< တရားဟောရာ 6 >

1 သင် တို့နှင့် သား မြေး တို့သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ကို ကြောက်ရွံ့ ၍၊
သင်တို့နှင့် သားမြေးတို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊
2 ငါ ပေး ထားသော ပညတ် တရား တော်ရှိသမျှ တို့ ကို တသက်လုံး စောင့်ရှောက် မည်အကြောင်း နှင့် သင် တို့၏ အသက်တာ ရှည် စေမည်အကြောင်း ၊ သင် တို့သွား ၍ ဝင်စား လတံ့သော ပြည် ၌ ကျင့် ဘို့ရာ သင် တို့အား ငါသွန်သင် စိမ့်သောငှာ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသော စီရင် ထုံးဖွဲ့ချက် ပညတ် တရားဟူမူကား၊
ငါပေးထားသော ပညတ်တရားတော်ရှိသမျှ တို့ကို တသက်လုံး စောင့်ရှောက်မည်အကြောင်းနှင့် သင်တို့၏ အသက်တာရှည်စေမည်အကြောင်း၊ သင်တို့ သွား၍ ဝင်စားလတံ့သော ပြည်၌ ကျင့်ဘို့ရာ သင်တို့အား ငါသွန်သင်စိမ့်သောငှာ၊ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားမှာထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ် တရားဟူမူကား၊
3 အိုဣသရေလ အမျိုး၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ၊ သင် သည် နို့ နှင့် ပျားရည် စီး သောပြည် ၌ ချမ်းသာ ရ၍ အလွန် ပွား များမည် အကြောင်း နားထောင် လော့။ သတိ နှင့် ကျင့် စောင့်လော့။
အိုဣသရေလအမျိုး၊ ဘိုးဘေးတို့၏ ဘုရား သခင်ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း၊ သင်သည် နို့နှင့် ပျားရည်စီးသောပြည်၌ ချမ်းသာရ၍ အလွန်ပွားများမည် အကြောင်း နားထောင်လော့။ သတိနှင့်ကျင့်စောင့်လော့။
4 အိုဣသရေလ အမျိုး၊ နားထောင် လော့။ ငါ တို့၏ ဘုရား သခင်ထာဝရဘုရား သည် တဆူ တည်းသော ထာဝရ ဘုရား ဖြစ်တော်မူ၏။
အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ၏။
5 သင် ၏ဘုရား သခင်ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ၊ အစွမ်း သတ္တိရှိသမျှ နှင့် ချစ် လော့။
သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။
6 ယနေ့ ငါ မှာ ထားသော စကား ကို နှလုံး သွင်း ရမည်။
ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရ မည်။
7 ထို စကားကို သင် ၏သားသမီး တို့အား ကြိုးစား ၍ သွန်သင်ရမည်။ အိမ် ၌ ထိုင် လျက် နေသည်ဖြစ်စေ၊ ခရီး ၌ သွား သည်ဖြစ်စေ ၊ အိပ် လျက် ၊ ထ လျက်ရှိသည် ဖြစ်စေ ၊ ထို စကားကို ပြော ရမည်။
ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား ၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌ သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည် ဖြစ်စေ၊ ထိုစကားကို ပြောရမည်။
8 ထိုစကားကိုလည်း သင် ၏ လက် ၌ လက္ခဏာ သက်သေဘို့ရာ၎င်း၊ သင် ၏ မျက်စိ ကြား မှာ သင်းကျစ် ကဲ့သို့ ၎င်း ချည် ထားရမည်။
ထိုစကားကိုလည်း သင်၏ လက်၌ လက္ခဏာ သက်သေဘို့ရာ၎င်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့ သို့၎င်း ချည်ထားရမည်။
9 အိမ် တံခါး ၊ မြို့တံခါး တို့၌ လည်း ရေးထား ရမည်။
အိမ်တံခါး၊ မြို့တံခါးတို့၌လည်း ရေးထားရမည်။
10 ၁၀ သင်မ တည် သော မြို့ ကြီး မြို့မြတ် တို့ကို၎င်း ၊ သင်မ ဖြည့် ဘဲကောင်း သောအရာနှင့်ပြည့် သောအိမ် တို့ကို၎င်း၊ သင်မ တူး သော ရေတွင်း တို့ကို၎င်း ၊ သင်မ စိုက်ပျိုး သော စပျစ်ဥယျာဉ် နှင့် သံလွင်ပင် တို့ကို၎င်း၊ သင့် အား ပေး ခြင်းငှာ၊ သင် ၏အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသော ပြည် သို့ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကိုဆောင်သွင်း တော်မူ၍၊ သင်သည်ဝစွာ စား လျက်နေရသောအခါ၊
၁၀သင်မတည်သော မြို့ကြီးမြို့မြတ်တို့ကို၎င်း၊ သင်မဖြည့်ဘဲ ကောင်းသောအရာနှင့် ပြည့်သော အိမ်တို့ ကို၎င်း၊
11 ၁၁
၁၁သင်မတူးသော ရေတွင်းတို့ကို၎င်း၊ သင် မစိုက် ပျိုးသော စပျစ်ဥယျာဉ်နှင့် သံလွင်ပင်တို့ကို၎င်း၊ သင့်အား ပေးခြင်းငှာ၊ သင်၏ အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ အား ကျိန်ဆိုတော်မူသောပြည်သို့ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ဆောင်သွင်းတော်မူ၍၊ သင်သည် ဝစွာစားလျက် နေရသောအခါ၊
12 ၁၂ ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ သင့် ကို ကယ်နှုတ် ဆောင်ယူခဲ့သော ထာဝရဘုရား ကို မ မေ့လျော့ မည် အကြောင်း၊ ကိုယ် ကို ကိုယ်သတိ ပြုလော့။
၁၂ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင့်ကို ကယ်နှုတ် ဆောင်ယူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည် အကြောင်း၊ ကိုယ်ကို ကိုယ်သတိပြုလော့။
13 ၁၃ သင် ၏ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ ရမည်။ ထို ဘုရားသခင်ကိုသာ ဝတ်ပြု ရမည်။ နာမ တော် အားဖြင့် လည်း ကျိန်ဆို ခြင်းကိုပြုရမည်။
၁၃သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက် ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ နာမ တော်အားဖြင့်လည်း ကျိန်ဆိုခြင်းကိုပြုရမည်။
14 ၁၄ အခြား တပါးသောဘုရား ၊ သင့် ပတ်လည် ၌ နေသော လူမျိုး တို့၏ ဘုရား ကို မ ဆည်း မကပ်ရ။
၁၄အခြားတပါးသောဘုရား၊ သင့်ပတ်လည်၌ နေသော လူမျိုးတို့၏ ဘုရားကို မဆည်းမကပ်ရ။
15 ၁၅ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် တို့၌ အပြစ် ရှိသည်ဟု ယုံလွယ်သော ဘုရား ဖြစ်တော်မူ၏။ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို အမျက် ထွက် ၍ မြေကြီး ပြင် မှာ သုတ်သင် ပယ်ရှင်းတော်မူမည်ဟု စိုးရိမ်စရာရှိ၏။
၁၅သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ ၌ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ၏။ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကို အမျက် ထွက်၍ မြေကြီးပြင်မှာ သုတ်သင်ပယ်ရှင်းတော်မူမည်ဟု စိုးရိမ် စရာရှိ၏။
16 ၁၆ သင်သည် မဿာ အရပ်၌ ပြု သကဲ့သို့ ၊ သင် ၏ ဘုရား သခင်ထာဝရဘုရား ကို အစုံအစမ်း မ ပြုရ။
၁၆သင်သည် မဿာအရပ်၌ ပြုသကဲ့သို့၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို အစုံအစမ်းမပြုရ။
17 ၁၇ သင် ၏ဘုရား သခင်ထာဝရဘုရား ထား တော်မူသော သက်သေခံ ချက်၊ စီရင် ချက်၊ ပညတ် တရားတို့ကို ကြိုးစား၍ စောင့်ရှောက် ရမည်။
၁၇သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူ သော သက်သေခံချက်၊ စီရင်ချက်၊ ပညတ်တရားတို့ကို ကြိုးစား၍ စောင့်ရှောက်ရမည်။
18 ၁၈ သင်သည် ချမ်းသာရခြင်းငှာ၎င်း၊
၁၈သင်သည် ချမ်းသာရခြင်းငှာ၎င်း၊
19 ၁၉ ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ရန်သူ အပေါင်း တို့ကို သင့် ရှေ့ မှ နှင်ထုတ် သဖြင့် ၊ သင် ၏ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် မြတ် ကို ဝင်စား ၍ နေ ခြင်းငှာ၎င်း ၊ ထာဝရဘုရား ရှေ့ တော်၌ ဖြောင့်မတ် လျောက်ပတ် သောအမှုတို့ကို ပြု ရမည်။
၁၉ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း ရန်သူ အပေါင်းတို့ကို သင့်ရှေ့မှ နှင်ထုတ်သဖြင့်၊ သင်၏ဘိုးဘေး တို့အား ကျိန်ဆိုတော်မူသော ပြည်မြတ်ကို ဝင်စား၍ နေခြင်းငှာ၎င်း၊ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ် လျောက်ပတ်သောအမှုတို့ကို ပြုရမည်။
20 ၂၀ နောင် ကာလ၌ သင် ၏သား က၊ ငါ တို့ဘုရား သခင် ထာဝရဘုရား ထား တော်မူသော ဤသက်သေခံ ချက်၊ စီရင် ထုံးဖွဲ့ ချက်တို့သည် အဘယ်သို့ ဆိုလို သနည်းဟု မေးမြန်း လျှင်၊
၂၀နောင်ကာလ၌ သင်၏သားက၊ ငါတို့ဘုရား သခင် ထာဝရဘုရားထားတော်မူသော ဤသက်သေခံ ချက်၊ စီရင်ထုံးဖွဲ့ချက်တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု မေးမြန်းလျှင်၊
21 ၂၁ သင်က၊ ငါတို့သည် အဲဂုတ္တု ပြည်၌ ဖါရော ဘုရင် ၏ ကျွန် ဖြစ် ၍နေစဉ်အခါ၊ ထာဝရဘုရား သည် အားကြီး သောလက် တော်နှင့် ငါ တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူ၏။
၂၁သင်က၊ ငါတို့သည် အဲဂုတ္တုပြည်၌ ဖါရောဘုရင် ၏ ကျွန်ဖြစ်၍ နေစဉ်အခါ၊ ထာဝရဘုရားသည် အားကြီး သောလက်တော်နှင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူ၏။
22 ၂၂ ထာဝရဘုရား သည်လည်း ၊ ကြီးမား ခက်ထန် သော နိမိတ် လက္ခဏာ အံ့ဘွယ် သရဲတို့ကို အဲဂုတ္တု ပြည် အပေါ် မှာ၎င်း၊ ဖာရော ဘုရင်နှင့် နန်းတော် သားတို့အပေါ် မှာ၎င်း၊ ငါ တို့မျက်မှောက် ၌ ပြတော်မူပြီးလျှင်၊
၂၂ထာဝရဘုရားသည်လည်း၊ ကြီးမားခက်ထန် သော နိမိတ်လက္ခဏာ အံ့ဘွယ်သရဲတို့ကို အဲဂုတ္တုပြည် အပေါ်မှာ၎င်း၊ ဖာရောဘုရင်နှင့် နန်းတော်သားတို့အပေါ်မှာ၎င်း၊ ငါတို့မျက်မှောက်၌ ပြုတော်မူပြီးလျှင်၊
23 ၂၃ ငါ တို့ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် သို့ သွင်း ၍ နေရာချ ခြင်းအလို့ငှာ ၊ ထို ပြည်မှ နှုတ်ဆောင် တော်မူ၏။
၂၃ငါတို့ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်သို့ သွင်း၍ နေရာချခြင်းအလို့ငှာ၊ ထိုပြည်မှ နှုတ်ဆောင်တော်မူ၏။
24 ၂၄ ထာဝရဘုရား သည် ယနေ့ တိုင်အောင် ကျေးဇူး ပြုတော်မူသကဲ့သို့ ၊ ငါ တို့အသက် ကို စောင့်တော်မူမည် အကြောင်း ၊ ငါတို့သည် ကိုယ်အကျိုးကိုထောက် ၍၊ ငါ တို့ ဘုရား သခင်ထာဝရဘုရား ကို ကြောက်ရွံ့ လျက် ၊ ဤ ပညတ် အလုံးစုံ တို့ကို ကျင့် စေခြင်းငှာ မှာ ထားတော်မူ၏။
၂၄ထာဝရဘုရားသည် ယနေ့တိုင်အောင် ကျေးဇူး ပြုတော်မူသကဲ့သို့၊ ငါတို့အသက်ကို စောင့်တော်မူမည် အကြောင်း၊ ငါတို့သည် ကိုယ်အကျိုးကို ထောက်၍၊ ငါတို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့လျက်၊ ဤ ပညတ်အလုံးစုံတို့ကို ကျင့်စေခြင်းငှာ မှာထားတော်မူ၏။
25 ၂၅ သို့ဖြစ်၍ ငါ တို့ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ဤ ပညတ် အလုံးစုံ တို့ကို ရှေ့ တော်၌ ကျင့် စောင့်ခြင်းငှာ သတိပြု လျှင် ၊ ဖြောင့်မတ် ရာသို့ ရောက် ရကြလိမ့်မည်ဟု ပြန်ပြောရမည်။
၂၅သို့ဖြစ်၍ ငါတို့ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဤပညတ်အလုံးစုံတို့ကို ရှေ့တော်၌ ကျင့်စောင့်ခြင်းငှာ သတိပြုလျှင်၊ ဖြောင့်မတ် ရာသို့ ရောက်ရကြလိမ့်မည်ဟု ပြန်ပြောရမည်။

< တရားဟောရာ 6 >