< ၂ ကောရိန္သု 1 >

1 ဘုရားသခင် ၏အလို တော်အားဖြင့် ယေရှု ခရစ် ၏ တမန်တော် ဖြစ်သော ငါ ပေါလုနှင့် ငါ့ညီ တိမောသေ သည်၊ ကောရိန္သု မြို့၌ ရှိ သော ဘုရားသခင် ၏ အသင်းတော် မှစ၍ ၊ အခါယ ပြည် အရပ်ရပ် တို့၌ ရှိ သော သန့်ရှင်း သူအပေါင်း တို့ကို ကြားလိုက်ပါ၏။
To the Church of God in Corinth, and to all Christ’s People throughout Greece, from Paul, an Apostle of Christ Jesus, by the will of God, and from Timothy, a Brother.
2 သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင် အထံတော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။
May God, our Father, and the Lord Jesus Christ bless you and give you peace.
3 သနား ခြင်းကရုဏာ၏အဘ ၊ သက်သာ ခြင်းအမျိုးမျိုး တို့၏ အရှင် တည်းဟူသောငါ တို့သခင် ယေရှု ခရစ် ၏ ခမည်းတော် ဘုရားသခင် သည် မင်္ဂလာ ရှိတော်မူစေသတည်း။
Blessed is the God and Father of Jesus Christ our Lord, the all-merciful Father, the God ever ready to console,
4 ငါတို့သည် ဘုရားသခင် ၏ ကျေးဇူးတော်အားဖြင့် ကိုယ်တိုင် သက်သာ ခြင်းရှိသကဲ့သို့ ၊ ဆင်းရဲ ခြင်းအမျိုးမျိုး ကို ခံရသောသူ တို့ အား သက်သာ စေနိုင် မည်အကြောင်း ၊ ဆင်းရဲ ခြင်းအမျိုးမျိုး တို့၌ ဘုရားသခင် သည် ငါ တို့အားသက်သာ စေ တော်မူ၏။
who consoles us in all our troubles, so that we may be able to console those who are in any trouble with the consolation that we ourselves receive from him.
5 အဘယ်သို့ နည်းဟူမူကား၊ ခရစ်တော် ကြောင့် ငါ တို့ခံရသော ဆင်းရဲ ခြင်းသည် အလွန်များပြား သည် နည်းတူ ၊ ခရစ်တော် ၏ကျေးဇူးအားဖြင့် ငါ တို့ခံရသော သက်သာ ခြင်းသည် အလွန်များပြား ၏။
It is true that we have our full share of the sufferings of the Christ, but through the Christ we have also our full share of consolation.
6 သို့ဖြစ်၍ ငါတို့သည် ဆင်းရဲ ခြင်းကိုခံရသော်၎င်း၊ သက်သာ ခြင်း သို့ရောက်သော်၎င်း၊ သင် တို့၏ သက်သာ ခြင်းနှင့် ကယ်တင် ခြင်း အကျိုး အလိုငှာဖြစ်၏။ ငါ တို့သည် ဆင်းရဲခြင်း ကိုခံရသကဲ့သို့ သင်တို့သည် သည်းခံသော စိတ် နှင့် ခံရသောအားဖြင့်၊ ထိုသက်သာခြင်းနှင့် ကယ်တင်ခြင်းသည်ပြည့်စုံတတ်၏။
If we meet with trouble, it is for the sake of your consolation and salvation; and, if we find consolation, it is for the sake of the consolation that you will experience when you are called to endure the very sufferings that we ourselves are enduring;
7 သင် တို့အတွက် ကြောင့်ငါ တို့သည် မ ရွေ့နိုင်သော မြော်လင့် ခြင်းရှိ၏။ သင်တို့သည် ဆင်းရဲ ခြင်းကိုဆက်ဆံ သကဲ့သို့ ၊ ထိုနည်းတူ သက်သာ ခြင်းကို ဆက်ဆံကြ၏ဟုငါတို့သည်သိ ကြ၏။
and our hope for you remains unshaken. We know that, as you are sharing our sufferings, you will also share our consolation.
8 ညီအစ်ကို တို့၊ အာရှိ ပြည်၌ ငါ တို့ခံရသော ဆင်းရဲ ခြင်းတည်းဟူသော အသက် မ လွတ်နိုင်ဟု ထင်ရ၍၊ မခံနိုင်အောင်အတိုင်း ထက် အလွန် လေး သော ဆင်းရဲခံရကြောင်း ကို သင် တို့မ သိဘဲ နေစေခြင်းငှာငါ တို့ အလိုမ ရှိ။
We want you, Brothers, to know that, in the troubles which befell us in Roman Asia, we were burdened altogether beyond our strength, so much so that we even despaired of life.
9 ငါ တို့သည်မိမိ ကိုယ်ကိုအစဉ်မ ကိုးစား ဘဲ၊ သေ သောသူ တို့ကို ထမြောက် စေတော်မူသော ဘုရားသခင် ကို ကိုးစားမည်အကြောင်း သေ စေဟုစီရင် ခြင်းကို ကိုယ်တိုင် ခံရသကဲ့သို့ဖြစ် ၏။
Indeed, we had the presentiment that we must die, so that we might rely, not on ourselves, but on God who raises the dead.
10 ၁၀ ထိုဘုရားသခင် သည် ငါ တို့ကိုထိုမျှလောက်ကြီးစွာ သော သေ ဘေးမှ ကယ်လွှတ် တော်မူပြီ။ ယခု၌ လည်း ကယ်လွှတ် တော်မူသေး၏။
And from so imminent a death God delivered us, and will deliver us again; for in him we have placed our hopes of future deliverance, while you, also, help us by your prayers.
11 ၁၁ သင် တို့သည်ကူညီ ၍ ငါ တို့အဘို့ ဆုတောင်း လျှင်၊ နောက်၌လည်း ကယ်လွှတ်တော်မူလတံ့ဟု ငါတို့သည် ယုံကြည်မျှော်လင့် ခြင်းရှိ၏၊ ထိုသို့ဖြစ်လျှင်အများ သော သူတို့သည် ကူညီသောအားဖြင့် ငါ တို့၌ ရောက်သော ကျေးဇူး ကို အများ သောသူတို့သည်ထောက် ၍ ငါ တို့အတွက် ကျေးဇူးတော်ကို ချီးမွမ်း ကြလိမ့်မည်။
And then many lips will give thanks on our behalf for the blessing granted us in answer to many prayers.
12 ၁၂ ငါ တို့ဝါကြွား ဝမ်းမြောက်ခြင်း အကြောင်း ဟူမူကား၊ လောကီ ပညာ ကိုအမှီမ ပြု ၊ ဘုရားသခင် ၏ ကျေးဇူး တော်ကို အမှီပြု၍ လျစ်လျူ သောစိတ်နှင့်၎င်း ၊ ဘုရားသခင် အလိုတော်ရှိသောကြည်ဖြူ ခြင်းနှင့်၎င်း၊ ငါ တို့သည်ဤလောက ၌ ကျင့်ကြံပြုမူ ၍ သင် တို့ဆီမှာ လည်း ထိုသို့အထူးသဖြင့်ကျင့်ကြံ ပြုမူသည်ဟု ကိုယ်ကိုကိုယ် သိသော စိတ်သည်သက်သေခံ သတည်း။
Indeed, our main ground for satisfaction is this — Our conscience tells us that our conduct in the world, and still more in our relations with you, was marked by a purity of motive and a sincerity that were inspired by God, and was based, not on worldly policy, but on the help of God.
13 ၁၃ သင် တို့သည်ဖတ် ၍ ဝန်ခံ သောအရာ မှတပါး ၊
We never write anything to you other than what you will acknowledge to the very end —
14 ၁၄ အခြား သောအရာကို ငါတို့သည် ရေး ၍ ပေးလိုက်သည်မ ဟုတ်။ သင် တို့သည် သခင် ယေရှု ခရစ် နေ့ ၌ ငါတို့၏ဝါကြွား ဝမ်းမြောက်ခြင်း အကြောင်း ဖြစ် သကဲ့သို့ ၊ ငါ တို့သည်သင် တို့၏ ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဖြစ်သည်ဟု သင်တို့သည်ငါ တို့ကို အနည်းငယ် အားဖြင့် ဝန်ခံသည်အတိုင်း အစဉ် ဝန်ခံ ကြလိမ့်မည်ဟု ငါတို့သည် မြော်လင့် လျက် နေကြ၏။
And, indeed, you have already partly acknowledged it about us — that you have a right to be proud of us, as we shall be proud of you, on the Day of our Lord Jesus.
15 ၁၅ အစဉ်ဝန်ခံမည်ဟု ငါသဘောကျ လျက်ရှိ၍ ၊ သင်တို့သည်တဖန် ဆုကျေးဇူး တော်ကိုခံရ စေခြင်းငှာ ငါ သည်သင် တို့ဆီသို့ အရင် လာ မည်ဟု အကြံရှိ ၏။
With this conviction in my mind, I planned to come to see you first, so that your pleasure might be doubled —
16 ၁၆ သင် တို့အနားမှာရှောက် ၍ မာကေဒေါနိ ပြည်သို့ သွား ပြီးလျှင်၊ တဖန် မာကေဒေါနိ ပြည်မှ သင် တို့ နေရာသို့ လာ ၍ ၊ ယုဒ ပြည်တိုင်အောင် သင် တို့ပို့ ခြင်း ကျေးဇူးကို ခံမည်ဟုအကြံရှိ၏။
To visit you both on my way to Macedonia, and to come to you again on my return from Macedonia, and then to get you to send me on my way into Judea.
17 ၁၇ ထိုသို့ အကြံရှိ သောအခါ လျှပ်ပေါ် သော စိတ်ရှိ သလော။ သို့မဟုတ် ငါ့ စကားမှာ ဟုတ်မှန် ၏၊ ဟုတ်မှန် ၏ဟူ၍၎င်း ၊ မ ဟုတ်မမှန်၊ မ ဟုတ်မမှန်ဟူ၍၎င်း၊ ဖြစ် စေခြင်းငှာ ငါကြံစည် သောအရာ ကို ဇာတိ ပကတိ အတိုင်း ကြံစည် သလော။
As this was my plan, where, pray, did I show any fickleness of purpose? Or do you think that my plans are formed on mere impulse, so that in the same breath I say ‘Yes’ and ‘No’?
18 ၁၈ ဘုရားသခင် သည် သစ္စာ နှင့်ပြည့်စုံတော်မူသကဲ့သို့ ၊ သင် တို့ဆီသို့ ငါ တို့ပေးလိုက်သော စကား သည် ဟုတ်မှန် ၏ ဟူ၍၎င်း ၊ မ ဟုတ်မမှန် ဟူ၍၎င်း၊ မ ဆိုလို ။
As God is true, the Message that we brought you does not waver between ‘Yes’ and ‘No’!
19 ၁၉ ငါ မှစ၍ သိလွာနု နှင့် တိမောသေ တို့သည် သင် တို့အား ဟောပြော သော ဘုရားသခင် ၏သား တော် ယေရှု ခရစ် သည် ဟုတ်မှန် ဟူ၍၎င်း ၊ မ ဟုတ်မမှန်ဟူ၍၎င်းမ ဆိုလို ဘဲ၊ ကိုယ်တော် မှာ ဟုတ်မှန် ဟူ၍ သာဆိုလို သတည်း။
The Son of God, Christ Jesus, whom we — Silas, Timothy, and I — proclaimed among you, never wavered between ‘Yes’ and ‘No.’ With him it has always been ‘Yes.’
20 ၂၀ ထိုသခင်မှာ ဘုရားသခင် ၏ ဂတိ တော်ရှိသမျှ တို့သည် ငါ တို့ အားဖြင့် ဘုန်း အသရေတော်ကိုထင်ရှားစေခြင်းအလိုငှာ၊ ဟုတ်မှန် ၏ဟူ၍၎င်း ၊ အာမင် ဟူ၍၎င်းဖြစ် သတည်း။
For, many as were the promises of God, in Christ is the ‘Yes’ that fulfils them. Therefore, through Christ again, let the ‘Amen’ rise, through us, to the glory of God.
21 ၂၁ သင် တို့နှင့် ငါ တို့ကို ခရစ်တော် ၌ တည် စေ၍ ဘိသိက် ပေးသော သူ ကား၊ ဘုရားသခင် ဖြစ်သတည်း။
God who brings us, with you, into close union with Christ, and who consecrated us,
22 ၂၂ ထိုဘုရားသခင် သည် ငါ တို့ကိုတံဆိပ် ခတ်၍ ငါ တို့စိတ် နှလုံးထဲ၌ ဝိညာဉ် တော်တည်းဟူသောစားရန် ကိုသွင်းပေး တော်မူ၏။
also set his seal upon us, and gave us his Spirit in our hearts as a pledge of future blessings.
23 ၂၃ ငါ သည်သင် တို့ကို သနား သောကြောင့် သာ ယခု တိုင်အောင်ကောရိန္သု မြို့သို့ မ လာ ဟု ငါ စိတ် ဝိညာဉ် ဘက်၌ ဘုရားသခင် ကို ငါတိုင်တည် ၏။
But, as my life shall answer for it, I call God to witness that it was to spare you that I deferred my visit to Corinth.
24 ၂၄ ထိုသို့ဆိုသော်လည်း၊ ငါတို့သည်သင် တို့၏ ယုံကြည် ခြင်းကို အစိုးရ သည်မ ဟုတ်။ သင် တို့၏ ဝမ်းမြောက် ခြင်းအကြောင်း ကို ကူမ ၍သာပြု ကြ၏။ အဘယ်ကြောင့် နည်းဟူမူကား၊ ယုံကြည် ခြင်းအားဖြင့်သင်တို့သည်တည်နိုင် ကြ၏။
I do not mean that we are to dictate to you with regard to your faith; on the contrary, we work with you for your true happiness; indeed, it is through your faith that you are standing firm.

< ၂ ကောရိန္သု 1 >