< ဂလာတိ 1 >

1 လူ နှင့်မ စပ်ဆိုင်၊ လူ ၏အခွင့် မ ရှိဘဲလျက်၊ ယေရှု ခရစ် ၏အခွင့် နှင့် ၎င်း၊ ထိုသခင် ကို သေ ခြင်းမှ ထမြောက် စေတော်မူသော ခမည်းတော် ဘုရားသခင် ၏ အခွင့်နှင့် ၎င်း၊ တမန်တော် ဖြစ်သောငါ ပေါလုမှစ၍ ၊
To the churches in Galatia, from Paul, an Apostle whose commission is not from men and is given, not by man, but by Jesus Christ and God the Father who raised him from the dead;
2 ငါ့ ထံမှာရှိသော ညီအစ်ကို အပေါင်း တို့သည် ဂလာတိ ပြည်၌ရှိသော အသင်းတော် များကို ကြား လိုက် ပါ၏။
and from all the Brothers here.
3 သခင် ယေရှု ခရစ် နှင့် ခမည်းတော် ဘုရား ထံ တော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။
May God, our Father, and the Lord Jesus Christ, bless you and give you peace.
4 ထိုသခင် သည် ငါ တို့အဘ တည်းဟူသောဘုရားသခင် ၏အလို တော်နှင့်အညီ ဆိုးညစ် သော ဤပစ္စုပ္ပန် ဘဝ မှ ငါ တို့ကို ကယ်နှုတ် ခြင်းငှာ ၊ ငါ တို့အပြစ် ကြောင့် ကိုယ်ကိုကိုယ် အပ်ပေး တော်မူ၏။ (aiōn g165)
For Christ, to rescue us from this present wicked age, gave himself for our sins, in accordance with the will of God and Father, (aiōn g165)
5 ထိုဘုရားသခင် သည်ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင် ။ (aiōn g165)
to whom be ascribed all glory for ever and ever. Amen. (aiōn g165)
6 ခရစ်တော် ၏ ကျေးဇူး အားဖြင့် သင် တို့ကို ခေါ် တော်မူသောသူ နှင့် ဤမျှလောက်မြန်မြန် ခွါ ၍ သင်တို့သည်အခြား သော ဧဝံဂေလိ တရားကို ခံယူကြရသောကြောင့်ငါသည်အံ့ဩ ခြင်းရှိ၏။
I am astonished at your so soon deserting him, who called you through the love of Christ, for a different ‘Good News,’
7 ထိုဧဝံဂေလိ တရားသည် ဧဝံဂေလိ တရားမ ဟုတ် ။ သင် တို့ကို နှောက်ယှက် ၍ ခရစ်တော် ၏ ဧဝံဂေလိ တရားကို မှောက် လှန်ချင် သောသူ အချို့ ရှိ ကြ၏။
Which is really no Good News at all. But then, I know that there are people who are harassing you, and who want to pervert the Good News of the Christ.
8 သို့သော်လည်း ၊ သင် တို့အားငါ ဟောပြောသော ဧဝံဂေလိတရားမှတစ်ပါးအခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင် ဘုံမှ လာသောကောင်းကင်တမန် ဟောပြော သော်၎င်း၊ ဟောပြောသောသူသည် ကျိန် တော်မူခြင်းကိုခံ စေ။
Yet even if we — or if an angel from Heaven were to tell you any other ‘Good News’ than that which we told you, may he be accursed!
9 တစ်ဖန်တုံ ၊ သင် တို့ခံယူ ပြီးသော ဧဝံဂေလိ တရားမှတစ်ပါးအခြားသော ဧဝံဂေလိ တရားကို တစ်စုံတစ်ယောက် သောသူဟောပြောလျှင် ၊ ထိုသူသည် ကျိန် တော်မူခြင်းကို ခံ စေဟု ငါတို့ဆို ခဲ့ပြီးသည်အတိုင်း ယခု ငါထပ် ၍ဆို သေး၏။
We have said it before, and I repeat it now — If any one tells you a ‘Good News’ other than that which you received, may he be accursed!
10 ၁၀ အကြောင်းမူကား ၊ ယခု တွင် ငါသည် လူ တို့၏ အလို သို့လိုက်သလော။ ဘုရားသခင် ၏ အလိုတော်ကို လိုက်သလော။ လူတို့ စိတ် ကို နူးညွတ်စေခြင်းငှာရှာကြသလော။ လူတို့ စိတ် ကိုနူးညွတ်စေခြင်းငှာရှာကြံ သေးလျှင် ၊ ခရစ်တော် ၏ အစေခံ ကျွန်မ ဟုတ် ပြီ။
Is this, I ask, trying to conciliate men, or God? Am I seeking to please men? If I were still trying to please men, I should not be a servant of Christ.
11 ၁၁ ညီအစ်ကို တို့၊ ငါ ဟောပြော သော ဧဝံဂေလိ တရားသည် လူ တို့၏တရားမ ဟုတ် ။
I would remind you, Brothers, that the Good News which I told is no mere human invention.
12 ၁၂ လူ ထံမှာ ငါ ခံရ သည်မ ဟုတ်။ ယေရှု ခရစ် ၏ ဗျာဒိတ် တော်မှတပါး အခြားသောဥပဒေသကို ငါမ ခံ သည်အကြောင်းကို သင်တို့အား ငါကြား လိုက်၏။
I, at least, did not receive it from man, nor was I taught it, but it came to me through a revelation made by Jesus Christ.
13 ၁၃ အဘယ်သို့ နည်းဟူမူကား၊ အထက် က ယုဒ ဘာသာ၌ နေ၍ ငါ ကျင့်သောအကျင့် တည်းဟူသောဘုရားသခင် ၏အသင်းတော် ကို အတိုင်း ထက်အလွန် ညှဉ်းဆဲ ဖျက်ဆီး ကြောင်းကို၎င်း ၊
You heard, no doubt, of my conduct when I was devoted to Judaism — how I persecuted the Church of God to an extent beyond belief, and made havoc of it,
14 ၁၄ ဘိုးဘေး တို့၏လက်မှ ငါ ခံရ သောနည်းဥပဒေသ ဘက်၌ အထူးသဖြင့်စိတ်အားသန် လျက် ၊ ငါ ၏ လူမျိုး ထဲ တွင် ငါ့ရွယ်တူ ချင်းအများ တို့ထက် ယုဒ ဘာသာကိုကျင်လည်လေ့ကျက်ကြောင်းကို၎င်း သင်တို့ကြားသိကြရပြီ။
and how, in my devotion to Judaism, I surpassed many of my contemporaries among my own people in my intense earnestness in upholding the traditions of my ancestors.
15 ၁၅ သို့သော်လည်း ၊ ငါ့ ကိုအမိ ဝမ်း ထဲက ပင်ရွေးချယ် ခွဲထား၍ ကျေးဇူး တော်အားဖြင့် ခေါ် တော်မူသော ဘုရားသခင် သည်၊
But when God, who had set me apart even before my birth, and who called me by his love,
16 ၁၆ သားတော်၏ ဧဝံဂေလိတရားကို တစ်ပါး အမျိုးသားတို့၌ ဟောပြော စေမည်အကြောင်း ၊ မိမိ အလိုတော် နှင့်အညီသား တော်ကို ငါ့ အားပြ တော်မူသောအခါ၊ ငါသည်အသွေး အသား နှင့် တိုင်ပင် ခြင်းကိုမ ပြု။
saw fit to reveal his Son in me, so that I might tell the Good News of him among the Gentiles, then at once, instead of consulting any human being,
17 ၁၇ ငါ့ အရင် တမန်တော် ဖြစ်နှင့်သောသူတို့ရှိရာ ယေရုရှလင် မြို့ သို့ လည်း မ သွား ၊ အာရပ် ပြည်သို့ ချက်ခြင်း သွား ၍ တစ်ဖန် ဒမာသက် မြို့သို့ ပြန် လေ၏။
or even going up to Jerusalem to see those who were Apostles before me, I went to Arabia, and came back again to Damascus.
18 ၁၈ ထိုနောက် သုံး နှစ် လွန် ပြီးမှပေတရု ကို အကျွမ်းဝင် လိုသောငှာ၊ ယေရုရှလင် မြို့သို့ သွား ၍ သူ နှင့်အတူ တစ်ဆယ်ငါး ရက် နေ ၏။
Three years afterwards I went up to Jerusalem to make the acquaintance of Peter, and I stayed a fortnight with him.
19 ၁၉ သူနှင့်သခင် ဘုရား၏ ညီ တော် ယာကုပ် မှတစ်ပါး အခြား သော တမန်တော် တစ်ယောက်ကိုမျှငါမ တွေ့ မမြင်။
I did not, however, see any other Apostle, except James, the Master’s brother.
20 ၂၀ ဤသို့ သင် တို့အား ငါရေး ၍ ကြား လိုက်သည် တွင် မုသာ စကားကို ငါမ ပြောမသုံးဟု ဘုရားသခင် ရှေ့ တော်၌ငါဆို၏။
(As to what I am now writing to you, I call God to witness that I am speaking the truth).
21 ၂၁ ထိုနောက် ရှုရိ ပြည်၊ ကိလိကိ ပြည်သို့ ငါသွား ၍ ၊
Afterwards I went to the districts of Syria and Cilicia.
22 ၂၂ ယုဒ ပြည်၌ ခရစ်တော် ၏ဘာသာကို ခံယူသော သင်းဝင် သူ တို့သည် ငါ့မျက်နှာ ကိုမျှမ သိမမှတ်ဘဲနေ ၍ ၊
But I was still unknown even by sight to the Christian Churches in Judea;
23 ၂၃ ငါ တို့ကိုညှင်းဆဲ ဘူးသောသူ သည် အထက် က မိမိ ဖျက်ဆီး သော ယုံကြည် ခြင်းတရားကို ယခု မိမိ ဟောပြော သည်ဟု သူတို့ကြား ရုံရှိ ကာမျှနှင့် ၊
all that they had heard was — ‘The man who once persecuted us is now telling the Good News of the very Faith of which he once made havoc.’
24 ၂၄ ငါ့ အကြောင်းကြောင့် ဘုရားသခင် ကို ချီးမွမ်း ကြ၏။
And they praised God on my account.

< ဂလာတိ 1 >