက်သောမုန့်နှင့်တူ၏။ သူတို့သည်ပတ်ဝန်းကျင်ရှိနိုင်ငံများ ကိုအားကိုးကြ၏။-
9 ၉ သူ မ သိ မမှတ်ဘဲ တကျွန်း တနိုင်ငံသားတို့သည် သူ ၏ ခွန်အား ကို စား ကြပြီ။ ကိုယ်မ သိ မမှတ်ဘဲ ခေါင်း ပေါ် မှာ ဖြူ သောဆံပင်အနှံ့အပြား ရှိပြီ။
၉အခြားနိုင်ငံများကိုအားကိုးခြင်းကြောင့် ထိုနိုင်ငံတို့၏သွေးစုတ်ခြင်းကိုခံရကြောင်း သူတို့မသိ။ သူတို့၏နိုင်ငံသည်ပျက်သုဉ်း ချိန်နီးသော်လည်းသူတို့မသိကြ။-
10 ၁၀ ဣသရေလ အမျိုး၏ မာန သည် သူ့ မျက်မှောက် ၌ နှိမ့်ချ ခြင်းသို့ ရောက်သော်လည်း ၊ အမျိုးသားတို့သည် ကိုယ် ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ မ ပြန် မလာ ကြ။ အမှု ရောက်သော်လည်း ဘုရား ကို မ ရှာ ကြ။
၁၀ဣသရေလပြည်သားတို့၏မာန်မာန အကျိုးဆက်သည်သူတို့၏တစ်ဖက်၌ သက်သေခံလိမ့်မည်။ သူတို့သည်ဤအမှု အရာတို့နှင့်တွေ့ကြုံခဲ့ရသော်လည်းသူ တို့၏ဘုရားသခင်ငါထာဝရဘုရား ထံတော်သို့ပြန်၍မလာကြ။-
11 ၁၁ ဧဖရိမ် သည် ဉာဏ် မ ရှိ၊ မိုက် သော ချိုး နှင့် တူ၏။ အဲဂုတ္တု ပြည်ကို ဟစ်ခေါ် တတ်၏။ အာရှုရိ ပြည်သို့ ပြေး တတ်၏။
၁၁ဣသရေလအမျိုးသားတို့သည်ဟိုပျံ သည်ပျံနှင့်ဉာဏ်ကင်းမဲ့သည့် အလွယ်တကူ လှည့်ဖြား၍ရသောချိုးငှက်ကဲ့သို့ဖြစ်၏။ ပထမဦးစွာသူတို့သည်အီဂျစ်ပြည် မှအကူအညီတောင်းခံ၏။ ထို့နောက် အာရှုရိသို့ပြေး၍အကူအညီ တောင်း၏။-
12 ၁၂ သွား လေရာရာတွင် ငါ့ ပိုက် နှင့်သူ တို့ကို ငါအုပ်မိ မည်။ မိုဃ်း ကောင်းကင်ငှက် ကိုကဲ့သို့ မြေသို့နှိမ့်ချ မည်။ သူ တို့စည်းဝေး ရာ၌ ကြား သည်အတိုင်း ငါဆုံးမ မည်။
၁၂သို့ရာတွင်အကူအညီတောင်းရန်သွားနေ စဉ်ငှက်များကိုပိုက်အုပ်၍ဖမ်းသကဲ့သို့ ငါသည်သူတို့ကိုဖမ်းမည်။ သူတို့၏အပြစ် ဒုစရိုက်အတွက်ငါသည်သူတို့အားဒဏ် ခတ်မည်။
13 ၁၃ သူတို့သည် ငါ့ ထံ မှ ထွက်၍ လည်သောကြောင့်အမင်္ဂလာ ရှိကြ၏။ ငါ့ ကို ပြစ်မှား သောကြောင့် ဖျက်ဆီး ဘို့ရာ ဖြစ်ကြ၏။ သူ တို့ကို ငါရွေးနှုတ် သော်လည်း ၊ ငါ့ တဘက် ၌ မုသာ စကားကို ပြော ကြ၏။
၁၃``သူတို့သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံ ရပြီ။ ငါ့ကိုစွန့်ခွာ၍ပုန်ကန်ကြပြီ။ သို့ ဖြစ်၍သူတို့သည်ပျက်စီးဆုံးရှုံးရလိမ့် မည်။ ငါသည်သူတို့ကိုကယ်တင်လိုသော် လည်းသူတို့သည်ငါ့အားမှန်သောကိုး ကွယ်မှုမပြုကြ၊ လိမ်လည်လှည့်ဖြား ကြ၏။-
14 ၁၄ သူတို့သည် အိပ်ရာ ပေါ် မှာ မြည်တမ်း သော်လည်း ၊ စေတနာစိတ်နှင့် ငါ့ကို မ အော်ဟစ် ကြ။ ဆန် စပါး၊ စပျစ်ရည် ကို ရခြင်းငှါစည်းဝေး၍ ငါ့ ကို ပုန်ကန်ကြ၏။
၁၄သူတို့သည်အမှန်တကယ်ယုံကြည်စိတ် ဖြင့်ဆုမတောင်းကြ။ ကိုယ်ကိုလှဲချ၍ဟစ် အော်မြည်တမ်းကြ၏။ သူတို့သည်ဆန်စပါး နှင့်စပျစ်ရည်ရရှိရန်ဆုတောင်းသောအခါ ရုပ်တုကိုးကွယ်သူတို့ကဲ့သို့မိမိကိုယ်ကို အနာတရဖြစ်စေပြီးမှတောင်းတတ်ကြ ၏။ သူတို့သည်ငါ့အားပုန်ကန်ကြပြီ တကား။-
15 ၁၅ ငါ သည် ဆုံးမ သော်၎င်း ၊ သူ တို့ကို ခိုင်ခံ့ စေသော်၎င်း၊ ငါ့ တဘက် ၌ မ ကောင်းသော အကြံကိုကြံစည် ကြ၏။
၁၅ငါသည်သူတို့ကိုပြုစုစောင့်ရှောက်၍ခွန် အားကြီးလာစေသော်လည်းသူတို့သည် ငါ့အားတော်လှန်ပုန်ကန်ကြ၏။-
16 ၁၆ အကျိုးနည်းရှိကြ၏။ လိမ် တတ်သောလေး ကဲ့သို့ ဖြစ် ကြ၏။ မင်း တို့သည် စော်ကား သောကြောင့် ထား ဖြင့် သေ ၍၊ အဲဂုတ္တု ပြည်သား တို့၏ ကဲ့ရဲ့ ခြင်းကိုခံရကြ လိမ့်မည်။
၁၆သူတို့သည်ငါ့ကိုစွန့်၍ တန်ခိုးမရှိသော ဘုရားကိုဆည်းကပ်ကြ၏။ သူတို့သည် ကောက်လိမ်သောလေးကဲ့သို့စိတ်မချရ။ သူတို့၏ခေါင်းဆောင်များသည်မောက်မာ စွာပြောဆိုသောကြောင့် သေခြင်းဆိုးဖြင့် သေကြလိမ့်မည်။ ထိုအခါအီဂျစ်အမျိုး သားတို့ကသူတို့ကိုပြက်ရယ်ပြုကြ လိမ့်မည်။